< Ƙidaya 27 >
1 ’Ya’yan nan mata na Zelofehad, ɗan Hefer, ɗan Gileyad, ɗan Makir, ɗan Manasse, suna cikin kabilan Manasse ɗan Yusuf, suka tafi ƙofar shiga Tentin Sujada. Sunayensu kuwa su ne Mala, Nowa, Hogla, Milka da kuma Tirza.
၁ဇလောဖဒ်သည်ဟေဖေရ၏သား၊ ဟေဖေရ သည်ဂိလဒ်၏သား၊ ဂိလဒ်သည်မာခိရ၏သား၊ မာခိရသည်မနာရှေ၏သား၊ မနာရှေသည် ယောသပ်၏သားဖြစ်သည်။ ဇလောဖဒ်၏သမီး များဖြစ်ကြသောမာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာနှင့်တိရဇာတို့သည်၊-
2 Da suka tafi ƙofar shiga Tentin Sujada, sai suka tsaya a gaban Musa, Eleyazar firist, shugabannin da sauran taro, suka ce,
၂တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊-
3 “Mahaifinmu ya mutu a hamada. Ba ya cikin mabiyan Kora waɗanda suka taru suka tayar wa Ubangiji, amma ya mutu ne saboda zunubinsa, bai kuma bar’ya’ya maza ba.
၃``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-
4 Me ya sa sunan mahaifinmu zai ɓace a kabilarsa don kawai ba shi da ɗa? Ka ba mu gādo cikin’yan’uwan mahaifinmu.”
၄သူ၌သားယောကျာ်းမထွန်းကားသောကြောင့် သူ၏နာမည်သည်ဣသရေလအမျိုးမှ ပျောက်ကွယ်သွားရမည်လော။ ကျွန်မတို့ဖခင် ၏ဆွေမျိုးသားချင်းတို့အားမြေခွဲဝေပေး သကဲ့သို့ ကျွန်မတို့အားခွဲဝေပေးပါ'' ဟုတောင်းလျှောက်ကြလေသည်။
5 Saboda haka Musa ya kawo maganarsu a gaban Ubangiji.
၅ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊-
6 Ubangiji kuwa ya ce wa masa,
၆ထာဝရဘုရားက၊
7 “Abin da’ya’yan nan mata na Zelofehad suke faɗi gaskiya ne. Dole ka ba su mallaka a matsayin gādo cikin’yan’uwan mahaifinsu, ka kuma mayar musu da gādon mahaifinsu.
၇``ဇလောဖဒ်၏သမီးများတောင်းဆိုချက်သည် သင့်လျော်သဖြင့်သူတို့ဖခင်၏ဆွေမျိုးသား ချင်းတို့အားမြေခွဲဝေပေးသကဲ့သို့ သူတို့ အားခွဲဝေပေးလော့။ သူတို့ဖခင်၏အမွေ ကိုသူတို့ဆက်ခံကြစေ။-
8 “Ka faɗa wa Isra’ilawa cewa, ‘In wani ya mutu ba shi da ɗa, a ba da gādonsa ga’yarsa.
၈တစ်စုံတစ်ယောက်သည်သားယောကျာ်းမကျန် ရစ်ဘဲ သေဆုံးခဲ့သည်ရှိသော်သူ၏သမီးသည် ထိုသူ၏အမွေကိုဆက်ခံရမည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့အားကြားပြော လော့။-
9 In ba shi da diya, sai a ba wa’yan’uwansa gādonsa.
၉အကယ်၍ထိုသူ၌သမီးလည်းမကျန်ရစ် ခဲ့လျှင် သူ၏ညီအစ်ကိုတို့သည်သူ၏အမွေ ကိုဆက်ခံရမည်။-
10 In ba shi da’yan’uwa, a ba da gādonsa ga’yan’uwan mahaifinsa.
၁၀အကယ်၍ထိုသူ၌ညီအစ်ကိုများလည်း မကျန်ရစ်လျှင်သူ၏ဘကြီး၊ ဘထွေးတို့ ကအမွေကိုဆက်ခံရမည်။-
11 In mahaifinsa ba shi da’yan’uwa, a ba da gādonsa ga danginsa na kusa, a kabilarsa don yă mallaka. Wannan ya zama ƙa’ida wa Isra’ilawa, yadda Ubangiji ya umarci Musa.’”
၁၁ထိုသူ၌ညီအစ်ကိုသို့မဟုတ်ဘကြီးဘထွေး များမကျန်ရစ်ခဲ့လျှင် အနီးစပ်ဆုံးဆွေမျိုး အားအမွေကိုဆက်ခံသိမ်းပိုက်စေရမည်။ ငါ ထာဝရဘုရားသည်သင့်အားမိန့်မှာတော် မူသည့်အတိုင်း ဣသရေလအမျိုးသားတို့ သည်ဤစီရင်ထုံးဖွဲ့ချက်ကိုလိုက်နာဆောင် ရွက်ကြရမည်'' ဟုမိန့်တော်မူ၏။
12 Sa’an nan Ubangiji ya ce wa Musa, “Hau bisa wannan dutse a Abarim. Ka ga ƙasar da na ba wa Isra’ilawa.
၁၂တစ်ဖန်ထာဝရဘုရားသည်မောရှေအား``အာဗ ရိမ်တောင်ပေါ်သို့တက်၍ဣသရေလအမျိုးသား တို့အား ငါပေးမည့်ပြည်ကိုမျှော်ကြည့်လော့။-
13 Bayan ka gani, kai ma za ka bi ƙafafun mutanenka, kamar yadda ɗan’uwanka Haruna ya yi,
၁၃အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-
14 gama sa’ad da jama’a suka yi tayarwa saboda rashin ruwa a Hamadan Zin, ku biyu, ba ku kiyaye umarnina don ku ɗaukaka ni matsayin mai tsarki, a gabansu ba.” (Waɗannan su ne ruwaye na Meriba da Kadesh, a Hamadan Zin.)
၁၄အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
15 Musa ya ce wa Ubangiji,
၁၅ထိုအခါမောရှေကထာဝရဘုရားအား၊
16 “Bari Ubangiji, Allah na ruhohin’yan adam, yă naɗa wani a kan wannan jama’a
၁၆``အသက်သခင်ထာဝရဘုရားရှင်၊ ကိုယ်တော် ၏လူမျိုးတော်သည်သိုးထိန်းမရှိသောသိုး များကဲ့သို့ အားကိုးရာမဲ့မဖြစ်စေခြင်းငှာ သူတို့ကိုခေါင်းဆောင်၍၊-
17 yă shiga, yă kuma fita a gabansu, wanda zai bishe su zuwa waje, yă kuma dawo da su ciki, don kada mutanen Ubangiji su zama kamar tumakin da ba su da makiyayi.”
၁၇တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။
18 Sai Ubangiji ya ce wa Musa, “Ka ɗauki Yoshuwa ɗan Nun, mutumin da ruhun shugabanci yake a cikinsa, ka ɗibiya masa hannunka.
၁၈ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-
19 Ka sa yă tsaya a gaban Eleyazar firist, da gaban dukan jama’a, sa’an nan ka keɓe shi a gabansu.
၁၉ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-
20 Ka danƙa masa ikonka don dukan jama’a Isra’ilawa su yi masa biyayya.
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။-
21 Zai tsaya a gaban Eleyazar firist, wanda zai nemi masa shawara ta wurin Urim a gaban Ubangiji. Da umarninsa, da shi da dukan jama’ar Isra’ilawa za su fita, da umarninsa kuma za su shiga.”
၂၁ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
22 Musa ya yi yadda Ubangiji ya umarce shi. Ya ɗauki Yoshuwa, ya sa ya tsaya a gaban Eleyazar firist, da kuma gaban dukan jama’a.
၂၂မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
23 Sai ya ɗibiya masa hannuwansa, ya keɓe shi, yadda Ubangiji ya umarta ta wurin Musa.
၂၃ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။