< Ishaya 24 >
1 Duba, Ubangiji zai wofinta duniya ya kuma yi kaca-kaca da ita; zai ɓata fuskarta ya watsar da mazaunanta,
၁ကြည့် ရှုလော့။ ထာဝရဘုရား သည် ပြည် တော်ကို လွတ်လပ်စေ၍ ပယ်ရှင်း မှောက်ထားသဖြင့် ၊ ပြည် သား တို့ ကို ကွဲပြား စေတော်မူ၏။
2 zai zama abu ɗaya ga firist kamar yadda yake ga mutane, ga maigida kamar yadda yake ga bawa, ga uwargijiya kamar yadda yake ga baiwa, ga mai sayarwa kamar yadda yake ga mai saya, ga mai karɓan rance kamar yadda yake ga mai ba da rance, ga mai karɓan bashi kamar yadda yake ga mai ba da bashi.
၂ထိုအခါ ယဇ်ပုရောဟိတ် သည် ဆင်းရဲသား ကဲ့သို့ ၎င်း၊ သခင် သည် ကျွန် ကဲ့သို့ ၎င်း၊ သခင်မ သည် ကျွန်မ ကဲ့သို့ ၎င်း၊ ရောင်း သောသူသည် ဝယ် သောသူကဲ့သို့ ၎င်း၊ ကြွေးရှင် သည် ကြွေးတင် သောသူကဲ့သို့ ၎င်း၊ အတိုး စား သောသူသည် အတိုး ပေးသောသူကဲ့သို့ ၎င်း ဖြစ် ရ လိမ့်မည်။
3 Za a wofinta duniya ƙaƙaf a kuma washe ta sarai. Ubangiji ne ya faɗa haka.
၃တပြည် လုံး လွတ်လပ် ၍ ရှင်းရှင်းပျက်စီး ရ လိမ့်မည်ဟူ သောအရာ ကို ထာဝရဘုရား မိန့် တော်မူ၏။
4 Duniya ta bushe ta kuma yanƙwane, duniya tana shan azaba ta kuma raunana, masu daraja na duniya suna shan azaba.
၄ပြည် တော်သည် ငြိုငြင် ညှိုးငယ် ခြင်းရှိ၏။ လောက သည် အားလျော့ ၍ ညှိုးငယ် ခြင်းရှိ၏။ ဘုန်းကြီး သော ပြည် သား တို့သည် အားလျော့ ကြ၏။
5 Duniya ta ƙazantu ta wurin mutanenta sun ƙi yin biyayya da dokoki, sun keta farillai suka kuma karya madawwamin alkawari.
၅ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။
6 Saboda haka la’ana za tă auko wa duniya; dole mutanenta su ɗauki hakkin laifinsu. Saboda haka aka ƙone mazaunan duniya, kuma kaɗan ne kurum suka rage.
၆ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။
7 Sabon ruwan inabi ya bushe kuringar inabi kuma sun yanƙwane; dukan masu farin ciki suna nishi.
၇သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။
8 Kaɗe-kaɗen garayu sun yi shiru, surutun masu murna ya daina, garayan farin ciki ya yi shiru.
၈သာယာသောပတ်သာ အသံ ငြိမ်း ပြီ။ ဝမ်းမြောက် သောသူ၏ အသံ မရှိ။ သာယာ သောစောင်း သံ လည်း ငြိမ်း ပြီ။
9 Babu sauran shan ruwan inabi suna rera waƙa; barasa ya zama da ɗaci ga masu shanta.
၉သီချင်း ဆိုလျက် စပျစ်ရည် ကို မ သောက် ရကြ။ သေရည် သေရက်ကို သောက် သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
10 Birnin da aka birkice ta zama kango; an kulle ƙofar shiga kowane gida.
၁၀လွတ်လပ် သောမြို့ သည် ပြို ပျက်လေပြီ။ အဘယ်သူ မျှ မဝင်စေခြင်းငှါ၊ အိမ် များကို ပိတ် ထားကြပြီ။
11 A tituna suna kukan neman ruwan inabi; dukan farin ciki ya dawo baƙin ciki, an hana dukan kaɗe-kaɗe a duniya.
၁၁စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။
12 An bar birnin kango, aka yi kaca-kaca da ƙofofinta.
၁၂ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့ တံခါး ကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက် ကြပြီ။
13 Haka zai zama a duniya da kuma a cikin al’ummai, kamar sa’ad da akan karkaɗe itacen zaitun, ko kuma kamar sa’ad da ake barin kala bayan an girbe inabi.
၁၃ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
14 Sun daga muryoyinsu, sun yi sowa ta farin ciki; daga yamma sun furta darajar Ubangiji.
၁၄ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။
15 Saboda haka a gabas sun ɗaukaka Ubangiji, a ɗaukaka sunan Ubangiji, Allah na Isra’ila, a cikin tsibiran teku.
၁၅သို့ဖြစ်၍ ၊ အရှေ့ မျက်နှာအရပ်တို့၌ ထာဝရဘုရား ကို၎င်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမ တော်ကို၎င်းချီးမွမ်း ကြလော့။
16 Daga iyakokin duniya mun ji waƙoƙi, “Ɗaukaka ga Mai Adalcin nan.” Amma na ce, “Na lalace, na lalace! Kaitona! Munafukai sun ci amana! Da munafunci munafukai sun ci amana!”
၁၆သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
17 Razana da rami da tarko suna jiranku, Ya mutanen duniya.
၁၇အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
18 Duk wanda ya yi ƙoƙarin tserewa daga ƙarar razana zai fāɗa cikin rami; wanda kuma ya tsere daga rami za a kama shi a tarko. An buɗe ƙofofin ambaliyar ruwan sama, harsashen ginin duniya suna rawa.
၁၈ကြောက်လန့် ဘွယ်သော အရာ မှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ကောင်းကင် ပြွန် ဝပွင့် လျက်ရှိ၍ ၊ မြေကြီး အမြစ် လည်း လှုပ်ရှား လေ၏။
19 An tsage duniya, duniya ta farfashe ta wage, an girgiza duniya ƙwarai.
၁၉ပြည် တော်သည် တပြည်လုံး ပြုတ် လေပြီ။ ပြည် တော်သည် အကုန်အစင်ပြို ပျက်လေပြီ။ ပြည် တော်သည် အလွန်တုပ်လှုပ် လျက် ရှိလေ၏။
20 Duniya tana tangaɗi kamar mashayi, tana lilo kamar rumfa a cikin iska; laifin tayarwarta ya yi nauyi sosai har ta fāɗi ba kuwa za tă ƙara tashi ba.
၂၀ပြည် တော်သည် ယစ်မူး သောသူကဲ့သို့ တလူး လည်လည်ရှိ၏။ ပုခက် ကဲ့သို့ လှုပ်ရှား ၏။ မိမိ အပြစ် သည် မိမိ အပေါ် မှာ လေး သဖြင့် ၊ ပြည်တော်သည် လဲ လိမ့်မည်။ နောက်တဖန် မ ထ ရ။
21 A wannan rana Ubangiji zai hukunta ikokin da suke cikin sama da kuma sarakunan da suke a duniya.
၂၁ထို ကာလ ၌ ထာဝရဘုရား သည်၊ မြင့် သောအရပ်၌ မြင့် သောအလုံး အရင်းကို ၎င်း ၊ မြေ ပေါ် မှာမြေကြီး ရှင် ဘုရင်တို့ကို ၎င်းကြည့်ရှုစစ်ကြော တော်မူလိမ့်မည်။
22 Za a tattara su tare kamar ɗaurarru a kurkuku; za a rufe su a kurkuku a kuma hukunta su bayan kwanaki masu yawa.
၂၂သူတို့သည် တွင်း ထဲ မှာ တစု တည်းစုဝေး ၍ ချည်နှောင် ခြင်း၊ ထောင် ထဲ မှာ ချုပ် ထားခြင်းကိုခံ လျက် နေရ ကြလိမ့်မည်။ များ စွာသော နေ့ရက် ကာလလွန်ပြီးမှ ၊ စစ်ကြော ခြင်းကိုခံ ရကြလိမ့်မည်။
23 Sa’an nan wata zai ruɗe, rana ta ji kunya; gama Ubangiji Maɗaukaki zai yi mulki a kan Dutsen Sihiyona da kuma a cikin Urushalima, da kuma a gaban dattawanta, da ɗaukaka.
၂၃လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။