< Malaki 4 >
1 “Tabbatacce rana tana zuwa; za tă yi ƙuna kamar wutar maƙera. Dukan masu girman kai da kowane mai aikata mugunta zai zama ciyawa, wannan rana mai zuwa za tă ƙone su. Babu saiwa ko reshen da za a bar musu,” in ji Ubangiji Maɗaukaki.
၁အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
2 Amma ku da kuke girmama sunana, ranar adalci za tă fito tare da warkarwa a fikafikanta. Za ku kuwa fita kuna tsalle kamar’yan maruƙan da aka sake daga garke.
၂ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
3 Sa’an nan za ku tattake mugaye; za su zama toka a ƙarƙashin tafin ƙafafunku a ranar da zan aikata waɗannan abubuwa, in ji Ubangiji Maɗaukaki.
၃ငါတရားစီရင်တော်မူရာနေ့ရက်ကာလ ၌ သင်တို့သည်သူယုတ်မာများကိုအနိုင် ရကြလိမ့်မည်။ သူတို့သည်သင်တို့ခြေ ဖဝါးအောက်မှမြေမှုန့်သဖွယ်ဖြစ်လိမ့်မည်။''
4 “Ku tuna da dokar bawana Musa, ƙa’idodi da dokokin da na ba shi a Horeb domin dukan Isra’ila.
၄``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
5 “Ga shi, zan aika muku da annabi Iliya kafin babbar ranan nan mai banrazana ta Ubangiji tă zo.
၅``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။-
6 Zai juye zukatan iyaye ga’ya’yansu, zukatan’ya’ya kuma ga iyayensu; in ba haka ba zan bugi ƙasar da hallaka gaba ɗaya.”
၆ငါလာ၍ထိုဒေသအားကျိန်စာမသင့် စေရန် သူသည်အဖများနှင့်သားသမီး တို့ကိုပြန်လည်စည်းရုံး၍ပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဋ္ဌမ္မဟောင်းကျမ်းတို့တွင်နောက်ဆုံးကျမ်း တည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေး ထားသောအနာဂတ္တိကျမ်းပြီး၏။