< Ezekiyel 23 >
1 Maganar Ubangiji ta zo mini cewa,
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူ သား၊ အခါတစ်ပါးကညီအစ်မနှစ်ယောက် ရှိ၏။-
2 “Ɗan mutum, an yi mata biyu,’yan matan mahaifiya guda.
၂
3 Suka zama karuwai a Masar, suka yi karuwanci tun daga ƙuruciyarsu. A wancan ƙasar an rungumi mamansu da ƙirjinsu na budurwanci.
၃သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။-
4 Sunan babbar Ohola, ƙanuwarta kuwa Oholiba. Sun zama nawa suka kuma haifi’ya’ya maza da mata. Ohola ita ce Samariya, Oholiba kuwa ita ce Urushalima.
၄အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
5 “Ohola ta shiga karuwanci yayinda take zamana; ta kuwa yi ta kai da kawowa da kwartayenta, Assuriyawa, mayaƙa
၅အဟောလသည်ငါ၏ဇနီးပင်ဖြစ်သော်လည်း ပြည့်တန်ဆာအလုပ်ကိုဆက်၍လုပ်ကာ အာရှုရိ ပြည်မှသူ၏ချစ်သူစစ်သူရဲများအတွက် ရာဂစိတ်မွှန်၍နေ၏။-
6 waɗanda suke saye da shunayya, gwamnoni da manyan sojoji, dukansu samari ne masu bansha’awa, suna bisa kan dawakai.
၆ထိုသူတို့သည်မရမ်းစေ့ရောင်ဆင်တူဝတ်စုံ များကိုဝတ်ဆင်သူစစ်သူရဲများ၊ မှူးမတ် များနှင့်အထက်တန်းအရာရှိများဖြစ် ကြ၏။ သူတို့အားလုံးပင်ရုပ်ရည်ချော၍ ပျိုရွယ်သောမြင်းတပ်ဗိုလ်များဖြစ်သတည်း။-
7 Ta ba da kanta ga duk waɗanda suke masu ilimin Assuriya ta kuma ƙazantar da kanta da dukan gumaka na kowa da take kai da kawowa a cikinsu.
၇အဟောလသည်အာရှုရိအမျိုးသားအရာ ရှိအပေါင်းတို့အတွက် ပြည့်တန်ဆာအလုပ် ကိုလုပ်၏။ မိမိ၏တဏှာရမက်၏ဆွဲဆောင်မှု ကြောင့် အာရှုရိရုပ်တုတို့ကိုရှိခိုးဝတ်ပြု ကာမိမိကိုယ်ကိုညစ်ညမ်းစေ၏။-
8 Ba ta bar karuwancin da ta fara a Masar ba, sa’ad da take budurwa maza sun kwana da ita, suka rungumi ƙirjinta suka kuma biya kwaɗayinsu a kanta.
၈သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။-
9 “Saboda haka na bashe ta ga kwartayenta, Assuriyawa, waɗanda ta yi ta kai da kawowa a cikinsu.
၉သို့ဖြစ်၍သူမြတ်နိုးလှသည့်အာရှုရိ အမျိုးသားချစ်သူတို့လက်သို့ သူ့အား ငါအပ်လိုက်၏။-
10 Suka tuɓe ta tsirara, suka kwashe’ya’yanta maza da mata suka kuma kashe ta da takobi. Ta kuwa zama abin karin magana a cikin mata, aka kuma yi mata hukunci.
၁၀သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။
11 “Ƙanuwarta Oholiba kuwa ta ga wannan, duk da haka cikin kai da kawowarta da karuwancinta ta fi’yar’uwar lalacewa.
၁၁``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-
12 Ita ma ta yi ta kai da kawowa cikin Assuriyawa, gwamnoni da manyan sojoji; mayaƙa masu saye da kayan yaƙi, suna bisa dawakai, dukansu samari ne masu bansha’awa.
၁၂သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-
13 Na ga cewa ita ma ta ƙazantar da kanta; dukansu biyu sun bi hanya guda.
၁၃သူသည်ကမ်းကုန်အောင်အကျင့်ပျက်သူ ဖြစ်ကြောင်း အစ်မကဲ့သို့ဆိုးရွားသူဖြစ် ကြောင်းကိုငါသိမြင်၏။
14 “Amma karuwancinta ya zarce. Ta ga an zāna mutane a kan bango, siffofin sojojin Kaldiyawa suna cikin jajjayen riguna,
၁၄``သူသည်ပို၍ပို၍အကျင့်ပျက်လာ၏။ ခါး စည်းများနှင့်လှပသောဦးရစ်များကိုဝတ် ဆင်ထားသည့်ခါလဒဲအရာရှိတို့သည် ခါလဒဲပြည်သားဗာဗုလုန်အရာရှိမြင်း ရထားတပ်ဗိုလ်များနှင့်တူ၍၊ သူတို့၏ရုပ် ပုံများကိုနံရံတွင်နီမြန်းတောက်ပသော ဆေးရောင်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ မြင်လေ၏။-
15 da ɗamara a gindinsu da rawuna a kansu suna kaɗawa falfal; dukansu sun yi kamar jarumawan kekunan yaƙin Babiloniyawa’yan Kaldiya.
၁၅
16 Nan da nan da ta gan su, sai ta yi sha’awarsu ta aika da’yan aika zuwa wurinsu a Kaldiya.
၁၆ထိုရုပ်ပုံများကိုမြင်လျှင်မြင်ချင်းတပ် မက်သောစိတ်ရှိသဖြင့် ဗာဗုလုန်ပြည်ရှိ ထိုသူတို့ထံသို့စေတမန်များကိုလွှတ် လေသည်။-
17 Sai Babiloniyawan suka zo wurinta, zuwa gadon soyayya, cikin kai da kawowarsu suka ƙazantar da ita. Bayan sun ƙazantar da ita, sai ta ji ƙyamarsu, ta rabu da su.
၁၇ဗာဗုလုန်အမျိုးသားတို့သည်သူနှင့်အိပ် စက်ရန်လာရောက်ကြ၏။ သူတို့သည်သူနှင့် ကူးလွန်၍သူ့အားညစ်ညမ်းစေကြ၏။ သူ သည်သူတို့ကိုရွံရှာသည့်တိုင်အောင် သူတို့ သည်သူ့ကိုညစ်ညမ်းစေကြ၏။-
18 Sa’ad da ta ci gaba da yin karuwancinta a fili ta kuma nuna tsiraicinta, sai na ji ƙyamarta, na rabu da ita, kamar dai yadda na rabu da’yar’uwarta.
၁၈သူသည်အများပြည်သူတို့ရှေ့၌အဝတ် အချည်းစည်းနှင့်နေ၍ လူတိုင်းအားမိမိ သည်ပြည့်တန်ဆာဖြစ်ကြောင်းကိုသိစေ၏။ ငါသည်သူ၏အစ်မကိုစက်ဆုပ်သကဲ့သို့ သူ့ကိုလည်းစက်ဆုပ်၏။-
19 Duk da haka sai ta yi ta ƙara fasikanci tana tuna da kwanakin budurcinta, sa’ad da take karuwa a Masar.
၁၉သူသည်အီဂျစ်ပြည်တွင်သူငယ်မအရွယ် မှစ၍ပြုကျင့်ခဲ့သည့်အတိုင်း ယခုလည်း ပြုကျင့်ကာပိုမိုဆိုးရွားသောပြည့်တန် ဆာဖြစ်လာ၏။-
20 A can ta yi ta kai da kawowa da kwartayenta, waɗanda al’auransu kamar na jakuna ne waɗanda maniyyinsu kuwa kamar na dawakai ne.
၂၀သူသည်မြင်းထီးနှင့်မြည်းကဲ့သို့ တဏှာ ရာဂကြီးသောယောကျာ်းများကိုအလွန် မက်မော၏။-''
21 Haka kika yi ta lalacin budurcinki, sa’ad da a Masar aka rungumi ƙirjinta aka tattaɓa nononta.
၂၁(အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
22 “Saboda haka, Oholiba, ga abin da Ubangiji Mai Iko Duka yana cewa zan zuga kwartayenki su yi gāba da ke, su waɗanda kika ji ƙyamarsu, zan kuma kawo su su yi gāba da ke daga kowane gefe,
၂၂``သို့ဖြစ်၍အချင်းအဟောလိဗ၊ သင့်အားငါ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင် သည်ဤချစ်သူတို့ကိုငြီးငွေ့သွားပြီဖြစ်သော် လည်း ငါသည်သူတို့အားခေါ်ဆောင်ခဲ့မည်။ သူတို့ သည်သင့်ကိုအမျက်ထွက်၍ဝိုင်းရံထားကြ လိမ့်မည်။-
23 Babiloniyawa da dukan Kaldiyawa, mutanen Fekod da Showa da Kowa, da dukan Assuriyawa, samari masu bansha’awa, dukan gwamnoni da manyan sojoji, hafsoshin keken yaƙin da mutane masu manyan matsayi, dukansu a bisa dawakai.
၂၃ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-
24 Za su yi gāba da ke da kayan yaƙi, kekunan yaƙi da kekunan doki da mutane masu yawa; za su ja dāgā a kanki a kowane gefe da garkuwoyi manya da ƙanana da kuma hulunan kwano. Zan miƙa ke gare su don hukunci, za su kuma hukunta ki bisa ga shari’arsu.
၂၄သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-
25 Zan nuna fushin kishina a kanki, za su kuwa wulaƙanta ki da fushi. Za su yanke hancinki da kunnuwanki, waɗanda suka rage miki kuma za a kashe su da takobi. Za su kama’ya’yanki maza da mata, waɗanda suka rage miki kuwa za a ƙone su da wuta.
၂၅ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။-
26 Za su tuɓe tufafinki su kuma kwashe kayan adonki masu kyau.
၂၆သင်၏အဝတ်များကိုဆွဲဆုတ်ပစ်ကာ သင် ၏ကျောက်မျက်ရတနာများကိုသိမ်းယူ ကြလိမ့်မည်။-
27 Ta haka zan tsai da marmari da kuma karuwancin da kika fara a Masar. Ba za ki dubi waɗannan abubuwa da marmari ko ki ƙara tuna da Masar ba.
၂၇ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
28 “Gama ga abin da Ubangiji Mai Iko Duka yana cewa ina shirin miƙa ki ga waɗanda suke ƙinki, ga waɗanda kika ji ƙyamarsu kika rabu da su.
၂၈အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``ငါ သည်သင်ရွံမုန်းစက်ဆုပ်သူအမျိုးသားတို့ ၏လက်သို့သင့်ကိုအပ်နှံမည်။-
29 Za su hukunta ki da ƙiyayya su kuma kwashe kome da kika yi wahalarsa. Za su bar ki tsirara tik, kunyan karuwancinki kuma zai tonu. Marmarinki da fasikancinki
၂၉သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊-
30 sun jawo miki wannan, domin ki yi ta kai da kawowa cikin ƙasashe kina ƙazantar da kanki da gumakansu.
၃၀ဤအဖြစ်မျိုးနှင့်ကြုံတွေ့ရခြင်းဖြစ်၏။ သင် သည်လူမျိုးတကာတို့အတွက်ပြည့်တန်ဆာ ဖြစ်၍ သူတို့၏ရုပ်တုများနှင့်မိမိကိုယ်ကို ညစ်ညမ်းစေ၏။-
31 Kin bi hanyar’yar’uwarki; saboda haka zan sa kwaf nata a hannunki.
၃၁သင်သည်အစ်မဖြစ်သူ၏ခြေရာကိုနင်းသ ဖြင့် ငါသည်သူ့အားသောက်စေသောအပြစ် ဒဏ်ဖလားကိုသင့်အားလည်းသောက်စေမည်'' ဟူ၍တည်း။
32 “Ga abin da Ubangiji Mai Iko Duka yana cewa, “Za ki sha kwaf na’yar’uwarki, kwaf wanda yake da girma da kuma zurfi; zai jawo dariya da kuma reni gama yana ɗauke da abubuwa da yawa.
၃၂အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ ``သင်သည်အစ်မဖြစ်သူ၏ဖလားမှ သောက်ရလိမ့်မည်။ ထိုဖလားသည်ကြီး၍စောက်နက်၏။ သင်သည်လူတိုင်းတို့၏မထီမဲ့မြင်ပြုခြင်း၊ ပြောင်လှောင်ခြင်းကိုခံရလိမ့်မည်။ ဖလားသည်ပြည့်၍နေ၏။
33 Za ki cika da buguwa da baƙin ciki, kwaf lalaci da kaɗaici, kwaf na’yar’uwarki Samariya.
၃၃ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။ ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊ သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။
34 Za ki sha shi ki kuma lashe shi ƙaf; za ki buga shi da ƙasa ya yi rugu-rugu ki tsattsage nononki. Ni Ubangiji Mai Iko Duka na faɗa.
၃၄သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။
35 “Saboda haka ga abin da Ubangiji Mai Iko Duka yana cewa da yake kin manta da ni kika tura ni bayanki, dole ki sha sakamakon marmarinki da karuwancinki.”
၃၅အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
36 Ubangiji ya ce mini, “Ɗan mutum, za ka shari’anta Ohola da Oholiba? To, sai ka kalubalance su da ayyukansu masu banƙyama,
၃၆ထာဝရဘုရားကငါ့အား``အချင်းလူသား၊ သင်သည်အဟောလနှင့်အဟောလိဗတို့ကို တရားစီရင်ရန်အသင့်ရှိပြီလော။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုပြုသူ များဖြစ်ကြောင်းစွဲချက်တင်လော့။-
37 gama sun yi zina kuma jinin yana a hannuwansu. Sun yi zina da gumakansu; har suka miƙa’ya’yansu da suka haifa mini, su zama musu abinci.
၃၇သူတို့သည်မျောက်မထားမှု၊ လူသတ်မှုတို့ကို ကူးလွန်ကြ၏။ ရုပ်တုများနှင့်မျောက်မထား၍ ငါနှင့်ရသောသားများကိုသတ်ကြ၏။ သူတို့ သည်ငါ၏သားတို့ကိုရုပ်တုတို့အားယဇ် ပူဇော်ကြ၏။-
38 Sun kuma yi mini wannan. A lokaci guda sun ƙazantar da wuri mai tsarkina suka ɓata Asabbataina.
၃၈သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
39 A ranar da suka miƙa’ya’yansu ga gumakansu, sai suka shiga wuri mai tsarkina suka kuma ƙazantar da shi. Abin da suka yi a gidana ke nan.
၃၉ငါ၏သားသမီးများကိုရုပ်တုတို့အားယဇ် ပူဇော်သည့်နေ့၌ပင် ငါ၏ဗိမာန်တော်သို့လာ ၍ဗိမာန်တော်ကိုညစ်ညမ်းစေလျက် ဤသို့ငါ ၏ဗိမာန်ကိုပြုကြသည်တကား။
40 “Sun ma aiki manzanni wa mutanen da suka zo daga nesa, kuma da suka iso kun yi wanka dominsu, kuka yi shafe-shafen idanunku, kuka kuma sa kayan adonku.
၄၀``သူတို့သည်ဝေးလံသောအရပ်များသို့လူ အကြိမ်ကြိမ်စေလွှတ်၍ ယောကျာ်းများကိုခေါ် ဖိတ်ကြ၏။ ယောကျာ်းတို့သည်လည်းလာရောက် ကြ၏။ ညီအစ်မနှစ်ယောက်တို့သည်ရေချိုးပြီး လျှင် မျက်ခွံများကိုဆေးဆိုးအလှပြင်၍ ကျောက်မျက်ရတနာများကိုဝတ်စားဆင် ယင်ကြ၏။-
41 Kuka zauna a gado mai daraja, da tebur a shirye a gabanku wanda kun ajiye turare da maina.
၄၁သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။-
42 “Surutun taron mutane marasa kula suna kewaye da ita; aka kawo Sabenawa daga hamada tare da mutane daga mashaya, suka sa mundaye a hannuwan macen da kuma’yar’uwarta suka kuma sa rawani masu kyau a kawunansu.
၄၂ပျော်ရွှင်မြူးတူးနေသောလူတစ်စု၏အသံ ကိုကြားရ၏။ ဤလူစုသည်တောကန္တာရမှ ခေါ်ဆောင်လာသူများဖြစ်၏။ သူတို့သည် အမျိုးသမီးတို့၏လက်မောင်းတွင် လက်ကောက် များကိုဝတ်ပေး၍လှပသောသရဖူများ ကိုဆောင်းပေးကြ၏။-
43 Sai na yi magana a kan wadda ta ƙare ƙarfi ta wurin karuwanci na ce, ‘Yanzu bari su yi amfani da ita kamar karuwa, gama abin da take ke nan.’
၄၃ထိုသူတို့သည်မျောက်မထားမှုဖြင့်နွမ်းနယ် နေပြီဖြစ်သော အမျိုးသမီးကိုပြည့်တန်ဆာ အဖြစ်အသုံးပြုကြပါစေဟုငါတွေး တောမိ၏။-
44 Suka kuwa kwana da ita. Kamar yadda maza suke kwana ta karuwa, haka suka kwana da waɗannan lalatattun mata, Ohola da Oholiba.
၄၄သူတို့သည်ပြည့်တန်ဆာတို့ထံထပ်ခါထပ်ခါ ပြန်သွားကြ၏။ သူတို့သည်အကျင့်ပျက်သူ အဟောလနှင့်အဟောလိဗတို့ထံသို့ပြန် သွားကြ၏။-
45 Amma masu adalci za su hukunta su irin da akan yi wa matan da suka yi zina suka kuma yi kisa, domin su mazinata ne kuma jini yana a hannuwansu.
၄၅ထိုမိန်းမနှစ်ယောက်တို့သည်မျောက်မထားသူ၊ လူသတ်သူများဖြစ်သဖြင့်သူတို့အားဖြောင့် မတ်သောသူတို့သည် မျောက်မထားမှုနှင့်လူ သတ်မှုတို့ကိုကူးလွန်သူများအဖြစ်ဖြင့် စီရင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
46 “Ga abin da Ubangiji Mai Iko Duka yana cewa kawo taron mutane a kansu a kuma miƙa su don a firgitar da su a kuma washe su.
၄၆အရှင်ထာဝရဘုရားက``သူတို့အားကြောက်လန့် တုန်လှုပ်စေရန်နှင့်လုယက်စေရန် ရုန်းရင်းဆန် ခတ်ပြုသည့်လူအုပ်ကိုခေါ်ခဲ့လော့။-
47 Taron mutanen za su jajjefe su, su kuma sassare su da takuba; za su kashe’ya’yansu maza da mata su kuma ƙone gidajensu.
၄၇သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။-
48 “Ta haka zan kawo ƙarshe ga lalaci a ƙasar, don dukan mata su ji gargaɗi kada kuma su kwaikwaye ku
၄၈ထိုသူနှစ်ယောက်တို့ကဲ့သို့မျောက်မ မထားကြ စေရန် အမျိုးသမီးအပေါင်းတို့အားသတိ ပေးသည့်အနေဖြင့် ငါသည်တစ်ပြည်လုံး၌ အကျင့်ပျက်မှုမှန်သမျှကိုရပ်စဲစေမည်။-
49 Za ku sha hukuncin lalacinku ku kuma ɗauki hakkin zunuban bautar gumaka. Sa’an nan za ku san cewa Ni ne Ubangiji Mai Iko Duka.”
၄၉အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။