< Fitowa 15 >
1 Sa’an nan Musa da Isra’ilawa suka rera wannan waƙa ga Ubangiji suka ce, “Zan rera waƙa ga Ubangiji gama an ɗaukaka shi ƙwarai. Doki da mahayinsa ya jefa su cikin teku.
၁ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
2 “Ubangiji ne ƙarfina da mafakata, ya zama cetona. Shi Allahna ne, zan yabe shi. Allah na kakana, zan ɗaukaka shi.
၂ထာဝရ ဘုရားသည် ငါ့ အစွမ်း သတ္တိ၊ ငါသီချင်း ဆိုကြောင်း၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ် တော်မူ၏။ ထို ဘုရား သည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာ ပြုပါမည်။ ငါ့ ဘိုးဘေး တို့၏ ဘုရား သခင်ဖြစ်တော်မူ၍ ၊ ငါချီးမြှောက် ပါမည်။
3 Ubangiji mai yaƙi ne Ubangiji ne sunansa.
၃ထာဝရဘုရား သည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်းဟူသောနာမ တော်ရှိတော်မူ၏။
4 Karusan Fir’auna da sojojinsa ya jefa cikin teku. Zaɓaɓɓun jarumawansa ya nutsar da su cikin Bahar Maliya.
၄ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
5 Zurfafan ruwaye sun rufe su; suka nutse cikin zurfi kamar dutse.
၅နက် စွာသောအရပ်၌ လွှမ်းမိုး လျက်ရှိကြ၏။ ကျောက် ကဲ့သို့ အောက် သို့ ဆင်း ကြ၏။
6 Hannun damanka, ya Ubangiji, Mai kwarjini ne da iko, hannun damanka, ya Ubangiji, ya farfashe magabci.
၆အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် တန်ခိုး အားဖြင့် ဘုန်းကြီး တော်မူ၏။ အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် ရန်သူ တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏။
7 “A cikin girman kwarjininka ka kā da waɗanda sun yi gāba da kai. Ka aiki fushinka mai zafi ya cinye su kamar tattaka.
၇ကိုယ်တော် တဘက်၌ ထ သောသူတို့ကို၊ ဘုန်း တန်ခိုးအာနုဘော်တော်တို့နှင့် လှဲ တော်မူ၏။ အမျက် တော်ကို လွှတ် ၍၊ သူ တို့ကို အမှိုက် ကဲ့သို့ မီးလောင် စေတော်မူ၏။
8 Da hucin numfashin hancinka ruwaye suka tattaru. Ruwaye masu kwararowa, suka tsaya kamar bango; ruwaye na zurfafa suka daskare a tsakiyar teku.
၈နှာခေါင်း တော်လေ အားဖြင့် ရေ သည် စုဝေး ၍ ၊ စီး သောရေသည် ပုံ့ပုံ့ကြွ ၍၊ ပင်လယ် ၏အထဲ ၌ ပင် နက် သောရေသည် တောင့်မာ လျက်နေရ၏။
9 Magabci ya yi fahariya, cewa ‘Zan fafare su, in ci musu. Zan raba ganima; abin da na so ya samu. Zan ja takobina hannuna kuwa zai hallaka su.’
၉ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
10 Amma ka hura numfashinka sai teku ya rufe su. Suka nutse kamar darma cikin manyan ruwaye.
၁၀ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
11 Wane ne cikin alloli, ya yi kamar ka, ya Ubangiji? Wane ne kamar ka, mai ɗaukaka cikin tsarki, mai banrazana cikin ɗaukaka, mai aikata al’ajabai?
၁၁အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
12 “Ka miƙa hannunka na dama, ƙasa ta haɗiye abokan gābanka.
၁၂လက်ျာ လက်တော်ကို ဆန့် တော်မူသဖြင့်၊ သူ တို့ကို မြေ မြှုပ် လေ၏။
13 A cikin ƙaunarka marar iyaka, za ka bishe mutanen da ka fansa. A cikin ƙarfinka, za ka bishe su zuwa mazauninka mai tsarki.
၁၃ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
14 Al’ummai za su ji, su yi rawar jiki tsoro zai kama mutanen Filistiya.
၁၄လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။
15 Sarakunan Edom za su tsorata, shugabannin Mowab za su yi rawar jiki, mutanen Kan’ana za su narke.
၁၅ဧဒုံ ဗိုလ် တို့သည် မိန်းမော တွေဝေခြင်း၊ မောဘ သူရဲ တို့သည် တုန်လှုပ် ခြင်း၊ ခါနာန် ပြည်သား အပေါင်း တို့ သည် စိတ်ပျက် ခြင်းသို့ ရောက် ကြလိမ့်မည်။
16 Razana da tsoro za su fāɗo a kansu. Da ikon hannunka za su tsaya cik kamar dutse, har sai mutanen da ka kawo sun wuce, ya Ubangiji.
၁၆အို ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့သည် လွန် သွားသောအခါ ၊ ရွေး တော်မူသော ကိုယ်တော်၏လူ တို့ သည် လွန်သွား သောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံး တော်တန်ခိုး ကြောင့် ၊ သူတို့သည် ကျောက် ကဲ့သို့ ငြိမ်ငြိမ် နေကြလိမ့်မည်။
17 Za ka kawo su, ka dasa su a kan dutsen nan naka inda, ya Ubangiji, ka shirya domin mazauninka, wuri mai tsarkin da hannuwanka suka kafa, ya Ubangiji.
၁၇အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18 “Ubangiji zai yi mulki har abada abadin.”
၁၈ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
19 Sa’ad da dawakai, kekunan yaƙi da mahayan dawakan Fir’auna suka shiga cikin teku, Ubangiji ya mayar da ruwan teku a kansu, amma Isra’ilawa suka wuce a cikin teku a busasshiyar ƙasa.
၁၉အကြောင်းမူကား၊ ဖာရော ဘုရင်၏ မြင်း များ၊ ရထား များ၊ မြင်းစီးသူရဲ များတို့သည် ပင်လယ် ထဲသို့ ဝင် ၍ ၊ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ပင်လယ် ရေ ကို လွှမ်းမိုး စေတော်မူ၏။ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၏။
20 Sa’an nan Miriyam annabiya,’yar’uwar Haruna ta ɗauki ganga a hannunta, dukan mata kuwa suka bi ta, da ganguna suna rawa.
၂၀အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
21 Miriyam ta yi musu waƙa. “Ku rera ga Ubangiji gama ya ci gawurtacciyar nasara. Doki da mahayi, ya jefa cikin teku.”
၂၁မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
22 Sai Musa ya jagoranci Isra’ila daga jan teku zuwa hamadar Shur. Kwana uku suka yi tafiya cikin hamada ba su sami ruwa ba.
၂၂ထိုနောက် မောရှေ သည် ဣသရေလ လူတို့ကို၊ ဧဒုံ ပင်လယ် မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရ တော သို့ ရောက် ကြ၏။ ထိုတော ၌ သုံး ရက် ခရီးသွား ၍ ရေ ကို မ တွေ့ မရကြ။
23 Da suka zo Mara, ba su iya shan ruwan ba saboda yana da ɗaci (shi ya sa ake kira wurin Mara).
၂၃မာရ အရပ်သို့ ရောက် သောအခါ ၊ မာရ ရေ သည် ခါး သောကြောင့် မ သောက် နိုင် ကြ။ ထိုကြောင့် ထိုအရပ်ကို မာရ ဟု သမုတ် ကြသတည်း။
24 Sai mutanen suka yi gunaguni a kan Musa, suna cewa, “Me za mu sha?”
၂၄လူ များတို့သည် မောရှေ ကို အပြစ်တင် ၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက် ရပါမည်နည်းဟု ဆို ကြ၏။
25 Sai Musa ya yi kuka ga Ubangiji, Ubangiji kuwa ya nuna masa wani itace. Sai ya jefa shi cikin ruwan, sai ruwan ya zama mai daɗi. A can Ubangiji ya yi musu doka da farilla, a can kuma ya gwada su.
၂၅မောရှေသည် ထာဝရဘုရား အား အော်ဟစ် ၍ ထာဝရဘုရား သည် သစ်ပင် တပင်ကို ပြ တော်မူ၏။ ထိုအပင်ကို ရေ ထဲသို့ ချ ပြီးလျှင် ၊ ရေ သည် ချို လေ၏။ ထို အရပ်၌ သူ တို့ကို စုံစမ်း ၍ စီရင် ထုံးဖွဲ့ တော်မူသည်ကား၊
26 Ya ce, “In kun kasa kunne ga muryar Ubangiji Allahnku kuka yi abin da yake daidai a idanunsa, in kun mai da hankali ga umarnansa, kuka kiyaye dukan farillansa, ba zan kawo muku wani ciwon da na kawo a kan Masarawa ba, gama ni ne Ubangiji da nake warkar da ku.”
၂၆သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
27 Sai suka zo Elim inda akwai maɓulɓulan ruwa goma sha biyu da itatuwan dabino saba’in, suka sauka a can, kusa da ruwa.
၂၇ထိုနောက်မှ ရေတွင်း ဆယ် နှစ် တွင်း၊ စွန်ပလွံ ပင် ခုနစ်ဆယ် နှင့် ပြည့်စုံရာ ဧလိမ် ရွာသို့ ရောက် ၍ ၊ ထို အရပ်တွင် ရေ ရှိရာအနား မှာ တပ်ချ ကြ၏။