< Ayuba 6 >

1 Sa’an nan Ayuba ya amsa,
တဖန် ယောဘ မြွက်ဆို သည်ကား၊
2 “Da kawai za a iya auna wahalata a kuma sa ɓacin raina a ma’auni!
ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။
3 Ba shakka da sun fi yashin teku nauyi, shi ya sa nake magana haka.
သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။
4 Kibiyoyin Maɗaukaki suna a kaina, ruhuna yana shan dafinsa; fushin Allah ya sauka a kaina.
အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။
5 Jaki yakan yi kuka sa’ad da ya sami ciyawar ci, ko saniya takan yi kuka in ta sami abincinta?
တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။
6 Akan cin abinci marar ɗanɗano ba tare da an sa gishiri ba, ko akwai wani ƙanshin daɗi a cikin farin ruwan ƙwai?
မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။
7 Na ƙi in taɓa shi; irin wannan abinci zai sa ni rashin lafiya.
လက်နှင့်မျှမ တို့ နိုင်၊ ငါ မ နှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
8 “Kash, da ma Allah zai ba ni abin da nake fatar samu, da ma Allah zai biya mini bukatata,
ငါ တောင်း သောအရာကို ရပါစေ။ ငါ တောင့်တ သောအရာကို ဘုရား သခင်ပေး သနားတော်မူပါစေ။
9 wato, Allah yă kashe ni, yă miƙa hannunsa yă yanke raina!
တောင့်တ သောအရာဟူမူကား ၊ ဘုရား သခင်သည် ငါ့ ကိုဖျက်ဆီး တော်မူပါစေ။ လက် တော်ကိုဆန့် ၍ ငါ့ ကိုဆုံး စေတော်မူပါစေ။
10 Da sai in ji daɗi duk zafin da nake sha ban hana maganar Mai Tsarkin nan cika ba.
၁၀ထိုသို့ ဖြစ်လျှင်ငါ သည် သက်သာ ရ၏။ ငြိုငြင် သော်လည်းသည်းခံ မည်။ ငါ့ကိုနှမြော တော်မ မူပါစေနှင့်။ သန့်ရှင်း တော်မူသောသူ၏စကား တော်ကို ငါမ ငြင်း မဆန်ပြီ။
11 “Wane ƙarfi nake da shi, har da zan ci gaba da sa zuciya? Wane sa zuciya ne zai sa in yi haƙuri?
၁၁ငါမြော်လင့် စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ ခွန်အား ကားအဘယ် သို့နည်း။ ငါသည်ကိုယ် အသက် ကို စောင့် ရမည်အကြောင်း ၊ နောက်ဆုံး ခံရသောအကျိုးကား အဘယ် သို့နည်း။
12 Da ƙarfin dutse aka yi ni ne? Ko jikina tagulla ne?
၁၂ငါ့ ခွန်အား သည် ကျောက် ခွန်အား ဖြစ်သလော။ ငါ့ အသား သည် ကြေးဝါ ဖြစ်သလော။
13 Ina da wani ikon da zan iya taimakon kai na ne, yanzu da aka kore nasara daga gare ni?
၁၃ငါ သည်ကိုယ် ကို မ မစ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။
14 “Duk wanda ya ƙi yă yi alheri ga aboki ya rabu ta tsoron Maɗaukaki.
၁၄ဆင်းရဲ ခြင်းသို့ရောက်သောသူ၏ အဆွေ ခင်ပွန်းသည် သနား အပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့ သောသဘောနှင့်ကင်းလွတ် ၏။
15 Amma’yan’uwana sun nuna ba zan iya dogara gare su ba, kamar rafin da yakan bushe da rani,
၁၅ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
16 kamar rafin da yakan cika a lokacin ƙanƙara, yă kuma kumbura kamar ƙanƙarar da ta narke,
၁၆ထိုချောင်းရေသည် ရေခဲ ကြောင့် ၎င်း၊ မ ထင်ရှားသော မိုဃ်းပွင့် ကြောင့်၎င်း၊
17 amma da rani sai yă bushe, lokacin zafi ba a samun ruwa yana gudu a wurin.
၁၇အလွန်စီးတတ်သော်လည်း၊ နွေး သောအခါ ကွယ်ပျောက် တတ်၏။ နေပူ သောအခါ မိမိ နေရာ ၌ ခန်းခြောက် တတ်၏။
18 Ayari sukan bar hanyarsu; sukan yi ta neman wurin da za su sami ruwa, su kāsa samu har su mutu.
၁၈ထိုရေစီးသောချောင်းတို့သည် လွဲ သွား ၍ တရွေ့တရွေ့ကွယ်ပျောက် တတ်ကြ၏။
19 Ayarin Tema sun nemi ruwa, matafiya’yan kasuwa Sheba sun nema cike da begen samu.
၁၉တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။
20 Ransu ya ɓace, domin sun sa zuciya sosai; sa’ad da suka kai wurin kuwa ba su sami abin da suka sa zuciyar samu ba.
၂၀မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။
21 Yanzu kuma kun nuna mini ba ku iya taimako; kun ga abin bantsoro kuka tsorata.
၂၁ထိုအတူ သင်တို့သည်အချည်းနှီးသက်သက်ဖြစ် ကြ၏။ ငါနှိမ့်ချ ခြင်းကိုမြင် လျှင် ဆုတ် ၍နေကြ၏။
22 Ko na taɓa cewa, ‘Ku ba da wani abu a madadina, ko na roƙe ku, ku ba da wani abu domina daga cikin dukiyarku,
၂၂ငါ့ ထံ သို့လက်ဆောင်ကို ယူ ခဲ့ကြပါ။ သင် တို့ပစ္စည်း ဥစ္စာထဲက ထုတ်၍ ငါ့ ကိုပေး ကြပါ။
23 ko kuma kun taɓa kuɓutar da ni daga hannun maƙiyina, ko kun taɓa ƙwato ni daga hannun marasa kirki’?
၂၃ရန်သူ လက် မှ ငါ့ ကိုကယ် ယူကြပါ။ သူရဲ လက် မှ ရွေးနှုတ် ကြပါဟု ငါပြော သလော။
24 “Ku koya mini, zan yi shiru; ku nuna mini inda ban yi daidai ba.
၂၄ငါ့ ကိုဆုံးမ ကြပါ။ တိတ်ဆိတ် လျက်နေပါမည်။ ငါမှား သောအရာကို ငါ့ အား ဘော်ပြ ကြပါ။
25 Faɗar gaskiya tana da zafi! Amma ina amfanin gardamar da kuke yi?
၂၅မှန် သောစကား သည် တန်ခိုးကြီး ၏။ သင် တို့ကဲ့ရဲ့သောစကားသည် အဘယ် မှာနေရာကျသနည်း။
26 Ko kuna so ku gyara abin da na faɗi ne, ku mai da magana wanda yake cikin wahala ta zama ta wofi?
၂၆ငါစကား ပြောရုံကာမျှကို အပြစ် တင်မည်ကြံစည် ကြသလော။ မြော်လင့် စရာမရှိသောသူ ပြောသော စကား သည် လေ သက်သက်ဖြစ်၏။
27 Kukan yi ƙuri’a a kan marayu ku kuma sayar da abokinku.
၂၇အကယ်၍ သင်တို့သည် မိဘ မရှိသောသူငယ်ကို နှိပ်စက် ကြ၏။ အဆွေ ခင်ပွန်းဘို့ တွင်းကိုတူး ကြ၏။
28 “Amma yanzu ku dube ni da kyau, zan yi muku ƙarya ne?
၂၈ငါ့ ကို စိတ်မရှိဘဲကြည့်ရှု ကြပါလော့။ သင် တို့ရှေ့ မှာ ငါလှည့်စား သလော။
29 Ku bi a hankali, kada ku ɗora mini laifi; ku sāke dubawa, gama ba ni da laifi.
၂၉ပြန် ၍ဆင်ခြင်ကြပါ။ မ တရားသဖြင့်မ ပြု ကြပါ နှင့်။ ပြန် ၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါ သည် ဖြောင့်မတ် ပါ၏။
30 Ko akwai wata mugunta a bakina? Bakina ba zai iya rarrabewa tsakanin gaskiya da ƙarya ba?
၃၀ငါ့ လျှာ ၌ ကောက် သောသဘောရှိ သလော။ ငါ သည် မြည်းစမ်း ၍ အပြစ် ပါသောအရာကို ပိုင်းခြား မ သိနိုင်သလော။

< Ayuba 6 >