< Ezekiyel 37 >

1 Hannun Ubangiji yana a kaina, ya kuma fitar da ni ta wurin Ruhun Ubangiji ya sa ni a tsakiyar kwarin; yana cike da ƙasusuwa.
တဖန်ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုပြင်သို့ ဆောင် သွား လျက်၊ အရိုး တို့နှင့် ပြည့် သောချိုင့် အလယ် ၌ ထား ပြီးလျှင် ၊
2 Ya sa na kai na komo a ciki, na kuma ga ƙasusuwa masu girma da yawa a ƙasar kwarin, ƙasusuwan da suka bushe ƙwarai.
ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွား စေတော်မူ ၏။ ထိုချိုင့် မျက်နှာပြင် ၌ များစွာ သောအရိုးတို့သည်ရှိ၍ အလွန် သွေ့ခြောက် ကြ၏။
3 Sai ya tambaye ni cewa, “Ɗan mutum, waɗannan ƙasusuwa za su iya rayu?” Ni kuwa na ce, “Ya Ubangiji Mai Iko Duka, kai kaɗai ka sani.”
ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် အသက်ရှင် နိုင်သလောဟုမေး တော်မူလျှင် ၊ ငါက၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သိ တော်မူသည် ဟု လျှောက် လေ၏။
4 Sai ya ce mini, “Ka yi wa waɗannan ƙasusuwa annabci ka ce musu, ‘Busassun ƙasusuwa, ku ji maganar Ubangiji!
ထာဝရဘုရားကလည်း၊ ဤ အရိုး တို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြော ရမည်မှာ၊ အိုသွေ့ခြောက် သော အရိုး တို့၊ ထာဝရဘုရား ၏အမိန့် တော်ကိုနားထောင် ကြလော့။
5 Ga abin da Ubangiji Mai Iko Duka ya ce wa waɗannan ƙasusuwa. Zan sa numfashi ya shiga muku, za ku kuwa rayu.
ဤ သွေ့ခြောက်သော အရိုး တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် သင် တို့အထဲသို့ အသက် ကိုသွင်း ၍ သင်တို့သည် အသက်ရှင် ရကြမည် ။
6 Zan harhaɗa muku jijiyoyi in sa muku tsoka in kuma rufe ku da fata; zan sa numfashi a cikinku, za ku kuwa rayu. Sa’an nan za ku san cewa ni ne Ubangiji.’”
သင် တို့အပေါ်မှာ အကြော တို့ကို ငါတင် ၍ အသား ကို တက် စေမည်။ အရေ နှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်း သဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု၊
7 Saboda haka sai na yi annabci yadda aka umarce ni. Da nake annabcin, sai aka ji motsi, ƙarar girgiza, sai ƙasusuwan suka harhaɗu, ƙashi ya haɗu da ƙashi.
မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၏။ ပရောဖက်ပြု စဉ်တွင် အသံ မြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုး တို့သည် တခုအနီးသို့တခု ချဉ်း ကြ ၏။
8 Na duba, sai ga jijiyoyi da nama suka bayyana a kansu fata kuma ta rufe su, amma ba numfashi a cikinsu.
ငါကြည့်ရှု စဉ်တွင် အကြော တို့သည်ပေါ်လာ ၍ အသား လည်း တက် ၏။ အရေ လည်းဖုံးလွှမ်း ၏။ သို့ရာတွင် ၊ အသက် မ ရှိသေး။
9 Sa’an nan ya ce mini, “Ka yi annabci wa numfashi; ka yi annabci, ɗan mutum, ka ce masa, ‘Ga abin da Ubangiji Mai Iko Duka yana cewa ka fito daga kusurwoyi huɗu, ya numfashi, ka kuma numfasa cikin waɗannan matattu, don su rayu.’”
ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြု လော့။ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို လေ အား ဆင့်ဆို ရမည်မှာ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍၊ ဤ အသေကောင် တို့သည် အသက်ရှင် မည်အကြောင်း သူတို့အပေါ်မှာမှုတ် လော့ဟု၊
10 Saboda haka na yi annabci yadda aka umarce ni, sai numfashi ya shiga musu; suka rayu suka kuma miƙe tsaye a ƙafafunsu babbar runduna ce ƙwarai.
၁၀မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၍ ၊ လေ သည် သူ တို့အထဲသို့ ဝင် သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန် များ သော ဗိုလ်ခြေ ဖြစ်လျက် မတ်တတ် နေကြ၏။
11 Sa’an nan ya ce mini, “Ɗan mutum, waɗannan ƙasusuwa su ne dukan gidan Isra’ila. Suna cewa, ‘Ƙasusuwanmu sun bushe, sa zuciyarmu duk ya tafi; an share mu ƙaf.’
၁၁ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
12 Saboda haka yi annabci ka ce musu, ‘Ga abin da Ubangiji Mai Iko Duka yana cewa ya mutanena, zan buɗe kaburburanku in fitar da ku daga cikinsu; zan mai da ku ƙasar Isra’ila.
၁၂သို့ဖြစ်၍ ၊ ပရောဖက်ပြု လျက် အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ဣသရေလ ပြည် သို့ ပို့ဆောင် မည်။
13 Sa’an nan ku, mutanena, za ku san cewa ni ne Ubangiji, sa’ad da na buɗe kaburburanku na fitar da ku daga cikinsu.
၁၃အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ၊
14 Zan sa Ruhuna a cikinku za ku kuwa rayu, zan kuma zaunar da ku a ƙasarku. Sa’an nan za ku san cewa Ni Ubangiji na faɗa, zan kuma aikata, in ji Ubangiji.’”
၁၄အသက်ရှင် စေခြင်းငှါငါသည် ကိုယ် အသက် ကို သွင်း ပေး၍ ၊ သင် တို့ကို နေရင်းပြည် ၌ နေရာ ချသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ငါထာဝရဘုရားပြော သည်အတိုင်း ပြည့်စုံ ကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Maganar Ubangiji ta zo mini cewa,
၁၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
16 “Ɗan mutum, ka ɗauki sanda ka rubuta a kansa, ‘Na Yahuda da Isra’ilawan da suke tare da shi.’ Sa’an nan ka ɗauki wani sanda, ka rubuta a kansa, ‘Sandan Efraim, na Yusuf da dukan gidan Isra’ilan da suke tare da shi.’
၁၆အချင်းလူသား ၊ တုတ် တ ချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးသား အဘို့ ဟု ရေးမှတ် လော့။ တဖန် တုတ် တ ချောင်းကိုယူ ၍ ၊ ယောသပ် အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသား များအဘို့၊ ဧဖရိမ် တုတ် ပေတည်းဟု ရေးမှတ် လော့။
17 Ka haɗa su su zama sanda guda saboda su kasance ɗaya a hannunka.
၁၇ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။
18 “In mutanen ƙasarka suka tambaye ka cewa, ‘Ba za ka faɗa mana abin da kake nufi da wannan ba?’
၁၈သင် ၏အမျိုးသား ချင်းတို့က၊ ထိုသို့ ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါ တို့အား မ ပြော သင့်သလော ဟုမေး လျှင် ၊
19 Ka ce musu, ‘Ga abin da Ubangiji Mai Iko Duka yana cewa, Zan ɗauki sandan Yusuf, wanda yake a hannun Efraim, da na kabilan Isra’ilawan da suke tare da shi, in haɗa shi da sandan Yahuda, in mai da su sanda guda, za su kuwa zama ɗaya a hannuna.’
၁၉အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုသူ တို့ အား ဆင့်ဆို ရမည်မှာ၊ ဧဖရိမ် ကိုင် သော ယောသပ် ၏ တုတ် နှင့် ၊ သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးအနွယ် တို့ကိုငါ ယူ ၍ ယုဒ တုတ် နှင့်အတူပူး ထားပြီးလျှင် ၊ တ ချောင်းတည်းဖြစ်သော တုတ် ကိုငါ လက် စွဲမည်ဟု ဆင့်ဆိုလျက်၊
20 Ka riƙe sandunan da ka yi rubutun a gabansu
၂၀သင်ရေးမှတ် သော ထိုတုတ် ကိုသူ တို့မျက်မှောက် ၌ လက် စွဲလျက် နေ လော့။
21 ka ce musu, ‘Ga abin da Ubangiji Mai Iko Duka yana cewa zan fitar da Isra’ilawa daga al’ummai inda suka tafi. Zan tattara su daga dukan kewaye in komo da su ƙasarsu.
၂၁အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။
22 Zan mai da su al’umma ɗaya a cikin ƙasar, a kan duwatsun Isra’ila. Za a kasance da sarki guda a kan dukansu ba za su ƙara zama al’ummai biyu ko su rabu su zama masarautai biyu ba.
၂၂ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။
23 Ba za su ƙara ƙazantar da kansu da gumaka da mugayen siffofi ko kuma da wani daga laifofinsu ba, gama zan cece su daga dukan zunubinsu na ridda, zan kuma tsarkake su. Za su zama mutanena, ni kuma zan zama Allahnsu.
၂၃နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။
24 “‘Bawana Dawuda zai zama sarki a kansu, dukansu kuwa za su kasance da makiyayi guda. Za su bi dokokina su kuma kiyaye ƙa’idodina.
၂၄ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။
25 Za su zauna a ƙasar da na ba wa bawana Yaƙub, ƙasar da kakanninsu suka zauna. Su da’ya’yansu da’ya’ya’ya’yansu za su zauna a can har abada, kuma Dawuda bawana zai zama sarkinsu har abada.
၂၅ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
26 Zan yi alkawarin salama da su; zai zama madawwamin alkawari. Zan kafa su in ƙara yawansu, zan kuma sa wuri mai tsarkina a cikinsu har abada.
၂၆ထိုမှတပါး ၊ သူ တို့နှင့် မိဿဟာယ ပဋိညာဉ် ကို ငါဖွဲ့ ၍၊ ထိုပဋိညာဉ်သည် နိစ္စ ထာဝရပဋိညာဉ် ဖြစ် လိမ့်မည် ။ သူ တို့ကိုနေရာချ ၍ များပြား စေမည်။ ငါ ၏ သန့်ရှင်း ရာဌာနကို သူ တို့အလယ် ၌ အစဉ်အမြဲ ထား မည်။
27 Mazaunina zai kasance da su; zan kuwa zama Allahnsu, za su kuma zama mutanena.
၂၇ငါ ၏ဗိမာန် တော်သည်လည်း သူ တို့၌ ရှိ ၍ ၊ ငါသည် သူ တို့၏ ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်။
28 Sa’an nan al’ummai za su san cewa Ni Ubangiji na mai da Isra’ila mai tsarki, sa’ad da wuri mai tsarkina yana a cikinsu har abada.’”
၂၈ထိုသို့ ငါ ၏ သန့်ရှင်း ရာဌာနသည် သူ တို့အလယ် ၌ အစဉ်အမြဲ တည် သောအခါ ၊ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးကို သန့်ရှင်း စေသည်ဟု တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiyel 37 >