< Firistoci 24 >

1 Ubangiji ya ce wa Musa,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Ka umarci Isra’ilawa su kawo tsabtataccen mai na zaitun da aka matse, don ƙuna fitilun yadda harshen wutar ba zai taɓa mutuwa ba.
ပရိသတ်စည်းဝေး ရာ တဲ တော်တွင် သက်သေခံ ချက် ကုလားကာ ပြင် မှာ မီးခုံ ၌ အစဉ် မပြတ်မီး ထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် သင့် ထံ သို့ဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။
3 Za a ajiye su waje da labulen Wuri Mafi Tsarki a Tentin Sujada, Haruna zai riƙa kula da fitilun a gaban Ubangiji, daga yamma zuwa safiya. Wannan za tă zama dawwammamiyar farilla wa tsararraki masu zuwa.
အာရုန် သည်လည်း၊ ညဦး မှ သည် နံနက် တိုင်အောင် ထာဝရဘုရား ရှေ့ တော်၌ ထိုအမှုကို စီရင် ရမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
4 Dole a ci gaba da shirya fitilu a kan wurin ajiye fitila na zinariya, a gaban Ubangiji.
စင်ကြယ် သော မီးခုံ ၌ မီးခွက် များကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်မှာ အစဉ် အမြဲပြင်ဆင် ရမည်။
5 “Ɗauki gari mai laushi a gasa dunƙulen burodi goma sha biyu, a yi amfani da humushi biyu na garwan gari don kowace burodi.
သင်သည် မုန့်ညက် ကိုယူ ၍ ၊ မုန့် တလုံး လျှင် နှစ်ဩမဲစီ၊ မုန့်ဆယ် နှစ် လုံးကို လုပ် ပြီးလျှင်၊
6 A shirya su jeri biyu, guda shida a kowane jeri a kan teburin da aka yi da zinariya zalla, a gaban Ubangiji.
ထာဝရဘုရား ရှေ့ စင်ကြယ် သော စားပွဲ ပေါ် မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက် လုံးစီ၊ နှစ် ပုံပုံ ရမည်။
7 Za a zuba turare a kowane layin dunƙulen burodin don yă kasance abin tunawa a bisa burodin. Turaren zai ƙone a madadin burodin don yă zama kamar hadayar da aka miƙa da wuta ga Ubangiji.
ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောအောက်မေ့ တော်မူဘို့ ရာ ဖြစ်စေ ခြင်းငှါ ထိုမုန့်နှစ်ပုံပေါ် မှာ စင်ကြယ် သော လောဗန် ကို တင် ထားရမည်။
8 Za a shirya wannan gurasa a gaban Ubangiji kowane Asabbaci, a madadin Isra’ilawa a matsayin madawwamin alkawari.
ထာဝရဘုရား၏ပဠိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသား တို့ လက်မှ ခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်၌ ဥပုဃ် နေ့ တိုင်းအစဉ် အမြဲပြင်ဆင် ရမည်။
9 Wannan burodin zai zama na Haruna da’ya’yansa maza, waɗanda za su ci a tsattsarkan wuri, gama sashe ne mafi tsarki na rabonsu na kullum na hadayar da aka yi da wuta ga Ubangiji.”
ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။
10 To, ɗan wata mutuniyar Isra’ila wanda mahaifinsa mutumin Masar ne, ya je cikin Isra’ilawa, sai faɗa ta tashi tsakaninsa da wani mutumin Isra’ila a cikin sansani.
၁၀အဲဂုတ္တု လူ နှင့် ဣသရေလ မိန်းမ ရ၍ ဣသရေလ အမျိုးသား တို့နှင့်အတူ လိုက်လာ သောသား တယောက်သည်၊ တပ် ထဲ မှာ ဣသရေလ လူ နှင့် ရန်တွေ့ သဖြင့်၊
11 Ɗan mutuniyar Isra’ila ya saɓi Sunan Ubangiji, ya kuma la’ana shi, saboda haka aka kawo shi wa Musa. (Sunan mahaifiyarsa Shelomit ne,’yar Dibri na kabilar Dan.)
၁၁နာမ တော်ကို ပြစ်မှား လျက် ကျိန်ဆဲ လေ၏။ ထိုသူ ၏ အမိ ကား၊ ဒန် အမျိုး ၊ ဒိဗရိ သမီး ရှေလောမိတ် ဖြစ်သတည်း။
12 Suka sa shi a gidan tsaro sai lokacin da nufin Ubangiji ya nuna musu abin da za su yi da shi.
၁၂ပြစ်မှားသောသူကို မောရှေ ထံ သို့ ဆောင် ယူခဲ့၍ ၊ ထာဝရဘုရား ၏ အလို တော်ကို မသိမှီတိုင်အောင်ချုပ် ထား ကြ၏။
13 Sai Ubangiji ya ce wa Musa,
၁၃ထာဝရဘုရား ကလည်း ၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍၊
14 “Ka kai mai saɓon nan waje da sansani. Duk waɗanda suka ji maganar da mai saɓon nan ya yi su ɗibiya hannuwansu a kansa, taron jama’a kuwa gaba ɗaya su jajjefe shi da duwatsu.
၁၄သူ၏စကားကို ကြား သော သူအပေါင်း တို့သည် သူ ၏ခေါင်း ပေါ် မှာ လက် ကိုတင် ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြစေ။
15 Faɗa wa Isra’ilawa cewa, ‘Duk wanda ya zagi Allahnsa, alhakin zai rataya a wuyansa,
၁၅သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။
16 duk wanda ya saɓi sunan Ubangiji, dole a kashe shi. Dole jama’a gaba ɗaya su jajjefe shi da duwatsu. Ko baƙo, ko haifaffen ɗan ƙasa, sa’ad da ya saɓi Sunan Ubangiji, dole a kashe shi.
၁၆ထာဝရဘုရား ၏ နာမ တော်ကို ပြစ်မှား သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ ကို အမှန် ကျောက်ခဲ နှင့် ပစ်ရကြမည်။ အမျိုးသား ချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ၊ နာမ တော်ကို ပြစ်မှား လျှင် အသေ သတ်ခြင်းကိုခံရမည်။
17 “‘Duk wanda ya kashe mutum, dole a kashe shi.
၁၇လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။
18 Duk wanda ya kashe dabbar wani, dole yă biya, rai domin rai.
၁၈တိရစ္ဆာန် အသက် ကိုသတ် သောသူသည်လည်း ဥစ္စာရှင်အား တကောင် အတွက် တကောင် ကို လျော် ရမည်။
19 Duk wanda ya yi wa maƙwabcinsa rauni, sai a yi masa abin da ya yi;
၁၉လူ သည် အိမ်နီးချင်း ကို နာ အောင်ပြု လျှင် ၊ သူ့ ကို ပြု သည်အတိုင်း ကိုယ်ခံရ မည်။
20 karaya don karaya, ido don ido, haƙori don haƙori. Kamar yadda ya yi wa wani rauni, shi ma a yi masa.
၂၀အရိုးကို ချိုး သည်အတွက် အရိုးချိုး ခြင်းကို၎င်း၊ မျက်စိ ကိုဖျက်သည့်အတွက် ၊ မျက်စိ ဖျက်ခြင်းကို၎င်း၊ သွား ကိုချိုးသည်အတွက် ၊ သွား ချိုးခြင်းကို၎င်း၊ သူ့ကို နာကျင် စွာပြု သည်အတိုင်း ၊ ကိုယ်တိုင် နာကျင် စွာ ခံရမည်။
21 Duk wanda ya kashe dabba, dole yă biya, amma duk wanda ya kashe mutum, dole a kashe shi.
၂၁တိရစ္ဆာန် အသက်ကိုသတ် သောသူသည်၊ တကောင်အတွက် တကောင်ကို ပြန်ပေး ရမည်။ လူ အသက် ကိုသတ် သောသူသည် အသေ သတ်ခြင်းကိုခံရမည်။
22 Za ku kasance da doka iri ɗaya wa baƙo da kuma wa haifaffen ɗan ƙasa. Ni ne Ubangiji Allahnku.’”
၂၂ကိုယ်အမျိုးသား ဖြစ်စေ၊ သူတပါး အမျိုးသားဖြစ်စေ၊ တပါး တည်းသောတရား နှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူ၏။
23 Sai Musa ya yi wa Isra’ilawa magana, suka kuwa kai mai saɓon waje da sansani, suka jajjefi shi da duwatsu. Isra’ilawa suka yi yadda Ubangiji ya umarci Musa.
၂၃ဣသရေလ အမျိုးသား တို့သည်၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍၊ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည် အတိုင်း သူတို့သည် ပြု ကြ၏။

< Firistoci 24 >