< Ezra 6 >

1 Sarki Dariyus kuwa ya ba da umarni a bincika a duba cikin littattafan tarihin da suke a ajiye a wurin ajiyarsu a Babilon.
ထိုအခါ ဒါရိ မင်းကြီး အမိန့် တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာ တော်ထား ရာစာ တိုက် ၌ ရှာဖွေ ကြ၏။
2 Sai aka sami takarda a Ekbatana a yankin Mediya, ga kuma abin da yake rubuce a ciki. Abin tunawa.
မေဒိ ပြည် ၊ အာခမေသ မြို့၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသောစကားဟူမူကား၊
3 A shekara ta farko ta mulkin sarki Sairus, sarki ya ba da umarni game da haikalin Allah a Urushalima, ya ce, Bari a sāke gina haikalin yă zama wurin miƙa hadayu, a kuma aza harsashin ginin haikalin. Tsayinsa zai zama ƙafa tasa’in, fāɗinsa kuma kamu tasa’in.
ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
4 Za a jera manyan duwatsu jeri uku, da jeri ɗaya na katako. Daga asusun sarki kuma za a biya kuɗin aikin.
ကြီး သောကျောက် တန်း သုံး ဆင့်၊ အသစ် သော သစ်သား တန်း တဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ် များ ကိုလည်း ဘဏ္ဍာ တော်ထဲက ထုတ်၍ပေး စေ။
5 Kwanonin zinariya da na azurfan gidan Allah waɗanda Nebukadnezzar ya kwashe daga haikali a Urushalima ya kawo Babilon, a mayar da su wurinsu a haikali a Urushalima; a sa su cikin gidan Allah.
ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက နေဗုခဒ်နေဇာ ထုတ် ၍ ဘုရား သခင်၏အိမ် တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန် မြို့သို့ ဆောင် ခဲ့သော ရွှေ တန်ဆာငွေ တန်ဆာ တို့ကို ပြန်ပေး စေ။ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရား အိမ် တော်ထဲ တွင် မိမိ တို့နေရာ ၌ ထားစေဟု ကုရု မင်းကြီး သည် နန်းစံပဌမ နှစ် တွင် ၊ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမှု မှာ အမိန့် တော်ရှိ၏။
6 Saboda haka Tattenai, gwamnan Kewayen Kogin Yuferites, da Shetar-Bozenai, da ku masu muƙami na yankin, ku bar wurin.
သို့ဖြစ်၍၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သင် တို့အပေါင်း အဘော်တည်း ဟူသောမြစ် အနောက် ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွား ကြ။
7 Kada ku hana wannan aiki na haikalin Allah. Bari gwamnan Yahudawa, da dattawan Yahudawa su sāke gina wannan gidan Allah a wurin da yake a dā.
ထိုဘုရား ၏အိမ် တော်တည်ခြင်း အမှု ကိုမဆီး မတားကြနှင့်။ ယုဒ မြို့ဝန် နှင့် ယုဒ အမျိုး အသက် ကြီးသူတို့ သည် ထိုအိမ် တော်ကို မိမိ နေရာ ၌ တည် ပါလေစေ၊
8 Na kuma ba da umarni game da abin da za ku yi wa dattawan Yahudawa cikin aikin ginin wannan gidan Allah. Daga asusun sarki a kuɗin da yake shigo wa Kewayen Kogin Yuferites za a biya mutanen nan duka, domin kada aikin yă tsaya.
ထိုမှတပါး၊ သင်တို့သည် ထို ဘုရား ၏ အိမ် တော် တည် ခြင်းအမှုကို ယုဒ အမျိုးအသက် ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီး အတားမ ရှိစေခြင်းငှါ ၊ မြစ် အနောက် ဘက်၌ ခံသောအခွန် တော်တည်း ဟူသောဘဏ္ဍာ တော်ထဲက အိမ်တော်တည်စရာစရိတ် ကို ချက်ခြင်း ထုတ်ပေး ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
9 A tanada musu duk abin da suke bukata. A ba su’yan bijimai, da raguna, da’yan tumaki domin miƙa hadaya ta ƙonawa ga Allah na sama, haka kuma dole a tanada wa firistoci alkama, da gishiri, da ruwan inabi, da mai, kullum ba fasawa yadda firistoci suke yi a Urushalima
ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊
10 domin su miƙa hadayu masu daɗi ga Allah na Sama, su kuma yi addu’a domin lafiyar sarki da’ya’yansa.
၁၀ရှင် ဘုရင်အသက် ၊ ဆွေ တော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်း စေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင် မြို့ ယဇ်ပုရောဟိတ် တို့ စီရင် သည်အတိုင်း ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်အား မီး ရှို့ရာယဇ် ပူဇော်စရာဘို့ နွား ၊ သိုး ထီး၊ သိုး သငယ်၊ စပါး၊ ဆား ၊ စပျစ်ရည် ၊ ဆီ တို့ကိုနေ့တိုင်း အစဉ် မပြတ်ပေး စေ။
11 Na kuma yi umarni cewa duk wanda ya karya wannan doka sai a fitar da itace daga cikin gidansa, a fiƙe kan itacen, a tsire mutumin, sa’an nan a mai da gidansa juji.
၁၁၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။
12 Bari Allah yă sa sunansa yă kasance, yă hamɓarar da duka wani sarki ko mutanen da za su sa hannu don a sāke wannan doka, ko kuma don su rushe haikalin nan a Urushalima. Ni Dariyus na ba da wannan umarni, bari a yi biyayya babu wasa.
၁၂ယေရုရှလင် မြို့၏ ဘုရား အိမ် တော်ကို ကျိုးပဲ့ပျက်စီး စေခြင်းငှါ ပြုသောရှင် ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမ တော်တည် စေသော ဘုရား သခင်သည် ဖျက်ဆီး တော်မူပါစေသော။ ငါ ဒါရိ သည် အမိန့် တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန် ပြု စေဟု ပေးလိုက်သတည်း။
13 Saboda umarnin da sarki Dariyus ya aika, sai Tattenai, gwamnan Kewayen Kogin Yuferites da Shetar-Bozenai da abokansu suka yi biyayya da umarnin babu wasa.
၁၃ထိုအခါ ဒါရိ မင်းကြီး ပေး လိုက်သော အမိန့်တော် အတိုင်း ၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သူ တို့အပေါင်း အဘော်တို့သည် အလျင် အမြန် ပြု ကြ၏။
14 Dattawan Yahuda kuwa suka ci gaba da ginin suna yin nasara ta wurin wa’azin Haggai annabi da Zakariya ɗan Iddo. Suka kuma gama ginin haikalin bisa ga umarnin Allah na Isra’ila da kuma umarnin Sairus da Artazerzes, sarakunan Farisa.
၁၄ယုဒ အမျိုးအသက် ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ဇာခရိ ဟော သော အားဖြင့် ၊ အကြံ ထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရား သခင် အမိန့် တော်နှင့် ပေရသိ ရှင် ဘုရင်ကုရု မင်း၊ ဒါရိ မင်း အမိန့် တော်အတိုင်း တည်ဆောက် ၍ လက်စသတ် ကြ၏။
15 An gama ginin haikalin a rana ta uku na watan Adar a shekara ta shida ta mulkin Sarki Dariyus.
၁၅ဒါရိ မင်းကြီး နန်းစံ ခြောက် နှစ် ၊ အာဒါ လ သုံး ရက် နေ့တွင် အိမ် တော်သည် ပြီးပြည့်စုံ ၏။
16 Sai mutanen Isra’ila, firistoci, Lawiyawa da kuma sauran waɗanda suka dawo daga bauta suka yi bikin keɓe gidan Allah, cike da farin ciki.
၁၆ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။
17 Suka miƙa bijimai guda ɗari, da raguna ɗari biyu, da’yan raguna ɗari huɗu. Suka kuma miƙa hadayu don zunubi saboda dukan Isra’ila, suka kuma miƙa bunsurai guda goma sha biyu don hadaya ta zunubi, kowane bunsuru ɗaya don kowace kabila ta Isra’ila.
၁၇ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
18 Suka kuma naɗa firistoci a gundumominsu da kuma Lawiyawa a ƙungiyoyinsu don hidimar Allah a Urushalima, bisa ga abin da aka rubuta a Littafin Musa.
၁၈မောရှေ ကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရုရှလင် မြို့၌ ဘုရား ဝတ် ကို ပြုစေခြင်းငှါ ၊ ယဇ် ပုရောဟိတ်အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့ သော လေဝိ သားတို့ကို၎င်းခန့် ထားကြ၏။
19 A rana ta goma sha huɗu ga watan farko, sai waɗanda suka dawo daga bauta suka yi Bikin Ƙetarewa.
၁၉သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ပဌမ လ တဆယ် လေး ရက်နေ့တွင် ပသခါ ပွဲကိုလည်း ခံ ကြ ၏။
20 Firistoci da Lawiyawa suka tsarkake kansu, suka zama da tsabta. Lawiyawa suka yanka ragon Bikin Ƙetarewa domin dukan waɗanda suka dawo daga bauta, da kuma domin’yan’uwansu firistoci, da kuma domin kansu.
၂၀ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။
21 Sai Isra’ilawa waɗanda suka dawo daga bauta suka ci tare da duk waɗanda suka keɓe kansu daga halin ƙazanta na Al’ummai maƙwabtansu, don su nemi Ubangiji, Allah na Isra’ila.
၂၁သိမ်း သွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလ အမျိုးသား များ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ တပါး အမျိုးသား နေရာ အရပ် အညစ် အကြေးကို ပယ်ရှား သော သူများအပေါင်း တို့သည် ပသခါပွဲကိုစား ၍၊
22 Suka yi kwana bakwai suna Bikin Burodi Marar Yisti, suna cike da farin ciki, gama Ubangiji ya cika su da farin ciki don ya sa sarkin Assuriya ya canja tunaninsa, ya taimake su cikin aikin gidan Allah, Allah na Isra’ila.
၂၂ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။

< Ezra 6 >