< Firistoci 13 >
1 Ubangiji ya ce wa Musa da Haruna,
၁ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အောက်ဖော်ပြပါပညတ်များကိုချ မှတ်ပေးတော်မူ၏။-
2 “Sa’ad da wani yana da kumburi, ko ɓamɓaroki, ko tabo a fatar jikinsa da zai iya zama cutar fatar jiki, dole a kawo shi ga Haruna firist, ko kuwa ga ɗaya a cikin’ya’yansa maza wanda yake firist.
၂တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
3 Firist zai bincika mikin da yake a fatar mai cutar, in gashin a mikin ya juya ya zama fari, mikin kuma ya zama kamar ya fi zurfin fatar jiki, wannan cutar kuturta ce. Sa’ad da firist ya bincike shi, zai furta shi marar tsarki.
၃ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီး လျှင် အနာပေါ်ရှိအမွေးများဖြူ၍အနာ တွင်းနက်နေလျှင် ထိုသူ၌ဆိုးဝါးသောကိုယ် ရေပြားရောဂါစွဲကပ်နေပြီဖြစ်သောကြောင့် မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေးရ မည်။-
4 In tabon a fata jikinsa fari ne amma bai zama ya fi zurfin fatar jikin ba, gashin a cikinsa kuma bai juya ya zama fari ba, firist ɗin zai kaɗaice mai cutar na kwana bakwai.
၄သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။-
5 A rana ta bakwai firist zai bincike shi, in kuwa ya ga cewa mikin bai canja ba, bai kuwa yaɗu a fatar jikin ba, zai kaɗaice shi na waɗansu ƙarin kwana bakwai.
၅သတ္တမနေ့၌ယဇ်ပုရောဟိတ်သည် ထိုသူအား ထပ်မံစစ်ဆေးပြီးအနာသည် ပကတိအတိုင်း ပြန့်ပွားမှုမရှိဟုထင်မြင်လျှင် ထိုသူအား ခုနစ်ရက်ထပ်မံသီးခြားနေထိုင်စေရမည်။-
6 A rana ta bakwai ɗin firist zai sāke bincike shi, in kuwa mikin ya bushe bai kuwa yaɗu a fatar jikin ba, firist ɗin zai furta shi mai tsarki; ƙurji ne kawai. Dole mutumin yă wanke rigunansa, zai kuma tsarkaka.
၆တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။-
7 Amma in ƙurjin ya yaɗu a fatar jikinsa bayan ya nuna kansa ga firist don a furta shi tsarkake, dole yă sāke bayyana a gaban firist.
၇သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အနာကိုစစ်ဆေး၍ သန့်ရှင်းသူဟုအဆုံး အဖြတ်ပေးပြီးနောက်မှအနာပြန့်ပွားလာ လျှင် ထိုသူသည်ယဇ်ပုရောဟိတ်ထံ၌တစ် ဖန်အစစ်ဆေးခံရမည်။-
8 Firist ɗin zai bincike shi, in ƙurjin ya yaɗu a fatar jikinsa, zai furta shi marar tsarki; cuta ce mai yaɗuwa.
၈ယဇ်ပုရောဟိတ်သည်သူ၏အနာကိုထပ်မံ စစ်ဆေး၍အနာပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ် ရေပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေး ရမည်။
9 “Sa’ad da wani yana da cutar fatar jiki, dole a kawo shi ga firist.
၉တစ်စုံတစ်ယောက်သောသူ၌ ဆိုးရွားသောကိုယ် ရေပြားရောဂါစွဲလျှင် ထိုသူကိုယဇ်ပုရော ဟိတ်ထံသို့ခေါ်ဆောင်ခဲ့ရမည်။-
10 Firist zai bincike shi, in kuwa farin kumburi a fatar jikin ya juyar da gashin fari in kuma akwai sabon miki a kumburi,
၁၀ယဇ်ပုရောဟိတ်သည်သူ့ကိုစစ်ဆေး၍ အရေ ပြားပေါ်တွင်အဖြူကွက်အနာရှိပြီး ထိုအဖြူ ကွက်ပေါ်ရှိအမွေးများဖြူလျက်အနာသည် လည်းပြည်တည်နေလျှင်၊-
11 to, cutar fatar jikin ne mai ƙarfi kuma firist zai furta shi marar tsarki. Ba zai kaɗaice shi ba, domin ya riga ya zama marar tsarki.
၁၁ထိုအနာသည်ဆိုးရွားသောအရေပြားရောဂါ ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့် ရှင်းဟုအဆုံးအဖြတ်ပေးရမည်။ ထိုသူ၌ ရောဂါဆိုးစွဲလျက်ရှိကြောင်း သိသာထင်ရှား သဖြင့်သူ့အားသီးခြားနေထိုင်စေရန်မလို။-
12 “In cutar ta fashe ko’ina a fatar jiki, har iyakar ganin firist, ta rufe dukan fatar jikin mai fama da cutar, daga kai har zuwa ƙafa,
၁၂အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
13 firist zai bincike shi, in cutar ta riga ta rufe dukan jikinsa, zai furta wannan mutum tsarkakakke ne. Da yake ya juya fari fat, tsarkakakke ne.
၁၃ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။-
14 Amma sa’ad da sabon miki ya bayyana a jikinsa, zai furta shi marar tsarki.
၁၄သို့ရာတွင်ထိုသူ၏ကိုယ်ပေါ်၌ အနာပေါက်လာ သည်နှင့်တစ်ပြိုင်နက်သူသည်မသန့်ရှင်းချေ။-
15 Sa’ad da firist ɗin ya ga sabon miki, zai furta shi marar tsarki. Sabon mikin marar tsarki, yana da cuta mai yaɗuwa.
၁၅ထိုအခါယဇ်ပုရောဟိတ်သည်သူ့အားတစ်ဖန် စစ်ဆေး၍ ကိုယ်ပေါ်၌အနာပေါက်နေသည်ကို တွေ့ရှိရလျှင် သူ့ကိုမသန့်ရှင်းဟုဆုံးဖြတ်ရ မည်။ အနာပေါက်လာခြင်းသည်ဆိုးရွားသော ကိုယ်ရေပြားရောဂါစွဲခြင်းလက္ခဏာဖြစ်၍ ထိုသူသည်မသန့်ရှင်းချေ။-
16 A ce sabon mikin ya canja ya juya fari, dole yă je wurin firist.
၁၆အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။-
17 Firist zai bincike shi, in kuma mikin ya juya ya zama fari, firist zai furta mai cutar tsarkakakke; to, zai zama tsarkakakke.
၁၇ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။
18 “Sa’ad da wani yana da kumburi a fatar jikinsa ya kuma warke,
၁၈တစ်စုံတစ်ယောက်သောသူ၏ကိုယ်ရေပြားပေါ် တွင် ပျောက်ကင်းသွားသောအနာစိမ်းနေရာ၌၊-
19 kuma a inda ƙurjin yake, wani farin kumburi ko tabo ja-ja, fari-fari ya bayyana, dole yă gabatar da kansa ga firist.
၁၉ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။-
20 Firist zai bincike shi, in kuma ya zama ya fi fatar jiki zurfi kuma gashinsa ya juya ya zama fari, firist ɗin zai furta shi marar tsarki. Cuta ce mai yaɗuwa da ta fasu a inda ƙurjin yake.
၂၀ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။-
21 Amma in sa’ad da firist ya bincike shi, ya tarar babu farin gashi a ciki, kuma bai yi zurfi fiye da fatar jikin ba, ya kuma bushe, sai firist ɗin ya kaɗaice shi har kwana bakwai.
၂၁ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
22 In yana yaɗuwa a cikin fatar jikin, firist zai furta shi marar tsarki; cuta mai yaɗuwa ce.
၂၂အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
23 Amma in tabon bai canja ba, bai kuma yaɗu ba, tabo ne kawai daga ƙurji, kuma firist zai furta shi tsarkakakke.
၂၃သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။
24 “Sa’ad da wani yana da ƙuna a fatar jikinsa, wurin kuwa ya yi ja-ja, ko fari-fari, ko kuwa farin tabo ya bayyana a sabon miki na ƙunan,
၂၄တစ်စုံတစ်ယောက်သောသူသည်မီးလောင်ခံရ၍ မီးလောင်သောနေရာတွင်အရေပြားဖြူလာ လျှင်ဖြစ်စေ၊ နီဖျော့ဖျော့ဖြစ်လာလျှင်ဖြစ်စေ၊-
25 firist zai bincike tabon, idan kuma gashin a cikinsa ya juya ya zama fari, kuma ya yi zurfi fiye da fatar jikin, cuta ce mai yaɗuwa da ta fasu daga ƙunan. Firist zai furta shi marar tsarki; cuta ce mai yaɗuwa.
၂၅ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
26 Amma in firist ɗin ya bincike shi bai kuwa ga wani farin gashi a wurin ba, in kuma bai yi zurfi fiye da fatar jikin ba, ya kuma bushe, to, firist ɗin zai kaɗaice shi na kwana bakwai.
၂၆သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။-
27 A rana ta bakwai ɗin firist zai bincike shi, in kuma cutar tana yaɗuwa a cikin fatar jikin, firist ɗin zai furta shi marar tsarki, cutar fatar jiki ce mai yaɗuwa.
၂၇သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
28 In kuma wurin bai canja ba, bai kuma yaɗu cikin fatar jikin ba amma ya bushe, kumburi ne daga ƙuna, firist ɗin kuwa zai furta shi tsarkakakke; tabo ne kawai daga ƙuna.
၂၈သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။
29 “In namiji ko ta mace tana da miki a kai ko kuwa a gemu,
၂၉အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏ခေါင်းပေါ်တွင်ဖြစ်စေ၊ မေးပေါ်တွင် ဖြစ်စေအနာပေါက်လျှင်၊-
30 firist zai bincike mikin, in ya yi zurfi fiye da fatar jiki, gashin ya zama rawaya, ya kuma zama siriri, firist zai furta wannan mutum marar tsarki; ƙaiƙayi ne, cuta mai yaɗuwa ce na kai ko na gemu.
၃၀ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
31 Amma in, sa’ad da firist ya bincika wannan irin mikin, bai yi zurfi fiye da fatar jiki ba kuma babu baƙin gashi a cikinsa, firist ɗin zai kaɗaice mutum mai fama da cutar, kwana bakwai.
၃၁ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။-
32 A rana ta bakwai ɗin firist zai bincika mikin in kuwa ƙaiƙayin bai bazu ba, ba rawayan gashi kuma a ciki, babu zurfin da yake fiye da fatar jiki,
၃၂သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊-
33 dole a yi masa aski, sai dai ba zai aske wurin cutar ba, kuma firist zai kaɗaice shi kwana bakwai.
၃၃အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-
34 A rana ta bakwai firist zai bincike ƙaiƙayin, idan bai bazu a fatar jikin ba, bai kuma yi zurfin fiye da fatar jikin ba, firist ɗin zai furta shi tsarkakakke. Dole kuma yă wanke rigunansa, zai kuwa zama tsarkakakke.
၃၄သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။-
35 Amma in ƙaiƙayin ya yaɗu a cikin fatar jikin bayan aka furta shi tsarkakakke,
၃၅သို့ရာတွင်သူ့အားသန့်ရှင်းသည်ဟုဆုံး ဖြတ်ပြီးနောက် အနာသည်ပြန့်ပွားလာလျှင်၊-
36 firist ɗin zai bincike shi, in kuma ƙaiƙayin ya yaɗu a fatar jikin, firist ɗin ba ya bukatar neman ganin rawayan gashi; mutumin marar tsarki ne.
၃၆ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။-
37 In fa a ganinsa bai canja ba kuma baƙin gashi ya fito a cikinsa, ƙaiƙayin ya warke ke nan. Mutumin tsarkakakke ne, firist ɗin kuwa zai furta shi tsarkakakke.
၃၇သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။
38 “Sa’ad da namiji ko ta mace tana da farare wurare a fatar jiki,
၃၈အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏အရေပြားပေါ်တွင်အဖြူကွက် များပေါ်လျှင်၊-
39 firist ya bincika su, in kuma wuraren toka-toka ne, to, ƙurji marar lahani ne ya faso a fatar jikin; wannan mutum tsarkakakke.
၃၉ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး ရမည်။ အကွက်များသည်ဖြူမွဲမွဲဖြစ်လျှင် အရေပြားပေါ်တွင်ဖြစ်ပေါ်တတ်သောညှင်း ကွက်များဖြစ်၍သူသည်ဘာသာရေးထုံး နည်းအရသန့်ရှင်းသည်။
40 “Mutumin da ya rasa gashi kansa ya zama mai sanƙo ke nan, duk da haka mutumin tsattsarka ne.
၄၀အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။-
41 In ya rasa gashin goshinsa yana kuma da sanƙo a goshinsa, shi tsarkakakke ne.
၄၁
42 Amma in yana da miki ja-ja da ya yi fari a sanƙonsa ko a goshinsa, cuta mai yaɗuwa ce take fasuwa a kai ko a goshin.
၄၂သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။-
43 Sai firist ya bincike shi, in kuma kumburarren miki a kansa ko goshinsa ja-ja da fari-fari kamar cutar fatar jiki mai yaɗuwa ne,
၄၃ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး၍ အနာသည်နီဖျော့ဖျော့ဖြစ်လျှင်၊-
44 mutumin ya kamu da cutar kuma marar tsarki ne. Firist ɗin zai furta mutumin marar tsarki saboda mikin da yake a kansa.
၄၄သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။-
45 “Mutum mai wannan cuta mai yaɗuwa dole yă sa yagaggun riguna, yă kuma bar gashin kansa ba gyara, yă rufe sashe ƙasa na fuskarsa, sa’an nan yă riga cewa, ‘Marar tsarki! Marar tsarki!’
၄၅ဆိုးရွားသောကိုယ်ရေပြားရောဂါစွဲသော သူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ဆံပင် ကိုမဖြီးရ။ မျက်နှာအောက်ပိုင်းကိုဖုံးလျက် မသန့်ရှင်း၊ မသန့်ရှင်းဟုအော်ရမည်။-
46 Muddin yana da cutar zai ci gaba da kasance marar tsarki. Dole yă yi zama shi kaɗai; dole yă yi zama waje da sansani.
၄၆သူ၏ကိုယ်၌ထိုရောဂါစွဲနေသည့်ကာလ ပတ်လုံး သူသည်မသန့်ရှင်းသဖြင့် လူသူနှင့် ဝေးရာစခန်းအပြင်၌ထွက်၍နေထိုင်ရမည်။
47 “In akwai cutar fatar jiki a riguna, duk wani rigar ulu ko na lilin,
၄၇သိုးမွေးအဝတ်အထည်သို့မဟုတ်ပိတ်ချော အဝတ်အထည်တွင်ဖြစ်စေ၊-
48 duk wani kayan zare, ko saƙa na lilin, ko ulu, duk wani kayan fata, ko wanda aka yi da fata,
၄၈သိုးမွေးအထည်စသို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေသို့မဟုတ် သားရေထည်ပစ္စည်းတွင်ဖြစ်စေ၊-
49 in kuma cutar a cikin rigar, ko fatar, ko kayan saƙan kore-kore ne, ko ja-ja, to, cutar fatar jiki da ake samu a riguna ce mai yaɗuwa, kuma dole a nuna wa firist.
၄၉စိမ်းဖန့်ဖန့်သို့မဟုတ်နီကြန့်ကြန့်ဖားဥ ကွက်များကိုတွေ့ရလျှင် ပြန့်ပွားတက်သော ဖားဥမျိုးဖြစ်သဖြင့် ထိုပစ္စည်းများကိုယဇ် ပုရောဟိတ်ထံပြသရမည်။-
50 Firist ɗin zai bincike cutar fatar jikin da take a rigar, yă kuma kaɗaice kayan da abin ya shafe shi kwana bakwai.
၅၀ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ်ဆေးပြီး ခုနစ်ရက်သိမ်းထားရမည်။-
51 A rana ta bakwai ɗin zai bincike shi, in cutar rigar ta yaɗu, ko a tariyar zaren, ko a wadarin, ko a fatar, ko kuwa a duk abin da ake amfani da shi, to wannan muguwar cutar riga ce; kayan marar tsarki ne.
၅၁သတ္တမနေ့၌ထိုပစ္စည်းကိုထပ်မံစစ်ဆေး၍ ဖားဥကွက်ပြန့်ပွားလာလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။-
52 Dole yă ƙone rigar, ko tariyar zaren, ko kayan da aka saƙa na ulu ko lilin, ko kuwa na kaya da aka yi da fatar, wanda cutar ta fāɗa wa, domin cutar rigar muguwa ce, dole a ƙone kayan.
၅၂ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။
53 “Amma in sa’ad da firist ya bincike shi, cutar rigar ba ta yaɗu a rigar, ko a tariyar zare, ko a kayan da aka saƙa, ko a kayan da aka yi da fata ba,
၅၃ယဇ်ပုရောဟိတ်သည် ပစ္စည်းကိုစစ်ဆေး၍ဖားဥ ကွက်သည်မကျယ်ပြန့်လျှင်၊-
54 zai umarta cewa a wanke kayan da cutar ta shafa. Sa’an nan zai kaɗaice shi na waɗansu kwana bakwai.
၅၄ထိုပစ္စည်းကိုဖွပ်လျှော်စေပြီးနောက် ခုနစ်ရက် ထပ်မံ၍သိမ်းထားရမည်။-
55 Bayan an wanke kayan da cutar ta shafa, firist zai bincike shi, in kuwa cutar rigar ba tă canja yadda take ba, ko da yake ba tă yaɗu ba, marar tsarki ce.
၅၅ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။-
56 In sa’ad da firist ya bincike shi, cutar rigar ta bushe bayan da aka wanke kayan, sai yă yage sashen da cutar ta shafa na rigar, ko fatar, ko tariyar zaren, ko kuwa na kayan da aka saƙa.
၅၆သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။-
57 Amma in ya sāke bayyana a rigar, ko a tariyar zaren, ko a kayan da aka saƙa, ko a kayan da aka yi da fatar, to, yana yaɗuwa ke nan, kuma dole a ƙone duk abin da yake da cutar rigar da wuta.
၅၇ထို့နောက်ဖားဥကွက်တစ်ဖန်ပြန်ပေါ်လာ လျှင် ဖားဥပြန့်ပွားလာခြင်းကြောင့် ပိုင်ရှင် သည်ပစ္စည်းကိုမီးရှို့ဖျက်ဆီးရမည်။-
58 Rigar, ko tariyar zare, ko kayan da aka saƙa, ko kuwa duk kayan da aka yi da fatar da aka wanke, aka kuma fid da cutar rigar, dole a sāke wanke shi, zai kuwa zama tsarkakakke.”
၅၈သူသည်ပစ္စည်းကိုဖွပ်လျှော်သဖြင့်ဖားဥ ကွက်ပျောက်လျှင် နောက်တစ်ကြိမ်ထပ်မံဖွပ် လျှော်ရမည်။ ထို့နောက်ပစ္စည်းသည်ဘာသာ ရေးထုံးနည်းအရသန့်ရှင်းလိမ့်မည်။
59 Waɗannan su ne ƙa’idodi game da cutar fatar jiki na rigar ulu, ko rigar lilin, tariyar zare, ko kayan da aka saƙa, ko kuwa duk wani abin da aka yi da fata, don furta su tsarkakakke, ko kuwa marar tsarki.
၅၉ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။