< Ishaya 52 >
1 Ki farka, ki farka, ya Sihiyona, ki sanya wa kanki ƙarfi. Ki sa rigarki na daraja, Ya Urushalima, birni mai tsarki. Marasa kaciya da maƙazanta ba za su shi cikinki ba.
၁အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။
2 Ki kakkaɓe ƙurarki; ki tashi, ki zauna a kursiyinki, ya Urushalima. Ki’yantar da kanki daga sarƙoƙi a wuyanki, Ke kamammiyar Diyar Sihiyona.
၂အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
3 Gama ga abin Ubangiji yana cewa, “An sayar da ke ba da kuɗi ba, kuma ba da kuɗi za a fanshe ki ba.”
၃ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်ဘိုး ငွေကို မ ရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေ မ ပေးဘဲ ရွေး ခြင်းသို့ ရောက်ကြလိမ့်မည်။
4 Gama ga abin da Ubangiji Mai Iko Duka yana cewa, “Da farko mutanena suka gangara zuwa Masar don su zauna; a baya-bayan nan, Assuriya sun zalunce su.
၄အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့သည် အထက် က အဲဂုတ္တု ပြည်၌ တည်းခို အံ့ သောငှါ သွား ကြ၏။ နောက် မှ အာရှုရိ လူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲ ကြ၏။
5 “Yanzu kuma me nake da shi a nan?” In ji Ubangiji. “Gama an kwashe mutanena ba a bakin kome ba kuma waɗanda suka mallake su sun yi musu ba’a, Kullum ana cin gaba da yin wa sunana saɓo.
၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို အကြောင်း မရှိဘဲ ယူသွား ၍ ၊ အစိုးရ သောသူတို့ သည် ဝါကြွားလျက် ငါ့ နာမ ကို နေ့ တိုင်း ကဲ့ရဲ့ ကြသည် ဖြစ်၍၊ ငါ သည် အဘယ်သို့ ပြုရမည်နည်း။
6 Saboda haka mutanena za su san sunana; saboda haka a wannan rana za su san cewa ni ne wanda ya faɗa wannan. I, ni ne.”
၆သို့ဖြစ်၍ ၊ ငါ ၏လူ တို့သည် ငါ့ ကို သိ ကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
7 Me ya fi wannan kyau a kan duwatsu a ga ƙafafu na masu kawo labari mai daɗi waɗanda suke shelar salama, waɗanda suke kawo labari mai daɗi, waɗanda suke shelar ceto, waɗanda suke ce wa Sihiyona, “Allahnki yana mulki!”
၇ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
8 Ki kasa kunne! Masu tsaronki sun tā da muryoyinsu; tare sun yi sowa ta farin ciki. Sa’ad da Ubangiji ya komo Sihiyona, za su gan shi da idanunsu.
၈သင် ၏ကင်းစောင့် တို့၏အသံ ကို နားထောင်ကြလော့။ သူတို့သည် အသံ ကို လွှင့် ၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ် တည်းကြွေးကြော် ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဇိအုန် မြို့သို့ ပြန် လာတော်မူကြောင်းကို ကိုယ်တိုင်မြင် ရကြ၏။
9 Ku ɓarke cikin waƙoƙin farin ciki gaba ɗaya, kangonki na Urushalima, gama Ubangiji ya ta’azantar da mutanensa, ya fanshi Urushalima.
၉ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။
10 Ubangiji zai nuna hannunsa mai tsarki a fili a idanun dukan al’ummai, da kuma dukan iyakokin duniya za su gani ceton Allahnmu.
၁၀ထာဝရဘုရား သည် ခပ်သိမ်းသော လူ အမျိုးမျိုး တို့ ရှေ့ မှာ၊ သန့်ရှင်း သော လက်ရုံး တော်ကို ဖွင့်ပြ တော်မူသဖြင့် ၊ မြေကြီး စွန်း ရှိသမျှ တို့သည် ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို သိ မြင်ကြလတံ့။
11 Ku fita, ku fita daga can! Kada ku taɓa wani abu marar tsarki! Ku fita daga cikinta ku zama da tsarki, ku da kuke ɗaukan kayan aikin Ubangiji.
၁၁ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
12 Amma ba za ku fita a gaggauce ba ko ku tafi da gudu; gama Ubangiji zai ja gabanku, Allah na Isra’ila zai kasance mai tsaron bayanku.
၁၂သင်တို့သည် အလျင်အမြန် မ ထွက် ရကြ။ ပြေး ၍ မ သွား ရကြ။ ထာဝရဘုရား သည် သင် တို့ရှေ့ ၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရား သခင် သည် သင် တို့အကွယ် အကာဖြစ်တော်မူမည်။
13 Duba, bawana zai aikata abubuwa da hikima; za a tā da shi a kuma ɗaga shi da ɗaukaka ƙwarai.
၁၃ကြည့် ရှုလော့။ ငါ့ ကျွန် သည် အမှုဆောင်၍ အောင် လိမ့်မည်။ ချီးမြှောက် ချီးမြှင့် ခြင်းသို့ ရောက်၍ ၊ အထွဋ်အမြတ်ဖြစ် လိမ့်မည်။
14 Kamar dai yadda aka kasance da mutane masu yawa waɗanda suka giggice sa’ad da suka gan shi, kamanninsa ya lalace ƙwarai fiye da na kowane mutum siffarsa kuma ta yi muni fiye da yadda ta mutum take,
၁၄သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူ သားမဟုတ်သကဲ့သို့ အဆင်း အသရေပျက် ခြင်းရှိသည် ကို၊ အများ သောသူတို့ သည် အံ့ဩ မိန်းမောကြသည် ဖြစ်၍၊
15 haka zai ba al’ummai masu yawa mamaki, sarakuna kuma za su riƙe bakunansu don mamaki. Gama abin da ba a faɗa musu ba, shi za su gani, kuma abin da ba su ji ba, shi za su fahimta.
၁၅ထိုအတူ သူသည် အများ သော လူမျိုး တို့ကို သန့်ရှင်း စေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင် တို့သည် မိမိ တို့ နှုတ် ကို ပိတ် ၍ နေရကြလိမ့်မည်။ သူတပါးမ ပြ ဘူး သော အရာကို သူတို့သည် မြင် ကြလိမ့်မည်။ မ ကြား ဘူး သော အရာကိုလည်း နားလည် ကြလိမ့်မည်။