< Mahukunta 3 >
1 Waɗannan su ne al’umman da Ubangiji ya bari don yă gwada duk waɗannan Isra’ilawan da ba su san yaƙi a Kan’ana ba
၁သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။-
2 (ya yi haka ne domin yă koya wa zuriyar Isra’ilawa waɗanda ba su taɓa yin yaƙi a dā ba),
၂ယင်းသို့ကိုယ်တော်ပြုရသည့်အကြောင်းမှာ ဣသရေလလူမျိုးဆက်တစ်ဆက်ပြီးတစ် ဆက်စစ်မှုရေးရာသင်ကြားနိုင်ရန်ပင်ဖြစ် ၏။ အထူးသဖြင့်ယခင်ကစစ်ပွဲမဝင်ခဲ့ ဘူးသူတို့အားသင်ကြားပေးနိုင်စေရန် ဖြစ်၏။-
3 sarakuna biyar na Filistiyawa, dukan Kan’aniyawa, Sidoniyawa, da kuma Hiwiyawan da suke zaune a duwatsun Lebanon daga Dutsen Ba’al-Hermon zuwa Lebo Hamat.
၃ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
4 An bar su domin su gwada Isra’ilawa a ga ko za su yi biyayya da umarnin Ubangiji, wanda ya ba wa kakanninsu ta wurin Musa.
၄ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအားမောရှေမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူခဲ့သည့်ပညတ်တော်တို့ ကိုလိုက်နာကျင့်သုံးမည်မကျင့်သုံးမည်ကို သိရှိနိုင်စေရန်ကိုယ်တော်သည်အဆိုပါလူ မျိုးတို့ကိုအသုံးပြု၍စစ်ကြောတော်မူလို သတည်း။-
5 Isra’ilawa suka zauna tare da Kan’aniyawa da Hittiyawa, Amoriyawa, Ferizziyawa, Hiwiyawa da kuma Yebusiyawa.
၅သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။-
6 Suka auri’ya’yansu mata, su ma suka bar’ya’yansu maza suka auri’ya’yansu mata, suka kuma yi wa gumakansu sujada.
၆သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
7 Isra’ilawa suka aikata mugunta a gaban Ubangiji; suka manta da Ubangiji Allahnsu suka kuma bauta wa Ba’al da Ashera.
၇ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
8 Fushin Ubangiji kuwa ya yi ƙuna a kan Isra’ila har ya sayar da su ga Kushan-Rishatayim sarkin Aram-Naharayim, a wurinsa ne Isra’ilawa suka zama bayi shekara takwas.
၈သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
9 Amma da suka yi kuka ga Ubangiji, sai ya tad musu da mai ceto, Otniyel ɗan Kenaz, ƙanen Kaleb wanda ya cece su.
၉ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
10 Ruhun Ubangiji ya sauko masa, domin yă zama mahukuncin Isra’ila yă kuma je yaƙi. Ubangiji ya bayar da Kushan-Rishatayim sarkin Aram a hannun Otniyel, ya kuwa sha ƙarfinsa.
၁၀ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
11 Saboda haka ƙasar ta zauna da lafiya shekara arba’in har sai da Otniyel ɗan Kenaz ya rasu.
၁၁တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။
12 Isra’ilawa suka sāke aikata mugayen ayyuka a gaban Ubangiji, saboda sun aikata wannan mugunta sai Ubangiji ya ba wa Eglon sarkin Mowab ƙarfi a kan Isra’ila.
၁၂ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
13 Da ya sami Ammonawa da Amalekawa suka haɗa hannu tare, sai Eglon ya tafi ya auka wa Isra’ila, suka ƙwace Birnin Dabino.
၁၃ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-
14 Isra’ilawa suka zama bayin Eglon sarkin Mowab shekara goma sha takwas.
၁၄ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။
15 Isra’ilawa suka sāke yin kuka ga Ubangiji, ya kuwa ba su mai ceto, Ehud, wani bahago, ɗan Gera daga kabilar Benyamin. Isra’ilawa suka aike shi da haraji wurin Eglon sarkin Mowab.
၁၅ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
16 To, Ehud ya riga ya ƙera takobi mai kaifi biyu mai tsawo wajen kamu ɗaya da rabi, wanda ya yi ɗamara da shi a cinyarsa ta dama ƙarƙashin rigarsa.
၁၆ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
17 Ya kai wa Eglon sarkin Mowab harajin, wanda yake mai ƙiba ne.
၁၇ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
18 Bayan Ehud ya ba da harajin, sai ya sallame mutanen da suka ɗauko harajin.
၁၈ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
19 A wajen gumaka kusa da Gilgal, shi kansa ya juya ya koma ya ce, “Ranka yă daɗe, ina da saƙo na asiri dominka.” Sarkin ya ce, “Ku ba mu wuri!” Sai dukan fadawansa suka fita.
၁၉သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
20 Sai Ehud ya matso yayinda shi kuwa yake zaune shi kaɗai a ɗakin sama mai sanyi a fadansa ya ce, “Ina da saƙo daga wurin Allah dominka.” Sarki ya tashi daga kujerarsa,
၂၀မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
21 Ehud ya kai hannun hagunsa, ya zaro takobi daga cinyar ƙafar damansa ya soki sarki a ciki.
၂၁ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
22 Har ƙotar ma ta shige ciki, takobin kuma ya fito ta bayansa. Ehud bai zare takobin ba, kitse kuwa ya rufe shi.
၂၂သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-
23 Sa’an nan Ehud ya fita daga shirayin; ya rufe ƙofar ɗakin saman, ya kuma kulle su.
၂၃ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊-
24 Bayan da ya tafi, bayin sarki suka zo suka tarar duk ƙofofin ɗakin sama suna kulle, suka ce, “Wataƙila yana bayan gari ne a ɗakin ciki.”
၂၄ထွက်ခွာသွားလေသည်။ ကျေးကျွန်များပြန် လာကြသောအခါ နန်းတော်တံခါးများ သော့ခတ်လျက်ထားသည်ကိုတွေ့မြင်ရကြ ၏။ သို့ရာတွင်သူတို့သည်နန်းတွင်း၌ မင်း ကြီးအခင်းသွားနေသည်ဟူ၍သာလျှင် ထင်မှတ်ကြလေသည်။-
25 Suka yi ta jira har suka gaji. Da suka ga dai bai buɗe ƙofar ba, sai suka ɗauki mabuɗi, suka buɗe. Sai ga shugabansu a ƙasa matacce.
၂၅အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။
26 Yayinda suke fama jira, Ehud ya riga ya yi gaba. Ya bi ta wajen gumaka zuwa Seyira.
၂၆ဧဟုဒသည်ယင်းသို့ထိုသူတို့စောင့်ဆိုင်းနေ ကြစဉ်အတွင်း၌ထွက်ပြေးသွားလေသည်။ သူသည်ကျောက်ရုပ်တုတို့ကိုကျော်လွန်ကာ စိရပ်ရွာသို့လွတ်မြောက်သွားလေ၏။-
27 Da ya iso can, sai ya busa ƙaho a ƙasar tudu ta Efraim, Isra’ilawa kuma suka gangaro tare da shi daga tuddai, shi kuwa yana jagorarsu.
၂၇သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
28 Ya umarce su ya ce, “Ku bi ni, gama Ubangiji ya ba Mowab abokin gābanku a hannunku.” Haka suka gangaro tare da shi suna mallaki mashigin Urdun da ta shiga zuwa Mowab, ba su yarda wani ya haye ba.
၂၈သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-
29 A lokacin sun kashe mutanen Mowab dubu goma, dukansu jarumawa da masu ji da ƙarfi; ba ko ɗaya da ya tsira.
၂၉ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။-
30 A wannan rana aka mai da Mowab bayin Isra’ila, ƙasar kuwa ta sami zaman lafiya shekara takwas.
၃၀ထိုနေ့၌မောဘအမျိုးသားတို့အားဣသ ရေလအမျိုးသားတို့ကနှိမ်နင်းအောင်မြင် ပြီးနောက် တိုင်းပြည်တွင်နှစ်ပေါင်းရှစ်ဆယ် တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
31 Bayan Ehud, sai Shamgar ɗan Anat, wanda ya karkashe Filistiyawa ɗari shida da sandar korar shanun noma, shi ma ya ceci Isra’ila.
၃၁ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။