< Ezekiyel 42 >
1 Sai mutumin ya kai ni wajen arewa zuwa cikin filin da yake waje ya kuma kawo ni ɗakunan da suke ɗaura da filin haikalin da yake a gefen arewa.
၁ထိုနောက်မှ မြောက် လမ်း ဖြင့် ပြင် တန်တိုင်း ထဲသို့ ခေါ်သွား ၍၊ အိမ် တော်မြောက် ဘက်၊ လွတ်လပ် သော အရပ်ရှေ့မှာ ရှိသော အခန်း များကို ပြလေ၏။
2 Tsawon ginin da yake fuskantar arewa kamu ɗari ne fāɗinsa kuma kamu hamsin.
၂ထိုအခန်းတို့သည် မြောက် တံခါး အထိ၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါးဆယ် ရှိကြ၏။
3 A gaban kamu ashirin na filin da yake can ciki da kuma a gaban daɓen filin da yake waje, akwai rumfuna a jere waɗanda suke fuskantar juna hawa uku-uku.
၃အတောင်နှစ်ဆယ် ရှိသောအတွင်း တန်တိုင်း ရှေ့ ၊ ပြင် တန်တိုင်း ကျောက် ခင်းရှေ့တွင်တဘက် တချက်၌ နံရံ အခန်းသုံး ဆင့်ရှိ၏။
4 A gaban ɗakunan akwai hanya a can ciki mai fāɗin kamu goma, tsawonta kuma kamu ɗari. Ƙofofinsu suna wajen arewa.
၄ထိုအခန်း များရှေ့မှာ တ တောင် ကျယ်သော လမ်း နှင့်တကွအတွင်း ဘက်သို့ ဝင်၍၊ အနံ ဆယ် တောင် ရှိသောစင်္ကြံ ရှိ၏။ အခန်းတံခါးတို့ သည် မြောက် ဘက်သို့ မျက်နှာပြုကြ၏။
5 Ɗakunan da suke bisa ba su da fāɗi, gama mataki hawan benen ya cinye wuri fiye da a ɗakunan da suke a hawa na ƙasa da na tsakiya.
၅အထက် ခန်း တို့သည် ကျဉ်း ကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက် ခန်းကြမ်းပြင်၊ အလယ် ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
6 Ɗakunan da suke a hawa na uku ba su da ginshiƙai, yadda filayen suka kasance da su, saboda haka suka matsu fiye da waɗanda suke a hawa na ƙasa da na tsakiya.
၆အကြောင်းမူကား ၊ အခန်းသုံး ဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်း ကဲ့သို့ တိုင် မ ရှိ၊ သို့ဖြစ်၍ ၊ အောက် ခန်းနှင့် အလယ် ခန်းထက် သာ၍ကျဉ်း ကြ၏။
7 Akwai katanga wadda take waje, wadda ta yi hannun riga da ɗakunan filin waje; ta miƙe a gaban ɗakunan, tsawonta kamu hamsin ne.
၇ထိုအခန်း များတဘက် တချက်၊ ပြင် တန်တိုင်း ဘက်မှာ အခန်း များရှေ့၌ ကာသော နံရံ သည် အလျား အတောင် ငါးဆယ် ရှိ၏။
8 Yayinda tsawon jerin ɗakunan da suke a gefe kusa da filin da yake waje kamu hamsin ne, tsawon jerin ɗakunan da suke a gefen da yake kurkusa da wuri mai tsarki kamu ɗari ne.
၈ပြင် တန်တိုင်း နှင့် ဆိုင်သောအခန်း တို့သည် အလျား အတောင် ငါးဆယ် ရှိကြ၏။ ဗိမာန် တော်ရှေ့မှာ အလျားသည် အတောင် တရာ ရှိ၏။
9 Ɗakunan da suke can ƙasa suna da ƙofar shiga a wajen gabas in za a shiga cikinsu daga filin da yake waje.
၉ပြင် တန်တိုင်း မှ လာ ၍၊ ထိုအခန်း များ ခြေရင်း အရှေ့ ဘက်၌ ဝင် ရာလမ်းရှိ၏။
10 A wajen kudu a ta katangar filin da yake waje, kusa da filin haikali da yake ɗaura da katangar waje, akwai ɗakuna
၁၀အိမ်တော်တောင်ဘက်၊ လွတ်လပ် သော အရပ် ကို ကာသော တန်တိုင်း နံရံ ၌ လည်း အခန်း များရှိကြ၏။
11 da hanya a gabansu. Waɗannan sun yi kama da ɗakunan da suke wajen arewa; tsawonsu da fāɗinsu duk iri ɗaya ne, da irin mafita ɗaya da kuma yadda aka shirya su. Sun yi kama da ƙofofin da suke wajen arewa
၁၁ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံ မှစ၍အခန်း အလျား အနံ ၊ ထွက် ရာဝင်ရာ တံခါးရှိသမျှ တို့ သည် မြောက် အခန်း စုနှင့် ပုံသဏ္ဌာန် တူ ကြ၏။
12 haka ma ƙofofin ɗakunan a wajen kudu. Akwai ƙofa a farkon hanyar da ta yi hannun riga da ɗayan katangar da ta miƙe wajen gabas, inda za a iya shiga ɗakunan.
၁၂တောင် ခန်း တံခါးတို့ သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည်ဖြစ်၍၊ တန်တိုင်း တဘက်တချက်၊ အရှေ့ သို့မျက်နှာပြု သော စင်္ကြံ ဦး ၌ ဝင်ရာတံခါးဝ ရှိ၏။
13 Sai ya ce mini, “Ɗakunan arewa da na kudu waɗanda suke fuskantar filin haikali ɗakunan firistoci ne, inda firistocin da suke kusaci Ubangiji za su ci hadayu mafi tsarki. A can za su ajiye hadayu mafi tsarki, hadayu na gari, hadayu na zunubi da hadayu na laifi, gama wuri mai tsarki ne.
၁၃တိုင်းသောသူကလည်း၊ လွတ်လပ် သော အရပ် ရှေ့မှာ မြောက် ခန်း နှင့် တောင် ခန်း တို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် သော ယဇ်ပုရောဟိတ် တို့သည် အလွန် သန့်ရှင်းသောအရာများ ကို စား ရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်တို့ကို ထား ရာအရပ် ဖြစ်၏။
14 Da zarar firistoci suka shiga wuri mai tsarki, ba za su fita zuwa filin da yake waje ba sai sun tuɓe rigunan da suka yi hidima da su, gama waɗannan masu tsarki ne. Za su sa waɗansu riguna kafin su kusaci wuraren da mutane suke.”
၁၄ယဇ်ပုရောဟိတ် တို့သည် ဝင် သောအခါ အမှု တော် ဆောင် အဝတ် ကိုဝတ်လျက်၊ သန့်ရှင်း သောအရပ်မှ ပြင် တန်တိုင်း သို့ မ ထွက် ရ။ ထိုအဝတ်သန့်ရှင်း သောကြောင့် ချွတ်ထား ၍ အခြား သော အဝတ် ကို ဝတ် ပြီးမှ ၊ လူ များရှိရာသို့ ထွက်သွား ရကြမည်ဟု ငါ့ အား ပြောဆို ၏။
15 Da ya gama auna filin da yake cikin haikali, sai ya fitar da ni ta ƙofar gabas ya auna dukan filin kewaye.
၁၅အတွင်း ဗိမာန် တော်ကို တိုင်း ပြီး သည်နောက် ၊ အရှေ့ တံခါး ပြင်သို့ ခေါ်သွား ၍ ၊
16 Ya auna gefen gabas da karan awo; ya samu kamu ɗari biyar.
၁၆တိုင်း စရာကျူလုံး နှင့်အရှေ့ မျက်နှာကို တိုင်း လျှင် ကျူလုံးအပြန် ငါး ရာ ရှိ၏။
17 Ya auna gefen arewa da karan awon; ya samu kamu ɗari biyar.
၁၇မြောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
18 Ya auna gefen kudu da karan awon; ya samu kamu ɗari biyar.
၁၈တောင် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
19 Sa’an nan ya juya zuwa gefen yamma ya auna shi da karan awon, ya samu kamu ɗari biya.
၁၉အနောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
20 Ta haka ya auna dukan kusurwoyi huɗu. Filin yana da katanga kewaye da shi, tsawon kamu ɗari biyar, fāɗin kuma kamu ɗari biyar don yă raba wuri mai tsarki daga wuri marar tsarki.
၂၀လေး မျက်နှာကိုတိုင်း ၍ ပတ်လည် ၌ရှိသောတန်တိုင်း သည် သန့်ရှင်း သောအရပ်၊ မ သန့်ရှင်းသော အရပ်တို့ကို ပိုင်းခြား လျက်၊ အလျား အပြန်ငါး ရာ ၊ အနံ လည်း အပြန်ငါး ရာ ရှိ၏။