< Nahum 1 >
1 Jawabi game da Ninebe a littafin wahayin Nahum, mutumin Elkosh.
၁ဧလကောရှ ရွာသား နာဟုံ ခံရ၍၊ နိနေဝေ မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်အချက်ဟူမူကား၊
2 Ubangiji Allah mai kishi ne, mai sakayya kuma. Ubangiji Allah mai kishi ne, mai ɗaukar fansa kuma. Ubangiji yakan ɗauki fansa a kan maƙiyansa, yakan ci gaba da fushi a kan abokan gābansa.
၂အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။
3 Ubangiji mai jinkirin fushi ne, mai iko duka kuma. Ubangiji ba zai bar masu zunubi babu horo ba. Hanyarsa tana cikin guguwa da kuma hadari, gizagizai kuwa su ne ƙurar ƙafafunsa.
၃ထာဝရဘုရား သည် စိတ် ရှည်တော်မူ၏။ တန်ခိုး လည်း ကြီး တော်မူ၏။ သို့ရာတွင် ၊ အပြစ်တည်သော သူတို့ ကို အပြစ် မှ လွှတ်တော်မ မူ။ ထာဝရဘုရား သည် လေဘွေ ၌ ၎င်း ၊ မိုဃ်းသက် မုန်တိုင်း၌ ၎င်း ကြွ တော်မူ၍ ၊ မိုဃ်း တိမ် တို့သည် စက် တော်အောက်၌ မြေမှုန့် ကဲ့သို့ဖြစ်ကြ၏။
4 Yakan tsawata wa teku yă kuma busar da shi; yakan sa dukan koguna su kafe. Bashan da Karmel sun yi yaushi tohon Lebanon kuma ya koɗe.
၄ပင်လယ် ကို ဆုံးမ ၍ ခန်းခြောက် စေတော်မူ၏။ ခပ်သိမ်း သော မြစ် ရေကိုလည်း ကုန် စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်တို့သည် ညှိုးနွမ်း ကြ၏။ လေဗနုန် အပွင့် လည်း ညှိုးနွမ်း ၏။
5 Duwatsu suna rawan jiki a gabansa tuddai kuma sun narke. Duniya da dukan abin da yake cikinta suna rawan jiki a gabansa.
၅ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။
6 Wa zai iya tsaya wa fushinsa? Wa yake da ikon jimre wa zafin hasalarsa? Ana zuba fushinsa kamar wuta; aka kuma ragargaza duwatsu a gabansa.
၆အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၍ ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။
7 Ubangiji nagari ne, mafaka kuma a lokacin wahala. Yana kula da waɗanda suka dogara gare shi,
၇ထာဝရဘုရား သည် ကောင်း တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံ သောသူတို့ ကို သိ မှတ်တော်မူ၏။
8 amma da ambaliyar ruwa zai kawo Ninebe ga ƙarshe; zai fafari maƙiyansa zuwa cikin duhu.
၈ရန်သူ နေရာ ကို လွှမ်းမိုး သော မြစ် ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူ တို့ကို မှောင်မိုက် လိုက် လိမ့်မည်။
9 Dukan abin da suke ƙullawa game da Ubangiji zai kawo ga ƙarshe; wahala ba za tă sāke komowa ƙaro na biyu ba.
၉ထာဝရဘုရား တဘက် ၌ အဘယ်သို့ ကြံစည် ကြသနည်း ။ အပြီး ဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ် နင်းစရာ အကြောင်းမ ရှိ ရ။
10 Za su sarƙafe a ƙaya, za su kuma bugu da ruwan inabinsu; za a laƙume su kamar busasshiyar ciyawa.
၁၀သူတို့သည် ဆူး ပင်ကဲ့သို့အချင်းချင်းညိတွယ် လျက် ၊ စပျစ်ရည် နှင့် ယစ်မူး သကဲ့သို့ ဖြစ်လျက်၊ သွေ့ခြောက် သောအမှိုက် ကဲ့သို့ မီး လောင်ခြင်းကိုခံရကြ လိမ့်မည်။
11 Daga cikinki, ya Ninebe wani ya fito wanda ya ƙulla wa Ubangiji makirci yana ba da mugayen shawarwari.
၁၁ထာဝရဘုရား တဘက် ၌ မ ကောင်းသော အကြံ ကို ကြံစည် သောအဓမ္မ တိုင်ပင်အမတ်သည် သင့် အထဲ က ပေါ် လာပြီ။
12 Ga abin da Ubangiji ya ce, “Ko da yake sun yi tarayya, suna kuma da yawa, za a yanke su, a kawar a su. Ko da yake na ba ki azaba, ya Yahuda, ba zan ƙara ba ki azaba ba.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့်များပြား သော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက် ရကြလိမ့်မည်။ သင့် ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက် တဖန် မ ညှဉ်းဆဲ ။
13 Yanzu zan karya karkiyarsu daga wuyanki in kuma tsittsinke sarƙar da suka ɗaura ki.”
၁၃ယခု မှာ သင် ၌ သူ တင်သော ထမ်းဘိုး ကို ငါချိုး ပယ်၍ ၊ ချည်နှောင်သော ကြိုး တို့ကိုလည်း ဖြတ် မည်။
14 Ubangiji ya ba da umarni game da ke Ninebe, “Ba za ki sami zuriyar da za tă ci gaba da sunanki ba. Zan rurrushe siffofin da kuka sassaƙa da kuma gumakan da kuka ƙera gumakan da suke a cikin haikalin allolinku. Zan shirya kabarinki, domin ke muguwa ce.”
၁၄သင် ၏အမှု ၌ ထာဝရဘုရား စီရင် တော်မူသည် ကား၊ သင် ၏အမျိုး မ ဆက် မနွှယ်ရ။ ထုသော ရုပ်တု နှင့် သွန်း သော ရုပ်တုတို့ကို သင် ၏ဘုရား ကျောင်း မှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာ သောကြောင့် သင် ၏ သင်္ချိုင်း ကို ငါလုပ် မည်။
15 Duba, can a bisa duwatsu, ga ƙafafu mai kawo labari mai daɗi, wanda yake shelar salama! Ki yi bukukkuwanki, ya Yahuda, ki kuma cika wa’adodinki. Mugaye ba za su ƙara mamaye ki ba; domin za a hallaka su ƙaƙaf.
၁၅ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာသိတင်း စကားကို ကြား ပြောသောသူ ၏ခြေ တို့ကို တောင် ပေါ် မှာ ကြည့် ကြလော့။ အိုယုဒ အမျိုး၊ သင် ၏ ဓမ္မပွဲကို ခံ လော့။ သစ္စာ ဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေ လော့။ အဓမ္မ လူသည် ရှင်းရှင်း ပယ် ဖြတ်ခြင်းကို ခံရသောကြောင့် ၊ နောက် တဖန်သင့် ကို မ ကျော် မနင်းရ။