< Mahukunta 8 >
1 To, mutanen Efraim suka ce wa Gideyon, “Me ya sa ka yi mana haka? Me ya sa ba ka kira mu lokacin da ka tafi yaƙi da Midiyawa ba?” Suka zarge shi sosai.
၁ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
2 Amma ya ce musu, “Me na yi da za a iya kwatanta da abin da kuka yi? Ashe, kalar inabin da Efraim ta yi bai fi dukan girbin inabin da Abiyezer suka yi ba?
၂သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
3 Allah ya ba da Oreb da Zeyib, shugabannin Midiyawa a hannuwanku. Me na yi da ya fi naku? Da ya faɗi haka sai hankalinsu ya kwanta.”
၃သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
4 Gideyon da mutanensa ɗari uku, sun gaji, duk da haka suka yi ta fafarar, suka zo Urdun suka haye shi.
၄ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-
5 Ya ce wa mutanen Sukkot, “Ku ba wa mutanena burodi; sun gaji, har yanzu ina fafarar Zeba da Zalmunna, sarakunan Midiyawa.”
၅ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။
6 Amma shugabannin Sukkot suka ce, “Ka kama Zeba da Zalmunna ko ne? Don me za mu ba wa mayaƙanka burodi?”
၆သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။
7 Sai Gideyon ya ce, “Haka ko? To, sa’ad da Ubangiji ya ba da Zeba da Zalmunna a hannuna, zan tsattsaga jikinku da ƙayayyuwan jeji.”
၇သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
8 Daga nan ya wuce zuwa Fenuwel ya yi irin roƙon nan, amma suka amsa yadda mutanen Sukkot suka yi.
၈ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
9 Saboda haka sai ya ce wa mutanen Fenuwel, “Sa’ad da na dawo da nasara zan rushe wannan hasumiya.”
၉ထို့ကြောင့်ဂိဒေါင်သည်သူတို့အား``စစ်ငြိမ်း၍ ငါပြန်လာသောအခါ၌ ဤခံတပ်မျှော်စင် ကိုဖျက်ဆီးပစ်အံ့'' ဟုဆိုလေသည်။
10 To, Zeba da Zalmunna suna a Karkor da mayaƙa wajen dubu goma sha biyar, abin da ya rage ke nan na mayaƙan gabashi; mayaƙa masu takobi dubu ɗari da ashirin ne suka mutu.
၁၀ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
11 Gideyon ya haura ta hanyar makiyaya, gabas da Noba, da kuma Yogbeha, ya fāɗa wa mayaƙan ta yadda ba su zata ba.
၁၁ဂိဒေါင်သည်နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ ဘက်သဲကန္တာရအစွန်လမ်းအတိုင်းလိုက်ပြီး လျှင် ထိုတပ်မတော်အားရုတ်တရက်အမှတ် မထင်ဝင်ရောက်တိုက်ခိုက်လေသည်။-
12 Zeba da Zalmunna, sarakunan biyu na Midiyawa suka tsere, amma ya bi su ya kama, ya fatattaki dukan mayaƙansu.
၁၂ထိုအခါမိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟ နှင့်ဇာလမုန္နတို့သည်ထွက်ပြေးကြ၏။ သို့ရာ တွင်ဂိဒေါင်သည်သူတို့ကိုလိုက်လံဖမ်းဆီးရ မိသဖြင့် သူတို့၏တပ်မတော်ကြီးတစ်ခုလုံး မှာကစဥ့်ကရဲပြိုလဲ၍သွားတော့၏။
13 Sa’an nan Gideyon ɗan Yowash ya komo daga yaƙi ta Hanyar Heres.
၁၃ဂိဒေါင်သည်ဟေရက်တောင်ကြားလမ်းဖြင့် တိုက်ပွဲမှပြန်လာသောအခါ၊-
14 Ya kama wani saurayin Sukkot ya tambaye shi, saurayin kuwa ya rubuta masa dukan sunayen shugabanni saba’in da bakwai na Sukkot, da dattawan garin.
၁၄သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
15 Sa’an nan Gideyon ya zo ya ce wa mutanen Sukkot, “To, ga Zeba da Zalmunna, waɗanda kuka yi mini ba’a kuna cewa, ‘Ka kama Zeba da Zalmunna ko ne? Me zai sa mu ba mutanenka da suka gaji burodi?’”
၁၅ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
16 Ya kwashe dattawan garin ya koya wa mutanen Sukkot hankali ta wurin hukunta su da ƙayayyuwan hamada.
၁၆သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
17 Ya rushe hasumiyar Fenuwel ya kuma karkashe mutanen garin.
၁၇သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
18 Sa’an nan ya ce wa Zeba da Zalmunna, “Waɗanne irin mutane ne kuka karkashe a Tabor.” Suka ce, “Mutane kamar ka ne kowane kamar ɗan sarki.”
၁၈ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
19 Gideyon ya ce, “Waɗannan’yan’uwana ne,’ya’yan mahaifiyata. Muddin Ubangiji yana a raye, da a ce kun bar su da rai, da ba zan kashe ku ba.”
၁၉ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
20 Da ya juya wajen Yeter, ɗan farinsa, sai ya ce, “Ka kashe su!” Amma Yeter bai zāre takobinsa ba, domin shi yaro ne kawai kuma yana tsoro.
၂၀ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
21 Zeba da Zalmunna suka ce masa, “Zo, ka yi da kanka. ‘Yadda mutum yake haka ƙarfinsa.’” Ta haka Gideyon ya matso gaba ya kashe su, ya ɗauki kayan ado daga wuyar raƙumansu.
၂၁ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
22 Isra’ilawa suka ce wa Gideyon, “Ka yi mulkinmu, kai, ɗanka da jikanka, domin ka cece mu daga hannun Midiyawa.”
၂၂ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။
23 Amma Gideyon ya ce musu, “Ni, ko ɗana, ba za mu yi mulkinku ba. Ubangiji ne zai yi mulkinku.”
၂၃ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။-
24 Kuma ya ce, “Ina da roƙo guda ɗaya, cewa kowannenku ya ba ni’yan kunne daga rabon ganima.” (Al’adar mutanen Ishmayel ce su sa’yan kunnen zinariya.)
၂၄သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
25 Suka ce, “Za mu yi farin cikin ba ka su.” Saboda haka suka shimfiɗa mayafi, kowanne ya sa ɗan kunne ɗaya daga ganimar.
၂၅လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
26 Nauyin’yan kunnen zinariyar ya kai shekel ɗari goma sha bakwai, ban da kayan ado, abin wuya da tufafin shunayya waɗanda sarakuna Midiyawa suke sawa ko sarƙoƙin da suke wuyar raƙumansu.
၂၆မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
27 Gideyon ya efod da zinariyar, wanda ya ajiye a Ofra, garinsa. Dukan Isra’ila suka shiga yin karuwanci ta wurin yin sujada a can, ya kuwa zama wa Gideyon da dukan iyalinsa tarko.
၂၇ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
28 Da haka Isra’ilawa suka mallaki Midiyawa ba su kuma sāke tā da kai ba. A zamanin Gideyon ƙasar ta sami zaman lafiya har shekara arba’in.
၂၈သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။
29 Yerub-Ba’al ɗan Yowash ya koma gida don yă zauna.
၂၉ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
30 Yana da’ya’ya saba’in maza da ya haifa, gama yana da mata da yawa.
၃၀သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။-
31 Yana kuma da ƙwarƙwara wadda take Shekem, ita ma ta haifa masa ɗa wanda ya ba shi suna Abimelek.
၃၁ရှေခင်မြို့တွင်လည်းမယားငယ်တစ်ယောက်ရှိ သဖြင့် ထိုမယားမှသားတစ်ယောက်ကိုရရှိ ပြန်သည်။ သူသည်ထိုသားကိုအဘိမလက် ဟုအမည်မှည့်၏။-
32 Gideyon ɗan Yowash ya rasu da kyakkyawan tsufa aka kuma binne shi a kabarin Yowash mahaifinsa a Ofra na mutanen Abiyezer.
၃၂ယောရှ၏သားဂိဒေါင်သည်အသက်ကြီးရင့် ၍ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို အဗျေ ဇာသားချင်းစု၏ဌာနေဖြစ်သောသြဖရမြို့ ရှိအဖယောရှ၏သင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြ၏။
33 Ba a daɗe da rasuwar Gideyon ba, sai Isra’ila ta sāke shiga karuwanci suna bauta wa Ba’al. Suka kafa Ba’al-Berit yă zama musu allahnsu ba kuma
၃၃ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-
34 tuna da Ubangiji Allahnsu, wanda ya cece su daga hannuwan abokan gābansu a kowane gefe ba.
၃၄မိမိတို့အားပတ်လည်ဝိုင်းလျက်နေသည့်ရန် သူများ၏လက်မှ ကယ်ဆယ်တော်မူခဲ့သော ဘုရားသခင်ထာဝရဘုရားကိုမူဝတ်မ ပြုတော့ချေ။-
35 Suka kāsa nuna alheri ga gidan Yerub-Ba’al (wato, Gideyon) saboda abubuwa masu alherin da ya yi musu.
၃၅သူတို့သည်ဣသရေလလူမျိုးအတွက် ဂိဒေါင် ပြုခဲ့သမျှသောကောင်းကျိုးများအတွက် သူ၏အိမ်ထောင်စုသားများအပေါ်တွင် ကျေးဇူးကန်းကြကုန်သည်။