< Firistoci 8 >
1 Ubangiji ya ce wa Musa,
၁တဖန် ထာဝရဘုရား က၊
2 “Kawo Haruna da’ya’yansa maza, ka ɗauki rigunansu, man keɓewa, bijimi domin hadaya don zunubi,’yan raguna biyu da kuma kwandon da yake da burodi marar yisti,
၂သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊
3 ka kuma tara dukan jama’a a ƙofar Tentin Sujada.”
၃ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
4 Sai Musa ya yi yadda Ubangiji ya umarce shi, jama’a kuwa suka taru a ƙofar Tentin Sujada.
၄မောရှေ ပြု ၍ ၊ ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။
5 Sai Musa ya ce wa jama’ar, “Ga abin da Ubangiji ya umarta a yi.”
၅မောရှေ ကလည်း ၊ ဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊
6 Sa’an nan Musa ya kawo Haruna da’ya’yansa maza gaba, ya kuma wanke su da ruwa.
၆ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် ၊
7 Ya sa wa Haruna taguwa, ya ɗaura igiya kewaye da shi, ya sa masa riga, ya sa masa efod. Ya kuma ɗaura masa efod wanda aka yi masa saƙar gwaninta.
၇အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။
8 Ya sa masa ƙyallen maƙalawa a ƙirji, ya kuma sa Urim da Tummim a ƙyallen maƙalawa a ƙirjin.
၈ရင်ဖုံး ကိုလည်း ဆင်စေ၍ ၊ ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။
9 Sai ya naɗa masa rawani, daga gaban rawanin ya sa allon zinariya, wato, kambi tsattsarka, kamar yadda Ubangiji ya umarce shi.
၉သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ ၌ တပ် လေ၏။
10 Sa’an nan Musa ya ɗauki man keɓewa ya keɓe tabanakul da kuma kowane abin da yake cikinsa, ta haka ya tsarkake su.
၁၀ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ သည် လိမ်း ရန်ဆီ ကိုယူ ၍ ၊ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။
11 Ya yayyafa mai a kan bagade sau bakwai, yana keɓe bagade da dukan kayayyaki, da daro, da abin da yake tsaya a kai, don yă tsarkake su.
၁၁ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ၍ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း ၊ သန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
12 Ya zuba man keɓewa a kan Haruna, ya kuma keɓe shi don yă tsarkake shi.
၁၂လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
13 Sa’an nan ya kawo’ya’yan Haruna maza, ya sa musu taguwoyi, ya ɗaɗɗaura igiyoyi kewaye da su, ya kuma sa musu huluna yadda Ubangiji ya umarce shi.
၁၃အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။
14 Sa’an nan ya miƙa bijimi domin hadaya don zunubi, sai Haruna da’ya’yansa suka ɗibiya hannuwansu a bijimin.
၁၄ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
15 Musa ya yanka bijimin ya ɗauki jinin, ya sa yatsarsa ya zuba a dukan ƙahonin bagade don yă tsarkake bagaden. Ya zuba sauran jinin a gindin bagade. Ta haka ya tsarkake shi don yă yi kafara dominsa.
၁၅နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
16 Musa ya ɗebo dukan kitsen da yake kewaye da kayan ciki, da kuma wanda ya rufe hanta, da ƙodojin, da kuma kitsensu, ya kuma ƙone su a kan bagade.
၁၆အအူ ကိုဖုံး သော ဆီဥ ရှိသမျှ ၊ အသည်း ပေါ်၌ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
17 Amma bijimin da fatarsa da namansa da kuma ƙashinsa ya ƙone su a bayan sansani, yadda Ubangiji ya umarce shi.
၁၇အရေ ၊ အသား ၊ ချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။
18 Sa’an nan ya miƙa ɗan rago domin hadaya ta ƙonawa, sai Haruna da’ya’yansa maza suka ɗibiya hannuwansu a kan ɗan rago.
၁၈ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
19 Sa’an nan Musa ya yanka ɗan ragon, ya kuma yayyafa jinin a kowane gefe na bagaden.
၁၉သိုးကိုသတ် ပြီးလျှင် ၊ မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
20 Ya yanka ragon gunduwa-gunduwa ya ƙone kan, ya kuma ƙone gunduwa-gunduwan da kitsen.
၂၀သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင် ၊ ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။
21 Ya wanke kayan cikin da ƙafafun a ruwa, ya kuma ƙone dukan ragon a bisa bagade kamar hadaya ta ƙonawa, mai daɗin ƙanshi, hadaya ce da aka ƙone da wuta ga Ubangiji, yadda Ubangiji ya umarce shi.
၂၁ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
22 Sai ya miƙa ɗayan ɗan ragon, ɗan ragon naɗin, sai Haruna da’ya’yansa maza suka ɗibiya hannuwansu a kan ɗan ragon.
၂၂ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အခြား သောသိုး ၊ အရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
23 Musa kuwa ya yanka ɗan ragon ya ɗibi jinin ya sa leɓatun kunnen dama na Haruna, ya kuma sa a babbar yatsarsa ta hannun dama da kuma a babbar yatsar ƙafarsa ta dama.
၂၃သိုးကိုသတ် ပြီးမှ ၊ မောရှေ သည် အသွေး ကိုယူ ၍ ၊ အာရုန် ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၌ ၎င်း ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် လေ၏။
24 Musa ya kuma kawo’ya’yan Haruna gaba, ya sa jini a leɓatun kunnuwansu na dama, ya kuma sa a manyan yatsotsinsu na hannun dama da kuma a manyan yatsotsinsu na ƙafafunsu na dama. Sa’an nan ya yayyafa jinin a kowane gefen bagade.
၂၄အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍ ၊ သူ တို့လက်ျာ နား ပျဉ်း ၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှ ၊ ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
25 Ya ɗibi kitsen, da wutsiya mai kitse, da kuma dukan kitsen da ke kewaye da kayan ciki, da wanda ya rufe hanta, ƙodoji biyu da kitsensu da kuma cinya ta dama.
၂၅ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သော ဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
26 Sa’an nan daga cikin kwandon burodi marar yisti wanda yake a gaban Ubangiji, ya ɗauko dunƙulen burodi, da kuma guda da aka yi da mai, da kuma ƙosai; ya sa waɗannan a sassan kitsen, da kuma a cinya ta dama.
၂၆ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံး ၊ ဆီ နှင့် လုပ်သော မုန့်ပြား တပြား ၊ မုန့်ကြွပ် တချပ် ကိုယူ ၍ ၊ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင်၊
27 Ya sa waɗannan a hannuwan Haruna da’ya’yansa, suka kuma kaɗa su a gaban Ubangiji a matsayin hadaya ta kaɗawa.
၂၇အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။
28 Sa’an nan Musa ya karɓe su daga hannuwansu ya ƙone a bagade a bisa hadaya ta ƙonawa a matsayin hadaya ta naɗi, mai daɗin ƙanshi, hadaya ce da aka ƙone da wuta ga Ubangiji.
၂၈ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
29 Ya kuma ɗauki ƙirjin; rabon Musa na ɗan ragon naɗi, ya kaɗa shi a gaban Ubangiji, a matsayin hadaya ta kaɗawa, yadda Ubangiji ya umarce shi.
၂၉ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။
30 Sai Musa ya ɗibi man keɓewa da jini daga bagade, ya yayyafa su a kan Haruna da rigunansa, da kuma a kan’ya’yansa da rigunansu, don yă tsarkake Haruna da rigunansa da kuma’ya’yansa da rigunansu.
၃၀တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။
31 Sai Musa ya ce wa Haruna da’ya’yansa maza, “Ku dafa naman a ƙofar Tentin Sujada, ku kuma ci shi a can tare da burodi daga kwandon naɗi, yadda na umarta, cewa, ‘Haruna da’ya’yansa maza za su ci shi.’
၃၁မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်း ၊ ထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်း ၊ ထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။
32 Sa’an nan ku ƙone sauran naman da kuma burodin.
၃၂ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။
33 Kada ku bar ƙofar Tentin Sujada har kwana bakwai, sai ranakun naɗi suka cika, gama naɗinku zai ɗauki kwana bakwai.
၃၃သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် မ စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
34 Abin da aka yi a yau umarni ne daga Ubangiji don yin kafara saboda ku.
၃၄ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။
35 Dole ku kasance a ƙofar Tentin Sujada dare da rana har kwana bakwai, ku kuma yi abin da Ubangiji yake bukata, don kada ku mutu; gama abin da aka umarce ni ke nan.”
၃၅ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
36 Saboda haka Haruna da’ya’yansa maza suka yi kome da Ubangiji ya umarta ta wurin Musa.
၃၆မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။