< Nehemiya 11 >
1 To, fa, shugabannin mutane suka zauna a Urushalima, sauran mutanen kuma suka jefa ƙuri’a don su kawo mutum ɗaya daga kowane mutum goma don su zauna a Urushalima, birni mai tsarki, yayinda sauran tara suka zauna a garuruwansu.
၁ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။-
2 Sai mutane suka yaba wa dukan mutanen da suka ba da kansu da yardar rai su zauna a Urushalima.
၂ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
3 Waɗannan su ne shugabannin yankuna waɗanda suka zauna a Urushalima (ko da yake waɗansu Isra’ilawa, da firistoci, da Lawiyawa, da ma’aikatan haikali, da zuriyar bayin Solomon, suka yi zama a cikin garuruwan Yahuda, kowanne a mallakarsa cikin garuruwa dabam-dabam,
၃အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။
4 yayinda sauran mutane daga Yahuda da Benyamin suka zauna a Urushalima). Daga zuriyar Yahuda akwai, Atahiya ɗan Uzziya, ɗan Zakariya, ɗan Amariya, ɗan Shefatiya, ɗan Mahalalel, wani zuriyar Ferez;
၄ယုဒအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်သည်။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။
5 da Ma’asehiya ɗan Baruk, ɗan Kol-Hoze, ɗan Hazahiya, ɗan Adahiya, ɗan Yohiyarib, ɗan Zakariya, zuriyar Shela.
၅ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။
6 Zuriyar Ferez waɗanda suka zauna a Urushalima sun kai ɗari huɗu da sittin da takwas, dukansu kuwa muhimman mutane ne.
၆ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
7 Daga zuriyar Benyamin akwai, Sallu ɗan Meshullam, ɗan Yowed, ɗan Fedahiya, ɗan Kolahiya, ɗan Ma’asehiya, ɗan Itiyel, ɗan Yeshahiya,
၇ဗင်္ယာမိန်အနွယ်ဝင်များမှာအောက်ပါ အတိုင်းဖြစ်၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။
8 da mabiyansa, Gabbai da Sallai, mutum 928.
၈သလ္လု၏ဆွေမျိုးရင်းခြာများဖြစ်ကြသော ဂဗ္ဗဲနှင့်သလ္လဲ။ စုစုပေါင်း ဗင်္ယာမိန်အနွယ်ဝင်ကိုးရာနှစ်ဆယ့် ရှစ်ယောက်တို့သည်ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။-
9 Yowel ɗan Zikri ne babban shugabansu, Yahuda kuma ɗan Hassenuwa, ya shugabanci Yanki na Biyu na birni.
၉ဇိခရိ၏သားယောလသည်သူတို့၏ခေါင်း ဆောင်ဖြစ်၍ သေနွာ၏သားယုဒသည်ဒုတိယ ခေါင်းဆောင်ဖြစ်၏။
10 Daga firistoci akwai, Yedahiya ɗan Yohiyarib, da Yakin,
၁၀ယဇ်ပုရောဟိတ်များမှာအောက်ပါအတိုင်း ဖြစ်၏။ ယောယရိပ်၏သားယေဒါယ၊ ယာခိန်။
11 da Serahiya ɗan Hilkiya, ɗan Meshullam, ɗan Zadok, ɗan Merahiyot, ɗan Ahitub, mai lura da abubuwa a cikin gidan Allah,
၁၁မေရှုလံ၏မြေး၊ ဟိလခိ၏သားစရာယ။ သူ၏ဘိုးဘေးများတွင်ဇာဒုတ်၊ မရာယုတ် နှင့်ယဇ်ပုရောဟိတ်မင်းအဟိတုပ်တို့ပါ ဝင်သည်။-
12 tare da’yan’uwansu waɗanda suke aiki domin haikali, su 822 ne. Akwai kuma Adahiya ɗan Yeroham, ɗan Felaliya, ɗan Amzi, ɗan Zakariya, ɗan Fashhur, ɗan Malkiya,
၁၂ဤသားချင်းစုမှလူစုစုပေါင်းရှစ်ရာနှစ် ဆယ့်နှစ်ယောက်တို့သည်ဗိမာန်တော်တွင် အမှုထမ်းကြ၏။ ပေလလိ၏မြေး၊ ယေရောဟံ၏သားအဒါယ။ သူ၏ဘိုးဘေးများတွင်အာမဇိ၊ ဇာခရိ၊ ပါရှုရ၊ မာလခိတို့ပါဝင်သည်။-
13 da’yan’uwansa waɗanda suke shugabannin iyalai, su 242. Sai kuma Amashsai ɗan Azarel, ɗan Ahzai, ɗan Meshillemot, ɗan Immer,
၁၃ဤသားချင်းစုမှလူပေါင်းနှစ်ရာလေးဆယ် နှစ်ယောက်တို့သည်အိမ်ထောင်ဦးစီးများဖြစ် ကြ၏။ အဟဇိ၏မြေး၊အာဇရေလ၏သားအာမရှဲ။ သူ၏ဘိုးဘေးများတွင်မေရှိလမုတ်နှင့် ဣမေရတို့ပါဝင်သည်။-
14 da’yan’uwansa, su 128 ne muhimman mutane. Babban shugabansu shi ne Zabdiyel ɗan Haggedolim.
၁၄ဤသားချင်းစုတွင်ထူးချွန်သောစစ်သူရဲ တစ်ရာနှစ်ဆယ့်ရှစ်ယောက်ရှိ၏။ သူတို့၏ခေါင်း ဆောင်မှာအရေးပါအရာရောက်သည့်အိမ် ထောင်စုဝင် ဇာဗဒေလဖြစ်၏။
15 Daga Lawiyawa kuwa akwai, Shemahiya ɗan Hasshub, ɗan Azrikam, ɗan Hashabiya, ɗan Bunni,
၁၅လေဝိအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်၏။ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သားရှေမာယ။ သူ၏ဘိုးဘေးများတွင်ဟာရှဘိနှင့်ဗုန္နိတို့ ပါဝင်သည်။
16 da Shabbetai, da kuma Yozabad, biyu cikin shugabanni Lawiyawa waɗanda suke da nawayar aiki waje da gidan Allah.
၁၆ဗိမာန်တော်အပြင်မှုကြီးကြပ်သူလေဝိ အနွယ်ဝင်အကြီးအကဲများဖြစ်ကြသော ရှဗ္ဗေသဲနှင့်ယောဇဗဒ်။
17 Sai kuma Mattaniya ɗan Mika, ɗan Zabdi, ɗan Asaf, shugaban da yake bi da hidimar godiya da kuma addu’a. Sai Bakbukiya, na biyu a cikin’yan’uwansa; da Abda ɗan Shammuwa, ɗan Galal, ɗan Yedutun.
၁၇ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
18 Lawiyawan da suke cikin birni mai tsarki sun kai 284.
၁၈လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။
19 Matsaran ƙofofi kuwa su ne, Akkub, da Talmon, da’yan’uwansu waɗanda suke tsaron ƙofofi, su 172 ne.
၁၉ဗိမာန်တော်အစောင့်တပ်သားများမှာအောက် ပါအတိုင်းဖြစ်သည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
20 Sauran Isra’ilawa tare da firistoci, da Lawiyawa sun kasance a dukan garuruwan Yahuda, kowanne a mallakar kakansa.
၂၀ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
21 Ma’aikatan haikali sun zauna a kan tudun Ofel. Ziha, da Gishfa ne suke lura da su.
၂၁ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။
22 Babban shugaban Lawiyawa a Urushalima shi ne Uzzi ɗan Bani, ɗan Hashabiya, ɗan Mattaniya, ɗan Mika. Uzzi yana ɗaya daga zuriyar Asaf, waɗanda suke mawaƙan da suke da nawayar hidima a gidan Allah.
၂၂ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
23 Mawaƙa sun bi umarnan sarki, a kan abin da za su yi kowace rana.
၂၃သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။
24 Fetahahiya ɗan Meshezabel, ɗaya daga zuriyar Zera ɗan Yahuda ne, wakilin sarki cikin dukan al’amuran da suka shafi mutane.
၂၄ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
25 Game da ƙauyukan da filayensu, waɗansu mutanen Yahuda suka zauna a Kiriyat Arba da ƙauyukanta, da Dibon da ƙauyukanta, da Yekabzeyel da ƙauyukanta.
၂၅လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-
26 Akwai su kuma a Yeshuwa, da Molada, da Bet-Felet,
၂၆သူတို့သည်ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊-
27 da Hazar Shuwal, da Beyersheba da ƙauyukanta.
၂၇ဟာဇာရွာလ၊ ဗေရရှေဘမြို့နှင့်ထိုမြို့တို့ ၏အနီးအနားဝန်းကျင်ရှိကျေးရွာများ ၌လည်းနေထိုင်ကြလေသည်။-
28 Akwai su a Ziklag, da Mekona da ƙauyukanta.
၂၈သူတို့သည်ဇိကလတ်မြို့၊ မေကောနမြို့နှင့် ထိုမြို့အနီးကျေးရွာများတွင်လည်းကောင်း၊-
29 Suna nan kuma a En Rimmon, da Zora, da Yarmut,
၂၉အင်ရိမ္မုန်မြို့၊ ဇာရမြို့၊ ယာမုတ်မြို့၊
30 da Zanowa, da Adullam da ƙauyukansu, da Lakish da gonakinta, da kuma Azeka da ƙauyukanta. Saboda haka sun yi zama tun daga Beyersheba har zuwa Kwarin Hinnom.
၃၀ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။
31 Zuriyar mutanen Benyamin daga Geba sun zauna a Mikmash, da Aiya, da Betel da ƙauyukanta,
၃၁ဗင်္ယာမိန်အနွယ်ဝင်တို့သည်ဂေဗမြို့၊ မိတ် မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်အနီး အနားရှိကျေးရွာများတွင်လည်းကောင်း၊-
32 da Anatot, da Nob, da Ananiya,
၃၂အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊- ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊- ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊ လောဒမြို့၊သြနောမြို့နှင့်လက်မှုပညာ သည်ချိုင့်ဝှမ်းတွင်လည်းကောင်းနေထိုင်ကြ၏။-
33 da Hazor, da Rama, da Gittayim,
၃၃
34 da Hadid, da Zeboyim, da Neballat,
၃၄
35 da Lod, da Ono, da kuma a Kwarin Masu sana’a.
၃၅
36 Waɗansu gundumomin Lawiyawan Yahuda sun zauna a Benyamin.
၃၆ယုဒနယ်မြေတွင်နေထိုင်ခဲ့သူလေဝိအနွယ် ဝင်အချို့တို့သည်ဗင်္ယာမိန်အနွယ်ဝင်များ နှင့်အတူနေထိုင်ရကြလေသည်။