< Yoshuwa 15 >

1 An raba wa kabilar Yahuda gādonsu ta wurin yin ƙuri’a, bisa ga iyalansu, rabon ya kai har zuwa sashen Edom, zuwa Jejin Zin can kurewar kudu.
ယုဒ အမျိုးသား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင် မျက်နှာ၌ ဧဒုံ ပြည်နယ် နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ဇိန တော ဖြစ် သော၊
2 Iyakarsu a kudanci ta tashi tun daga kurewar kudu na Tekun Gishiri,
တောင် ဘက်အပိုင်း အခြားသည် သောဒုံ အိုင် ၌ တောင် အကွေ့ မှ ထွက် ၍၊
3 zuwa kudancin Hanyar Kunama, ta ci gaba har zuwa Zin, zuwa kudancin Kadesh Barneya. Sa’an nan ta kurɗa zuwa Hezron har zuwa Addar, ta kuma karkata zuwa Karka.
တောင် မျက်နှာနား ၊ အကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက် လေ၏။ တဖန် တောင် မျက်နှာနား ၊ ကာဒေရှဗာနာ ရွာ၊ ဟေဇရုန် ရွာ၊ အာဒါ ရွာ၊ ကာကာ ရွာ၊
4 Sai ta wuce zuwa Azmon ta haɗu da Rafin Masar, ta ƙarasa a Bahar Rum. Wannan shi ne iyakarsu ta kudu.
အဇမုန် ရွာကို ရှောက် သဖြင့် အဲဂုတ္တု ချောင်း သို့ လိုက် ၍ ပင်လယ် ၌ ဆုံး လေ၏။
5 Iyakarsu ta gabas kuwa ita ce Tekun Gishiri wadda ta zarce har zuwa gaɓar Urdun. Iyakarsu ta arewa ta fara ne daga Tekun Gishiri a bakin Urdun,
အရှေ့ဘက်၌ သောဒုံ အိုင် သည် ယော်ဒန် မြစ်ဝ တိုင်အောင် အရှေ့ အပိုင်း အခြားဖြစ်၏။ မြောက် ဘက် အပိုင်း အခြားသည် ယော်ဒန် မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့ မှ ထွက်၍၊
6 wajen Bet-Hogla ta wuce har zuwa arewancin Bet-Araba, zuwa Dutsen Bohan ɗan Ruben.
ဗေသောဂလ ရွာသို့၎င်း၊ ဗေသရာဗ ရွာ မြောက် နားမှာ ရှောက် လျက် ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။
7 Sai iyakar ta haura zuwa Debir daga Kwarin Akor ta juya arewa da Gilgal, wadda take fuskantar hawan Adummim a kudancin kwari, ta ci gaba zuwa ruwan En Shemesh, ta ɓullo ta En Rogel.
အာခေါ် ချိုင့် မြောက် ဘက်မှ ထွက် ၍ ဒေဗိရ ရွာသို့ ၎င်း၊ မြစ် တောင် ဘက် အဒုမ္မိမ် ကုန်း ရှေ့ ၌ ရှိသောဂိလဂါလ မြို့သို့ ၎င်း ရောက် ပြီးမှ ၊ အင်ရှေမက် အိုင် ၊ အင်္ရောဂေလ ရွာလမ်းသို့ လိုက် လျက်၊
8 Sai kuma ta gangara zuwa Kwarin Ben Hinnom a gangaren kudancin birnin Yebusiyawa (wato, Urushalima). Daga can ta haura zuwa kan tudun a yammancin Kwarin Hinnom, a arewancin ƙarshen Kwarin Refayim.
ဟိန္နုံသား၏ချိုင့်နား ယေရုရှလင် မြို့ရာ ယေဗုသိ အရပ် တောင် ဘက်နား မှာ ရှောက် ၍ ဟိန္နုံ ချိုင့်အနောက် ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသော တောင်ပေါ်သို့ တက် လေ၏။
9 Daga kan tudun, iyakar ta nufi maɓulɓular ruwa na Neftowa, ta ɓullo a garuruwan da suke a Dutsen Efron, ta gangara zuwa Ba’ala (wato, Kiriyat Yeyarim).
ထိုတောင် ပေါ် မှ ဆင်း ပြန်၍ ၊ နေဖတော စမ်း ရေတွင်း ကို ရှောက်သဖြင့် ဧဖရုန် တောင် နှင့်ဆိုင်သော မြို့ များသို့ ၎င်း၊ ကိရယတ်ယာရိမ် မြို့ ရာဗာလာ မြို့သို့၎င်း၊
10 Sa’an nan ta karkata yamma daga Ba’ala zuwa Dutsen Seyir, ta wuce ta gangaren Dutsen Yeyarim (wato, Kesalon), ta ci gaba zuwa Bet-Shemesh, ta bi zuwa Timna.
၁၀ဗာလာ မြို့အနောက် ဘက်နား မှာ ရှောက် လျက် စိရ တောင် သို့ ၎င်း၊ ခေသလုန် တောင်တည်းဟူသော ယာရိမ် တောင် မြောက်ဘက် နားမှာ ရှောက် လျက် ဗက်ရှေမက် မြို့၊ တိမနာ မြို့သို့၎င်း၊
11 Ta wuce zuwa gangaren arewancin Ekron, ta juya zuwa Shikkeron, ta wuce zuwa Dutsen Ba’ala, ta kai Yabneyel, iyakarta ta ƙare a teku.
၁၁ဧကြုန် မြို့မြောက် ဘက်နား မှာ ရှောက် လျက် ရှိကြုန် ရွာသို့ ၎င်း၊ ဗာလာ တောင် သို့၎င်း၊ ယာဗနေလ ရွာသို့၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။
12 Bakin Bahar Rum nan ne iyakar yammanci. Wannan ita ce iyakar da ta kewaye jama’ar Yahuda bisa ga iyalansu.
၁၂အနောက်ဘက်၌ ပင်လယ် ကြီး နှင့် ပင်လယ်ကမ်းပါး သည် အနောက် အပိုင်း အခြားဖြစ်၏။ ဤရွေ့ကား ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် နေရာပြည်နယ်အပိုင်း အခြားဖြစ်သတည်း။
13 Yoshuwa ya ba Kaleb ɗan Yefunne wuri a Yahuda, Kiriyat Arba, wato, Hebron, bisa ga umarnin Ubangiji. (Arba shi ne mahaifin Anak.)
၁၃ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။
14 Daga can sai Kaleb ya kori’ya’yan Anak, maza su uku daga Hebron, wato, Sheshai, Ahiman da Talmai.
၁၄ထို မြို့ထဲက ကာလက် သည် အာနက သား သုံး ယောက်၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို နှင်ထုတ် သောနောက်၊
15 Daga can ya nufi Debir ya yi yaƙi da mutanen da suke zama a can (Dā sunan Debir, Kiriyat Sefer ne).
၁၅ကိရယဿေဖာ အမည် ဟောင်း ရှိသောဒေဗိရ မြို့သား တို့ရှိရာသို့ တဖန်ချီ သွား၍၊
16 Kaleb ya ce, “Zan ba da’yata Aksa aure ga wanda zai ci Kiriyat Sefer da yaƙi.”
၁၆ကိရယဿေဖာ မြို့ကိုတိုက်ယူ လုပ်ကြံ သောသူ အား ငါသည် သမီး အာခသ ကို ပေးစား မည်ဟုဆို လျှင်၊
17 Otniyel ɗan Kenaz, ɗan’uwan Kaleb, ya ci Kiriyat Sefer da yaƙi; saboda haka Kaleb ya ba wa Aksa’yarsa, ya kuwa aure ta.
၁၇ကာလက် ညီ ကေနတ် ၏သား ဩသံယေလ သည် ထိုမြို့ ကိုတိုက် ယူ၍ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
18 Wata rana da ta zo wurin Otniyel, sai ya zuga ta ta roƙi mahaifinta fili. Da ta sauka daga kan jakinta sai Kaleb ya tambaye ta ya ce, “Me kike so in yi miki?”
၁၈ထိုမိန်းမသည် ခရီးသွားစဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့်တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
19 Ta amsa ta ce, “Ka yi mini alheri na musamman, tun da ka ba ni wuri a Negeb, ina roƙonka, ka ba ni maɓulɓulan ruwa.” Kaleb kuwa ya ba ta maɓulɓulan ruwa na tuddai da na kwari.
၁၉သမီးက ကောင်းကြီး ပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ်ကိုပေး ပါပြီ။ စမ်း ရေတွင်းတို့ကိုလည်း ပေး တော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
20 Wannan shi ne gādon kabilar Yahuda bisa ga iyalansu.
၂၀ဤရွေ့ကား၊ ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် ခံရသော အမွေ မြေ ဖြစ်သတည်း။
21 Garuruwan kabilar Yahuda da suke kudu cikin Negeb zuwa iyakar Edom su ne. Kabzeyel, Eder, Yagur,
၂၁ယုဒ အမျိုးသား ပိုင်သော မြို့ များဟူမူကား၊ ဧဒုံ ပြည် နှင့်နီးစပ် သော တောင် ပိုင်း၌ ကပ်ဇေလ မြို့၊ ဧဒေရ မြို့၊ ယာဂုရ မြို့၊
22 Kina, Dimona, Adada,
၂၂ကိန မြို့၊ ဒိမောန မြို့၊ အာဒဒါ မြို့၊
23 Kedesh, Hazor, Itnan,
၂၃ကေဒေရှ မြို့၊ ဟာဇော် မြို့၊ ဣသနန် မြို့၊
24 Zif, Telem, Beyalot,
၂၄ဇိဖ မြို့၊ တေလင် မြို့၊ ဗာလုတ် မြို့၊
25 Hazor-Hadatta, Keriyot Hezron (wato, Hazor),
၂၅ဟာဇော် မြို့သစ်၊ ဟာဇော် မြို့ဟောင်းတည်းဟူသော ဟေဇရုန် မြို့၊
26 Amam, Shema, Molada,
၂၆အာမန် မြို့၊ ရှေမ မြို့၊ မောလဒ မြို့၊
27 Hazar Gadda, Heshmon, Bet-Felet,
၂၇ဟာဇာဂဒ္ဒ မြို့၊ ဟေရှမုန် မြို့၊ ဗက်ပါလက် မြို့၊
28 Hazar Shuwal, Beyersheba, Biziyotiya,
၂၈ဟာဇာရွာလ မြို့၊ ဗေရရှေဘ မြို့၊ ဗိဇ္ဇောသယာ မြို့၊
29 Ba’ala, Iyim, Ezem,
၂၉ဗာလာ မြို့၊ ဣအိမ် မြို့၊ အာဇင် မြို့၊
30 Eltolad, Kesil, Horma,
၃၀ဧလတောလဒ် မြို့၊ ခေသိလ မြို့၊ ဟောမာ မြို့၊
31 Ziklag, Madmanna, Sansanna,
၃၁ဇိကလတ် မြို့၊ မာဒမန္နာ မြို့၊ သံသန္နာ မြို့၊
32 Lebayot, Shilhim, Ayin, Rimmon, jimillarsu, garuruwa da ƙauyukansu duka ashirin da tara ne.
၃၂လေဗောက် မြို့၊ ရှိလဟိမ် မြို့၊ အအိန် မြို့၊ ရိမ္မုန် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်း ကား သုံးဆယ်ခြောက်မြို့တည်း။
33 Biranen da suke a filayen kwari su ne, Eshtawol, Zora; Ashna,
၃၃ချိုင့် ၌ လည်း ဧရှတောလ မြို့၊ ဇောရာ မြို့၊ အာရှနာ မြို့၊
34 Zanowa, En Gannim, Taffuwa, Enam,
၃၄ဇာနော မြို့၊ အင်္ဂန္နိမ် မြို့၊ တာပွါ မြို့၊ ဧနံ မြို့၊
35 Yarmut, Adullam, Soko, Azeka,
၃၅ယာမုတ် မြို့၊ အဒုလံ မြို့၊ စောခေါ မြို့၊ အဇေကာ မြို့၊
36 Sha’arayim, Aditayim, Gedera (Gederotayim ke nan). Garuruwa goma sha huɗu ke nan da ƙauyukansu.
၃၆ရှာရိမ် မြို့၊ အဒိသိမ် မြို့၊ ဂဒေရ မြို့၊ ဂဒေရောသိမ် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37 Zenan, Hadasha, Migdal Gad,
၃၇ထိုမှတပါး၊ ဇေနန် မြို့၊ ဟဒါရှ မြို့၊ မိဂဒလဂဒ် မြို့၊
38 Dileyan, Mizfa, Yokteyel,
၃၈ဒိလန် မြို့၊ မိဇပါ မြို့၊ ယောကသေလ မြို့၊
39 Lakish, Bozkat, Eglon,
၃၉လာခိရှ မြို့၊ ဗောဇကတ် မြို့၊ ဧကလုန် မြို့၊
40 Kabbon, Lahman, Kitlish,
၄၀ကဗ္ဗုန် မြို့၊ လာမံ မြို့၊ ကိသလိတ် မြို့၊
41 Gederot, Bet-Dagon, Na’ama, Makkeda, garuruwa goma sha shida ke nan da ƙauyukansu.
၄၁ဂဒေရုတ် မြို့၊ ဗက်ဒါဂုန် မြို့၊ နေမ မြို့၊ မက္ကဒါ မြို့၊ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ တည်း။
42 Libna, Eter, Ashan,
၄၂ထိုမှတပါး၊ လိဗန မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊
43 Yefta, Ashna, Nezib,
၄၃ယိဖတ မြို့၊ အာရှနာ မြို့၊ နေဇိပ် မြို့၊
44 Keyila, Akzib, Maresha, garuruwa tara ke nan da ƙauyukansu.
၄၄ကိလ မြို့၊ အောခဇိပ် မြို့၊ မရေရှ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။
45 Ekron da ƙauyukan da suke kewaye da ita;
၄၅ထိုမှတပါး ဧကြုန် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊
46 yammancin Ekron da dukan garuruwa da ƙauyukan da suke kusa da Ashdod.
၄၆ဧကြုန် မြို့မှစ၍ ပင်လယ် တိုင်အောင် ၊ အာဇုတ် မြို့နှင့်နီးစပ် သောမြို့ရွာ များ၊
47 Ashdod da garuruwa da kuma ƙauyukan da suke kewaye da ita, Gaza da garuruwanta da ƙauyukanta har zuwa Rafin Masar da kuma Bahar Rum.
၄၇အာဇုတ် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ အဲဂုတ္တု မြစ် ၊ ပင်လယ် ကြီး ၊ ပင်လယ်ကမ်းပါး တိုင်အောင် ၊ ဂါဇ မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊
48 Birane na cikin ƙasar tuddai kuwa, su ne, Shamir, Yattir, Soko,
၄၈တောင် ပေါ်၌ လည်း ၊ ရှမိရ မြို့၊ ယတ္တိရ မြို့၊ စောခေါ မြို့၊
49 Danna, Kiriyat Sanna (wato, Debir),
၄၉ဒန္န မြို့၊ ဒေဗိရ မြို့တည်းဟူသော ၊ ကိရယဿန္န မြို့၊
50 Anab, Eshtemo, Anim,
၅၀အာနပ် မြို့၊ ဧရှတမော မြို့၊ အာနိမ် မြို့၊
51 Goshen, Holon, Gilo, garuruwa goma sha ɗaya ke nan da ƙauyukansu.
၅၁ဂေါရှင် မြို့၊ ဟောလုန် မြို့၊ ဂိလော မြို့၊ ရွာ နှင့်တကွ ဆယ် တ မြို့ တည်း။
52 Arab, Duma, Eshan,
၅၂အာရပ် မြို့၊ ဒုမာ မြို့၊ ဧရှန် မြို့၊
53 Yanum, Bet-Taffuwa, Afeka,
၅၃ယာနုံ မြို့၊ ဗက်တာပွါ မြို့၊ အာဖက် မြို့၊
54 Humta, Kiriyat Arba (wato, Hebron) da Ziyor, garuruwa tara ke nan da ƙauyukansu.
၅၄ဟုန္တ မြို့၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။
55 Mawon, Karmel, Zif, Yutta
၅၅မောင် မြို့၊ ကရမေလ မြို့၊ ဇိဖ မြို့၊ ယုတ္တ မြို့၊
56 Yezireyel, Yokdeyam, Zanowa,
၅၆ယေဇရေလ မြို့၊ ယောကဒံ မြို့၊ ဇာနော မြို့၊
57 Kayin, Gibeya, Timna, garuruwa goma ke nan da ƙauyukansu.
၅၇ကဣန မြို့၊ ဂိဘာ မြို့၊ တိမန မြို့၊ ရွာ နှင့်တကွ ဆယ် မြို့ တည်း။
58 Halhul, Bet-Zur, Gedor,
၅၈ဟာလဟုလ မြို့၊ ဗက်ဇုရ မြို့၊ ဂေဒေါ် မြို့၊
59 Ma’arat, Bet-Anot, Eltekon, garuruwa shida ke nan da ƙauyukansu.
၅၉မာရပ် မြို့၊ ဗေသနုတ် မြို့၊ ဧလတေကုန် မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။
60 Kiriyat Ba’al (wato, Kiriyat Yeyarim) da Rabba, garuruwa biyu ke nan da ƙauyukansu.
၆၀ကိရယတ်ယာရိမ် မြို့တည်းဟူသောကိရယတ်ဗာလ မြို့၊ ရဗ္ဗာ မြို့၊ ရွာ နှင့်တကွ နှစ် မြို့ တည်း။
61 Biranen da suke a jeji kuwa su ne, Bet-Araba, Middin, Sekaka,
၆၁တော ၌ လည်း၊ ဗေသရာဗ မြို့၊ မိဒ္ဒိန် မြို့၊ သေကာက မြို့၊
62 Nibshan, Birnin gishiri da En Gedi, garuruwa shida ke nan da ƙauyukansu.
၆၂နိဗရှန် မြို့၊ မေလက် မြို့၊ အင်္ဂေဒိ မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။
63 Kabilar Yahuda kuwa ba su iya korar Yebusiyawa waɗanda suke zama cikin Urushalima ba; har wa yau Yebusiyawa suna nan zaune tare da mutanen Yahuda.
၆၃ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကိုကား၊ ယုဒ အမျိုးသား တို့သည် မ နှင်ထုတ် နိုင် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ယုဒ အမျိုးသား တို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။

< Yoshuwa 15 >