< Ƙidaya 29 >
1 “‘A rana ta farko ga wata na bakwai, a yi tsattsarkan taro, kada kuma a yi aikin da aka saba na kullum. Rana ce don busa ƙahoni.
၁သတ္တမ လ ၊ ပဌမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ တံပိုးမှုတ် ခြင်းကို ပြုရသောနေ့ ဖြစ် ၏။
2 Za a miƙa hadaya ta ƙonawa da bijimi guda, rago guda,’yan raguna bakwai, bana ɗaya-ɗaya don daɗin ƙanshi ga Ubangiji, duka su kasance marasa lahani.
၂ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
3 Tare da bijimin za a kuma miƙa hadaya ta gari na kashi ɗaya bisa goma na efa na lallausan gari, kwaɓaɓɓe da mai; da rago guda, kashi biyu bisa goma na efa na lallausan gari, kwaɓaɓɓe da mai;
၃နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
4 kowane’yan raguna bakwai, kashi ɗaya bisa goma.
၄သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
5 A haɗa da bunsuru guda a matsayin hadaya don zunubi, don yin muku kafara.
၅အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
6 Waɗannan ƙari ne ga hadayun ƙonawa na wata-wata da na kullayaumi, tare da hadayun garinsu da hadayun sha yadda aka tsara. Hadayu ne da aka miƙa wa Ubangiji ta wuta don daɗin ƙanshi.
၆ထိုသို့ ထုံးစံ ရှိသည့်အတိုင်း ၊ လဆန်း နေ့မီးရှို့ ရာ ယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ နေ့ တိုင်းပြုသောမီးရှို့ ရာယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။
7 “‘A rana ta goma ga wannan watan bakwai, za a yi tsattsarkan taro. Ba za ku ci abinci ba, ba kuma za ku yi aiki ba.
၇၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။
8 Za a miƙa hadaya ta ƙonawa da bijimi guda, rago guda, da kuma’yan raguna bakwai,’yan bana ɗaya-ɗaya, dukansu marasa lahani don daɗin ƙanshi ga Ubangiji.
၈ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
9 Tare da bijimin a miƙa hadaya ta gari na kashi ɗaya bisa goma na efa, na lallausan gari kwaɓaɓɓe, da mai; da rago guda, kashi biyu bisa goma na efa, na lallausan gari kwaɓaɓɓe, da mai;
၉နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင်နှစ် ဩမဲ၊
10 kowane’yan raguna bakwai, kashi ɗaya bisa goma.
၁၀သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
11 A haɗa da bunsuru guda a matsayin hadaya don zunubi, don yin muku kafara da kuma hadaya ta ƙonawa ta kullum; tare da hadaya ta garinta, da kuma hadayu na shansu.
၁၁အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်၊ သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။
12 “‘A rana ta goma sha biyar ga wata na bakwai, za a yi tsattsarkan taro, ba kuwa za a yi aikin da aka saba yi ba. Ku yi biki ga Ubangiji har kwana bakwai.
၁၂၎င်း လ တဆယ် ငါး ရက် နေ့၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ဘဲ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ပွဲ ခံရ မည်။
13 A miƙa hadayar da aka yi da wuta, mai daɗin ƙanshi ga Ubangiji, hadaya ta ƙonawa ta bijimai guda sha uku, raguna biyu, da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၁၃ပဌမနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောမီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး ဆယ် သုံး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်တို့ကို ပူဇော် ရမည်။
14 Da kowane bijimai goma sha uku nan, a miƙa hadaya ta gari, kashi uku bisa goma na efa, kwaɓaɓɓe da mai; da ragunan biyu ɗin, a miƙa hadaya ta gari kashi biyu bisa goma na efa, kwaɓaɓɓe da mai;
၁၄နွား ဆယ် သုံး ကောင်စေ့အောင်၊ တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲစီ၊ သိုး နှစ် ကောင်စေ့ အောင်၊ တ ကောင်လျှင် နှစ် ဩမဲစီ၊
15 tare kuma da kowane’yan raguna goma sha huɗu, kashi ɗaya bisa goma.
၁၅သိုးသငယ် ဆယ် လေး ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရ မည်။
16 A haɗa da bunsuru guda, a matsayin hadaya don zunubi, ban da hadaya ta ƙonawa na kullum tare da hadayarta, ta gari da kuma hadaya ta sha.
၁၆အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။
17 “‘A rana ta biyu, a miƙa bijimai goma sha biyu, raguna biyu, da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၁၇ဒုတိယ နေ့ ၌ ၊ အသက်ပျို သော နွားထီး ဆယ် နှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
18 Tare da bijiman, ragunan da’yan ragunan a miƙa hadayarsu da gari da hadaya ta sha, bisa ga adadin da aka ƙayyade.
၁၈သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
19 A haɗa da bunsuru guda a matsayin hadaya, don zunubi, ban da hadaya ta ƙonawa ta kullum, tare da hadayarta ta gari da hadayunsu ta sha.
၁၉အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
20 “‘A rana ta uku za a miƙa bijimai goma sha ɗaya, raguna biyu, da kuma’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၂၀တတိယ နေ့ ၌ ၊ နွားထီး ဆယ် တ ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
21 Tare da bijiman, ragunan da’yan raguna, a miƙa hadayun gari da hadayun sha, bisa ga adadin da aka ƙayyade.
၂၁သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
22 A haɗa da bunsuru guda a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum, tare da hadayarta ta gari da hadaya ta sha.
၂၂အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
23 “‘A rana ta huɗu a miƙa bijimai goma, raguna biyu, da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၂၃စတုတ္ထ နေ့ ၌ နွားထီး ဆယ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
24 Tare da bijiman, ragunan da kuma’yan raguna, a miƙa hadayunsu na gari da hadayu na sha bisa ga adadin da aka ƙayyade.
၂၄သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
25 A haɗa da bunsuru guda, a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum, tare da hadayarta ta gari da hadaya ta sha.
၂၅အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
26 “‘A rana ta biyar a miƙa bijimai tara, raguna biyu, da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၂၆ပဉ္စမ နေ့ ၌ နွားထီး ကိုး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
27 Tare da bijiman, ragunan da kuma’yan ragunan, a miƙa hadayu na gari, da hadayu na sha bisa ga adadin da aka ƙayyade.
၂၇သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
28 A haɗa da bunsuru guda a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum, tare da hadayarta ta gari da hadaya ta sha.
၂၈အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
29 “‘A rana ta shida a miƙa bijimai takwas, raguna biyu, da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၂၉ဆဌမ နေ့ ၌ ၊ နွားထီး ရှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
30 Tare da bijiman, ragunan da kuma’yan raguna, a miƙa hadayunsu ta gari da hadayu na sha bisa adadin da a ƙayyade.
၃၀သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
31 A haɗa da bunsuru guda a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum tare da hadayarta ta hatsi da hadaya ta sha.
၃၁အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
32 “‘A rana ta bakwai a miƙa bijimai bakwai, raguna biyu da’yan raguna goma sha huɗu, bana ɗaya-ɗaya, dukansu marasa lahani.
၃၂သတ္တမ နေ့ ၌ နွားထီး ခုနစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
33 Tare da bijiman, ragunan da kuma’yan raguna, a miƙa hadayunsu na gari, da hadayun sha bisa ga adadin da a ƙayyade.
၃၃သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
34 A haɗa da bunsuru guda a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum tare da hadayarta ta hatsi da hadayarta ta sha.
၃၄အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
35 “‘A rana ta takwas kuwa za a yi tsattsarkan taro, ban da aikin da aka saba.
၃၅အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
36 A miƙa hadayar da aka yi da wuta mai daɗin ƙanshi ga Ubangiji, a yi hadaya ta ƙonawa da bijimi guda, rago guda, da’yan raguna bakwai, bana ɗaya-ɗaya, dukansu marasa lahani.
၃၆ထိုနေ့၌ ထာဝရဘုရား ဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသော မီးရှို့ ရာယဇ်ဘို့ နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်ကို၎င်း၊
37 Tare da bijimin, ragon da kuma’yan ragunan, a miƙa hadayunsu na gari da hadayu na sha bisa ga adadin da aka ƙayyade.
၃၇သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
38 A haɗa da bunsuru guda a matsayin hadaya don zunubi, ban da hadaya ta ƙonawa ta kullum, tare da hadayarta ta hatsi da hadayarta ta sha.
၃၈အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော် ရမည်။
39 “‘Ban da abin da kuka yi alkawari, da kuma sadakokinku na yardar rai, a miƙa waɗannan ga Ubangiji a lokacin bukukkuwanku, hadayunku na ƙonawa, hadayu na gari, hadayu na sha da hadayu na salama.’”
၃၉ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။
40 Musa ya faɗa wa Isra’ilawa dukan abin da Ubangiji ya umarce shi.
၄၀ထိုသို့ မောရှေ သည်၊ မိမိအား ထာဝရဘုရား မှာထား တော်မူသမျှ တို့ကို၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို လေ၏။