< Fitowa 18 >

1 Ana nan sai Yetro firist na Midiyan, kuma surukin Musa, ya ji duk abin da Allah ya yi wa Musa da mutanensa Isra’ila, da kuma yadda Ubangiji ya fitar da Isra’ila daga Masar.
ဘုရား သခင်သည် မောရှေ မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ ကို ၎င်း၊ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ် ပုရောဟိတ်ဖြစ်သောမောရှေ ၏ယောက္ခမ ယေသရော ကြား သည်ရှိသော်၊
2 Bayan da Musa ya tura matarsa Ziffora gida, sai surukinsa Yetro ya karɓe ta
မောရှေလွှတ်ခဲ့သောမယားနှင့်
3 da’ya’yanta biyu maza. Ana kira ɗaya Gershom, domin Musa ya ce, “Na zama baƙo a baƙuwar ƙasa”;
သူ ၏သား နှစ် ယောက်ကို ယူ၍ သွားလေ၏။ သားတယောက် ကား၊ ဂေရရှုံ အမည် ရှိ၏။ အကြောင်းမူကား ၊ ငါသည် တကျွန်း တနိုင်ငံ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟု အဘဆို သတည်း။
4 ɗayan kuma Eliyezer, domin ya ce, “Allah mahaifina ya taimake ni ya cece ni daga takobin Fir’auna.”
သားတယောက်ကား၊ ဧလျေဇာ အမည် ရှိ၏။ အကြောင်း မူကား၊ ငါ့ ဘိုးဘေး တို့၏ ဘုရားသခင် သည် ငါ့ ကို မစ ၍ ဖာရော ဘုရင်၏ ထား မှ ကယ်လွှတ် တော်မူပြီဟု ဆိုသတည်း။
5 Yetro surukin Musa tare da’ya’yan Musa da matarsa suka zo wurin Musa a hamada, inda suka kafa sansani kusa da dutsen Allah
မောရှေ ၏ ယောက္ခမ ယေသရော သည် မောရှေ မယား နှင့် သား တို့ကို ယူ၍၊ တော ၌ ဘုရား သခင်၏ တောင် တော်နား၊ မောရှေ တပ်ချ ရာအရပ်သို့ ရောက် လာလျှင် ၊
6 Yetro ya riga ya aika wa Musa cewa, “Ni surukinka Yetro, ina zuwa wurinka tare da matarka da’ya’yanka maza biyu.”
ကိုယ်တော် ၏ယောက္ခမ ယေသရော နှင့် ကိုယ်တော် ၏ မယား ၊ သား နှစ် ယောက်တို့သည် ကိုယ်တော် ထံ သို့ရောက် လာပါပြီဟု မောရှေ အား ကြား ပြောသော် ၊
7 Sai Musa ya tafi yă taryi surukinsa, ya sunkuya ya yi masa sumba. Suka gai da juna, sa’an nan suka shiga tenti.
မောရှေ သည် ယောက္ခမ ကို ခရီးဦးကြိုပြု ခြင်းငှာ ထွက် ၍ ဦးချ နမ်း ရှုပ်လျက် ၊ ကျန်းမာ ကြောင်း ကို တ ယောက်နှင့်တယောက် မေးမြန်း လျက် တဲ သို့ ဝင် ကြ၏။
8 Musa kuwa ya faɗa wa surukinsa duk abubuwan da Ubangiji ya yi wa Fir’auna da Masarawa domin Isra’ila, da batun wahalolin da suka sha a hanya, da yadda Ubangiji ya cece su.
ထာဝရဘုရား သည် ဣသရေလ အမျိုးအတွက် ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့၌ ပြု တော်မူသမျှ ကို ၎င်း၊ လမ်းခရီး တွင် ခံ ရသောဆင်းရဲ ဒုက္ခအလုံးစုံ ကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ် တော်မူကြောင်းကို၎င်း၊ မောရှေ သည် ယောက္ခမ အား ကြားပြော လေ၏။
9 Yetro ya yi murna da jin duk abubuwa masu kyau da Ubangiji ya yi wa Isra’ila, wajen cetonsu daga hannun Masarawa.
ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍၊ ပြု တော်မူသောကျေးဇူး ကြောင့် ယေသရော သည် ဝမ်းမြောက် လျက် ၊
10 “Yabo ga Ubangiji wanda ya cece ku daga hannun Masarawa da na Fir’auna, wanda kuma ya cece mutanensa daga hannun Masarawa.
၁၀အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
11 Yanzu na san cewa Ubangiji ya fi kowane allah, gama ya yi wannan ga masu girman kai da kuma waɗanda suka wulaƙanta Isra’ila.”
၁၁ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊
12 Sa’an nan Yetro surukin Musa, ya kawo hadaya ta ƙonawa da waɗansu hadayu wa Allah, Haruna ya zo tare da dukan dattawan Isra’ila, suka ci abinci tare da surukin Musa a gaban Allah.
၁၂မောရှေ ၏ ယောက္ခမ ယေသရော သည်၊ မီးရှို့ စရာယဇ်နှင့် ဘုရား သခင်အဘို့ ယဇ် များကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့သည်၊ မောရှေ ၏ ယောက္ခမ နှင့် အတူဘုရား သခင့်ရှေ့ တော်၌ အစာ စား ခြင်းငှာ လာ ကြ၏။
13 Kashegari, Musa ya zauna domin yă yi wa mutane shari’a, sai suka tsaya kewaye da shi daga safe har yamma.
၁၃နက်ဖြန် နေ့၌ မောရှေ သည်၊ လူ များကို တရား စီရင်ခြင်းငှာ ထိုင် လေ၏။ နံနက် မှစ၍ ညဦး တိုင်အောင် ၊ လူ များတို့သည် မောရှေ ရှေ့ မှာ နေ ကြ၏။
14 Sa’ad da surukinsa ya lura da duk abin da Musa yake yi saboda mutane, sai ya ce, “Mene ne wannan da kake yi wa mutane? Don me kai kaɗai kake zama kana yin shari’a wa mutane, yayinda mutanen nan suke tsaya kewaye da kai daga safe har yamma?”
၁၄မောရှေ သည် လူ များတို့အား ပြု သမျှ ကို ယောက္ခမ မြင် လျှင် ၊ ဤ လူ များတို့အား ပြု သောအမှု အဘယ် သို့နည်း။ သင် သည် တယောက်တည်းထိုင် လျက် ၊ လူ အပေါင်း တို့သည် နံနက် မှစ၍ ညဦး တိုင်အောင် သင့် ရှေ့ မှာ အဘယ် ကြောင့်နေ ရကြသနည်းဟု ဆို ၏။
15 Musa ya amsa ya ce, “Saboda mutanen suna zuwa wurina, don su nemi nufin Allah.
၁၅မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။
16 Duk lokacin da suke da gardama, akan kawo su a wurina, ni kuma sai in raba tsakaninsu, in kuma koya musu dokokin Allah da farillansa.”
၁၆သူ တို့သည် အမှု ရှိ လျှင် အကျွန်ုပ် ထံ သို့လာ ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ် ရ၏။ ဘုရား သခင်၏ ပညတ် တရား များကို သင် ချရ၏ဟု ယောက္ခမ အား ပြော လျှင် ၊
17 Surukin Musa ya amsa ya ce, “Abin da kake yi ba daidai ba ne.
၁၇ယောက္ခမ က၊ သင် ပြု သော အမှု သည် မ တော် မသင့်ဖြစ်၏။
18 Kai da dukan mutanen da suke zuwa wurinka za ku gajiyar da kanku. Aikin ya fi ƙarfinka; ba za ka iya yinsa kai kaɗai ba.
၁၈သင် မှစ၍ သင် ၌ ပါသော ဤ လူ များတို့သည် အမှန် အားလျော့ ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက်တည်း မ တတ် နိုင်သောအမှု ဖြစ်၏။
19 Ka kasa kunne gare ni yanzu, zan ba ka shawara, Allah kuma yă kasance tare da kai. Kai za ka zama wakilin mutane a gaban Allah, ka kuma kawo gardamansu gare shi.
၁၉ငါ့ စကား ကို နားထောင် လော့။ ငါအကြံ ပေးမည်။ ဘုရား သခင်သည်လည်း သင့် ဘက်၌ ရှိ တော်မူလိမ့်မည်။ သင် သည် ဘုရား သခင်နှင့်ဆိုင် သော အမှု ၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရား သခင်အထံ တော်သို့ ဝင်၍ လျှောက်ရမည်။
20 Ka koya musu dokokinsa da farillarsa, ka kuma nuna musu hanyar rayuwa da ayyukan da za su yi.
၂၀သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။
21 Amma ka zaɓi mutane masu iyawa daga dukan mutane, maza masu tsoron Allah, amintattu, masu ƙin rashawa, ka sanya su shugabanni na dubbai, ɗari-ɗari, hamsin-hamsin da goma-goma.
၂၁ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
22 Bari waɗannan mutane su sassanta mutane a kan ƙananan matsaloli, amma kowace babban matsala, ko bukata ta musamman, sai su kawo wurinka, ƙananan matsaloli kuma sai su yanke hukuncin da kansu. Ta haka ne za su taimaka wajen ɗaukan nauyin jama’a, don su sa aikin yă zama maka da sauƙi.
၂၂ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ များတို့ကို တရား စီရင်ကြစေ။ ကြီး သောအမှု ၌ သင် ၏အယူ ကို ခံကြစေ။ ငယ် သောအမှု ကို အလိုလို စီရင် ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်း သဖြင့် သင် သည် သက်သာ လိမ့်မည်။
23 In ka yi haka, Allah ya umarta za ka iya jimre gajiyar, kuma dukan mutanen nan za su koma gida da murna.”
၂၃ထိုသို့ ဘုရား သခင်အခွင့် နှင့် ပြု လျှင် သင်သည် ခိုင်ခံ့ လိမ့်မည်။ ဤ လူ အပေါင်း တို့သည် မိမိ နေရာ ပြည် သို့ ငြိမ်ဝပ် စွာ သွား ကြလိမ့်မည်ဟု ပြော ဆို၏။
24 Musa ya kasa kunne ga surukinsa, ya kuma aikata duk abin da ya faɗa.
၂၄မောရှေ သည်လည်း ယောက္ခမ ၏စကား ကို နားထောင် ၍ စကား ရှိသည်အတိုင်း ပြု လျက်၊
25 Ya zaɓi mutane masu iyawa daga cikin dukan Isra’ila, ya naɗa su shugabannin mutane, shugabanni a kan dubbai, ɗari-ɗari, hamsin-hamsin da goma-goma.
၂၅တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။
26 Suka yi hidimar alƙalanci na mutane a dukan lokaci. Gardandamin da suke da wuya, suka kawo wurin Musa, amma ƙananan batuttuwa, suka shari’anta a tsakaninsu.
၂၆ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ တို့ကို တရား စီရင်ကြ၏။ ခက် သောအမှု ၌ မောရှေ ၏အယူ ကို ခံကြ၏။ လွယ် သောအမှု ကို အလိုလို စီရင် ကြ၏။
27 Sa’an nan Musa ya sallame surukinsa Yetro, ya kuwa koma ƙasarsa.
၂၇ထိုနောက် မောရှေ သည် ယောက္ခမ သွားရသောအခွင့် ကိုပေး ၍ ၊ သူသည် မိမိ နေရာ သို့ သွား လေ၏။

< Fitowa 18 >