< Luka 1 >

1 Mutane da yawa sun ɗau niyyar rubuta labarin abubuwan da aka cika a cikinmu,
ရှေ့ဦးစွာ မှစ၍ ကိုယ်တိုင်မြင်သောသက်သေ ဖြစ်လျက်၊ နှုတ်ကပတ် တော်မှုကိုဆောင်ရွက် သောသူ တို့သည်၊
2 kamar yadda muka karɓe su daga waɗanda tun farko shaidu ne da kuma masu hidimar bishara.
ငါ တို့သည် ထင်ရှားစွာဖြစ်လေပြီး သော အတ္ထုပ္ပတ္တိ များကို ငါ တို့အားကြားပြော သည် အစဉ် အတိုင်းမှတ်သားသောစာ ကို စီရင် ရေးထားသောသူ အများ ရှိကြသည်ဖြစ်၍၊
3 Saboda haka, da yake ni da kaina na binciko kome a hankali daga farko, na ga ya yi kyau in rubuta maka labarin dalla-dalla, ya mafifici Tiyofilus,
ငါ သည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံ တို့ကို ရှေ့ဦးစွာ မှစ၍၊
4 don ka san tabbacin abubuwan da aka koyar da kai.
စေ့စေ့ ဖွေရှာလိုက်စစ် ပြီးလျှင်၊ ကိုယ်တော်သင် ပြီးသောအကြောင်းအရာတို့သည်ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ အစဉ် အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိ ပါ၏၊ အလွန်မြတ် သော သော်ဖိလု ။
5 A lokacin da Hiridus ne yake sarautar Yahudiya, an yi wani firist mai suna Zakariya, na sashin firistoci gidan Abiya. Matarsa Elizabet ma’yar zuriyar Haruna ce.
ယုဒ ပြည်ကို အစိုးရသော ဟေရုဒ် မင်းကြီး လက်ထက် ၊ အဘိယ အသင်း အဝင်ဖြစ် ၍၊ ဇာခရိ အမည် ရှိ သော ယဇ် ပုရောဟိတ်တစ်ပါး ရှိ၏။ သူ ၏ခင်ပွန်း သည် အာရုန် အမျိုးအနွယ်ဖြစ်၏။ သူ့ အမည် ကား ဧလိရှဗက် တည်း။
6 Dukansu biyu kuwa masu adalci ne a gaban Allah, suna kuma bin umarnan Ubangiji da farillansa duka da halin rashin zargi.
ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် ၍ အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။
7 Sai dai ba su da’ya’ya, domin Elizabet bakararriya ce; kuma dukansu biyu sun tsufa.
ဧလိရှဗက် သည် မြုံ သောကြောင့် သူတို့သည်သား မ ရှိ ။ ထိုသူ နှစ် ယောက်တို့သည် အသက် အရွယ်ကြီးရင့် ကြ၏။
8 Wata rana da lokacin aikin firistoci na sashen Zakariya na yin hidima ya kewayo, yana kuma cikin hidimarsa ta firist a gaban Allah,
ဇာခရိသည် မိမိ အသင်း နှင့်တကွအလှည့် သင့်၍ ၊ ဘုရားသခင့် ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊
9 sai aka zaɓe shi ta wurin ƙuri’a, bisa ga al’adar aikin firist, yă shiga haikalin Ubangiji yă ƙone turare.
ယဇ် ပုရောဟိတ်ထုံးစံ အတိုင်း စာရေးတံ ချသဖြင့်၊ သူ သည်ထာဝရ ဘုရား၏ ဗိမာန် တော်အတွင်း သို့ ဝင် ၍နံ့သာပေါင်း ကိုမီးရှို့၏။
10 Da lokacin ƙone turare ya yi, duk taron masu sujada suna a waje suna addu’a.
၁၀ထိုသို့နံ့သာပေါင်း ကို မီးရှို့သည့်အချိန် တွင်၊ လူ အများ အပေါင်း တို့သည် ပြင် ၌ဆုတောင်း လျက် နေ ကြ ၏။
11 Sai mala’ikan Ubangiji ya bayyana gare shi, tsaye a dama da bagaden turare.
၁၁ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည်ထင်ရှား ၍၊ နံ့သာပေါင်း ကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ် နေသည်ကို၊
12 Da Zakariya ya gan shi sai ya firgita, tsoro kuma ya kama shi.
၁၂ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။
13 Amma mala’ikan ya ce masa, “Kada ka ji tsoro, Zakariya; an ji addu’arka. Matarka Elizabet za tă haifa maka ɗa, za ka kuma ba shi suna Yohanna.
၁၃ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
14 Zai zama abin murna da farin ciki a gare ka, mutane da yawa kuwa za su yi murna don haihuwarsa,
၁၄သင် သည်ဝမ်းသာ ရွင်မြူး ခြင်း ရှိ လိမ့်မည်။ ထိုသား ကိုဘွားမြင် သောကြောင့် လူအများ တို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
15 gama zai zama mai girma a gaban Ubangiji. Ba kuwa zai taɓa shan ruwan inabi ko wani abu mai sa maye ba. Zai cika da Ruhu Mai Tsarki tun haihuwa.
၁၅အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။
16 Shi ne zai juye mutanen Isra’ila da yawa zuwa wurin Ubangiji Allahnsu.
၁၆ဣသရေလ အမျိုးသား အများ တို့ကို သူ တို့ဘုရားသခင် ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
17 Zai sha gaban Ubangiji, a ruhu da kuma iko irin na Iliya, domin yă juye zukatan iyaye ga’ya’yansu, marasa biyayya kuma ga zama masu biyayya don yă kintsa mutane su zama shiryayyu domin Ubangiji.”
၁၇အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။
18 Sai Zakariya ya tambayi mala’ikan ya ce, “Yaya zan tabbatar da wannan? Ga ni tsoho, matana kuma ta kwana biyu.”
၁၈ဇာခရိ ကလည်း ၊ ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိ ရပါမည်နည်း။ အကျွန်ုပ် သည် လူအို ဖြစ် ပါ၏။ အကျွန်ုပ် မယား သည်လည်း အသက် အရွယ်ကြီးရင့် ပါပြီဟုကောင်းကင်တမန် အား ပြောဆို လျှင်၊
19 Mala’ikan ya ce, “Ni ne Jibra’ilu. Ina tsaya a gaban Allah, an kuma aiko ni in yi maka magana, in kuma faɗa maka wannan labari mai daɗi.
၁၉ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ၍ ဤ ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။
20 Yanzu za ka zama bebe, ba za ka ƙara iya magana ba sai ranar da wannan magana ta cika, saboda ba ka gaskata da kalmomina waɗanda za su zama gaskiya a daidai lokacinsu ba.”
၂၀သင် သည် ငါ့ စကား ကိုမ ယုံသောကြောင့် ဤအကြောင်းအရာမ ဖြစ် မှီနေ့ တိုင်အောင်စကား မ ပြောနိုင် ဘဲ၊ အ လျက် နေ လိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန် လျှင် ပြည့်စုံ လိမ့်မည်ဟု ပြောဆို ၏။
21 Ana cikin haka, mutane suna jiran Zakariya, suna kuma mamaki me ya sa ya daɗe haka a cikin haikali.
၂၁လူ များတို့သည် ဇာခရိ ကို ငံ့လင့် ၍ ၊ ဗိမာန် တော်အတွင်း ၌ ကြာမြင့် စွာနေသည်ကိုအံ့ဩ ခြင်းရှိကြ၏။
22 Da ya fito, bai iya yin musu magana ba. Sai suka gane, ya ga wahayi ne a haikali, domin ya dinga yin musu alamu, amma ya kāsa yin magana.
၂၂သူသည်ထွက်လာ သောအခါ စကားမ ပြော နိုင် သည်ဖြစ်၍ ၊ ဗိမာန် တော်၌ ဗျာဒိတ် ရူပါရုံကို မြင် ပြီဟု ရိပ်မိ ကြ၏။ ဇာခရိ သည်သူ တို့အား အရိပ် အမှတ်ကိုသာပေး၍ စကားအ လျက် နေ ၏။
23 Da lokacin hidimarsa ya cika, sai ya koma gida.
၂၃ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအချိန် ကာလကုန် သောအခါ ၊ ဇာခရိသည် မိမိ အိမ် သို့ သွား လေ၏။
24 Bayan wannan, matarsa Elizabet ta yi ciki, ta kuma riƙa ɓuya har wata biyar.
၂၄ထိုနောက် သူ ၏ခင်ပွန်း ဧလိရှဗက် သည် ပဋိသန္ဓေ စွဲ၍ ၊
25 Sai ta ce, “Ubangiji ne ya yi mini wannan. A waɗannan kwanaki ya nuna tagomashinsa ya kuma kawar mini da kunya a cikin mutane.”
၂၅ငါသည်လူတို့ တွင် ခံရသော ကဲ့ရဲ့ခြင်း အကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ခြင်းငှာငါ့ ကို ကြည့်ရှု တော်မူစဉ် တွင်၊ ဤ ကျေးဇူးတော်ကို ပြု တော်မူပြီဟုဆို လျက် ၊ ငါး လ ပတ်လုံးအိမ်တွင်း၌အောင်း၍ နေလေ ၏။
26 A wata na shida, sai Allah ya aiki mala’ika Jibra’ilu zuwa Nazaret, wani gari a Galili,
၂၆ငါးလ လွန် သောအခါ ၊ ဂါလိလဲ ပြည် နာဇရက် မြို့၌ ဒါဝိဒ် အမျိုးသား ၊ ယောသပ် အမည် ရှိသောလူ နှင့် ထိမ်းမြားဆောင်နှင်း ၍၊
27 gun wata budurwar da aka yi alkawarin aurenta ga wani mutum mai suna Yusuf daga zuriyar Dawuda. Sunan budurwar Maryamu.
၂၇မရှက်တင်သေးသော သတို့သမီး ကညာဆီသို့ ဘုရားသခင် သည် ကောင်းကင်တမန် ဂါဗြေလ ကို စေလွှတ် တော်မူ၏။ သတို့သမီး ကညာကား ၊ မာရိ အမည် ရှိ၏။
28 Mala’ikan ya je wurinta ya ce, “A gaishe ki, ya ke da kika sami tagomashi ƙwarai! Ubangiji yana tare da ke.”
၂၈ကောင်းကင်တမန်သည် ရောက်လာ လျှင် ၊ ကျေးဇူး တော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရ ဘုရားသည် သင် နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏။
29 Maryamu ta damu ƙwarai da kalmominsa, tana tunani wace irin gaisuwa ce haka?
၂၉မာရိ သည် ထို စကားကိုကြားလျှင် စိတ် နှလုံးမငြိမ်မဝပ်ရှိ၍ ၊ ဤ နှုတ်ဆက် ခြင်းကား အဘယ်သို့ သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍နေ ၏။
30 Amma mala’ikan ya ce mata, “Kada ki ji tsoro, Maryamu, kin sami tagomashi a wurin Allah.
၃၀ကောင်းကင် တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာ ရ ပြီ။
31 Ga shi za ki yi ciki ki kuma haifi ɗa, za ki kuma ba shi suna Yesu.
၃၁သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယေရှု အမည် ဖြင့် မှည့် ရ မည်။
32 Zai zama mai girma, za a kuma kira shi Ɗan Maɗaukaki. Ubangiji Allah zai ba shi gadon sarautar kakansa Dawuda,
၃၂ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။
33 zai yi mulkin gidan Yaƙub har abada, mulkinsa kuma ba zai taɓa ƙare ba.” (aiōn g165)
၃၃ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။ (aiōn g165)
34 Maryamu ta tambayi mala’ikan ta ce, “Yaya wannan zai yiwu, da yake ni budurwa ce?”
၃၄မာရိ ကလည်း ၊ ဤအမှုအရာ သည် အဘယ်သို့ ဖြစ် လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျား နှင့် မ ဆက်ဆံ ပါဟု ကောင်းကင်တမန် အား ပြန်ပြော ၏။
35 Mala’ikan ya amsa ya ce, “Ruhu Mai Tsarki zai sauko miki, ikon Maɗaukaki kuma zai rufe ke. Saboda haka, Mai Tsarkin nan da za a haifa, za a kira shi Ɗan Allah.
၃၅ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။
36 ’Yar’uwarki Elizabet ma za tă haifi ɗa a tsufanta, ita da aka ce bakararriya, ga shi tana a watanta na shida.
၃၆ထိုမှတပါး ၊ အမြုံမ ဟူ၍ခေါ်ဝေါ် သောသင် ၏ အဆွေအမျိုး ဧလိရှဗက် သည် ပဋိသန္ဓေ စွဲယူ၍ ယခု ခြောက် လ အဝင်ရှိ ပြီ။
37 Gama ba abin da zai gagari Allah.”
၃၇ဘုရားသခင် တတ်နိုင် တော်မမူသောအမှုမ ရှိဟုပြောဆို လျှင် ၊
38 Maryamu ta amsa ta ce, “To, ni baiwar Allah ce, bari yă zama mini kamar yadda ka faɗa.” Sai mala’ikan ya tafi abinsa.
၃၈မာရိ က၊ အကျွန်ုပ်သည် ထာဝရ ဘုရား၏ကျွန် မဖြစ်ပါ၏၊ ကိုယ်တော် ၏စကား အတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန် သည် မာရိ ထံမှ သွား လေ၏။
39 A lokacin sai Maryamu ta shirya ta gaggauta zuwa wani gari a ƙasar tudu ta Yahudiya,
၃၉ထို အခါ မာရိ သည်ထ ၍ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊
40 inda ta shiga gidan Zakariya ta kuma gai da Elizabet.
၄၀ဇာခရိ အိမ် သို့ ဝင် ၍ ဧလိရှဗက် ကို နှုတ်ဆက် လေ၏။
41 Da Elizabet ta ji gaisuwar Maryamu, sai jaririn da yake a cikinta ya yi motsi. Elizabet kuma ta cika da Ruhu Mai Tsarki.
၄၁ထို နှုတ်ဆက် ခြင်းစကားကို ဧလိရှဗက် သည် ကြား စဉ် တွင် မိမိ ဝမ်း ၌ ရှိသောသူငယ် သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လျက်၊
42 Sai ta ɗaga murya da ƙarfi ta ce, “Ke mai albarka ce a cikin mata. Mai albarka ne kuma ɗan da za ki haifa!
၄၂သင် သည် မိန်းမ တကာတို့ ထက်မြတ်စွာသောမင်္ဂလာ ရှိ၏။ သင် ၏ဝမ်း ၌ရှိသောသူငယ် သည်လည်း မြတ်စွာသော မင်္ဂလာ ရှိ၏။
43 Me ya sa na sami wannan tagomashi har da mahaifiyar Ubangijina za tă zo wurina?
၄၃အကျွန်ုပ် သခင် ၏ မယ်တော် သည် အကျွန်ုပ် ဆီသို့ ကြွလာ သောကျေးဇူးကို အဘယ် အကြောင်းကြောင့် အကျွန်ုပ် ခံရပါသနည်း။
44 Da jin gaisuwarki, sai jaririn da yake cikina ya yi motsi don murna.
၄၄သင် ၏နှုတ်ဆက် ခြင်းစကား သံကို အကျွန်ုပ် ကြား စဉ် တွင်၊ အကျွန်ုပ် ဝမ်း ထဲ၌ သူငယ် သည်ရွှင်မြူး သော စိတ်နှင့် ခုန် ၏။
45 Mai albarka ce wadda ta gaskata cewa abin da Ubangiji ya faɗa mata zai cika!”
၄၅ယုံကြည် သောမိန်းမ သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ ထိုမိန်းမ အား ထာဝရ ဘုရားမိန့် တော်မူသောစကား သည် ပြည့်စုံ လိမ့်မည်ဟု ကြီး သောအသံ နှင့် မြွက်ဆို ၏။
46 Sai Maryamu ta ce, “Raina yana ɗaukaka Ubangiji
၄၆မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
47 ruhuna kuma yana farin ciki da Allah Mai Cetona,
၄၇ငါ့ ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ကို အမှီပြု ၍ ငါ့ ဝိညာဉ် သည် ရွှင်လန်း ခြင်းရှိ၏။
48 gama ya lura da ƙasƙancin baiwarsa. Daga yanzu nan gaba dukan zamanai za su ce da ni mai albarka,
၄၈အကြောင်းမူကား ၊ မိမိ ကျွန် မ၏နှိမ့်ချသောအဖြစ် ကိုကြည့်ရှု တော်မူပြီ။ နောင် ကာလ၌ ခပ်သိမ်း သောလူ အစဉ်အဆက်တို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
49 gama Mai Iko Duka ya yi mini manyan abubuwa, sunansa labudda Mai Tsarki ne.
၄၉တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။
50 Jinƙansa ya kai ga masu tsoronsa, daga zamani zuwa zamani.
၅၀ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။
51 Ya aikata manyan ayyuka da hannunsa; ya watsar da waɗanda suke masu girman kai a zurfin tunaninsu.
၅၁လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။
52 Ya saukar da masu mulki daga gadajen sarautarsu amma ya ɗaukaka ƙasƙantattu.
၅၂ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။
53 Ya ƙosar da masu yunwa da kyawawan abubuwa amma ya sallami mawadata hannu wofi.
၅၃ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး ၍ ရ တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။
54 Ya taimaki bawansa Isra’ila, yana tunawa yă nuna jinƙai
၅၄ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
55 ga Ibrahim da zuriyarsa har abada, kamar yadda ya faɗa wa kakanninmu.” (aiōn g165)
၅၅အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။ (aiōn g165)
56 Maryamu ta zauna da Elizabet kusan wata uku sa’an nan ta koma gida.
၅၆မာရိ သည်လည်း ဧလိရှဗက် ထံမှာ သုံး လ ခန့် နေ ပြီးမှ မိမိ အိမ် သို့ ပြန် လေ၏။
57 Sa’ad da kwanaki suka yi don Elizabet ta haihu, sai ta haifi ɗa.
၅၇ဧလိရှဗက် သည် ဘွား အံ့သောနေ့ လစေ့ သောအခါ သား ယောက်ျားကိုဘွားမြင် ၏။
58 Maƙwabtanta da’yan’uwanta suka ji cewa Ubangiji ya nuna mata jinƙai mai yawa, suka kuma taya ta farin ciki.
၅၈ထာဝရ ဘုရားသည် ထူးမြတ် သောသနား ခြင်းကျေးဇူးတော်ကို ဧလိရှဗက် အား ပြုတော်မူသည်ကို ၊ အိမ်နီးချင်း အဆွေအမျိုး တို့သည် ကြား လတ်သော်၊ သူ နှင့်အတူဝမ်းမြောက်ဝမ်းသာ ကြ၏။
59 A rana ta takwas, sai suka zo don a yi wa yaron kaciya, dā za su sa masa sunan mahaifinsa Zakariya ne,
၅၉ရှစ် ရက်မြောက်သောနေ့ ၌ အရေဖျားလှီး ခြင်းကို သူငယ် အားပေးအံ့သောငှာလာ ကြ၍၊ အဘ ၏အမည် ဖြစ်သော ဇာခရိ အမည်ဖြင့် မှည့် သောအခါ အမိ က၊ ထိုသို့မ မှည့်ရ။
60 amma mahaifiyar yaron ta ce, “A’a! Za a ce da shi Yohanna.”
၆၀ယောဟန် အမည်ဖြင့် မှည့် ရမည်ဟုဆို လျှင် ၊ သူတို့က၊
61 Sai suka ce mata, “Ba wani a cikin danginku mai wannan suna.”
၆၁ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို ၍ ၊
62 Sai suka yi alamu wa mahaifinsa, don su san sunan da zai su a kira yaron.
၆၂အဘ သည်အဘယ်သို့ မှည့် စေ လိုသနည်းဟု အမှတ် အားဖြင့်မေး ကြ၏။
63 Ya yi alama a kawo masa allo, a gaban kowa sai ya rubuta, “Sunansa Yohanna.” Dukan mutane kuwa suka yi mamaki.
၆၃အဘသည်လည်း သင်ပုံး ကိုတောင်း ၍ ၊ သူ ၏အမည် ကားယောဟန် ဖြစ် ၏ဟု ရေး လေသော်၊ ထိုသူ အပေါင်း တို့သည် အံ့ဩ ခြင်းရှိကြ၏။
64 Nan da nan bakinsa ya buɗe harshensa kuma ya saku, sai ya fara magana yana yabon Allah.
၆၄ထိုခဏခြင်း တွင် ဇာခရိ သည်နှုတ် ဖွင့် ခြင်း၊ လျှာ လွတ်ခြင်းရှိသည်ဖြစ်၍၊ စကား အားဖြင့်ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလေ၏။
65 Maƙwabta duk suka cika da tsoro, mutane kuwa suka yi ta yin magana game da dukan waɗannan abubuwa a ko’ina a cikin ƙasar tudu ta Yahudiya.
၆၅အိမ်နီးချင်း ရှိသမျှ တို့သည် ကြောက်ရွံ့ ခြင်းရှိ ကြ၍ ထို အမှုအရာ များသည် ယုဒ ပြည်တောင် ကြားအရပ် တို့၌ အနှံ့အပြား ကျော်စော လေ၏။
66 Duk waɗanda suka ji wannan kuwa sun yi mamaki suna cewa, “To, me yaron nan zai zama?” Gama hannun Ubangiji yana tare da shi.
၆၆ကြား သောသူ အပေါင်း တို့သည် နှလုံး ထဲ၌ မှတ်သား ၍ ၊ ဤ သူငယ် သည် အဘယ်သို့ သောသူဖြစ် လိမ့်မည်နည်းဟုဆို ကြ၏။ ထာဝရ ဘုရား၏ လက် တော်သည်လည်း သူငယ် နှင့်အတူ ရှိ တော်မူ၏။
67 Mahaifinsa Zakariya ya cika da Ruhu Mai Tsarki sai ya yi annabci ya ce,
၆၇သူ ၏အဘ ဇာခရိ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝ လျက် ၊
68 “Yabo ya tabbata ga Ubangiji, Allah na Isra’ila, domin ya zo ya kuma fanshe mutanensa.
၆၈ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
69 Ya tā mana ƙahon ceto a gidan bawansa Dawuda
၆၉အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
70 (yadda ya yi magana tun tuni ta wurin annabawansa masu tsarki), (aiōn g165)
၇၀ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု (aiōn g165)
71 cewa zai cece mu daga abokan gābanmu daga kuma hannun dukan waɗanda suke ƙinmu
၇၁ငါ တို့အဘ အာဗြဟံ အား ကျိန်ဆို ခြင်းဂတိ တော်တည်းဟူသော သန့်ရှင်း သောပဋိညာဉ် တရားကို အောက်မေ့ တော်မူသဖြင့် ၎င်း၊
72 don yă nuna jinƙai ga kakanninmu, yă kuma tuna da alkawarinsa mai tsarki,
၇၂ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊
73 rantsuwar da ya yi wa mahaifinmu Ibrahim,
၇၃မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍ ၊
74 don yă kuɓutar da mu daga hannun abokan gābanmu, yă kuma sa mu iya yin masa hidima babu tsoro,
၇၄ငါ တို့ကိုရန်သူ လက် မှ ၎င်း ၊ မုန်း သောသူ ရှိသမျှ တို့လက်မှ ၎င်း ကယ်လွှတ် မည်အကြောင်း၊
75 cikin tsarki da adalci a gabansa dukan kwanakinmu.
၇၅ကယ်လွှတ် ခြင်းဦးချို ကို မိမိ ကျွန် ဒါဝိဒ် အမျိုး ထဲ၌ ငါ တို့အားပေါ်ထွန်း စေတော်မူပြီ။
76 “Kai kuma, ɗana, za a ce da kai annabin Maɗaukaki; gama za ka sha gaban Ubangiji don ka shirya masa hanya,
၇၆အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။
77 don ka sanar da mutanensa ceto, ta wurin gafarar zunubansu,
၇၇အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။
78 saboda jinƙai na Allahnmu mai ƙauna, hasken nan na ceto zai ɓullo mana daga sama,
၇၈ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
79 don yă haskaka a kan waɗanda suke zama cikin duhu, da kuma cikin inuwar mutuwa, don yă bi da ƙafafunmu a hanyar salama.”
၇၉မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။
80 Yaron kuwa ya yi girma ya kuma ƙarfafa a ruhu; ya zauna a hamada sai lokacin da ya fito a fili ga mutanen Isra’ila.
၈၀ထိုသူငယ် သည်ကား ၊ ကြီးပွား ၍ ဉာဏ် သတ္တိ နှင့်ပြည့်စုံ၏။ ဣသရေလ လူ တို့အား မ ထင်ရှား မှီ တိုင်အောင်တော အရပ်၌ နေ လေ၏။

< Luka 1 >