< Farawa 32 >
1 Yaƙub shi ma ya kama hanyarsa, sai mala’ikun Allah suka sadu da shi.
၁ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
2 Sa’ad da Yaƙub ya gan su sai ya ce, “Wannan sansanin Allah ne!” Saboda haka ya kira wannan wuri Mahanayim.
၂ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ၍ ၊ ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။
3 Sai Yaƙub ya aiki manzanni su sha gabansa zuwa wurin ɗan’uwansa Isuwa a ƙasar Seyir, a ƙauyen Edom.
၃ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
4 Ya umarce su, “Ga abin da za ku faɗa wa maigidana Isuwa, ‘Bawanka Yaƙub ya ce, na yi zama tare da Laban na kuwa kasance a can sai yanzu.
၄ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ၍ ၊ ယခု တိုင်အောင် နေ ပါပြီ။
5 Ina da shanu da jakuna, tumaki da awaki, bayi maza da mata. Yanzu ina aika da wannan saƙo zuwa ga ranka yă daɗe, don in sami tagomashi a idanunka.’”
၅ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။
6 Sa’ad da manzannin suka komo wurin Yaƙub, suka ce, “Mun tafi wurin ɗan’uwanka Isuwa, yanzu kuwa yana zuwa ya sadu da kai, da kuma mutum ɗari huɗu tare da shi.”
၆တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ၍ ၊ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါ ၊ လူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။
7 Da tsoro mai yawa da kuma damuwa, Yaƙub ya rarraba mutanen da suke tare da shi ƙungiyoyi biyu, haka ma garkunan tumaki da awaki, da garkunan shanu da raƙuma.
၇ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် ၍ စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။
8 Ya yi tunani, “In Isuwa ya zo ya fāɗa wa ƙungiya ɗaya, sai ƙungiya ɗayan da ta ragu ta tsira.”
၈အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင် ၊ ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။
9 Sa’an nan Yaƙub ya yi addu’a, “Ya Allah na mahaifina Ibrahim, Allah na mahaifina Ishaku. Ya Ubangiji kai da ka ce mini, ‘Koma ƙasarka zuwa wurin danginka, zan kuma sa ka yi albarka.’
၉တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ၌ ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။
10 Ban cancanci dukan alheri da amincin da ka nuna wa bawanka ba. Da sanda kaɗai nake sa’ad da na ƙetare wannan Urdun, amma ga shi yanzu na zama ƙungiyoyi biyu.
၁၀ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
11 Ka cece ni, ina roƙonka daga hannun ɗan’uwana Isuwa, gama ina tsoro zai zo yă fāɗa mini, yă karkashe mu duka,’ya’ya da iyaye.
၁၁သို့ဖြစ်၍ ၊ အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်း ၊ သား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။
12 Amma ka riga ka faɗa, ‘Tabbatacce zan sa ka yi albarka. Zan kuma sa zuriyarka su zama kamar yashin teku da ba a iya ƙirgawa.’”
၁၂ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
13 Ya kwana a can, daga cikin abin da yake tare da shi kuwa, ya zaɓi kyauta domin ɗan’uwansa Isuwa,
၁၃ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှ ၊ မိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊
14 awaki ɗari biyu da bunsurai ashirin, tumaki ɗari biyu da raguna ashirin,
၁၄ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
15 raƙuma mata talatin tare da ƙananansu, shanu arba’in da bijimai goma, jakuna mata ashirin da kuma jakuna maza goma.
၁၅နို့စို့သား ငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ် မ သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊
16 Ya sa su a ƙarƙashin kulawar bayinsa, kowane kashin garke ya kasance a ware. Ya ce wa bayinsa, “Ku sha gabana, ku kuma ba da rata tsakanin garke da garke.”
၁၆အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင် ၊ သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍ ၊ တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။
17 Ya umarci wanda yake jagorar ya ce, “Sa’ad da ɗan’uwana Isuwa ya sadu da ku ya kuma yi tambaya, ‘Ku na wane ne, ina za ku, kuma wane ne mai dukan dabbobin nan da suke gabanku?’
၁၇ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ ၍ ၊ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင်၊
18 Sai ku ce, ‘Na bawanka Yaƙub ne. Kyauta ce wa maigidana Isuwa, yana kuma tafe a bayanmu.’”
၁၈ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။
19 Yaƙub ya kuma umarci na biyu da na uku da kuma dukan waɗansu da suka bi garkunan, “Sai ku faɗa irin abu guda ga Isuwa sa’ad da kuka sadu da shi.
၁၉ထိုနည်းတူ ၊ ဒုတိယ သူ၊ တတိယ သူမှစ၍ ၊ အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်း ၊ သင် တို့သည် ဧသော နှင့် တွေ့ လျှင် ၊ ဤ သို့လျှောက် ရမည်ဟူ၍၎င်း၊
20 Ku kuma tabbata kun ce, ‘Bawanka Yaƙub yana tafe a bayanmu.’” Gama Yaƙub ya yi tunani cewa, “Zan kwantar da ran Isuwa da waɗannan kyautai, kafin mu sadu fuska da fuska, wataƙila yă karɓe shi.”
၂၀ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
21 Saboda haka kyautai Yaƙub suka sha gabansa, amma shi kansa ya kwana a sansani.
၂၁ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍ ၊ သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။
22 A wannan dare Yaƙub ya tashi ya ɗauki matansa biyu, da matan nan biyu masu hidima da’ya’yansa goma sha ɗaya ya haye rafin Yabbok.
၂၂ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
23 Bayan ya sa suka haye rafin, haka ma ya tura dukan mallakarsa zuwa hayen.
၂၃ထိုသို့ သူ တို့ကိုယူ ၍ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ၊
24 Saboda haka sai aka bar Yaƙub shi kaɗai. Sai ga wani mutum ya zo ya yi kokawa da shi har wayewar gari.
၂၄ယာကုပ် သည် တယောက် တည်းနေရစ် ၍ ၊ လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။
25 Da mutumin ya ga cewa bai fi ƙarfin Yaƙub ba, sai ya bugi kwarin ƙashin cinyar Yaƙub, sai gaɓar ƙashin cinyarsa ya goce, a sa’ad da yake kokawa da mutumin.
၂၅ထိုသူသည် မိမိ မ နိုင် မှန်းကို သိ လျှင် ၊ ယာကုပ် ပေါင် ချန် ကို ထိုး ၍ ၊ လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။
26 Sa’an nan mutumin ya ce, “Bar ni in tafi, gama gari ya waye.” Amma Yaƙub ya amsa ya ce, “Ba zan bar ka ka tafi ba, sai ka sa mini albarka.”
၂၆ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။
27 Mutumin ya tambaye shi ya ce, “Mene ne sunanka?” Yaƙub ya amsa ya ce, “Yaƙub.”
၂၇ထိုသူ က လည်း ၊ သင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။
28 Sai mutumin ya ce, “Sunanka ba zai ƙara zama Yaƙub ba, amma Isra’ila, gama ka yi kokawa da Allah da mutane, ka kuwa yi rinjaye.”
၂၈နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
29 Yaƙub ya ce, “Ina roƙonka, faɗa mini sunanka.” Amma mutumin ya amsa ya ce, “Me ya sa kake tambayata sunana?” Sa’an nan ya albarkace shi.
၂၉ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။
30 Saboda haka Yaƙub ya kira wurin Feniyel, yana cewa, “Domin na ga Allah fuska da fuska, duk da haka aka bar ni da rai.”
၃၀ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
31 Rana ta yi sama a sa’ad da ya wuce Fenuwel yana kuma ɗingishi saboda ƙashin cinyarsa.
၃၁ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။
32 Wannan ya sa har wa yau Isra’ilawa ba sa cin jijiyar ƙashin cinya wadda take a kwarin ƙashin cinya, domin an taɓa kwarin ƙashin cinyar Yaƙub kusa da jijiyar.
၃၂ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့် ၊ ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ၌ ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် မ စား ရှောင်လေ့ရှိကြ၏။