< Firistoci 13 >
1 Ubangiji ya ce wa Musa da Haruna,
၁တဖန် ထာဝရဘုရား သည်၊ မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2 “Sa’ad da wani yana da kumburi, ko ɓamɓaroki, ko tabo a fatar jikinsa da zai iya zama cutar fatar jiki, dole a kawo shi ga Haruna firist, ko kuwa ga ɗaya a cikin’ya’yansa maza wanda yake firist.
၂လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။
3 Firist zai bincika mikin da yake a fatar mai cutar, in gashin a mikin ya juya ya zama fari, mikin kuma ya zama kamar ya fi zurfin fatar jiki, wannan cutar kuturta ce. Sa’ad da firist ya bincike shi, zai furta shi marar tsarki.
၃ယဇ် ပုရောဟိတ်သည်၊ ထိုသူ၏ အရေ ၌ ပေါ်သော အနာ ကို ကြည့်ရှုသောအခါ၊ အနာ ၌ ရှိသောအမွေး သည် ဖြူ လျှင် ၎င်း၊ အနာ သည် အရေ အောက်၌ စွဲဟန် ရှိလျှင်၎င်း နူနာ မှန်၏။ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ကြည့်ရှု ပြီးမှ ၊ မ စင်ကြယ်ဟု စီရင်ရမည်။
4 In tabon a fata jikinsa fari ne amma bai zama ya fi zurfin fatar jikin ba, gashin a cikinsa kuma bai juya ya zama fari ba, firist ɗin zai kaɗaice mai cutar na kwana bakwai.
၄ကိုယ် အရေ ၌ ရှိသောနူကွက် သည် ဖြူ လျှင် ၎င်း၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ အမွေး မ ဖြူ လျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာ ရှိသောသူကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
5 A rana ta bakwai firist zai bincike shi, in kuwa ya ga cewa mikin bai canja ba, bai kuwa yaɗu a fatar jikin ba, zai kaɗaice shi na waɗansu ƙarin kwana bakwai.
၅သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ သည် အရေ ၌ မ တိုးမလျော့နေလျှင် ၊ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
6 A rana ta bakwai ɗin firist zai sāke bincike shi, in kuwa mikin ya bushe bai kuwa yaɗu a fatar jikin ba, firist ɗin zai furta shi mai tsarki; ƙurji ne kawai. Dole mutumin yă wanke rigunansa, zai kuma tsarkaka.
၆တဖန် သတ္တမ နေ့ ၌ ကြည့်ရှု ၍ အနာ သည် အရေ ၌ မ တိုးပွား ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
7 Amma in ƙurjin ya yaɗu a fatar jikinsa bayan ya nuna kansa ga firist don a furta shi tsarkake, dole yă sāke bayyana a gaban firist.
၇စင်ကြယ် စေခြင်းငှါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြီးမှ ၊ နောက်တဖန် ယားနာ တိုးပွား ပြန်လျှင် ၊ ယဇ် ပုရောဟိတ် ကြည့်ရှု ပြန်၍၊
8 Firist ɗin zai bincike shi, in ƙurjin ya yaɗu a fatar jikinsa, zai furta shi marar tsarki; cuta ce mai yaɗuwa.
၈ယားနာ တိုးပွား သည်ကိုမြင် သောအခါ ၊ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ နူနာ ဖြစ်၏။
9 “Sa’ad da wani yana da cutar fatar jiki, dole a kawo shi ga firist.
၉နူနာ စွဲသောသူ ကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ရမည်။
10 Firist zai bincike shi, in kuwa farin kumburi a fatar jikin ya juyar da gashin fari in kuma akwai sabon miki a kumburi,
၁၀ယဇ်ပုရောဟိတ် ကြည့်ရှု ၍ ၊ အရေ ၌ ထ သော အဖူးနှင့်တကွ အမွေး သည် ဖြူ လျှင် ၎င်း၊ အဖူး ၌ အသား စို ရှိလျှင်၎င်း၊
11 to, cutar fatar jikin ne mai ƙarfi kuma firist zai furta shi marar tsarki. Ba zai kaɗaice shi ba, domin ya riga ya zama marar tsarki.
၁၁ကိုယ် အရေ ၌ ဟောင်း သော နူနာ ဖြစ်၏။ ထိုသူသည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ် ထားသဖြင့် ၊ သူ သည် မ စင်ကြယ်ဘဲနေရမည်။
12 “In cutar ta fashe ko’ina a fatar jiki, har iyakar ganin firist, ta rufe dukan fatar jikin mai fama da cutar, daga kai har zuwa ƙafa,
၁၂နူနာ သည် အရေ ၌ တိုးပွား ၍ အနာ စွဲသော သူတကိုယ်လုံး ၊ ခေါင်း ထိပ်မှ သည် ခြေဘဝါး တိုင်အောင် ၊ ယဇ်ပုရောဟိတ် ကြည့်ရှု လေရာရာ ၌ နူနာ နှံ့ပြား လျှင်၊
13 firist zai bincike shi, in cutar ta riga ta rufe dukan jikinsa, zai furta wannan mutum tsarkakakke ne. Da yake ya juya fari fat, tsarkakakke ne.
၁၃ထိုသို့ တကိုယ်လုံး အနာ နှံ့ပြား သောသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည်။ တကိုယ်လုံး ဖြူ သည်ဖြစ်၍စင်ကြယ် ၏။
14 Amma sa’ad da sabon miki ya bayyana a jikinsa, zai furta shi marar tsarki.
၁၄သို့မဟုတ် အသား စို ပေါ် လျှင် မ စင်ကြယ်။
15 Sa’ad da firist ɗin ya ga sabon miki, zai furta shi marar tsarki. Sabon mikin marar tsarki, yana da cuta mai yaɗuwa.
၁၅ယဇ် ပုရောဟိတ်သည် အသား စို ကို ကြည့်ရှု ၍ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ အသား စို သည် မ စင်ကြယ်။ နူနာ အမှန်ဖြစ်၏။
16 A ce sabon mikin ya canja ya juya fari, dole yă je wurin firist.
၁၆အသား စို သည် ခြားနား ၍ ဖြူ ပြန်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့တဖန် လာ ရမည်။
17 Firist zai bincike shi, in kuma mikin ya juya ya zama fari, firist zai furta mai cutar tsarkakakke; to, zai zama tsarkakakke.
၁၇ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ ဖြူ ပြန်သည်ကိုမြင် လျှင် ၊ ထိုအနာ ရှိသောသူ စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူ သည် စင်ကြယ် ၏။
18 “Sa’ad da wani yana da kumburi a fatar jikinsa ya kuma warke,
၁၈ကိုယ် အရေ ၌ အနာစိမ်း ဖြစ် ၍ ပျောက် ပြီးမှ၊
19 kuma a inda ƙurjin yake, wani farin kumburi ko tabo ja-ja, fari-fari ya bayyana, dole yă gabatar da kansa ga firist.
၁၉အနာ ရွတ်၌ ဖြူ သောအဖူး ဖြစ်စေ ၊ ဖြူ နီ သော အနူ ကွက်ဖြစ်စေ၊ ပေါ် လာသည်ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍၊
20 Firist zai bincike shi, in kuma ya zama ya fi fatar jiki zurfi kuma gashinsa ya juya ya zama fari, firist ɗin zai furta shi marar tsarki. Cuta ce mai yaɗuwa da ta fasu a inda ƙurjin yake.
၂၀အရေ အောက်၌ စွဲဟန် ရှိ၍ အမွေး ဖြူ လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်း ထဲက ထွက်သော နူနာ ဖြစ်၏။
21 Amma in sa’ad da firist ya bincike shi, ya tarar babu farin gashi a ciki, kuma bai yi zurfi fiye da fatar jikin ba, ya kuma bushe, sai firist ɗin ya kaɗaice shi har kwana bakwai.
၂၁ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ ဖြူ သောအမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
22 In yana yaɗuwa a cikin fatar jikin, firist zai furta shi marar tsarki; cuta mai yaɗuwa ce.
၂၂အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
23 Amma in tabon bai canja ba, bai kuma yaɗu ba, tabo ne kawai daga ƙurji, kuma firist zai furta shi tsarkakakke.
၂၃သို့မဟုတ် နူကွက် မ ရွေ့၊ မ တိုးပွား လျှင် အနာစိမ်း ရွတ် ဖြစ်၏။ ထိုသူ စင်ကြယ် ၏ဟု စီရင်ရမည်။
24 “Sa’ad da wani yana da ƙuna a fatar jikinsa, wurin kuwa ya yi ja-ja, ko fari-fari, ko kuwa farin tabo ya bayyana a sabon miki na ƙunan,
၂၄အရေ အသား ၌ မီး လောင် နာရှိ ၍ ၊ မီးလောင်နာ အသားစို၌ ဖြူ နီ သော နူကွက် ရှိ လျှင်၊
25 firist zai bincike tabon, idan kuma gashin a cikinsa ya juya ya zama fari, kuma ya yi zurfi fiye da fatar jikin, cuta ce mai yaɗuwa da ta fasu daga ƙunan. Firist zai furta shi marar tsarki; cuta ce mai yaɗuwa.
၂၅ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။
26 Amma in firist ɗin ya bincike shi bai kuwa ga wani farin gashi a wurin ba, in kuma bai yi zurfi fiye da fatar jikin ba, ya kuma bushe, to, firist ɗin zai kaɗaice shi na kwana bakwai.
၂၆ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ နူကွက် ၌ ဖြူ သော အမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
27 A rana ta bakwai ɗin firist zai bincike shi, in kuma cutar tana yaɗuwa a cikin fatar jikin, firist ɗin zai furta shi marar tsarki, cutar fatar jiki ce mai yaɗuwa.
၂၇သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
28 In kuma wurin bai canja ba, bai kuma yaɗu cikin fatar jikin ba amma ya bushe, kumburi ne daga ƙuna, firist ɗin kuwa zai furta shi tsarkakakke; tabo ne kawai daga ƙuna.
၂၈သို့မဟုတ် နူကွက် မ ရွေ့ အရေ ၌ မ တိုးပွား ခပ်မည်းမည်း ဖြစ်လျှင် ၊ မီ လောင်နာ အဖူး ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီး လောင်သော အနာရွတ် သက်သက်ဖြစ်၏။
29 “In namiji ko ta mace tana da miki a kai ko kuwa a gemu,
၂၉ယောက်ျား မိန်းမ သည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ၊ အနာ ပေါက်၍၊
30 firist zai bincike mikin, in ya yi zurfi fiye da fatar jiki, gashin ya zama rawaya, ya kuma zama siriri, firist zai furta wannan mutum marar tsarki; ƙaiƙayi ne, cuta mai yaɗuwa ce na kai ko na gemu.
၃၀ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် နှင့်တကွ အမွေး ဝါဝါ ပါးပါး ရှိလျှင် ၊ ထိုသူ မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း ၌ဖြစ်စေ ၊ မေး ၌ဖြစ်စေ၊ ဗောက်နူနာ ဖြစ်၏။
31 Amma in, sa’ad da firist ya bincika wannan irin mikin, bai yi zurfi fiye da fatar jiki ba kuma babu baƙin gashi a cikinsa, firist ɗin zai kaɗaice mutum mai fama da cutar, kwana bakwai.
၃၁ထိုအနာ ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ နက် သော အမွေး လည်း မ ရှိလျှင် ၊ ထိုအနာ ပေါက်သောသူကို၊ ယဇ် ပုရောဟိတ်သည် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
32 A rana ta bakwai ɗin firist zai bincika mikin in kuwa ƙaiƙayin bai bazu ba, ba rawayan gashi kuma a ciki, babu zurfin da yake fiye da fatar jiki,
၃၂သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ မ တိုးပွား ၊ ပါးသောအမွှေး မ ရှိ ၊ အရေ အောက်၌ စွဲဟန် လည်း မ ရှိလျှင်၊
33 dole a yi masa aski, sai dai ba zai aske wurin cutar ba, kuma firist zai kaɗaice shi kwana bakwai.
၃၃ထိုသူ၏ အမွေးကိုရိတ် ရမည်။ အနာ အမွေးကိုကား မ ရိတ် ရ။ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
34 A rana ta bakwai firist zai bincike ƙaiƙayin, idan bai bazu a fatar jikin ba, bai kuma yi zurfin fiye da fatar jikin ba, firist ɗin zai furta shi tsarkakakke. Dole kuma yă wanke rigunansa, zai kuwa zama tsarkakakke.
၃၄သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာ မ တိုးပွါး ၊ အရေ အောက်၌ မ စွဲလျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
35 Amma in ƙaiƙayin ya yaɗu a cikin fatar jikin bayan aka furta shi tsarkakakke,
၃၅စင်ကြယ် စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာ တိုးပွါး လျှင်၊
36 firist ɗin zai bincike shi, in kuma ƙaiƙayin ya yaɗu a fatar jikin, firist ɗin ba ya bukatar neman ganin rawayan gashi; mutumin marar tsarki ne.
၃၆ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ အနာ တိုးပွါး သည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်သည် ဝါ သောအမွေး ကို မ ရှာ ရ။ ထိုသူ သည် မ စင်ကြယ်။
37 In fa a ganinsa bai canja ba kuma baƙin gashi ya fito a cikinsa, ƙaiƙayin ya warke ke nan. Mutumin tsarkakakke ne, firist ɗin kuwa zai furta shi tsarkakakke.
၃၇သို့မဟုတ် ဗောက်နူနာ သည် ရပ် နေဟန်ရှိ၍ နက် သော အမွေး ပေါက် လျှင် ၊ အနာ ပျောက် ၍ ထိုသူ သည် စင်ကြယ် သောကြောင့် ၊ ယဇ် ပုရောဟိတ်က ထိုသူ သည် စင်ကြယ် ၏ဟု စီရင်ရမည်။
38 “Sa’ad da namiji ko ta mace tana da farare wurare a fatar jiki,
၃၈ယောက်ျား မိန်းမ သည်လည်း ၊ ကိုယ် အရေ ၌ ဖြူ သောနူကွက် ရှိ ၍၊
39 firist ya bincika su, in kuma wuraren toka-toka ne, to, ƙurji marar lahani ne ya faso a fatar jikin; wannan mutum tsarkakakke.
၃၉ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ မွဲ သောအဆင်းရှိလျှင်၊ အရေ ၌ ပေါက် သော ညှင်း ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏။
40 “Mutumin da ya rasa gashi kansa ya zama mai sanƙo ke nan, duk da haka mutumin tsattsarka ne.
၄၀ဆံပင် ကျွတ် သောသူ သည်၊ ခေါင်းပြောင် သော်လည်း စင်ကြယ် ၏။
41 In ya rasa gashin goshinsa yana kuma da sanƙo a goshinsa, shi tsarkakakke ne.
၄၁နဖူး ဆံ ကျွတ် သောသူ သည် နဖူးပြောင် သော်လည်းစင်ကြယ် ၏။
42 Amma in yana da miki ja-ja da ya yi fari a sanƙonsa ko a goshinsa, cuta mai yaɗuwa ce take fasuwa a kai ko a goshin.
၄၂ပြောင် သောခေါင်း၌ ဖြစ်စေ ၊ ပြောင် သောနဖူး၌ ဖြစ်စေ၊ ဖြူ နီ သောအနာ ပေါက် လျှင် ၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။
43 Sai firist ya bincike shi, in kuma kumburarren miki a kansa ko goshinsa ja-ja da fari-fari kamar cutar fatar jiki mai yaɗuwa ne,
၄၃ထိုအခါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ် အရေ ၌ နူနာ ထင် သကဲ့သို့ ၊ ပြောင် ရာ၌ ပေါက်သော အနာ ၏အဖူး ဖြူ နီ လျှင်၊
44 mutumin ya kamu da cutar kuma marar tsarki ne. Firist ɗin zai furta mutumin marar tsarki saboda mikin da yake a kansa.
၄၄ထိုသူ သည် မ စင်ကြယ်။ လူ နူ ဖြစ်၏။ ခေါင်း ၌ အနာ ပေါက်သောကြောင့်၊ အလျှင်းမ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
45 “Mutum mai wannan cuta mai yaɗuwa dole yă sa yagaggun riguna, yă kuma bar gashin kansa ba gyara, yă rufe sashe ƙasa na fuskarsa, sa’an nan yă riga cewa, ‘Marar tsarki! Marar tsarki!’
၄၅နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။
46 Muddin yana da cutar zai ci gaba da kasance marar tsarki. Dole yă yi zama shi kaɗai; dole yă yi zama waje da sansani.
၄၆ထိုအနာ စွဲသည် ကာလ ပတ်လုံး ၊ သူသည် ညစ်ညူး ၏ မ စင်ကြယ်သည်ဖြစ်၍တယောက် တည်းနေ ရမည်။ သူ့ နေရာ သည် တပ် ပြင် မှာ ရှိရမည်။
47 “In akwai cutar fatar jiki a riguna, duk wani rigar ulu ko na lilin,
၄၇၎င်း နည်းနူနာ စွဲသော အဝတ် သည်၊ ပိတ် အဝတ် ဖြစ်စေ ၊ သိုးမွေး အဝတ်ဖြစ်စေ၊
48 duk wani kayan zare, ko saƙa na lilin, ko ulu, duk wani kayan fata, ko wanda aka yi da fata,
၄၈ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ၊ သားရေ နှင့်လုပ် သော အသုံးအဆောင် ဖြစ်စေ၊
49 in kuma cutar a cikin rigar, ko fatar, ko kayan saƙan kore-kore ne, ko ja-ja, to, cutar fatar jiki da ake samu a riguna ce mai yaɗuwa, kuma dole a nuna wa firist.
၄၉အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ရှိလျှင်၊ နူနာ ဖြစ် ၏။ ယဇ်ပုရောဟိတ် အား ပြ ရမည်။
50 Firist ɗin zai bincike cutar fatar jikin da take a rigar, yă kuma kaɗaice kayan da abin ya shafe shi kwana bakwai.
၅၀ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။
51 A rana ta bakwai ɗin zai bincike shi, in cutar rigar ta yaɗu, ko a tariyar zaren, ko a wadarin, ko a fatar, ko kuwa a duk abin da ake amfani da shi, to wannan muguwar cutar riga ce; kayan marar tsarki ne.
၅၁သတ္တမ နေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာ တိုးပွါး လျှင် ၊ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ ၊ သားရေနှင့် လုပ် သော အရာ ဖြစ်စေ၊ မ စင်ကြယ်။ စားတတ်သော နူနာ စွဲပြီ။
52 Dole yă ƙone rigar, ko tariyar zaren, ko kayan da aka saƙa na ulu ko lilin, ko kuwa na kaya da aka yi da fatar, wanda cutar ta fāɗa wa, domin cutar rigar muguwa ce, dole a ƙone kayan.
၅၂ထိုအဝတ် ကို မီး ရှို့ရမည်။ စားတတ်သော နူနာ စွဲသော ရက်ကန်း ပင်၊ ရက်ကန်း သား၊ ပိတ် အဝတ်၊ သိုးမွေး အဝတ်၊ သားရေ အသုံး အဆောင်ကို မီး ရှို့ ရမည်။
53 “Amma in sa’ad da firist ya bincike shi, cutar rigar ba ta yaɗu a rigar, ko a tariyar zare, ko a kayan da aka saƙa, ko a kayan da aka yi da fata ba,
၅၃ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာ မ တိုးပွါး လျှင်၊
54 zai umarta cewa a wanke kayan da cutar ta shafa. Sa’an nan zai kaɗaice shi na waɗansu kwana bakwai.
၅၄အနာ စွဲသောအရာကို ဆေး လျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ် ရက် ပတ်လုံး လုံခြုံ စွာ ထားရမည်။
55 Bayan an wanke kayan da cutar ta shafa, firist zai bincike shi, in kuwa cutar rigar ba tă canja yadda take ba, ko da yake ba tă yaɗu ba, marar tsarki ce.
၅၅ဆေး လျှော် ပြီးမှ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ ၊ အနာ မ တိုးပွါး သော်လည်း ၊ အဆင်း မ ခြားနား လျှင် ၊ မ စင်ကြယ်။ မီး ရှို့ ရမည်။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
56 In sa’ad da firist ya bincike shi, cutar rigar ta bushe bayan da aka wanke kayan, sai yă yage sashen da cutar ta shafa na rigar, ko fatar, ko tariyar zaren, ko kuwa na kayan da aka saƙa.
၅၆ဆေး လျှော်ပြီးမှ ၊ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ သည် ခပ်မည်းမည်း ဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားထဲက အနာကွက်ကို ဆုတ် ဖဲ့ရမည်။
57 Amma in ya sāke bayyana a rigar, ko a tariyar zaren, ko a kayan da aka saƙa, ko a kayan da aka yi da fatar, to, yana yaɗuwa ke nan, kuma dole a ƙone duk abin da yake da cutar rigar da wuta.
၅၇နောက် တဖန် ထိုရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာပေါ် ပြန်လျှင် ၊ တိုးပွား တတ်သောအနာ ဖြစ်၏။ ထိုသို့အနာ စွဲသောဥစ္စာကို မီး ရှို့ ရမည်။
58 Rigar, ko tariyar zare, ko kayan da aka saƙa, ko kuwa duk kayan da aka yi da fatar da aka wanke, aka kuma fid da cutar rigar, dole a sāke wanke shi, zai kuwa zama tsarkakakke.”
၅၈ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်ဟူသမျှ ကို ဆေး လျှော်၍ အနာ ပျောက် လျှင် ၊ ဒုတိယ အကြိမ် ဆေး လျှော်၍ စင်ကြယ် ရ၏။
59 Waɗannan su ne ƙa’idodi game da cutar fatar jiki na rigar ulu, ko rigar lilin, tariyar zare, ko kayan da aka saƙa, ko kuwa duk wani abin da aka yi da fata, don furta su tsarkakakke, ko kuwa marar tsarki.
၅၉ဤရွေ့ကား ၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို စီရင်စေခြင်းငှါ ၊ နူနာ စွဲသော ပိတ် အဝတ်၊ သိုးမွေး အဝတ် ၊ ရက်ကန်း ပင်၊ ရက်ကန်း သား၊ သားရေ အသုံး အဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။