< Ibraniyawa 7 >
1 Wannan Melkizedek sarkin Salem ne da kuma firist na Allah Mafi Ɗaukaka. Shi ne ya sadu da Ibrahim ya albarkace shi sa’ad da Ibrahim ya dawowa daga cin nasara a bisa sarakuna,
၁မင်းကြီး များကို လုပ်ကြံ ရာမှ ပြန်လာ သော အာဗြဟံ ကို ခရီးဦးကြိုပြု ၍ ကောင်းကြီး ပေးပြီးလျှင် ၊
2 Ibrahim kuwa ya ba shi kashi ɗaya bisa goma na kome. Ma’anar sunan Melkizedek ita ce, “sarkin adalci.” Amma da yake Salem yana nufin “salama,” shi kuma “Sarkin salama” ne.
၂အာဗြဟံ လှူ သောလက်ရဥစ္စာရှိသမျှ ကို ဆယ်ဘို့တဘို့ ခံယူသော ထိုရှာလင် မင်းကြီး တည်းဟူသောအမြင့်ဆုံး သော ဘုရားသခင် ၏ ယဇ် ပုရောဟိတ်မေလခိဇေဒက် သည်၊ နာမရင်းအနက် အားဖြင့်တရား မင်း ၊ ထိုမှတစ်ပါး၊ ငြိမ်သက် ခြင်းမင်း ဟုဆိုလို သော ရှာလင် မင်း ဖြစ် လျက်၊
3 Ba shi da mahaifi ko mahaifiya, ba shi da asali, ba shi da farko ko ƙarshe, shi dai kamar Ɗan Allah ne kuma firist ne har abada.
၃အဘ မရှိ၊ အမိ မရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင် ၏ သား တော်နှင့် တူ ၍၊ ယဇ် ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည် ၏
4 Ku dubi irin girman da Melkizedek mana. Ko kakanmu Ibrahim ma ya ba shi kashi ɗaya bisa goma na ganima!
၄အမျိုး၏အဘ အာဗြဟံ သည်၊ လက်ရ ဥစ္စာများကို ဆယ်ဘို့တဘို့ လှူ ၍ အလှူခံသောထို မင်း သည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင် ကြလော့
5 Yanzu doka ta umarci zuriyar Lawi waɗanda suka zama firistoci su karɓi kashi ɗaya bisa goma daga wurin mutane, wato,’yan’uwansu, ko da yake’yan’uwansu zuriyar Ibrahim ne.
၅ယဇ် ပုရောဟိတ်အရာကိုခံ သော လေဝိ သား တို့သည် အာဗြဟံ အမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိ တို့ညီအစ်ကို များလက်မှ ပညတ် တရားအတိုင်း ဆယ်ဘို့တဘို့ ကို ခံရသော အခွင့် ရှိ ကြ၏
6 Ko da yake Melkizedek ba daga zuriyar Lawi ba ne, duk da haka Ibrahim ya ba shi kashi ɗaya bisa goma na abin da yake da shi, Melkizedek kuwa ya sa masa albarka, shi da aka yi wa alkawura.
၆သူ တို့ အမျိုး မ ဟုတ်သော ထိုမင်း မူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တစ်ဘို့ ကို ခံလေ၏။ ဂတိ တော်တို့ကိုခံရ သော သူ ကိုလည်း ကောင်းချီး ပေးလေ၏
7 Kowa ya sani cewa na gaba shi yake sa wa na baya albarka.
၇ကြီး သောသူသည် ငယ် သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံ ဘွယ်မ ရှိ
8 Firistoci ake ba wa kashi ɗaya bisa goma na abin da mutane suke samu. Amma dukan firistoci sukan mutu, sai dai Melkizedek, kuma nassi ya ce yana da rai.
၈ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏
9 Ana ma iya cewa zuriyar Lawi, mai karɓar kashi ɗaya bisa goma daga mutane, ya ba da kashi ɗaya bisa goma ta wurin Ibrahim,
၉ထိုမှတစ်ပါး ၊ ဆယ်ဘို့တဘို့ ကိုခံ တတ်သော လေဝိ သည် အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ ကို ပေးပြီဟု ဆို စရာ အခွင့် ရှိ၏
10 wannan ya kasance haka domin an haifi Lawi daga baya a iyalin Ibrahim wanda ya ba wa Melkizedek kashi ɗaya bisa goma.
၁၀အကြောင်းမူကား ၊ မေလခိဇေဒက် သည် အာဗြဟံ ကိုတွေ့ သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိ သတည်း
11 Ko da yake Dokar Musa ta ce dole firistoci su kasance zuriyar Lawi, waɗannan firistoci ba su iya sa wani yă zama cikakke ba. Saboda akwai bukata wani firist kamar Melkizedek ya zo, a maimakon wani daga iyalin Haruna.
၁၁တနည်းကား၊ လေဝိ မှဆင်းသက်သော ယဇ် ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူ များတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင် ခြင်းသို့ ရောက် နိုင်သည်မှန် လျှင် ၊ အခြား သော ယဇ် ပုရောဟိတ်သည်၊ အာရုန် နည်းတူ မ ခေါ်ဝေါ် ဘဲ၊ မေလခိဇေဒက် နည်းတူ ပေါ်ထွန်း စရာအကြောင်း အဘယ်သို့ ရှိ သေး သနည်း
12 Gama in aka canja yadda ake zaɓan firist, dole a canja Dokar ita ma.
၁၂ယဇ် ပုရောဟိတ်အမျိုးသည် ပြောင်းလဲ လျှင်၊ ပညတ် တရားသည် မပြောင်းလဲ ဘဲမနေနိုင်ရာ
13 Mutumin da muke wannan zance a kai, ai, shi na wata kabila ce dabam, wadda ba wani daga kabilar da ya taɓa yin hidima a bagade.
၁၃ထို ဗျာဒိတ်တော်ကို ခံရသောသူ သည်၊ ယဇ်ပလ္လင် ဝတ် ကို တစ် ယောက်မျှမပြုရသောအမျိုး နှင့် စပ်ဆိုင် ပေ၏
14 Kowa ya san cewa Ubangijinmu ya fito ne daga zuriyar Yahuda ne, kuma Musa bai taɓa ce firistoci za su fito daga wannan kabila ba.
၁၄အကြောင်းမူကား ၊ ငါ တို့သခင် သည် ယုဒ အမျိုးထဲ၌ ပေါ်ထွန်း သည်ဟု ထင်ရှား လျက်ရှိ၏။ ထို အမျိုး သည် ယဇ် ပုရောဟိတ်အရာနှင့် စပ်ဆိုင် သည်ဟု မောရှေ သည် တစ်ခွန်းကို မျှမပြော
15 Canjin nan a Dokar Allah ya ƙara fitowa fili da wani firist dabam wanda yake kamar Melkizedek ya bayyana.
၁၅ထိုမှတစ်ပါး ၊ မေလခိဇေဒက် နည်းတူ အခြား သော ယဇ် ပုရောဟိတ်သည် ပေါ်ထွန်း သည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား ၏
16 Ya zama firist ne ba saboda ya cika wata ƙa’ida ta zama zuriyar Lawi ba, sai dai bisa ga ikon ran da ba a iya hallakawa.
၁၆ထိုယဇ် ပုရောဟိတ်သည် ကိုယ်ခန္ဓာ နှင့် စပ်ဆိုင် သော တရား အတိုင်း ခန့်ထား လျက်ရှိသည်မ ဟုတ်။ ထာဝရ အသက် ၏ တန်ခိုး အာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း
17 Gama nassi ya ce, “Kai firist ne na har abada, bisa ga tsarin Melkizedek.” (aiōn )
၁၇အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း (aiōn )
18 Ta haka aka kawar da ƙa’ida marar ƙarfi da kuma marar amfani
၁၈ပညတ် တရားသည် အဘယ်သူ ကိုမျှ စုံလင် ခြင်းသို့ မပို့ နိုင်သည် ဖြစ်၍
19 (gama doka ba tă mai da wani abu cikakke ba), yanzu kuwa bege mafi kyau ya ɗauki matsayinta. Ta haka kuma muka matso kusa da Allah.
၁၉ရှေး ပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုး ကိုမပေးနိုင်သောကြောင့် ၊ ပယ်ရှင်း ခြင်းသို့ ရောက် ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ရကြ၏
20 Ba kuwa da rashin rantsuwa aka yi haka ba. Waɗansu sun zama firistocin ba tare da wata rantsuwa ba,
၂၀ထိုသူ တို့သည် အကျိန် တော်မ ရှိဘဲယဇ် ပုရောဟိတ်အရာကို ရ ကြ၏
21 shi wannan ya zama firist ta wurin rantsuwar da Allah ya yi da ya ce masa, “Ubangiji ya rantse, ba kuwa zai canja zuciyarsa ba, ‘Kai firist ne na har abada.’” (aiōn )
၂၁ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ (aiōn )
22 Saboda wannan rantsuwa, Yesu ya zama tabbacin alkawari mafi kyau.
၂၂သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ် ၏
23 To, akwai waɗannan firistoci da yawa, da yake mutuwa ta hana su cin gaba da aikin zaman firist;
၂၃ထိုသူ တို့သည်လည်း သေ ရသောကြောင့် အစဉ် မ တည်နိုင်သည် ဖြစ်၍အများ ရှိ ရကြ၏
24 amma Yesu ba zai mutu ba, don haka zai zama firist har abada. (aiōn )
၂၄ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် မ ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏ (aiōn )
25 Saboda haka ya iya ba da ceto gaba ɗaya ga masu zuwa wurin Allah ta wurinsa, gama kullum a raye yake saboda yă yi roƙo dominsu.
၂၅ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏
26 Irin wannan babban firist ne muke bukata, shi mai tsarki ne, marar aibi, mai tsabta, ba kamar mu masu zunubi ba sam. An ɗaukaka shi fiye da kome a sama.
၂၆ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် မ ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏
27 Ba ya bukata yă yi ta miƙa hadayu kowace rana saboda zunubansa, sa’an nan saboda zunuban mutane kamar sauran firistoci. Ya miƙa hadaya sau ɗaya tak, sa’ad da ya miƙa kansa.
၂၇အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ
28 Gama doka takan naɗa babban firist a cikin mutane masu kāsawa; amma rantsuwar da ta zo bayan dokar, ta naɗa Ɗan, wanda aka mai da shi cikakke har abada. (aiōn )
၂၈ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။ (aiōn )