< Irmiya 21 >
1 Magana ta zo wa Irmiya daga Ubangiji sa’ad da Sarki Zedekiya ya aiki Fashhur ɗan Malkiya da firist Zefaniya ɗan Ma’asehiya gare shi. Suka ce masa,
၁ဇေဒကိမင်းသည်မေလခိ၏သားပါရှုရ နှင့် မာသေယ၏သားဇေဖနိတို့ကိုငါ့ထံ သို့စေလွှတ်ပြီးလျှင်၊-
2 “Yanzu ka roƙi mana Ubangiji saboda Nebukadnezzar sarkin Babilon yana kawo mana yaƙi. Wataƙila Ubangiji zai yi mana waɗansu abubuwa banmamaki kamar a lokacin baya don yă janye daga gare mu.”
၂``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
3 Amma Irmiya ya amsa musu ya ce, “Ku faɗa wa Zedekiya cewa,
၃ထိုနောက်ထာဝရဘုရားသည် ယေရမိအား ဗျာဒိတ်ပေးတော်မူ၏။ ယေရမိသည်မိမိ ထံသို့ရောက်သည့်လူတို့ကိုဇေဒကိအား ဆင့်ဆိုစေ၏။-
4 ‘Ga abin da Ubangiji, Allah na Isra’ila, yake cewa ina shirin juya kayan yaƙin da suke a hannuwanka a kanka, waɗanda kake amfani don ka yaƙi sarki Babilon da kuma Babiloniyawa waɗanda suka kewaye katangar birnin, zan kuwa tsiba kayan yaƙinka a tsakiyar birnin nan.
၄``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
5 Ni da kaina zan yi yaƙi da kai da miƙaƙƙen hannu mai ƙarfi cikin fushi da hasala mai girma.
၅ငါကိုယ်တော်တိုင်မိမိ၏လက်ရုံးတော်တန် ခိုးစွမ်းအင်ရှိသမျှနှင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက်သင်တို့ကိုတိုက် ခိုက်တော်မူမည်။-
6 Zan kashe waɗanda suke zaune a wannan birni, mutane da dabbobi za su kuwa mutu da muguwar annoba.
၆ဤမြို့တွင်နေထိုင်သူအပေါင်းတို့ကိုသုတ် သင်ပယ်ရှင်းမည်။ လူနှင့်တိရစ္ဆာန်များသည် ကြောက်မက်ဖွယ်ရာအနာရောဂါဘေး ဖြင့်သေကြလိမ့်မည်။-
7 Bayan wannan, in ji Ubangiji, zan ba da Zedekiya sarkin Yahuda, fadawansa da kuma mutanen wannan birni waɗanda suka tsira daga annoba, takobi da kuma yunwa, ga Nebukadnezzar sarkin Babilon da kuma ga abokan gābansu waɗanda suke neman ransu. Zai kashe su da takobi; ba zai ji tausayinsu ko ya yi musu jinƙai ko ya yi juyayinsu ba.’
၇စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
8 “Bugu da ƙari, ka faɗa wa mutanen cewa, ‘Ga abin da Ubangiji yana cewa, ga shi na sa a gabanku hanyar rai da hanyar mutuwa.
၈ထိုနောက်ထာဝရဘုရားက လူတို့အား ပြောကြားစေသည်မှာ``နားထောင်လော့၊ ငါ ထာဝရဘုရားသည်သင်တို့ရွေးချယ်နိုင် ရန်အတွက်အသက်ရှင်ရာလမ်းနှင့် အသက် သေရာလမ်းကိုဖွင့်ပြထားမည်ဖြစ် ကြောင်းပြောကြားလော့။-
9 Duk wanda ya zauna a wannan birni zai mutu ta takobi, yunwa ko annoba. Amma duk wanda ya fita ya miƙa kansa ga Babiloniyawa waɗanda suka kewaye ku zai rayu; zai kuɓutar da ransa.
၉ဤမြို့တွင်ရှိနေသူမှန်သမျှသည်စစ်ပွဲ တွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သော်လည်းကောင်း၊ အနာရောဂါဘေးဖြင့် သော်လည်းကောင်းသေရကြလိမ့်မည်။ သို့ ရာတွင်မြို့ပြင်သို့ထွက်၍ယခုဝိုင်းရံတိုက် ခိုက်လျက်နေသောဗာဗုလုန်ပြည်သားတို့ အား လက်နက်ချသူတို့မူကားသေရကြ လိမ့်မည်မဟုတ်။ ယုတ်စွအဆုံးအသက် ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
10 Na ƙudura in yi wa wannan birni lahani ba alheri ba, in ji Ubangiji. Za a ba da shi a hannuwan sarki Babilon, zai kuwa hallaka shi da wuta.’
၁၀ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
11 “Ban haka ma, ka faɗa wa gidan sarauta na Yahuda cewa, ‘Ku saurari maganar Ubangiji;
၁၁ထာဝရဘုရားက``ဒါဝိဒ်မင်း၏သားမြေး၊ ယုဒမင်းမျိုးတို့၊ ငါထာဝရဘုရားမိန့် တော်မူသောစကားကိုနားထောင်လော့။ သူ တို့အားသင်တို့သည်နေ့စဉ်ဖြောင့်မတ်စွာ တရားစီရင်ရကြမည်။ လုယူခြင်းခံရသူ အားဖိနှိပ်ချုပ်ချယ်သူ၏ဘေးမှကာကွယ် စောင့်ရှောက်ရကြမည်။ ယင်းသို့မပြုပါမူ သင်တို့၏မကောင်းမှုများသည် ငါ့အမျက် ဒေါသကိုငြိမ်းသတ်၍မရနိုင်သောမီး ကဲ့သို့တောက်လောင်စေလိမ့်မည်။-
12 Ya gidan Dawuda ga abin da Ubangiji yana cewa, “‘Ku yi gaskiya kowace safiya; ku kuɓuta daga hannun mai danniya wannan da aka yi wa fashi in ba haka ba hasalata za tă sauka ta kuma ci kamar wuta saboda muguntar da kuka aikata za tă ci babu wanda zai kashe ta.
၁၂
13 Ina gāba da ku, mazaunan Urushalima, ku da kuke zama a bisa wannan kwari kan dutsen da yake a fili, in ji Ubangiji ku da kuke cewa, “Wa zai iya yaƙe mu? Wa zai iya shiga mafakarmu?”
၁၃အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
14 Zan hukunta ku gwargwadon ayyukanku, in ji Ubangiji. Zan sa wuta a kurminku da za tă cinye kome da yake kewaye da ku.’”
၁၄သို့ရာတွင်ငါသည်သင်ပြုခဲ့သည့်အမှု များအတွက်အပြစ်ဒဏ်ခတ်တော်မူမည်။ ငါသည်သင်၏နန်းတော်ကိုမီးသင့်လောင် စေမည်။ ထိုမီးသည်နီးနားပတ်လည်တွင်ရှိ သမျှသောအရာတို့ကိုကျွမ်းလောင်သွားစေ လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက် ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။