< Nehemiya 13 >

1 A wannan rana aka karanta Littafin Musa da ƙarfi a kunnuwan mutane aka kuma sami an rubuta cewa kada a karɓi mutumin Ammon ko mutumin Mowab cikin taron Allah,
ထို နေ့ ရက်ကာလ၌ မောရှေ ၏ပညတ္တိကျမ်းစာ ကို လူ များရှေ့ မှာ ဘတ်ရွတ် သောအခါ၊ အမ္မုန် အမျိုးသားနှင့် မောဘ အမျိုးသားသည် ဘုရား သခင်၏ ပရိသတ် တော်ထဲ သို့ ဝင် ရသောအခွင့် အစဉ်မ ရှိဟု တွေ့ ကြ၏။
2 domin ba su taryi Isra’ila da abinci da ruwa ba amma suka yi hayar Bala’am don yă kira la’ana a kansu. (Amma Allahnmu, ya mai da la’anar ta zama albarka.)
အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။
3 Sa’ad da mutane suka ji wannan doka, sai suka ware daga Isra’ila duk waɗanda suke na baƙon zuriya.
ထိုတရား ကို ကြား သောအခါ ၊ အမျိုး မစစ်သောသူ ရှိသမျှ တို့ ကို ဣသရေလ အမျိုးမှ ပယ်ရှား ကြ၏။
4 Kafin wannan, an sa Eliyashib firist yă lura da ɗakuna ajiyar gidan Allahnmu. Yana da dangantaka na kurkusa da Tobiya,
အရင် တခါ ငါ တို့ဘုရား သခင်၏ အိမ် တော်ပြင် ခန်း ကို အုပ်သော ယဇ်ပုရောဟိတ် ဧလျာရှိပ် သည် တောဘိ နှင့် ပေါက်ဘော် တော်သည် ဖြစ်၍၊
5 ya kuma tanada masa babban ɗakin da dā ake ajiyar hadayun hatsi da turare da kayayyaki haikali, da kuma zakan hatsi, sabon ruwan inabi da kuma mai da aka umarta don Lawiyawa, mawaƙa da kuma matsaran ƙofofi, da kuma sadakoki domin firistoci.
ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။
6 Amma yayinda dukan wannan yake faruwa, ba ni a Urushalima, gama a shekara ta talatin da biyu na Artazerzes sarkin Babilon na dawo wurin sarki. A wani lokaci daga baya na nemi izininsa
ထို ကာလပတ်လုံး ငါသည် ယေရုရှလင် မြို့၌ မ ရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံသုံး ဆယ်နှစ် နှစ် တွင် အထံတော်သို့ သွား ရ၏။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင် ထံတော်၌ အခွင့်ရ ၍၊
7 sai na koma zuwa Urushalima. A nan na ji game da mugun abin da Eliyashib ya aikata da ya tanada wa Tobiya ɗaki a filayen gidan Allah.
ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဧလျာရှိပ် သည် ဘုရား သခင်၏ အိမ် တော်တန်တိုင်း ထဲ မှာ အခန်း ကို တောဘိ အဘို့ ပြင်ဆင် ၍ ဒုစရိုက် ပြု ကြောင်းကို ငါကြား သိရ၏။
8 Na ɓace rai ƙwarai na kuma zubar da dukan kayan gidan Tobiya daga ɗakin.
ထိုအခါ ငါ သည် အလွန် နာကြင် သောစိတ်ရှိ၍ တောဘိ ဥစ္စာ ပရိကံရှိသမျှ ကို အခန်း ထဲက ထုတ်ပစ် ပြီးမှ၊
9 Na umarta a tsarkake ɗakunan, sa’an nan na mayar da kayan gidan Allah a cikin ɗakunan, tare da hadayun hatsi da kuma turare.
အခန်း များကို စင်ကြယ် စေခြင်းငှါ စီရင် ၍ ၊ တဖန် ဘုရား သခင်၏ အိမ် တော်တန်ဆာ များ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်းကို ဆောင် ခဲ့၍ သိုထား၏။
10 Na kuma ji cewa sassan da ake ba wa Lawiyawa ba a ba su ba, cewa kuma dukan Lawiyawa da mawaƙan da suke da hakkin hidima sun koma gonakinsu.
၁၀အမှု တော်စောင့်၊ လေဝိ သား၊ သီချင်း သည် တို့သည် အသီး အသီးမိမိ တို့လယ်ယာ သို့ ပြေး သွားကြသည် ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခါကို မ ခံ မရကြောင်း ကို ငါရိပ်မိ လျက်၊
11 Sai na tsawata wa shugabanni na kuma tambaye su na ce, “Me ya sa aka ƙyale gidan Allah?” Sa’an nan na kira su gaba ɗaya na sa su a wuraren aikinsu.
၁၁ဘုရား သခင်၏ အိမ် တော်ကို အဘယ်ကြောင့် စွန့်ပစ် ကြသနည်းဟု မင်း တို့ကို အပြစ် တင်၍ ၊ လေဝိသား တို့ကို စုဝေး စေပြီးမှ ၊ သူ တို့နေရာ ၌ ခန့် ထားပြန်၏။
12 Dukan Yahuda suka kawo zakan hatsi, sabon ruwan inabi da mai cikin ɗakunan ajiya.
၁၂ထိုအခါ ယုဒ လူအပေါင်း တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို ဘဏ္ဍာ တော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။
13 Na sa Shelemiya firist, Zadok marubuci, da wani Balawe mai suna Fedahiya su lura da ɗakunan ajiya na kuma sa Hanan ɗan Zakkur, ɗan Mattaniya ya zama mataimakinsu, domin an ɗauka waɗannan mutane amintattu ne. Aka ba su hakkin raban kayayyaki wa’yan’uwansu.
၁၃ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ် ဇာဒုတ် ၊ လေဝိ သားပေဒါယ ၊ သူ့နောက်မဿနိ သား ဖြစ်သော ဇက္ကုရ ၏သား ဟာနန် တို့ကို ဘဏ္ဍာ တော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာ စောင့်ခြင်း အသရေရှိသည်ဖြစ်၍ ၊ အမျိုးသား ချင်းတို့အား ဝေဖန် ရကြ၏။
14 Ka tuna da ni saboda wannan, ya Allahna, kuma kada ka shafe abin da na yi da aminci domin gidan Allahna da kuma hidimarsa.
၁၄အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။
15 A waɗannan kwanaki, na ga mutane a Yahuda suna matse ruwan inabi a ranar Asabbaci suna kuma kawo hatsi suna labta su a kan jakuna, tare da ruwan inabi,’ya’yan inabi, ɓaure da kaya iri-iri. Suna kuma kawowa dukan wannan cikin Urushalima a ranar Asabbaci. Saboda haka na gargaɗe su a kan sayar da abinci a wannan rana.
၁၅ထို ကာလ ၊ ယုဒ ပြည်မှာ အချို့တို့သည် ဥပုသ် နေ့၌ စပျစ်သီး ကို နယ်လျက်၊ ကောက် လှိုင်းကိုသွင်း လျက်၊ မြည်း ပေါ် မှာ ဝန် ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ် နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘောသဖန်း သီးအစရှိသည်တို့ကိုတင်၍ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြသည် ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ ရက်၌ သာ စားစရာ များကို ရောင်း အပ်သည်ဟု သူ တို့အကြား ပြော ၏။
16 Mutane daga Taya waɗanda suke zama a Urushalima suna shigar da kifi da kaya iri-iri na’yan kasuwa suna kuma sayar da su a Urushalima a ranar Asabbaci wa mutanen Yahuda.
၁၆ထိုအရပ် ၌ နေ သောတုရု မြို့သားတို့သည်လည်း ၊ ငါး အစရှိသည်တို့ကို ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ၊ ဥပုသ် နေ့ ၌ ယုဒ အမျိုးသား တို့အား ရောင်း တတ်ကြ၏။
17 Sai na tsawata wa manyan Yahuda na ce musu, “Wanda irin mugun abu ke nan kuke yi, kuna ƙazantar da ranar Asabbaci?
၁၇ထိုအခါ ငါက၊ သင် တို့သည် ဥပုသ် နေ့ ကို ဖျက် ၍ ပြု သော ဒုစရိုက် ကား အဘယ် သို့နည်း။
18 Kakanninku ba su yi irin waɗannan abubuwa ba, har Allahnmu ya kawo dukan masifun nan a kanmu da kuma a kan wannan birni? Yanzu kuna tsokanar fushi mai yawa a kan Isra’ila ta wurin ƙazantar da Asabbaci.”
၁၈ဘိုးဘေး တို့သည် ထိုသို့ ပြု သောကြောင့် ၊ ဤ မျှလောက် ကြီးစွာသော ဆင်းရဲ ခြင်းကို ငါ တို့၌ ၎င်း၊ ဤ မြို့ ၌ ၎င်း ဘုရား သခင်ရောက် စေတော်မူသည်မ ဟုတ်လော။ သင် တို့သည် ဥပုသ် နေ့ကို ဖျက် သောအားဖြင့် သာ၍ ပြင်းစွာသော အမျက် တော်ကို ဣသရေလ အမျိုး၌ ရောက်စေဦးမည်လောဟု ယုဒ မှူးမတ် တို့ကို အပြစ် တင် လျက်၊
19 Sa’ad da inuwar yamma ya fāɗo a ƙofofin Urushalima kafin Asabbaci, na umarta a rufe ƙofofi kuma kada a buɗe sai Asabbaci ya wuce. Na kafa waɗansu mutanena a ƙofofin don kada a shigo da wani kaya a ranar Asabbaci.
၁၉အဘိတ်နေ့တွင် နေ ရောင်ကွယ်၍ ဥပုသ် နေ့လွန် သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါး တို့ကို ပိတ် ထားရမည်အကြောင်းစီရင် ၍ ၊ ဥပုသ် နေ့ ၌ ဝန် များကို မြို့ထဲသို့ မ သွင်း စေခြင်းငှါ မိမိ ကျွန် အချို့တို့ကို တံခါး တို့၌ ခန့် ထား၏။
20 Sau ɗaya ko biyu,’yan kasuwa da masu sayar da kowane irin kaya suka kwana waje da Urushalima.
၂၀ထိုနောက် ကုန်သည် များ၊ ဥစ္စာ မျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင် မြို့ပြင် မှာ တခါ နှစ် ခါ အိပ် ကြ၏။
21 Amma na ja kunnensu na ce, “Me ya sa kuke kwana kusa da katanga? In kuka ƙara yin haka, zan kama ku.” Daga wannan lokaci har zuwa gaba ba su ƙara zuwa a ranar Asabbaci ba.
၂၁ငါကလည်း၊ မြို့ရိုး ပတ်လည်၌အဘယ်ကြောင့် အိပ် ကြသနည်း။ နောက် တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူ တို့အား သတိ ပေး၏။ ထို အခါ မှစ၍ ဥပုသ် နေ့တွင် မ လာ ဘဲနေကြ၏။
22 Sai na umarci Lawiyawa su tsarkake kansu su kuma tafi su yi tsaron ƙofofi don a kiyaye ranar Asabbaci da tsarki. Ka tuna da ni saboda wannan shi ma, ya Allahna, ka nuna mini jinƙai bisa ga madawwamiyar ƙaunarka.
၂၂လေဝိ သားတို့သည်လည်း၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ် သောကိုယ်နှင့်လာ ၍ တံခါး တို့ကို စောင့် ရမည်အကြောင်းငါမှာ ထား၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ ကရုဏာ တော်များပြား သည်အတိုင်း အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။
23 Ban da haka, a waɗannan kwanakin na ga mutanen Yahuda waɗanda suka auri mata daga Ashdod, Ammon da Mowab.
၂၃ထို ကာလ ၊ အာဇုတ် အမျိုး၊ အမ္မုန် အမျိုး၊ မောဘ အမျိုးသမီး နှင့် စုံဘက် သော ယုဒ လူအချို့တို့ကို ငါမြင် ၏။
24 Rabin’ya’yansu suna yaren Ashdod ko kuwa wani yare na waɗansu mutane, ba su kuwa san yadda za su yi Yahudanci ba.
၂၄သူ တို့သား သမီးတို့သည် ယုဒ စကားကို မ ပြော တတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီးဘာသာ စကားကို ပြော တတ်ကြ၏။
25 Na tsawata musu na kuma kira la’ana a kansu. Na bugi waɗansu mutane na kuma ja gashin kansu. Na sa suka yi rantsuwa da sunan Allah na ce, “Kada ku ba da’ya’yanku mata aure ga’ya’yansu maza, ba kuwa za ku auri’ya’yansu mata wa’ya’yanku maza ko wa kanku ba.
၂၅သူ တို့ကို ငါအပြစ် တင်၍ ကဲ့ရဲ့ ၏။ အချို့တို့ကို ရိုက် လျက် ၊ ဆံပင်နှုတ် လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ရ။ ပြည်သားသမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူရ။
26 Ba don aure-aure irin waɗannan ne Solomon sarkin Isra’ila ya yi zunubi ba? A cikin yawancin al’ummai babu sarki kamar sa. Allahnsa ya ƙaunace shi, Allah kuma ya mai da shi sarki a kan dukan Isra’ila, amma duk da haka baren mata suka rinjaye shi ga zunubi.
၂၆ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ထိုသို့ ပြု၍ ပြစ်မှား ရာရောက်သည်မ ဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည် ၌ သူ နှင့် တူသောရှင်ဘုရင် မ ရှိ။ ဣသရေလ ရှင်ဘုရင် အရာ ၌ ဘုရား သခင်ခန့်ထားသည်တိုင်အောင်စိတ် တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါး အမျိုးသား မိန်းမ တို့သည် ပြစ်မှား စေသည်တကား။
27 Yanzu za mu ji cewa ku ma kuna yin duk wannan mugunta kuna zama marasa aminci ga Allahnmu ta wurin auren baren mata?”
၂၇ငါတို့သည် သင် တို့စကားကို နားထောင် ၍ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် သဖြင့် ၊ ဤ မျှလောက်ကြီး သော ဒုစရိုက် ကို ပြု လျက် ၊ ငါ တို့၏ ဘုရား သခင်ကို ပြစ်မှား ရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
28 Ɗaya daga cikin’ya’yan Yohiyada maza, ɗan Eliyashib babban firist, surukin Sanballat mutumin Horon ne. Na kuwa kore shi daga wurina.
၂၈ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သား ယောဒ ၏ သား တယောက်သည်၊ ဟောရနိ လူ သမ္ဘာလတ် သမက် ဖြစ်သောကြောင့်၊ သူ့ ကိုငါနှင်ထုတ် ၏။
29 Ka tuna da su, ya Allahna, domin sun ƙazantar da aikin firist da kuma alkawarin aikin firist da na Lawiyawa.
၂၉အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။
30 Saboda haka na tsarkake firistoci da Lawiyawa daga kowane baƙon abu, na kuma ba su aikinsu, kowa ga aikinsa.
၃၀ထိုသို့ ယုဒအမျိုးသားတို့ကို တပါး အမျိုးသားအပေါင်း တို့နှင့် ကင်းစင် စေပြီးမှ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့ကို အသီး အသီးမိမိ တို့ အမှု စောင့် ရသည် အတိုင်း ငါခန့် ထား၍၊
31 Na kuma yi tanadi don sadakokin itace a ƙayyadaddun lokuta, da kuma don nunan fari. Ka tuna da ni da alheri, ya Allahna.
၃၁ချိန်းချက် သောအချိန် ၌ ထင်း ပူဇော် သက္ကာနှင့် အဦး သီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ကျေးဇူး ပြုပါမည်အကြောင်း၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။

< Nehemiya 13 >