< Ezekiyel 13 >
1 Maganar Ubangiji ta zo mini cewa,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 “Ɗan mutum, yi annabci a kan annabawan Isra’ila waɗanda suke annabci yanzu. Ka faɗa wa waɗanda suke annabci bisa ga ra’ayinsu cewa, ‘Ku ji maganar Ubangiji!
၂အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ တို့အား ပြော လော့။
3 Ga abin da Ubangiji Mai Iko Duka yake faɗa, Kaiton wawaye annabawan da suke bin ruhunsu kuma ba su ga kome ba!
၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့ လိုက် တတ်သော ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။
4 Annabawanki, ya Isra’ila, suna kama da diloli a kufai.
၄အိုဣသရေလ အမျိုး၊ သင် ၏ပရောဖက် တို့သည် တော ၌ နေ သောမြေခွေး နှင့် တူ ကြ၏။
5 Ba ku haura don ku rushe katanga don ku gyara gidan Isra’ila saboda ya tsaya daram a yaƙi a ranar Ubangiji ba.
၅ဣသရေလ အမျိုး သည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံ နိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုး ပျက် အပေါ် သို့တက် ၍၊ ပြုပြင် ခြင်းအမှုကို မ ပြုဘဲ နေကြ၏။
6 Wahayoyinsu ƙarya ne suna yin dubansu na ƙarya ne. Sukan ce, Ubangiji ya furta, alhali kuwa Ubangiji bai aike su ba; duk da haka sukan sa zuciya ga cikawar maganarsu.
၆အချည်းနှီး သောအရာကို မြင် ကြပြီ။ ထာဝရဘုရား စေလွှတ် တော်မ မူဘဲ၊ ထာဝရဘုရား မိန့် တော်မူသည် ဟုဆို လျက်၊ လှည့်စား ၍ ပရောဖက် ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါပြုကြပြီ။
7 Ba ku ga wahayin ƙarya kuka kuma faɗa yin duban ƙarya sa’ad da kuka ce, “Ubangiji ya furta,” ko da yake bai yi magana ba?
၇ငါ မ ပြော ဘဲ ထာဝရဘုရား မိန့် တော်မူသည်ဟု သင်တို့ဆို လျက် ၊ အချည်းနှီး သော အရာကိုမြင် ကြပြီ မ ဟုတ်လော ။ လှည့်စား ၍ ပရောဖက် ပြုကြပြီ မဟုတ် လော။
8 “‘Saboda haka ga abin da Ubangiji Mai Iko Duka yana cewa saboda maganganunku na ƙarya da wahayinku na ƙarya, ina gāba da ku, in ji Ubangiji Mai Iko Duka.
၈ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အချည်းနှီး သော စကားကို ပြော ၍ မုသာ ရူပါရုံကိုမြင် သောကြောင့် ငါ သည် သင် တို့တဘက် ၌ နေ၏။
9 Hannuna zai yi gāba da annabawan da suke ganin wahayin ƙarya suna kuma yin duban ƙarya. Ba za su kasance cikin taron mutanena ba, ba kuwa za a rubuta su a littafin gidan Isra’ila ba, ba za su shiga ƙasar Isra’ila ba. Ta haka za ku san cewa ni ne Ubangiji Mai Iko Duka.
၉အချည်းနှီး သော အရာကိုမြင် ၍ မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့ မ ဝင် ရကြ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည် ကို မ သွင်းရ။ ဣသရေလ ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
10 “‘Domin sun ɓad da mutanena, suna cewa, “Salama,” sa’ad da ba salama, kuma saboda, sa’ad da ana gina katanga marar ƙarfi, sukan shafe ta da farar ƙasa,
၁၀ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့် ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊
11 saboda haka ka faɗa wa waɗanda suka shafe da farar ƙasa cewa za tă fāɗi. Ruwan sama zai sauko da rigyawa, zan kuma aika da ƙanƙara, kuma babbar iska za tă ɓarke.
၁၁ထိုအုတ်ရိုးသည်ပြိုလဲ မည်ဟု အင်္ဂတေ နှင့်မွမ်းမံ သောသူတို့အား ပြော လော့။ မိုဃ်းရေ လွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီး ကျ လိမ့်မည်။ မိုဃ်းသက် မုန်တိုင်းတိုက်ဖျက် လိမ့်မည်။
12 Sa’ad da katangar ta fāɗi, mutane ba za su tambaye ku ba cewa, “Ina shafen farar ƙasar da kuka yi mata?”
၁၂ထိုအုတ်ရိုး သည်ပြိုလဲ ပြီးမှ ၊ သင်တို့မွမ်းမံ သော အင်္ဂတေ သည် အဘယ် မှာရှိသနည်းဟု သင် တို့အား သူတပါးမေး လိမ့်မည်မ ဟုတ်လော ။
13 “‘Saboda haka ga abin da Ubangiji Mai Iko Duka yana cewa a cikin hasalata zan saki babbar iska, kuma cikin fushina zan tura ƙanƙara kuma rigyawan ruwan sama zai sauko da fushin hallaka.
၁၃ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ သည် အမျက် ထွက်၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက် မုန်တိုင်းအားဖြင့်တိုက်၍ ဖျက် မည်။ ငါ ၏ ဒေါသ အရှိန်ကြောင့် မိုဃ်းရေ လွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီး နှင့် ဆုံး စေမည်။
14 Zan rushe katangar da kuka shafe da farar ƙasa zan baje ta har ƙasa saboda tushenta zai tsaya tsirara. Sa’ad da ta fāɗi, za a hallaka ku a cikinta; kuma za ku san cewa ni ne Ubangiji Mai Iko Duka.
၁၄ထိုသို့သင်တို့သည် အင်္ဂတေ နှင့် မွမ်းမံ သော အုတ်ရိုး ကို မြေ တိုင်အောင် ငါဖြိုချ ၍ အမြစ် ကိုလှန် သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက်၊ သင်တို့သည် အသက် ဆုံးကြ လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို ထိုအခါ သိရ ကြလိမ့်မည်။
15 Ta haka zan aukar wa katangar da hasalata da kuma a kan waɗanda suka yi shafenta da farar ƙasa. Zan ce muku, “Katangar ta fāɗi haka kuma mutanen da suka shafe ta da farar ƙasa,
၁၅ထိုသို့ အုတ်ရိုး ၌ ၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံ သောသူတို့ ၌ ၎င်း ၊ ငါ သည်ကိုယ်အမျက် ကို ဖြေ မည်။ အုတ်ရိုး မ ရှိဟူ၍၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံသောသူတည်းဟူသော၊
16 waɗannan annabawan Isra’ila waɗanda suka yi annabci wa Urushalima suka kuma ga mata wahayin salama sa’ad da ba salama, in ji Ubangiji Mai Iko Duka.”’
၁၆ငြိမ်သက် ခြင်းမ ရှိသောအခါ ယေရုရှလင် မြို့ အဘို့ ငြိမ်သက် ခြင်း ရူပါရုံ ကို မြင် ၍ ဟောပြော သော ဣသရေလ ပရောဖက် များမရှိကြဟူ၍၎င်း ၊ သူတို့အား ငါပြောမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 “To, ɗan mutum, ka kafa idonka a kan’yan matan mutanenka waɗanda suke annabci bisa ga ra’ayinsu. Yi annabci a kansu
၁၇ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊
18 ka kuma ce, ‘Ga abin da Ubangiji Mai Iko Duka yana cewa kaiton matan da suke ɗinka kambuna a hannuwansu suna kuma yin gyale masu tsawo dabam-dabam wa kawunansu don su farauci mutane. Za ku farauci rayukan mutanena ku bar naku?
၁၈အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။
19 Kun jawo mini kunya a cikin mutanena don a tafa muku sha’ir da ɗan dunƙulen burodi. Ta wurin yin ƙarya wa mutanena, waɗanda suke jin ƙarairayi, kuka kashe waɗanda bai kamata su mutu ba kuka bar waɗanda ya kamata su mutu.
၁၉မုယော ဆန်တလက် ဆွန်းနှင့် မုန့် တဖဲ့ ကို ရ အံ့သောငှါ ၊ ငါ ၏လူ တို့တွင် ငါ့ ကိုရှုတ်ချ ကြလိမ့်မည်လော။ မုသာ စကားကို နားထောင် တတ်သော ငါ ၏လူ တို့အား မုသာ စကားကို ပြောသောအားဖြင့် ၊ မ သေ အပ်သောသူ တို့ ၏ အသက် ကိုသတ် ၍ ၊ မ ရှင် အပ်သောသူ တို့ကို အသက် ချမ်းသာ ပေးကြလိမ့်မည်လော။
20 “‘Saboda haka ga abin da Ubangiji Mai Iko Duka yana cewa ina gāba da kambunanku waɗanda kuke farautar mutane da su kamar tsuntsaye don haka zan kuma tsintsinke su daga hannuwanku; zan’yantar da mutanen da kuka farauto kamar tsuntsaye.
၂၀ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အသက် ဝိညာဉ်တို့ကို ရအောင် ဘမ်း လျက် ၊ သုံးတတ်သောခေါင်းအုံး တို့ကို ငါ သည် ရန်ဘက် ပြု၍ သင် တို့နံပါး မှ ဆွဲနှုတ် ပြီးလျှင် ၊ သင် တို့ရအောင် ဘမ်း သော အသက် ဝိညာဉ်တို့ကို ငါလွှတ် လိုက်မည်။
21 Zan kyakketa gyalenku in ceci mutanena daga hannuwanku, ba za su kuma ƙara zama ganima a hannunku ba. Sa’an nan za ku san cewa ni ne Ubangiji
၂၁သင် တို့ဦးထုပ် တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူ တို့ကို သင် တို့လက် မှ ကယ်နှုတ် မည်။ နောက် တဖန် သူတို့သည် အဘမ်း ခံ၍၊ သင် တို့လက် သို့ မ ရောက် ရကြ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။
22 Domin kun karya zuciyar masu adalci da ƙarairayinku, sa’ad da na fitar da su babu damuwa, kuma domin kun ƙarfafa mugaye kada su juye daga mugayen hanyoyinsu su ceci rayukansu,
၂၂ငါ မ ညှိုးငယ် စေသော လူကောင်း တို့ကို သင်တို့သည် မုသာ စကားအားဖြင့် ညှိုးငယ် စေသောကြောင့် ၎င်း ၊ လူဆိုး တို့သည် ဆိုး သောလမ်း ကို မ ရှောင် စေခြင်းငှါအသက် ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာ စေသောကြောင့် ၎င်း ၊
23 saboda haka ba za ku ƙara ganin wahayin ƙarya ba, ko ku yi duba. Zan ceci mutanena daga hannuwanku. A sa’an nan za ku san cewa ni ne Ubangiji.’”
၂၃နောက် တဖန်သင်တို့သည် အချည်းနှီး သော အရာကိုမ မြင် ရကြ။ ပရောဖက် ပြု၍ မ ဟော ရကြ။ ငါ ၏ လူ တို့ကိုသင် တို့လက် မှ ငါကယ်နှုတ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။