< Firistoci 18 >
1 Ubangiji ya ce wa Musa,
၁တစ်ဖန်ထာဝရဘုရားသည် မောရှေမှတစ် ဆင့်ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏။-
2 “Yi wa Isra’ilawa magana ka kuma faɗa musu cewa, ‘Ni ne Ubangiji Allahnku.
၂
3 Kada ku yi yadda suke yi a Masar inda da kuke zama, kuma ba a ku yi kamar yadda suke yi a ƙasar Kan’ana inda nake kawo ku ba. Kada ku yi yadda suke yin abubuwa.
၃သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။-
4 Dole ku kiyaye dokokina kuma ku lura ku bi farillaina. Ni ne Ubangiji Allahnku.
၄ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။-
5 Ku kiyaye farillaina da dokokina, gama mutumin da ya aikata waɗannan abubuwa zai rayu ta wurinsu. Ni ne Ubangiji.
၅ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
6 “‘Kada wani ya kusaci wani dangi na kusa don yă yi jima’i. Ni ne Ubangiji.
၆ထာဝရဘုရားသည်အောက်ပါပြဋ္ဌာန်းချက် များကို ချမှတ်ပေးတော်မူ၏။ သင်တို့သည် ဆွေမျိုးနီးစပ်သူနှင့် ကာမစပ်ယှက်ခြင်း မပြုရ။-
7 “‘Kada ka ƙasƙantar da mahaifinka ta wurin kwana da mahaifiyarka. Ita mahaifiyarka ce; kada ka yi jima’i da ita.
၇သင်၏မိခင်နှင့်ကာမစပ်ယှက်ခြင်းအား ဖြင့် ဖခင်ကိုအရှက်မခွဲရ။ သင်၏မိခင် အရင်းကိုအရှက်မခွဲရ။-
8 “‘Kada ka yi jima’i da matar mahaifinka, wannan zai ƙasƙantar da mahaifinka.
၈ဖခင်၏မယားငယ်များနှင့်ကာမစပ်ယှက် ခြင်းမပြုရ။-
9 “‘Kada ka yi jima’i da’yar’uwarka, ko’yar mahaifinka ko’yar mahaifiyarka, ko an haife ta a gida ɗaya da kai ko kuwa a wani wuri dabam.
၉နှမအရင်းနှင့်သော်လည်းကောင်း၊ တစ်အိမ် တည်းသို့မဟုတ် အိမ်ခွဲ၍ကြီးပြင်းလာသော ဖအေပါ၊ မအေပါသမီးနှင့်သော်လည်း ကောင်း ကာမစပ်ယှက်ခြင်းမပြုရ။-
10 “‘Kada ka yi jima’i da’yar ɗanka ko’yar’yarka, wannan zai ƙasƙantar da kai.
၁၀သင်၏မြေးမိန်းမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ သင့်ကိုယ်ကိုသင်အရှက်ခွဲရာ ရောက်လိမ့်မည်။-
11 “‘Kada ka yi jima’i da’yar matar mahaifinka wadda aka haifa wa mahaifinka; ita’yar’uwarka ce.
၁၁ဖအေတူမအေကွဲမောင်နှမနှင့် ကာမစပ် ယှက်ခြင်းမပြုရ။ သူသည်လည်းသင်၏နှမ ပင်ဖြစ်သည်။-
12 “‘Kada ka yi jima’i da’yar’uwar mahaifinka, ita dangin mahaifinka ne na kusa.
၁၂ဖခင်၏နှမသို့မဟုတ် မိခင်၏ညီမဖြစ်သူ သင်၏အဒေါ်နှင့်ကာမစပ်ယှက်ခြင်းမပြု ရ။-
13 “‘Kada ka yi jima’i da’yar’uwar mahaifiyarka, domin ita dangin mahaifiyarka ce na kusa.
၁၃
14 “‘Kada ka ƙasƙantar da ɗan’uwan mahaifinka ta wurin kusaci matarsa don ka yi jima’i da ita, ita bābarka ce.
၁၄ဦးလေး၏ဇနီးနှင့် ကာမစပ်ယှက်ခြင်းမ ပြုရ။ သူသည်လည်းသင်၏အဒေါ်ပင်ဖြစ်၏။-
15 “‘Kada ka yi jima’i da matar ɗanka. Ita matar ɗanka ne; kada ka yi jima’i da ita.
၁၅သင်၏ချွေးမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
16 “‘Kada ka yi jima’i da matar ɗan’uwanka; wannan zai ƙasƙanta ɗan’uwanka.
၁၆သင့်ညီအစ်ကို၏ဇနီးနှင့်သော်လည်းကောင်း ကာမယှက်စပ်ခြင်းမပြုရ။-
17 “‘Kada ka yi jima’i da mace da kuma’yarta. Kada ka yi jima’i da’yar ɗanta ko’yar’yarta; su danginta ne na kusa. Wannan mugun abu ne.
၁၇သင်နှင့်ကာမစပ်ယှက်ဖူးသောမိန်းမ၏သမီး နှင့်ဖြစ်စေ၊ သူ၏မြေးမိန်းမနှင့်ဖြစ်စေကာမ စပ်ယှက်ခြင်းမပြုရ။ ထိုသို့ပြုလျှင်သင်တို့ သည်သင်နှင့်သွေးနီးစပ်သူများဖြစ်နိုင်သဖြင့် သင်သည်သွေးနီးစပ်သူနှင့်ဖောက်ပြန်ခြင်း အပြစ်ကိုကူးလွန်လိမ့်မည်။-
18 “‘Kada ka auri’yar’uwar matarka ta zama kishiyar matarka ka kuma yi jima’i da ita yayinda matarka tana da rai.
၁၈သင်၏ဇနီးအသက်ရှင်နေသမျှကာလ ပတ်လုံး သင်၏ခယ်မကိုမယားငယ်အဖြစ် မသိမ်းပိုက်ရ။
19 “‘Kada ka kusaci mace don ka yi jima’i da ita a lokacin ƙazantar al’adarta.
၁၉ရာသီသွေးပေါ်သောမိန်းမသည်ဘာသာရေး ထုံးနည်းအရမသန့်စင်သောကြောင့် ရာသီသွေး ပေါ်ချိန်အတွင်းသူနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
20 “‘Kada ka yi jima’i da matar maƙwabcinka ka ƙazantar da kanka tare da ita.
၂၀သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-
21 “‘Kada ku ba da wani daga cikin’ya’yanku don a yi hadaya wa Molek, gama ba za ku ƙasƙantar da sunan Allahnku ba. Ni ne Ubangiji.
၂၁သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
22 “‘Kada ka kwana da namiji kamar yadda namiji yakan kwana da ta mace, wannan abin ƙyama ne.
၂၂ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
23 “‘Kada ka yi jima’i da dabba ka ƙazantar da kanka. Mace ba za tă ba da kanta ga dabba don yă yi jima’i da ita ba; wannan abin ƙyama ne.
၂၃ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ကာမ စပ်ယှက်ခြင်းမပြုရ။ ထိုအကျင့်သည်ဋ္ဌမ္မတာ ကိုဆန့်ကျင်သဖြင့် ဘာသာတရားထုံးနည်း အရသင့်ကိုညစ်ညမ်းစေသည်။
24 “‘Kada ku ƙazantar da kanku da wani daga cikin waɗannan, domin haka al’umman da zan kora a gabanku suka ƙazantu.
၂၄သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
25 Har ƙasar ma ta ƙazantu, saboda haka na hukunta ta saboda zunubinta, ƙasar kuwa ta amayar da mazaunanta.
၂၅သူတို့၏အလေ့အကျင့်များသည် သူတို့နေ ထိုင်ရာပြည်ကိုညစ်ညမ်းစေသည်။ ထို့ကြောင့် ထာဝရဘုရားသည် ထိုပြည်ကိုဒဏ်ခတ် သဖြင့်ပြည်သားတို့သည် ထိုပြည်မှနှင် ထုတ်ခြင်းခံရကြလိမ့်မည်။-
26 Amma dole ku kiyaye farillaina da kuma dokokina. Kada haifaffe ɗan ƙasa da baƙin da suke zama a cikinku yă yi wani daga cikin waɗannan abubuwa banƙyama,
၂၆သူတို့သည်ထိုစက်ဆုပ်ဖွယ်သောအကျင့်တို့ ကိုပြုကျင့်၍ တိုင်းပြည်ကိုညစ်ညမ်းစေကြ ၏။ သင်တို့မူကားထိုအကျင့်များကိုမပြု ကျင့်ရ။ ဣသရေလအမျိုးသားဖြစ်စေ၊ သင် တို့နှင့်အတူနေထိုင်သောလူမျိုးခြားသား ဖြစ်စေ၊ သင်တို့အားလုံးသည်ထာဝရဘုရား ၏ပညတ်တော်များနှင့် ပြဋ္ဌာန်းချက်များ ကိုစောင့်ထိန်းရကြမည်။-
27 gama mutanen da suka zauna a wannan ƙasa kafin ku sun aikata dukan waɗannan abubuwa, suka kuma ƙazantu.
၂၇
28 Kuma in kuka ƙazantar da ƙasar, za tă amayar da ku kamar yadda ta amayar da al’umman da suka riga ku.
၂၈သို့ပြုလျှင်သင်တို့အလျင်နေထိုင်ခဲ့သော သူများကဲ့သို့ သင်တို့သည်ထိုပြည်မှနှင် ထုတ်ခြင်းခံရမည်မဟုတ်။-
29 “‘Duk wanda ya yi wani daga cikin waɗannan abubuwa banƙyama, dole a fid da mutumin daga cikin mutanensa.
၂၉ထိုသို့သောစက်ဆုပ်ဖွယ်ရာအကျင့်ကိုပြု ကျင့်သူသည်ဘုရားသခင်၏လူမျိုးတော် မှပယ်ထုတ်ခြင်းခံရမည်။
30 Ku kiyaye umarnaina kuma kada yi ku wata al’ada mai banƙyamar da aka yi kafin ku zo kuma kada ku ƙazantar da kanku da su. Ni ne Ubangiji Allahnku.’”
၃၀ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။