< Irmiya 25 >
1 Magana ta zo wa Irmiya game da dukan mutanen Yahuda a shekara ta huɗu ta Yehohiyakim ɗan Yosiya sarkin Yahuda, wadda ta kasance shekara ta fari ta Nebukadnezzar sarkin Babilon.
၁ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီးသား ယောယကိမ် နန်းစံစတုတ္ထ နှစ် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံပဌမ နှစ် တွင်၊ ယုဒ ပြည်သား အပေါင်း တို့ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်ကို၊
2 Saboda haka Irmiya annabi ya ce wa dukan mutanen Yahuda da dukan mazaunan Urushalima.
၂ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား အပေါင်း တို့ အား ၊ ယေရမိ ဆင့်ဆို ဟောပြောရသည်ကား ၊
3 Shekaru ashirin da uku, daga shekara ta goma sha uku ta Yosiya ɗan Amon sarkin Yahuda har zuwa wannan rana, maganar Ubangiji ta zo mini na kuma yi muku magana sau da sau, amma ba ku saurara ba.
၃ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ နန်းစံဆယ် သုံး နှစ် မှစ၍ ယခု တိုင် အောင်၊ အနှစ်နှစ်ဆယ် သုံး နှစ် ပတ်လုံး ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်အတိုင်း၊ ငါသည် စော စောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့် ဆိုသော်လည်း ၊ သင်တို့သည် နား မ ထောင်ဘဲ နေကြ၏။
4 Ko da yake Ubangiji ya aika dukan bayinsa annabawa gare ku sau da sau, ba ku saurara ba, ba ku kuma kula ba.
၄ထာဝရဘုရား သည်လည်း၊ စောစောထ ၍ မိမိ ကျွန် ပရောဖက် အပေါင်း တို့ကို၊ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် တော်မူသော်လည်း ၊ သင်တို့သည် နား မ ထောင်ကြ။ အမိန့်တော်ကို ကြား ခြင်းငှါ နား ကို မ လှည့် ဘဲ နေကြ၏။
5 Sun ce, “Ku juye yanzu, kowannenku, daga mugayen hanyoyinku da mugayen ayyukanku, za ku kuwa iya zauna a ƙasar da Ubangiji ya ba ku da kuma kakanninku har abada abadin.
၅ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်း ဆိုး နှင့် အကျင့် ဆိုး များကို ပယ်ရှား၍၊ သင် တို့နှင့် ဘိုးဘေး တို့အား ထာဝရဘုရား သည် အမြဲ ပေး တော်မူ သော ပြည် ၌ နေ ကြလော့။
6 Kada ku bi waɗansu alloli don ku bauta ku kuma yi musu sujada; kada ku tsokane ni in yi fushi da abin da hannuwanku suka yi. Sa’an nan ba zan kawo muku lahani ba.”
၆အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မ ပြု၊ မကိုးကွယ် ကြနှင့်။ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို မ ထွက်စေကြနှင့်။ ငါသည်လည်း ၊ သင် တို့ကို မ ညှဉ်းဆဲ ဟု ဆင့် ဆိုကြ၏။
7 “Amma ba ku saurare ni ba,” in ji Ubangiji, “kun tsokane ni da abin da kuka yi da hannuwanku, kuka kuma kawo lahani wa kanku.”
၇ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင် တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့ စကားကို နား မ ထောင်ဘဲနေကြပြီ။
8 Saboda haka Ubangiji Maɗaukaki ya ce, “Domin kun ƙi ku saurara ga maganata,
၈ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်သောကြောင့် ၊
9 zan kira dukan mutanen arewa da bawana Nebukadnezzar sarkin Babilon,” in ji Ubangiji, “zan kuma kawo su su yi gāba da wannan ƙasa da mazaunanta da kuma gāba da dukan al’ummai da suke kewaye. Zan hallaka su sarai in kuma mai da su abin bantsoro da abin dariya, za su kuma zama kufai har abada.
၉ဤ ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။
10 Zan kawar da muryoyin farin ciki da murna daga gare su, muryoyin amarya da na ango, ƙarar dutsen niƙa da hasken fitila.
၁၀ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။
11 Dukan wannan ƙasa za tă zama kango, kuma waɗannan al’ummai za su bauta wa sarkin Babilon shekaru saba’in.
၁၁ဤ ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။
12 “Amma sa’ad da shekaru saba’in ɗin suka cika, zan hukunta sarkin Babilon da kuma al’ummarsa, ƙasar Babiloniyawa, saboda laifinsu,” in ji Ubangiji, “in kuma mai da ita kango har abada.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ် စေ့ သောအခါ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ၏ နိုင်ငံ တည်းဟူသောခါလဒဲ တိုင်း နိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ် ပေး၍ ၊ ထိုနိုင်ငံ ကို အစဉ် အမြဲ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
13 Zan kawo wa wannan ƙasa dukan abubuwan na yi magana a kanta, dukan abubuwan da aka rubuta a wannan littafi, abubuwan da Irmiya kuma ya yi annabci a kan dukan al’ummai.
၁၃ငါခြိမ်း သော စကား များတည်းဟူသော ယေရမိ သည် ခပ်သိမ်း သော တိုင်း နိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤ စာ ၌ ရေး ထားသော စကားရှိသမျှ တို့ကို ခါလဒဲ တိုင်း နိုင်ငံအပေါ် မှာ ငါသက်ရောက် စေမည်။
14 Su kansu al’ummai da sarakuna masu yawa za su bautar da su; zan sāka musu bisa ga ayyukansu da aikin hannuwansu.”
၁၄များစွာ သော လူမျိုး တို့နှင့် ကြီး သော ရှင် ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစား ကြလိမ့်မည်။ သူ တို့ ကျင့်သောအကျင့် ၊ သူတို့ကိုယ်တိုင်ပြုသောအမှု နှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ် ပေးမည်။
15 Ga abin da Ubangiji, Allah na Isra’ila, ya faɗa mini, “Ka karɓi kwaf ruwan inabin nan na fushina a wurina, ka sa dukan al’umman da na aike ka gare su, su sha.
၁၅ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။
16 Sa’ad da suka sha, za su yi ta tangaɗi su kuma yi hauka saboda takobin da zan aika a cikinsu.”
၁၆သူ တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သူတို့သည် သောက် ၍ ယစ်မူး တိမ်းယိမ်း ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း ၊
17 Saboda haka na karɓi kwaf daga hannun Ubangiji na sa dukan al’ummai waɗanda ya aiko ni wurinsu su sha.
၁၇ငါသည် ထာဝရဘုရား ၏ လက် တော်မှ ထို ဖလား ကိုခံယူ ၍ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသော လူမျိုး အပေါင်း တို့ကို သောက် စေ၏။
18 Urushalima da garuruwan Yahuda, sarakunan da fadawanta, don su mai da su kufai da kuma abin bantsoro da ba’a da la’ana, yadda suke a yau;
၁၈ထိုလူမျိုးများဟူမူကား၊ ယနေ့ ရှိသည်အတိုင်း လူဆိတ်ညံ ရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ် စေခြင်းငှါ ၊ သောက်ရသောယေရုရှလင် မြို့သူ၊ ယုဒ ပြည် သား၊ ယုဒရှင် ဘုရင်များ၊ မှူးမတ် များ၊
19 Fir’auna sarkin Masar, ma’aikatansa, fadawansa da dukan mutanensa,
၁၉အဲဂုတ္တု ပြည်ကို အစိုးရ သောဖာရော ဘုရင် အစရှိသောသူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူ ပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသား ရှိသမျှ ၊
20 da dukan baƙin da suke can; dukan sarakunan Uz; dukan sarakunan Filistiyawa (waɗannan na Ashkelon, Gaza, Ekron da mutanen da aka bari a Ashdod);
၂၀ဥဇ မင်းအပေါင်း ၊ ဖိလိတ္တိ မင်း အပေါင်း ၊ အာရှကေလုန် ပြည်သား၊ ဂါဇ ပြည်သား၊ ဧကြုန် ပြည်သား၊ ကျန်ကြွင်း သော အာဇုတ် ပြည်သား၊
၂၁ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊
22 dukan sarakunan Taya da Sidon; sarakunan bakin teku a ƙetaren teku;
၂၂တုရု မင်း အပေါင်း ၊ ဇိဒုန် မင်း အပေါင်း ၊ ပင်လယ် တဘက် ၌ အစိုးရသောမင်း များ၊
23 Dedan, Tema, Buz da dukan waɗanda suke a manisantan wurare;
၂၃ဒေဓန် ပြည်သား၊ တေမ ပြည်သား၊ ဗုဇ ပြည်သား၊ ပါးမုန်း ကိုရိတ် တတ်သော ပြည်သားရှိသမျှ ၊
24 dukan sarakunan Arabiya da dukan sarakunan baƙin da suke zama a hamada;
၂၄အာရပ် မင်း အပေါင်း ၊ တော ၌ နေ ၍ အမျိုး မစစ် သော လူများကို အစိုးရသောမင်း အပေါင်း ၊
25 dukan sarakunan Zimri, Elam da Mediya;
၂၅ဇိမရိ မင်း အပေါင်း ၊ ဧလံ မင်း အပေါင်း ၊ မေဒိ မင်း အပေါင်း ၊
26 da kuma dukan sarakunan arewa, nesa da kuma kusa, bi da bi, dukan mulkokin duniya. Bayan dukansu kuma, sai sarkin Sheshak ma yă sha.
၂၆တပါးနှင့်တပါးနီး သည်ဖြစ်စေ၊ ဝေး သည်ဖြစ်စေ၊ မြောက် ပြည်မင်း ရှိသမျှ တို့နှင့်၊ မြေကြီး တပြင်လုံး ၌ ရှိသမျှ သော လောကီ နိုင်ငံ အပေါင်း ပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက် ရှင်ဘုရင် သောက် ရမည်။
27 “Sa’an nan na faɗa musu cewa, ‘Ga abin da Ubangiji Maɗaukaki, Allah na Isra’ila, yana cewa ku sha, ku bugu ku kuma yi amai, ku fāɗi, kada kuma ku ƙara tashi saboda takobin da zan aiko muku.’
၂၇သင် တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သောက် ၍ ယစ်မူး ကြ။ အော့အန် ကြ၊ လဲ ကြ၊ နောက်တဖန် မ ထ ကြနှင့်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ဆင့်ဆို လော့။
28 Amma in suka ki su karɓi kwaf ɗin daga hannunka su sha, ka faɗa musu cewa, ‘Ga abin da Ubangiji Maɗaukaki yana cewa dole ku sha!
၂၈သူတို့သည် သောက်ခြင်းငှါထိုဖလား ကို သင် ၏ လက် မှ မခံ၊ ငြင်းပယ် လျှင်လည်း၊ စင်စစ်သောက် ရကြမည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ပြန်ပြော လော့။
29 Ga shi, na sa masifa tă yi aiki cikin birnin da ake kira da sunana, kuna gani za ku tafi ba hukunci? Ba za ku tafi ba hukunci ba, gama ina kawo wa dukan mazaunan duniya takobi, in ji Ubangiji Maɗaukaki.’
၂၉အကြောင်း မူကား၊ ငါ ၏နာမ ဖြင့် သမုတ် သော မြို့ ကို ငါ သည် အပြစ်ပေးစ ပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ် မခံဘဲမနေရကြ။ ငါ သည် မြေကြီး သား ရှိသမျှ တို့အဘို့ ထား ကို မှာ လိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
30 “Yanzu ka yi annabcin dukan waɗannan maganganu a kansu ka kuma ce musu, “‘Ubangiji zai yi ruri daga bisa; zai yi tsawa daga mazauninsa mai tsarki ya kuma yi ruri da ƙarfi a kan ƙasarsa. Zai yi ihu kamar waɗanda suke matsin’ya’yan inabi, yi ihu a kan dukan waɗanda suke zaune a duniya.
၃၀ထိုကြောင့် ၊ သင် သည် ပရောဖက် ပြုလျက် သူ တို့ အား ဟော ပြောရသောစကား များဟူမူကား၊ ထာဝရဘုရား သည် မြင့် သော အရပ် က ကြွေးကြော် တော်မူ မည်။ သန့်ရှင်း သော ဘုံဗိမာန် တော်က အသံ ကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ် ဌာန တဘက် ၌ ပြင်းစွာကြွေးကြော် တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ် သကဲ့သို့ ၊ မြေကြီး သား များ တဘက် ၌ အော်ဟစ် တော်မူမည်။
31 Hayaniya za tă taso har iyakar duniya, gama Ubangiji zai kawo tuhume-tuhume a kan al’ummai; zai kawo shari’a a kan dukan’yan adam ya kuma kashe mugaye da takobi,’” in ji Ubangiji.
၃၁မြေကြီး စွန်း တိုင်အောင် အသံ နှံ့ပြား လိမ့်မည်။ ထာဝရဘုရား သည် လူ အမျိုးမျိုးတို့နှင့် တရား တွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်း သော သတ္တဝါ တို့ကို အမှုလုပ် တော်မူမည်။ ဆိုး သောသူတို့ကို ထား နှင့်ကွပ်မျက်စေခြင်းငှါ အပ် တော်မူမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
32 Ga abin da Ubangiji Maɗaukaki yana cewa, “Duba! Masifa tana yaɗuwa daga al’umma zuwa al’umma; hadari mai girma yana tasowa daga iyakar duniya.”
၃၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး သည် တပြည် မှ တပြည် သို့ ကူး သွားလိမ့်မည်။ မြေကြီး အစွန်း အနားတို့ မှ ပြင်းစွာ သော လေဘွေ သည် ထ လိမ့်မည်။
33 A lokacin waɗanda Ubangiji ya kashe za su kasance a ko’ina, daga wannan bangon duniya zuwa wancan. Ba za a yi kuka dominsu, ba za a tattara su don a binne ba, amma za su zama kamar juji da an tsiba a ƙasa.
၃၃ထိုအခါ ထာဝရဘုရား ကွပ်မျက် တော်မူခြင်းကို ခံရသောသူတို့ သည် မြေကြီး တဘက် မှ တဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မ မြည်တမ်း ရ။ မ စု မပုံရ။ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
34 Ku yi kuka ku kuma yi makoki, ku makiyaya; ku yi ta birgima a ƙura, ku shugabannin garke. Gama lokacin da za a yanka ku ya zo; za ku fāɗi ku kuma farfasa kamar tukunyar yumɓu mai kyau.
၃၄အို သိုးထိန်း တို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုး ကြီး သိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင် တို့ကိုသတ် ရသောအချိန် ရောက် လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုး ထိုက်သော တန်ဆာ ကျ သကဲ့သို့ ဖြစ်ရကြလိမ့်မည်။
35 Makiyaya ba za su sami wurin da za su gudu su tafi ba, shugabannin garke ba za su sami wurin kuɓuta ba.
၃၅သိုးထိန်း တို့သည် ပြေးစရာလမ်းမရှိ။ သိုး ကြီး သိုးမြတ်တို့သည် လွတ် ရာလမ်းကို ရှာ၍ မတွေ့ရကြ။
36 Ji kukan makiyaya, kururuwan shugabannin garke, gama Ubangiji yana hallaka wurin kiwo.
၃၆သိုးထိန်း များ ငိုကြွေး သံ နှင့် သိုး ကြီး သိုးမြတ်များ မြည်သံ ကိုကြားရ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ကျက်စား ရာအရပ်ကို ဖျက်ဆီး တော်မူ၏။
37 Rafi mai gudu a hankali zai zama kango saboda zafin fushin Ubangiji.
၃၇ထာဝရဘုရား သည်ပြင်းစွာ အမျက် ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ် စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်း ဖျက်ဆီးခြင်းကိုခံရကြ၏။
38 Kamar zaki zai bar wurin ɓuyarsa, ƙasarsu kuma za tă zama kufai saboda takobin masu danniya da kuma saboda zafin fushin Ubangiji.
၃၈ခြင်္သေ့ ဘာသာဓလေ့၊ နေတော်မူရာခြုံ ကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲ သောသူ ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက် ထွက်ခြင်းအားဖြင့် ၊ သူ တို့ ပြည် သည် လူဆိတ်ညံ ရာအရပ် ဖြစ်ရ၏။