< Fitowa 39 >
1 Daga zare mai ruwan shuɗi, da shuɗayya da kuma jan zare suka yi tsarkaken rigunan domin hidima a wuri mai tsarki. Suka kuma yi tsarkaken riguna don Haruna, yadda Ubangiji ya umarci Musa.
၁သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။
2 Suka yi efod na zinariya, da shuɗi, da shunayya, da jan zare, da kuma lallausan lilin.
၂ယဇ်ပုရောဟိတ်သင်တိုင်းကိုပိတ်ချော၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးနှင့်ရွှေ ချည်တို့ဖြင့်ရက်လုပ်၏။-
3 Suka bubbuga zinariya ta zama falle, suka yayyanka ta zare-zare don su yi saƙa da ita, tare da zane na shuɗi, da na shunayya, da na jan zare, da na lallausan lilin, aikin gwani mai fasaha.
၃အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-
4 Suka yi wa efod kafaɗu, sa’an nan suka haɗa su a gefenta biyu na sama, don a iya ɗaurawa.
၄သင်တိုင်းကိုချည်ထားရန်ပခုံးသိုင်းကြိုးနှစ် ချောင်းကိုတပ်ထား၏။-
5 Gwanin mai saƙa ya saƙa abin ɗamarar efod. Da irin kayan da aka saƙa efod ne aka saƙa abin ɗamarar, wato, da zinariya, da shuɗi, da shunayya, da jan zare, da zaren lallausan lilin, yadda Ubangiji ya umarci Musa.
၅ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
6 Suka shimfiɗa duwatsun onis, suka jera su cikin tsaiko na zinariya, suka kuma zāna sunayen’ya’yan Isra’ila a kan duwatsun kamar yadda akan yi hatimi.
၆သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
7 Sa’an nan suka ɗaura su a ƙyallen kafaɗun efod a matsayin duwatsun tuni wa’ya’yan Isra’ila, yadda Ubangiji ya umarci Musa.
၇ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ဣသရေလအမျိုးတစ်ဆယ့် နှစ်မျိုးတို့ကိုကိုယ်စားပြုရန်၊ ထိုကျောက် များကိုပခုံးသိုင်းကြိုးများပေါ်တွင်တပ် ဆင်ထားကြ၏။
8 Suka yi ƙyallen maƙalawa a ƙirji, aikin gwani. Suka yi shi kamar efod, na zinariya, da na shuɗi, da na shunayya, da na jan zare, da kuma na lallausan lilin.
၈သူတို့သည်ရင်ဖုံးကိုသင်တိုင်းချုပ်သည့်ပစ္စည်း များနှင့်ချုပ်၍ အလားတူပန်းထိုးထားကြ သည်။-
9 Ƙyallen maƙalawa a ƙirjin murabba’i ne, aka ninka shi biyu, tsawonsa da fāɗinsa kamu ɗaya-ɗaya ne.
၉ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျား၊ အနံ မှာကိုးလက်မစီရှိသည်။-
10 Sa’an nan suka sa jeri huɗu na duwatsu masu daraja a bisansa. A jeri na farko akwai yakutu, da tofaz, da zumurrudu;
၁၀သူတို့သည်ထိုရင်ဖုံးပေါ်တွင်ကျောက်မျက် လေးတန်းတပ်ဆင်ထား၏။ ပထမအတန်း တွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
11 a jeri na biyu akwai turkuwoyis, da saffaya, da daimon;
၁၁ဒုတိယအတန်းတွင်မြ၊ နီလာ၊ စိန်၊
12 a jeri na uku akwai yakinta, da idon mage, da ametis;
၁၂တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊
13 a jeri na huɗu akwai beril, da onis, da yasfa. Aka sa su cikin tsaiko na zinariya.
၁၃စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
14 Aka zāna duwatsu goma sha biyu, ɗaya don kowane sunan’ya’yan Isra’ila goma sha biyu, kamar yadda akan yi hatimi.
၁၄ကျောက်မျက်တစ်လုံးပေါ်တွင်နာမည်တစ်ခု ကျစီဖြင့်၊ ကျောက်မျက်တစ်ဆယ့်နှစ်လုံးပေါ် တွင်ဣသရေလတစ်ဆယ့်နှစ်မျိုးကိုကိုယ်စား ပြုရန်၊ ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက် တို့၏နာမည်များကိုထွင်းထားလေသည်။-
15 Sai suka yi tuƙaƙƙun sarƙoƙi na zinariya zalla a kan ƙyallen maƙalawa a ƙirji.
၁၅သူတို့သည်ရင်ဖုံးအတွက်ရွှေကြိုးလိမ် များကိုပြုလုပ်၏။-
16 Suka yi tsaiko biyu na zinariya da zoban zinariya biyu, suka kuma ɗaura zoban a kusurwoyi biyu na ƙyallen maƙalawa a ƙirji.
၁၆ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။-
17 Suka ɗaura sarƙoƙi biyu na zinariya da kusurwoyi na ƙyallen maƙalawa a ƙirji.
၁၇ရွှေကြိုးလိမ်နှစ်ပင်ကိုရင်ဖုံးထောင့်ရှိကွင်း ၌တပ်၍၊-
18 Suka maƙala waɗancan bakin sarƙoƙin zinariya a tsaikon nan biyu, sa’an nan suka rataya su a kafaɗun efod daga gaba.
၁၈အခြားအဖျားနှစ်ခုကိုရွှေပန်းထည်နှစ်ခု တွင်ချည်နှောင်ထား၏။ ဤနည်းအားဖြင့်ရွှေ ကြိုးလိမ်များသည်၊ သင်တိုင်း၏ပခုံးသိုင်း ကြိုးများအရှေ့ပိုင်းတွင်တပ်ထားလျက် ရှိလေ၏။-
19 Suka yi zobai biyu na zinariya suka haɗa, suka sa su a gefe biyu na ƙyallen maƙalawa a ƙirji daga ciki kusa da efod.
၁၉သူတို့သည်နောက်ထပ်ရွှေကွင်းကိုပြုလုပ်၍၊ သင်တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက် ထောင့်အတွင်းနားတွင်တပ်ထား၏။-
20 Sa’an nan suka yi waɗansu ƙarin zobai biyu na zinariya, suka maƙale su daga ƙasa a gaban kafaɗu biyu na efod kusa da mahaɗin a bisa abin ɗamarar efod.
၂၀သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။-
21 Suka ɗaura zoban ƙyallen maƙalawa a ƙirjin a zoban efod da shuɗiyar igiya don ƙyallen maƙalawa a ƙirji, ya kwanta lif a bisa kan abin ɗamarar efod don kada yă kunce daga efod, sun yi yadda Ubangiji ya umarci Musa.
၂၁ထာဝရဘုရားကမောရှေအားမိန့်တော် မူသည့်အတိုင်း၊ ရင်ဖုံးမှကွင်းများကိုသင် တိုင်းမှကွင်းများနှင့်ကြိုးပြာဖြင့်ချည် ထားသဖြင့်၊ ရင်ဖုံးသည်လျှောမကျဘဲ ရင်စည်းထက်တွင်တည်မြဲနေ၏။
22 Suka kuma saƙa taguwa ta efod da shuɗi duka, aikin gwani mai saƙa,
၂၂သူတို့သည်သင်တိုင်းအပေါ်တွင်ဝတ်ရသော ဝတ်ရုံတစ်ခုလုံးကို သိုးမွေးအပြာဖြင့်ရက် လုပ်ကြ၏။-
23 an yi wa taguwar wuyan wundi a tsakiya kamar sulke, aka daje wuyan don kada yă kece.
၂၃ထိုဝတ်ရုံ၏လည်စွပ်ကိုမစုတ်မပြဲစေရန် ရက်ထည်ဖြင့်အနားကွပ်ထားသည်။-
24 Suka yi fasalin’ya’yan rumman da shuɗi, da shunayya, da jan zare, da lallausan lilin kewaye da gefe-gefen taguwar.
၂၄ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း ဝတ်ရုံ၏အောက်နားပတ်လည် တွင်ပိတ်ချော၊ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးသလဲသီးလုံးများနှင့်ရွှေ ဆည်းလည်းများကိုတစ်လုံးကျော်စီတပ် ဆင်ထားသည်။
25 Suka yi ƙararrawa da zinariya zalla, suka sa su a tsakanin fasalin’ya’yan rumman kewaye da gefe-gefen taguwa.
၂၅
26 Aka jera ƙararrawan da’ya’yan rumman bi da bi. Haka aka jera su kewaye da gefe-gefen taguwar aiki, yadda Ubangiji ya umarci Musa.
၂၆
27 Suka saƙa doguwar riga da lallausan lilin don Haruna da’ya’yansa, aikin gwani mai saƙa,
၂၇သူတို့သည်အာရုန်နှင့်သူ၏သားများအတွက် အတွင်းခံအင်္ကျီ၊-
28 suka yi rawanin da lallausan lilin, da hulan lilin da rigunan ciki na lallausan lilin.
၂၈ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
29 Suka yi abin ɗamara da lallausan lilin da shuɗi, shunayya da jan zare, aikin gwanin mai ɗinki, yadda Ubangiji ya umarci Musa.
၂၉အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
30 Suka yi allo tsattsarka da zinariya tsantsa, suka zāna rubutu irin na hatimi a kansa haka, Mai tsarki ga Ubangiji.
၃၀သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
31 Sa’an nan suka ɗaura shi da shuɗiyar igiya a gaban rawanin, yadda Ubangiji ya umarci Musa.
၃၁ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
32 Ta haka aka gama dukan aikin tabanakul da Tentin Sujada. Isra’ilawa suka yi kome yadda Ubangiji ya umarci Musa.
၃၂နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
33 Sa’an nan suka kawo wa Musa tabanakul, tentin da dukan kayayyakinsa, ƙugiyoyinsa, katakansa, da sandunansa, da dogayen sandunansa da rammukansa;
၃၃သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
34 murfi na fatun rago wanda aka rina ja, da murfi na fatun shanun teku; da kuma laɓulen
၃၄အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
35 akwatin Alkawari da sandunansa da murfin kafara;
၃၅ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
36 tebur da dukan kayayyakinsa, da burodin Kasancewa;
၃၆စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
37 wurin ajiye fitilu na zinariya zalla, da jerin fitilunsa da dukan kayayyakinsa, da man fitila,
၃၇ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
38 bagade na zinariya, da man shafewa, da turare mai ƙanshi, da labulen ƙofar shiga tenti,
၃၈ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
39 bagade na tagulla na raga, da sandunansa da kayan aikinsa; da daro da wurin ajiyarsa,
၃၉ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်း ပိုး၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံးတို့ကို လည်းကောင်း၊ ရွှေအင်တုံနှင့်အောက်ခုံကိုလည်း ကောင်း၊-
40 labulen filin, sandunansa da rammukansa, labulen ƙofar shiga filin; igiyoyi da ƙarafan kafa filin; dukan kayan aikin tabanakul da Tentin Sujada;
၄၀တဲတော်ဝင်းအတွက်ကန့်လန့်ကာများ၊ တိုင် များနှင့်အောက်ခြေခံများ၊ တဲတော်ဝင်း တံခါးဝအတွက်ကန့်လန့်ကာနှင့်ကြိုးများ၊ တဲတော်ကြက်ဆူးများကိုလည်းကောင်း၊ ထာဝရဘုရားစံတော်မူရာတဲတော် အတွင်းဆောင်ရွက်ခြင်းဆိုင်ရာပစ္စည်းရှိ သမျှကိုလည်းကောင်း၊-
41 da kuma saƙaƙƙun rigunan da ake sawa don hidima a wuri mai tsarki, duk da tsarkakan riguna na Haruna firist da rigunan’ya’yansa maza, sa’ad da suke hidima a matsayin firistoci.
၄၁သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-
42 Isra’ilawa suka yi dukan aikin nan yadda Ubangiji ya umarci Musa.
၄၂ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
43 Musa ya duba aikin, sai ya ga cewa sun yi shi daidai yadda Ubangiji ya umarta. Sai Musa ya sa musu albarka.
၄၃မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။