< Ezekiyel 16 >
1 Maganar Ubangiji ta zo mini cewa,
၁တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါထံသို့ရောက်လာ၏။-
2 “Ɗan mutum, ka sa Urushalima ta san ayyukanta masu banƙyama
၂ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့အားမိမိပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာ အမှုတို့ကိုညွှန်ပြလော့။-
3 ka ce, ‘Ga abin da Ubangiji Mai Iko Duka yana cewa wa Urushalima, Asalinki da haihuwarki daga ƙasar Kan’ana ne; mahaifinki mutumin Amoriyawa ne, mahaifiyarki kuma mutuniyar Hitti ce.
၃ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။-
4 A ranar da aka haife ki ba a yanke cibiyarki ba, ba a kuma yi miki wanka don a tsabtacce ki ba, ba a kuma goge ki da gishiri ba ko a naɗe ki cikin tsummoki.
၄သင်မွေးဖွားသောအခါအဘယ်သူမျှ သင်၏ချက်ကြိုးကိုမဖြတ်၊ သင့်အားရေ မချိုးပေး။ ဆားနှင့်လည်းမလူး။ အနှီး နှင့်လည်းမပတ်ကြ။-
5 Ba wanda ya dube ki da tausayi ko ya nuna miki isashen jinƙai don yă yi miki ɗaya daga cikin waɗannan abubuwa. A maimako, sai aka jefar da ke a fili, gama a ranar da aka haife ki an ji ƙyamarki.
၅ထိုသို့သင့်အားသနား၍ပြုစုသူတစ် ယောက်မျှမရှိ။ သင်၏အပေါ်တွင်မေတ္တာ ကင်းမဲ့သည်ဖြစ်၍ သင့်အားမွေးဖွားပြီး သောအခါကွင်းပြင်တွင်ပစ်ထားကြ၏။
6 “‘Sa’an nan na wuce na ga kina birgima cikin jininki, yayinda kike kwance can cikin jininki sai na ce miki, “Ki rayu!”
၆``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
7 Na sa kin yi girma kamar tsiro a fili. Kin yi girma kika kuma yi tsayi kika zama mafiya kyau na kayan ado. Nononki suka fito, gashinki kuwa suka yi girma, duk da haka tsirara kike tik.
၇အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။
8 “‘Daga baya na wuce, da na dube ki sai na ga cewa kin yi girma sosai har kin kai a ƙaunace ki, na yafa gefen tufafina a kanki na kuma rufe tsiraincinki. Na rantse miki, na ƙulla alkawari da ke, kin kuwa zama tawa, in ji Ubangiji Mai Iko Duka.
၈``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
9 “‘Na yi miki wanka na wanke miki jini daga gare ki na kuma shafa miki mai.
၉``ငါသည်ရေကိုယူ၍ သင့်၌ပေကျံနေ သောသွေးကိုဆေးကြော၏။ သင်၏ကိုယ် ကိုသံလွင်ဆီနှင့်လူးပေး၏။-
10 Na rufe ki da rigar da aka yi wa ado na kuma sa miki takalman fata. Na sa miki riga ta lilin mai kyau na kuma rufe ki da riguna masu tsada.
၁၀သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
11 Na yi miki ado da kayan ado masu daraja, na sa miki mundaye a hannuwanki da abin wuya a wuyanki,
၁၁သင်ဝတ်ဆင်ရန်ကျောက်မျက်ရတနာများနှင့် လက်မောင်းတွင်ဝတ်ဆင်ရန်လက်ကောက်များ၊ လည်ဆွဲရန်ဘယက်များကိုလည်းကောင်း၊-
12 na kuma sa miki zobe a hancinki, abin kunne a kunnuwanki da rawani mai kyau a kanki.
၁၂နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။-
13 Haka kuwa aka caɓa miki zinariya da azurfa; tufafinki kuwa na lilin mai kyau da riguna masu tsada waɗanda aka yi musu ado. Abincinki na gari mai laushi ne, zuma da man zaitun. Kika zama kyakkyawa har kika kuma zama sarauniya.
၁၃သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။-
14 Sunanki ya yaɗu a cikin al’ummai saboda kyanki, domin darajar da na ba ki ya sa kyanki ya zama cikakke, in ji Ubangiji Mai Iko Duka.
၁၄ငါသည်သင့်အားအလွန်လှပအောင်ပြု လုပ်ဆင်မြန်းပေးသဖြင့် သင်သည်ခြောက် ပြစ်ကင်းသောအဆင်းကိုဆောင်၏။ ယင်း သို့သင်၏အဆင်းလှမှုသည်အတိုင်းတိုင်း အပြည်ပြည်သို့ကျော်ကြားလေ၏'' ဟူ ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
15 “‘Amma kika dogara ga kyanki kika kuma yi amfani da sunan da kika yi don ki zama karuwa. Kin yi ta jibga alherai a kan kowa da ya wuce, sai kyanki ya zama naki.
၁၅``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
16 Kin ɗauki waɗansu tufafinki don ki yi wa kanki masujadai masu ado, inda kike karuwancinki. Irin waɗannan abubuwa bai kamata su faru ba, bai kuma kamata su taɓa faruwa ba.
၁၆သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။-
17 Kika kuma ɗauki kayan ado masu kyau da na ba ki, kayan adon da aka yi da zinariya da azurfa, kika yi wa kanki gumakan maza kika kuma yi ta yin karuwanci da su.
၁၇သင်သည်ငါပေးသည့် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာအချို့ကိုလည်းယူ၍ ယောကျာ်း ရုပ်ပွားများပြုလုပ်ပြီးလျှင်ယင်းတို့ နှင့်မှားယွင်း၏။-
18 Kika ɗauki rigunanki masu ado don ki sa a kansu, kika kuma miƙa maina da turarena a gabansu.
၁၈သင်သည်ငါပေးသည့်ပန်းထိုးထည်များ ဖြင့်ရုပ်တုများကိုလွှမ်းခြုံပေး၏။ ယင်း တို့ကိုငါပေးသည့်သံလွင်ဆီနှင့်နံ့သာ ပေါင်းတို့ဖြင့်ပူဇော်၏။-
19 Haka ma abincin da na tanada miki, lallausan gari, man zaitun, da zuman da na ba ki ki ci, kin miƙa su kamar turare mai ƙanshi a gabansu, in ji Ubangiji Mai Iko Duka.
၁၉ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
20 “‘Kika kuma kwashe’ya’yanki maza da mata waɗanda kin haifa mini kika miƙa su kamar abinci ga gumakanki. Karuwancinki bai isa ba ne?
၂၀``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
21 Kin kashe’ya’yana kika kuma miƙa su ga gumaka.
၂၁အဘယ်ကြောင့်ငါ၏သားသမီးများကို ယူ၍ရုပ်တုတို့အားယဇ်ပူဇော်ရသနည်း။-
22 Cikin dukan ayyukan banƙyamarki da karuwancinki ba ki tuna da kwanakin ƙuruciyarki ba, sa’ad da kike tsirara tik, kina birgima cikin jininki.
၂၂သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
23 “‘Kaito! Kaitonki, in ji Ubangiji Mai Iko Duka. Bugu da ƙari a kan dukan waɗansu muguntarki,
၂၃အရှင်ထာဝရဘုရားက``သင်သည်အမင်္ဂ လာရှိ၏။ အမင်္ဂလာရှိ၏။ သင်သည်ထိုမ ကောင်းမှုများကိုပြုကျင့်ပြီးနောက်၊-
24 kin gina wa kanki ɗakunan sama da gidajen tsafi a kowane dandali.
၂၄စျေးရပ်ကွက်တိုင်းတွင်သင့်အတွက်သင် ကိုးကွယ်ရန် တောင်ကုန်းနှင့် ရုပ်တုကိုးကွယ် ရာဌာနများကိုပြုလုပ်၏။-
25 A kowane titi kin gina ɗakin tsafi kika kuma wulaƙanta kyanki, kina miƙa jikinki da ƙarin fasikanci ga duk mai wucewa.
၂၅လမ်းထိပ်တိုင်းတွင်မြင့်သောဝတ်ပြုကိုးကွယ် ရာဌာနများဆောက်၍ မိမိ၏လှပသော အဆင်းကိုစက်ဆုပ်ဖွယ်ကောင်းအောင်ပြု လေပြီ။ လာရောက်သူတိုင်းအားမိမိ၏ ကိုယ်ကိုအပ်ပေး၍ တစ်နေ့တစ်ခြားပြည့် တန်ဆာဖြစ်သည်ထက်ဖြစ်စေ၏။-
26 Kin yi karuwanci da Masarawa, maƙwabtanki masu kwaɗayi, kika tsokane ni har na yi fushi da ƙarin fasikancinki.
၂၆တဏှာကြီးသူအိမ်နီးချင်းအီဂျစ်အမျိုး သားတို့အား မိမိနှင့်အတူအိပ်စက်ခွင့်ပေး ၍ပြည့်တန်ဆာလုပ်ခြင်းအားဖြင့်ငါ၏ အမျက်တော်ကိုနှိုးဆော်တော်မူ၏။
27 Saboda haka na miƙa hannuna gāba da ke na kuma rage iyakarki; na ba da ke ga abokan gābanki masu haɗama,’yan matan Filistiyawa, waɗanda suka sha mamaki saboda halinki na lalata.
၂၇``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
28 Kin kuma yi karuwanci da Assuriyawa, domin ba kya ƙoshi; kai ko bayan wannan, ba ki ƙoshi ba.
၂၈``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။-
29 Sai kika ƙara fasikancinki da ya haɗa da ƙasar cinikin Babilon, amma duk da haka ba ki ƙoshi ba.
၂၉သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။
30 “‘Kina da rashin ƙarfi a zuci, in ji Ubangiji Mai Iko Duka, sa’ad da kika yi duk waɗannan abubuwa, kina yi kamar karuwar da aka watsa!
၃၀အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။-
31 Sa’ad da kika gina ɗakunan samanki a kowane gefen titi kika kuma gina ɗakunan tsafinki a kowane dandali, ba kamar karuwa kike ba, domin kin karɓi kuɗi.
၃၁သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။-
32 “‘Ke mazinaciyar mace! Kin gwammace baƙi a maimakon mijinki!
၃၂သင်သည်ကားမိမိ၏ခင်ပွန်းကိုချစ်မြတ် နိုးမည့်အစား သူစိမ်းတစ်ရံဆံများနှင့် မေထုန်မှီဝဲလိုသည့်မိန်းမနှင့်တူ၏။-
33 Kowace karuwa kan karɓi kuɗi, amma kina ba da kyautai ga dukan kwartayenki, kina ba su cin hanci don su zo wurinki daga ko’ina don alherai marasa ƙa’ida.
၃၃ပြည့်တန်ဆာအားအခကြေးငွေပေးရ၏။ သင်မူကားချစ်သူတို့ကိုအရပ်တကာမှ လာ၍ သင်နှင့်အိပ်စက်ကြစေရန်လက်ဆောင် များကိုပေးလေသည်။-
34 Saboda haka cikin karuwancinki kin sha bamban da saura; babu wanda yake binki saboda alheranki. Ke dai dabam ce, gama kikan biya kuma ba mai biyanki.
၃၄သင်သည်ထူးခြားသောပြည့်တန်ဆာဖြစ်၏။ အဘယ်သူမျှသင့်အားအခကြေးငွေပေး၍ ပြည့်တန်ဆာလုပ်စေသည်မဟုတ်။ သင်သည် အခကြေးငွေလည်းမရ။ သင်ကသာလျှင် ပေး၏။ သင်သည်အကယ်ပင်ထူးပါပေ သည်'' ဟူ၍တည်း။
35 “‘Saboda haka, ke karuwa, ki ji maganar Ubangiji!
၃၅သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။
36 Ga abin da Ubangiji Mai Iko Duka yana cewa domin kin zubar da dukiyarki kika bayyana tsiraicinki cikin fasikancinki da kwartayenki, kuma saboda dukan gumakan banƙyamarki, kuma saboda kin ba su jinin’ya’yansu,
၃၆အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``သင်သည်ကာမရာဂကြီးလျက်အဝတ် များကိုချွတ်၍ ပြည့်တန်ဆာကဲ့သို့မိမိ ကိုယ်ကိုချစ်သူများသို့လည်းကောင်း၊ စက် ဆုပ်ဖွယ်ကောင်းသည့်ရုပ်တုများသို့လည်း ကောင်းပေးအပ်ကာ မိမိ၏သားသမီးများ အားရုပ်တုများကိုပူဇော်ရာယဇ်ကောင် များအဖြစ်ဖြင့်သတ်၏။-
37 saboda haka zan tattara dukan kwartayenki, waɗanda kike jin daɗinsu, waɗanda kike ƙauna da waɗanda kike ƙi. Zan tattara su gāba da ke daga dukan kewaye zan kuma tuɓe ki a gabansu, za su kuwa ga dukan tsiraicinki.
၃၇ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။-
38 Zan hukunta ki da hukuncin matan da suke zina da kuma waɗanda suke zub da jini; zan kawo hakkin jini na fushina da kuma fushin kishina.
၃၈ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။-
39 Sa’an nan zan miƙa ki ga kwartayenki, za su kuwa rurrushe ɗakunan samanki su kuma farfashe ɗakunan tsafinki. Za su tuɓe miki tufafinki su kuma kwashe kayan adonki masu kyau su bar ki tsirara tik.
၃၉ငါသည်သင့်ကိုသူတို့၏လက်သို့အပ်နှံ မည်။ သူတို့သည်သင်၏မြင့်သောတောင်ကုန်း များ ဝတ်ပြုရာဌာနများကိုဖြိုဖျက်ကြ လိမ့်မည်။ သူတို့သည်သင်၏အဝတ်အစား များနှင့်ကျောက်မျက်ရတနာများကိုယူ ၍ သင့်အားအဝတ်အချည်းစည်းထား ကြလိမ့်မည်။
40 Za su kawo taron jama’a a kanki, waɗanda za su jajjefe ki da dutse su sassare ki gunduwa-gunduwa da takubansu.
၄၀``သင့်အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်အပိုင်းပိုင်း ဖြတ်ကြစေရန် သူတို့သည်လူအုပ်ကြီးတစ် စုကိုလှုံ့ဆော်ပေးကြလိမ့်မည်။-
41 Za su ƙone gidajenki su kuma hukunta ki a idon mata masu yawa. Zan kawo ƙarshen karuwancinki, ba za ki kuma ƙara biyan kwartayenki ba.
၄၁သူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။-
42 Sa’an nan fushina a kanki zai huce fushin kishina kuma ya kwanta; zan huce ba kuwa zan ƙara yin fushi ba.
၄၂ထိုနောက်ငါသည်အမျက်ပြေ၍တည်ငြိမ် လိမ့်မည်။ နောက်တစ်ဖန်အမျက်ထွက်တော့မည် မဟုတ်။ မနာလိုစိတ်လည်းရှိတော့မည်မဟုတ်။-
43 “‘Domin ba ki tuna da kwanakin ƙuruciyarki ba amma kika husatar da ni da waɗannan abubuwa, tabbatacce zan sāka miki alhakin ayyukanki, in ji Ubangiji Mai Iko Duka. Ba kin ƙara lalata ga dukan waɗansu ayyuka masu banƙyamarki ba?
၄၃ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
44 “‘Duk mai yin amfani da karin magana zai faɗi wannan karin magana a kanki cewa, “Kamar yadda mahaifiya take haka’yar take.”
၄၄ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။-
45 Ke’yar mahaifiyarki ce da gaske, wadda ta ƙi mijinta da’ya’yanta; ke kuma’yar’uwar’yar’uwanki mata ce da gaske, waɗanda suka ƙi mazansu da’ya’yansu. Mahaifiyarki mutuniyar Hitti ce, mahaifinki kuma mutumin Amoriyawa ne.
၄၅သင်သည်အမှန်ပင်အမေ့သမီးပီသပါပေ သည်။ သင်၏မိခင်သည်ခင်ပွန်းနှင့်သားသမီး တို့ကိုရွံမုန်းသူဖြစ်၏။ သင်နှင့်သင့်ညီအစ်မ တို့သည်တူညီ၍၊ သူတို့သည်မိမိခင်ပွန်းနှင့် သားသမီးတို့ကိုရွံမုန်းကြ၏။ သင်၏မိခင် သည်ဟိတ္တိအမျိုးသမီးဖြစ်၍ဖခင်မှာ အာမောရိအမျိုးသား ဖြစ်၏။
46 Babbar’yar’uwarki mutuniyar Samariya ce, wadda take zaune da’ya’yanta mata wajen arewa da ke; ƙanuwarki ita ce Sodom wadda take zaune kudu da ke tare da’ya’yanta mata.
၄၆``သင်၏အစ်မသည်မိမိ၏သမီးများနှင့် တကွ နေထိုင်လျက်ရှိသည့်မြောက်အရပ်တွင် ရှိသောရှမာရိမြို့ဖြစ်၏။ သင့်ညီမကား မိမိ၏သမီးများနှင့်တကွနေထိုင်လျက် ရှိသောတောင်အရပ်တွင်ရှိသည့်သောဒုံမြို့ ဖြစ်၏။-
47 Ba ki bi hanyoyinsu da abubuwansu na banƙyama kaɗai ba, sai ka ce wannan ya yi miki kaɗan, amma kin lalace fiye da su.
၄၇သင်သည်သူတို့၏ခြေရာကိုနင်းလျက်စက် ဆုပ်ဖွယ်ရာအကျင့်များကိုပြုကျင့်ရုံဖြင့် ကျေနပ်ပါသလော။ မကျေနပ်။ အချိန်အနည်း ငယ်အတွင်းသင်သည်သူတို့ပြုသမျှသော အမှုအပေါင်းတို့ထက်ပိုမိုဆိုးရွားသော အမှုကိုပြုကျင့်ခဲ့၏။-
48 Muddin in raye, in ji Ubangiji Mai Iko Duka,’yar’uwarki Sodom da’ya’yanta mata ba su yi abin da’ya’yanki mata suka yi ba.
၄၈အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။-
49 “‘To, fa, ga zunubin’yar’uwarki Sodom. Ita da’ya’yanta mata sun yi girman kai, sun ƙoshi fiye da kima kuma ba su kula da wani abu ba; ba su taimaki matalauta da kuma masu bukata ba.
၄၉ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
50 Su masu girman kai ne kuma suka aikata abubuwa masu banƙyama a gabana. Saboda haka na kau da su kamar yadda ka gani.
၅၀သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။
51 Samariya ba tă aikata ko rabin zunubanki ba. Kin aikata abubuwa masu banƙyama fiye da su, suka kuma sa’yan’uwanki mata suka zama kamar masu adalci ta wurin dukan waɗannan abubuwa da kika aikata.
၅၁``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
52 Ki sha kunyarki, gama kin yi rangwame wa’yan’uwanki mata. Saboda zunubanki sun yi muni fiye da nasu, sai suka zama kamar sun fi ki adalci. Saboda haka, ki sha kunya ki kuma sha ƙasƙancinki, gama kin sa’yan’uwanki mata suka zama kamar su masu adalci ne.
၅၂ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။
53 “‘Amma fa, zan komo da nasarar Sodom da’ya’yanta mata da ta Samariya da’ya’yanta mata, nasararki kuma tare da su,
၅၃``သောဒုံမြို့နှင့်ထိုမြို့၏သမီးများနှင့် ရှမာ ရိမြို့နှင့်ထိုမြို့၏သမီးများကိုငါသည် တစ်ဖန်ပြန်လည်စည်ကားစေမည်။ သင့်ကို လည်းပြန်လည်စည်ကားလာစေမည်။-
54 domin ki sha ƙasƙancinki ki kuma sha kunyar dukan abin da kika aikata ta wurin ta’azantar da su.
၅၄သင်သည်မိမိကိုယ်ကိုရှက်လိမ့်မည်။ သင်၏ အသရေပျက်မှုသည်သင့်ညီအစ်မတို့အား မိမိတို့အဘယ်မျှကောင်းစားလာကြောင်း ထင်ပေါ်စေလိမ့်မည်။-
55 ’Yan’uwanki kuwa, Sodom da’ya’yanta mata da Samariya tare da’ya’yanta mata, za su koma kamar yadda suke a dā; ke kuma da’ya’yanki mata za ku koma kamar yadda kike a dā.
၅၅သင်၏ညီအစ်မများဖြစ်သောသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့်သူ၏သမီး များတို့သည် တစ်ဖန်ပြန်လည်စည်ကားလာ ကြလိမ့်မည်။ သင်နှင့်သင့်သမီးများသည် လည်းပြန်လည်ထူထောင်လာလိမ့်မည်။-
56 Ba za ki ma iya ambaci’yar’uwarki Sodom a ranar fariyarki ba,
၅၆မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။-
57 kafin a tone muguntarki. Ko da ma haka, yanzu’ya’yan Arameyawa mata da dukan maƙwabtanta da kuma’ya’yan Filistiyawa mata suna miki dariyar, dukan waɗanda suke kewaye da ke da suka rena ki.
၅၇
58 Za ki ɗauki hakkin lalatarki da kuma ayyukanki masu banƙyama, in ji Ubangiji.
၅၈သင်သည်မိမိပြုခဲ့သည့်ညစ်ညမ်းစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်အမှုများ၏အကျိုး ဆက်ကိုခံရမည်'' ဟုမိန့်တော်မူ၏။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
59 “‘Ga abin da Ubangiji Mai Iko Duka yana cewa zan hukunta kamar yadda ya dace da ke, domin kin ƙyale rantsuwana ta wurin karya alkawari.
၅၉အရှင်ထာဝရဘုရားက``သင်သည်သင်၏ ကတိသစ္စာတို့ကိုပမာဏမပြု၊ ပဋိညာဉ် ကိုလည်းချိုးဖောက်သဖြင့် သင်ခံထိုက်သည့် အပြစ်ကိုငါပေးမည်။-
60 Duk da haka zan tuna da alkawarin da na yi da ke a kwanakin ƙuruciyarki, zan kuma kafa madawwamin alkawari da ke.
၆၀သို့ရာတွင်သင်ငယ်စဉ်အခါကငါပြုခဲ့သည့် ပဋိညာဉ်ကိုပြန်လည်သတိရ၍ သင်နှင့်ထာဝ စဉ်တည်မြဲသည့်ပဋိညာဉ်ကိုငါဖွဲ့ဦးမည်။-
61 Sa’an nan za ki tuna da hanyoyinki ki kuma ji kunya sa’ad da kika karɓi’yan’uwanki mata, waɗanda suka girme ki da kuma waɗanda kika girme su. Zan ba da su kamar’ya’ya mata gare ki, amma ba bisa alkawarina da ke ba.
၆၁သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။-
62 Ta haka zan kafa alkawarina da ke, za ki kuma san cewa ni ne Ubangiji.
၆၂ငါသည်သင်နှင့်ပဋိညာဉ်ကိုအသစ်တစ်ဖန်ပြန် ၍ဖွဲ့မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိရှိရလိမ့်မည်။-
63 Sa’an nan, sa’ad da na yi kafara saboda ke domin dukan abin da kika aikata, za ki tuna ki kuma ji kunya har ki kāsa buɗe bakinki saboda kunya, in ji Ubangiji Mai Iko Duka.’”
၆၃သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။