< Farawa 23 >
1 Saratu ta yi shekara ɗari da ashirin da bakwai a duniya.
၁စာရာ သည် အသက် တရာ နှစ် ဆယ်ခုနစ် နှစ် ရှိ ၏။ ထိုမျှလောက်အသက်ကြီးသော်၊
2 Ta rasu a Kiriyat Arba (wato, Hebron) a ƙasar Kan’ana, Ibrahim kuwa ya tafi ya yi makokin Saratu, yana kuka saboda ita.
၂ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။
3 Sai Ibrahim ya tashi daga gefen matarsa da ta mutu, ya yi magana da Hittiyawa. Ya ce,
၃အာဗြဟံ သည် မိမိမယားအသေ ကောင်ရှေ့ က ထ ၍ ၊ ဟေသ အမျိုးသား တို့အား၊
4 “Ni baƙo ne, kuma baƙo a cikinku. Ku sayar mini da wani wuri yă zama wurin binnewa a nan, domin in binne mataccena.”
၄ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။
5 Hittiyawa suka ce wa Ibrahim,
၅ဟေသ အမျိုးသား တို့က၊ အကျွန်ုပ် တို့သခင် ၊ နားထောင် ပါ။
6 “Ranka yă daɗe, ka saurare mu. Kai babban yerima ne a cikinmu. Ka binne mataccenka a kabari mafi kyau na kaburburanmu. Babu waninmu da zai hana ka kabarinsa don binne mataccenka.”
၆ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရား သခင်နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ် တို့၏သင်္ချိုင်း များ တွင် ရွေး ၍ ၊ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့။ ကိုယ်တော် ၏မယားအသေ ကောင်ကို မ သင်္ဂြိုဟ် စေခြင်းငှါ၊ အကျွန်ုပ် တို့တွင် အဘယ်သူမျှမိမိ သင်္ချိုင်း ကို မပေးဘဲမနေပါဟု၊ အာဗြဟံ အား ပြန် ပြောကြ ၏။
7 Sai Ibrahim ya tashi ya rusuna a gaban mutanen ƙasar, wato, Hittiyawan.
၇အာဗြဟံ သည် ထ ၍ ၊ ထိုပြည် သား တည်းဟူသောဟေသ အမျိုးသား များရှေ့ မှာ ဦးညွှတ် ချလျက်၊
8 Ya ce musu, “In kuna so in binne mataccena, sai ku ji ni, ku roƙi Efron ɗan Zohar a madadina
၈ငါသည် ငါ ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင် တို့အလိုရှိ လျှင် ၊ ငါ့ စကားကို နားထောင် ကြပါလော့။
9 domin yă sayar mini da kogon Makfela, wanda yake nasa, wannan da yake a ƙarshen filinsa. Ku ce masa yă sayar mini a cikakken farashi, yă zama mallakata domin makabarta tsakaninku.”
၉သင်တို့တွင် ငါပိုင် ထိုက်သောသင်္ချိုင်း ရှိစေခြင်းငှါ၊ ဇောဟာ သား ဧဖရုန် သည်၊ မိမိ လယ်ပြင် အစွန်း ၌ ရှိသောမပ္ပေလ မြေတွင်း ကို၊ အဘိုး ထိုက် သမျှ ငွေနှင့်ငါ့ အား ရောင်း စေခြင်းငှါ၊ ငါ့ အတွက် သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
10 Efron mutumin Hitti yana zaune a cikin mutanensa, sai ya amsa wa Ibrahim a kunnuwan dukan Hittiyawa waɗanda suka zo ƙofar birni.
၁၀ထိုအခါ ဧဖရုန် သည်၊ ဟေသ အမျိုးသား တို့တွင် ထိုင် လျက်ရှိ၏။ သို့ဖြစ်၍ မြို့ တံခါး သို့ ဝင် သောသူ အပေါင်း တည်းဟူသောဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ ဟိတ္တိ အမျိုးသားဧဖရုန် က၊ ထိုသို့မဟုတ်ပါ။
11 Ya ce, “A’a, ranka yă daɗe, ka ji ni, na ba ka filin, na kuma ba ka kogon da yake cikinsa. Na ba ka shi a gaban mutanena. Ka binne mataccenka.”
၁၁အကျွန်ုပ် သခင် ၊ အကျွန်ုပ် စကားကို နားထောင် ပါ။ ထိုလယ်ပြင် ကို၎င်း၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ် အမျိုးသား များ ရှေ့ ၌၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ ကိုယ်တော် ၏ မယားအသေ ကောင်ကို သင်္ဂြိုဟ် ပါဟု၊ အာဗြဟံ အား ပြန်ပြော လေ၏။
12 Ibrahim ya sāke rusuna a gaban mutanen ƙasar
၁၂အာဗြဟံ သည်လည်း ၊ ထိုပြည် သား များ ရှေ့မှာ ဦးညွှတ် ချလျက်၊ အကယ်၍ငါ့စကားကို နားထောင်ပါ။
13 ya ce wa Efron a kunnuwansu, “Ka ji, in ka yarda. Zan biya farashin filin. Ka karɓa daga gare ni don in iya binne mataccena a can.”
၁၃ထိုလယ်ပြင် အဘိုး ငွေကို ငါပေး မည်။ ငွေကိုယူ ပါ၊ သို့ဖြစ်လျှင် ၊ ထို အရပ်၌ ငါ ၏မယားအသေ ကောင်ကို ငါသင်္ဂြိုဟ် ပါမည်ဟု ပြည် သား ပရိသတ် တို့ရှေ့ မှာ၊ ဧဖရုန် အား ပြောဆို ၏။
14 Efron ya ce wa Ibrahim,
၁၄ဧဖရုန် ကလည်း ၊ အကျွန်ုပ် သခင် ၊ နားထောင် ပါ။
15 “Ka saurare ni, ranka yă daɗe; darajan filin ya kai shekel ɗari huɗu na azurfa, amma mene ne wannan a tsakanina da kai? Ka binne mataccenka.”
၁၅ထိုမြေ သည် ငွေ လေး ပိဿာ အဘိုးထိုက်ပါ၏။ ကိုယ်တော် နှင့် အကျွန်ုပ် ၌ အဘယ် အတွက်ရှိသနည်း။ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့ဟု၊ အာဗြဟံ အား ပြန်ပြော ၏။
16 Ibrahim ya yarda da sharuɗan Efron, sai ya auna masa farashin da ya faɗa a kunnuwan Hittiyawa, shekel ɗari huɗu na azurfa, bisa ga ma’aunin da’yan kasuwa suke amfani da shi a lokacin.
၁၆အာဗြဟံ သည်လည်း ၊ ဧဖရုန် စကားကို နားထောင် သည်ဖြစ်၍ ၊ ကုန်သည် သုံးတတ်သော ငွေမျိုး၊ ဟေသ အမျိုးသား ပရိသတ် ရှေ့ ၊ ဧဖရုန် အဘိုး ပြတ် သည် အတိုင်း ၊ ငွေ လေး ပိဿာ ကို ချိန် ၍ ၊ သူ့အားပေးလေ၏။
17 Ta haka filin Efron a Makfela kusa da Mamre, wato, filin da kogon a cikinsa, da kuma dukan itatuwan da suke cikin iyakoki filin, aka
၁၇ထိုသို့ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ အရပ်၌ ရှိသောဧဖရုန် ၏လယ်ပြင် ကို၎င်း ၊ လယ်ပြင် ၌ ရှိသောမြေတွင်း နှင့် သစ်ပင် များ၊ ပတ်ဝန်းကျင် သစ်ပင်များကို၎င်း၊
18 ba wa Ibrahim a matsayin mallakarsa a gaban dukan Hittiyawa waɗanda suka zo ƙofar birnin.
၁၈ဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ မြို့ တံခါး သို့ ဝင် သောသူအပေါင်း တို့ရှေ့ မှာ၊ အာဗြဟံ ဥစ္စာ ဘို့ လုံခြုံစွာ အပ်ပေးလေ၏။
19 Bayan wannan Ibrahim ya binne matarsa Saratu a kogon a filin Makfela kusa da Mamre (wanda yake a Hebron) a ƙasar Kan’ana.
၁၉ထိုနောက်မှ အာဗြဟံ သည်၊ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ လယ်ပြင် မြေတွင်း ၌ မယား စာရာ ကို သင်္ဂြိုဟ် ရလေ ၏။ ထိုအရပ် ကား၊ ခါနာန် ပြည် ဟေဗြုန် အရပ် ဖြစ် သတည်း။
20 Da filin da kuma kogon da yake cikinsa, Hittiyawa suka tabbatar wa Ibrahim a matsayin makabarta.
၂၀ထိုလယ်ပြင် နှင့် မြေတွင်း ကို၊ အာဗြဟံ ပိုင် ထိုက် သော သင်္ချိုင်း ဖြစ်စေခြင်းငှါ၊ ဟေသ အမျိုးသား တို့သည် လုံခြုံစွာ အပ်ပေးကြ၏။