< Maimaitawar Shari’a 33 >

1 Wannan ita ce albarkar da Musa mutumin Allah ya furta a kan Isra’ilawa, kafin yă rasu.
ဘုရားသခင် ၏လူ မောရှေ သည် မ သေ မှီ ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေးသော မင်္ဂလာ စကား ဟူမူကား ၊
2 Ya ce, “Ubangiji ya zo daga Sinai ya haskaka a bisansu daga Seyir; ya haskaka daga Dutsen Faran. Ya zo tare da dubban tsarkakansa daga kudu, daga gangara dutsensa.
ထာဝရဘုရား သည် သိနာ တောင်ပေါ်က ကြွ တော်မူ၏။ စိရ အရပ်မှ ထိုလူ တို့အား နေထွက် တော်မူ၏။ ပါရန် တောင် ပေါ်က ရောင်ခြည် ထွန်းပတော်မူ၍ ၊ သန့်ရှင်း သောသူ အထောင် အသောင်းတို့နှင့်အတူ ကြွ တော်မူ၍၊ ဓမ္မ မီးသည် ဣသရေလလူတို့အဘို့၊ လက်ျာ လက်တော် မှ ထွက်လေ၏။
3 Tabbatacce kai ne wanda yake ƙaunar mutane; dukan tsarkaka suna a hannunka. A ƙafafunka, duk suka rusuna, daga wurinka kuma suka karɓi umarni,
အကယ် စင်စစ်ထိုလူမျိုး ကို ချစ် တော်မူ၏။ မိမိ သန့်ရှင်း သူအပေါင်း တို့သည် အထံ တော်ပါးတွင် ရှိကြ၏။ သူ တို့သည် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ စကား တော်တို့ကို နားခံ ကြလေ၏။
4 dokar Musa ta ba mu dokoki, mallakar taron Yaƙub.
ယာကုပ် အမျိုး ပရိသတ် အမွေ ခံရသောဓမ္မ တရားကို မောရှေ သည် ငါ တို့အား ထား ၏။
5 Shi ne sarki a bisa Yeshurun sa’ad da shugabannin mutane suka taru, tare da kabilan Isra’ila.
ဣသရေလ အမျိုး မင်း များနှင့်တကွ ၊ အမျိုးအနွယ် များတို့သည် စည်းဝေး သောအခါ ၊ ထိုသူသည် ယေရှုရုန် အမျိုး၌ ရှင်ဘုရင် ဖြစ် ၏။
6 “Bari Ruben yă rayu, kada yă mutu, kada mutanensa su zama kaɗan.”
ရုဗင် အမျိုး မ သေ ၊ အသက်ရှင် ၍ သူ ၏လူ တို့ သည် များ ပါ စေသော။
7 Ya kuma faɗa wannan game da Yahuda, “Ka ji, ya Ubangiji, kukan Yahuda; ka kawo shi wurin mutanensa. Da hannuwansa ya kāre kansa. Ka taimake shi a kan maƙiyansa!”
ယုဒ အမျိုးကိုကား ၊ အိုထာဝရဘုရား ၊ ယုဒ စကား သံကို နားထောင် ၍ သူ့ ကို အမျိုးသား ချင်းတို့ရှိရာသို့ ဆောင် ခဲ့တော်မူပါ။ မိမိ လက် တို့သည် မိမိ အဘို့ တန်ပါစေ သော။ သူ့ ကို ရန်သူ တို့လက်မှ ကယ်တင် တော်မူပါ။
8 Game da Lawi ya ce, “Tummim da Urim na mutumin da ka nuna masa tagomashi ne. Ka gwada shi a Massa; ka yi faɗa da shi a ruwan Meriba.
လေဝိ အမျိုးကိုကား ၊ သင် ၏သုမိမ် နှင့် ဥရိမ် သည် မဿာ အရပ်၌ သင်စုံစမ်း ၍ ၊ မေရိဘ စမ်းရေ အနား မှာ သင်ဆန့်ကျင်ဘက်ပြုသော သင် ၏ သန့်ရှင်း သူ ၌ ရှိပါစေသော၊
9 Ya yi zancen mahaifinsa da mahaifiyarsa ya ce, ‘Ban kula da su ba.’ Bai gane da’yan’uwansa ba, ko yă yarda da’ya’yansa, amma ya kiyaye maganarka ya tsare alkawarinka.
ထိုသူသည် ကိုယ်မိဘ ဖြစ်သော်လည်းငါမ တွေ့ မမြင်ဟု ဆို တတ်၏။ ကိုယ် ညီအစ်ကို ကိုလည်း မ မှတ် တတ်။ ကိုယ် သားသမီး ကိုလည်း မ သိ တတ်။ အကြောင်း မူကား၊ စကား တော်ကို နားထောင် ၍ ပဋိညာဉ် တရားတော် ကို စောင့်ရှောက် တတ်၏။
10 Ya koyar da farillanka ga Yaƙub, dokarka kuma ga Isra’ila. Ya miƙa turare a gabanka da kuma hadaya ta ƙonawa ɗungum a kan bagadenka.
၁၀သူတို့သည် စီရင် တော်မူချက်တို့ကို ယာကုပ် အမျိုး ၌ ၎င်း၊ တရား တော်ကို ဣသရေလ အမျိုး၌ ၎င်း သွန်သင် ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်း ကို ရှေ့ တော်၌၎င်း၊ တကိုယ် လုံး မီးရှို့ရာယဇ်ကို ယဇ် ပလ္လင်တော်ပေါ် ၌၎င်း တင် ထားကြလိမ့်မည်။
11 Ka albarkaci ɗaukan dabarunsa, ya Ubangiji, ka kuma ji daɗin aikin hannuwansa. Ka murƙushe kwankwaso waɗanda suka tayar masa; ka bugi abokan gābansa har sai ba su ƙara tashi ba.”
၁၁အိုထာဝရဘုရား ၊ သူ ၏ဥစ္စာ ကို ကောင်းကြီး ပေး ၍ သူ လုပ်ဆောင် သောအမှု ကို လက်ခံ တော်မူပါ။ သူ့ တဘက်၌ ထ ၍ သူ့ ကို မုန်း သောသူတို့သည် နောက်တဖန် မ ထ နိုင်အောင် သူတို့ခါး ကို ချိုး တော်မူပါ။
12 Game da Benyamin ya ce, “Bari ƙaunataccen Ubangiji yă zauna lafiya kusa da shi, gama yana tsare shi dukan yini, wanda kuma Ubangiji yake ƙauna yana zama a tsakanin kafaɗunsa.”
၁၂ဗင်္ယာမိန် အမျိုးကိုကား ၊ ထာဝရဘုရား ချစ် တော်မူသောသူသည် အထံ တော်ပါးတွင် လုံခြုံ စွာ နေ ရ လိမ့်မည်။ သူ့ ကို အစဉ်အမြဲ ဖုံးလွှမ်း ၍ သူ ၏ပခုံး ကြားမှာ နေရာ ချတော်မူလိမ့်မည်။
13 Game da Yusuf ya ce, “Bari Ubangiji yă albarkaci ƙasarsa da raɓa mai daraja daga sama a bisa da kuma zurfin ruwan da suke kwance a ƙarƙashi;
၁၃ယောသပ် အမျိုးကိုကား ၊ ထို အမျိုးနေသောပြည် သည် အထက်မိုဃ်း ကောင်းကင်ဘဏ္ဍာ အားဖြင့် ၎င်း၊ အောက် အရပ်၌ ပုန်းကွယ် ၍ နက်နဲ သော အရာအားဖြင့် ၎င်း၊
14 da abubuwa masu kyau da rana take kawo, da kuma abubuwa mafi kyau da wata zai iya haifar;
၁၄နေ ဖြစ်စေသော ဘဏ္ဍာ ၊ လ ဖြစ်စေသော ဘဏ္ဍာ အားဖြင့် ၎င်း၊
15 da zaɓaɓɓun kyautai na daɗaɗɗun duwatsu, da kyawawan amfani na madawwaman tuddai.
၁၅အသက်ကြီး သောတောင် ထိပ် ၊ မြဲမြံ သောတောင် ထဲက ထွက်သော ဘဏ္ဍာ အားဖြင့် ၎င်း၊
16 Tare da kyautai mafi kyau na duniya da cikarta, da tagomashi na wanda yake zama a ƙaramin itace mai ƙonewa. Bari duk waɗannan su zauna a kan Yusuf, a goshin sarki a cikin’yan’uwansa.
၁၆မြေကြီး ဘဏ္ဍာ စုံလင် ရာအားဖြင့် ၎င်း ၊ ထာဝရဘုရား ပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ ၌နေ တော်မူသောသူ၏ ကျေးဇူး တော်သည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲ ဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ် မှာ သက်ရောက် ပါစေသော။
17 Cikin daraja yana yi kamar ɗan fari na bijimi; ƙahoninsa ƙahonin ɓauna ne. Tare da su zai tukwiyi al’ummai, har ma da waɗanda suke ƙarshen duniya. Haka dubu dubban Efraim suke; haka dubban Manasse suke.”
၁၇သူ ၏ ဘုန်း သည် နွားလား ဥဿဘဘုန်းကဲ့သို့၎င်း၊ သူ ၏ ဦးချို တို့သည် ကြံ့ ဦးချို ကဲ့သို့၎င်း ဖြစ်ကြ၏။ ထို ဦးချိုတို့နှင့် လူ အမျိုးမျိုးတို့ကို မြေကြီး စွန်း တိုင်အောင်တပြိုင်နက် ထိုးခတ် လိမ့်မည်။ ဧဖရိမ် အမျိုးသားအသောင်း သောင်း၊ မနာရှေ အမျိုးသားအထောင် ထောင်ပေတည်း။
18 Game da Zebulun ya ce, “Ka yi farin ciki, Zebulun, a fitowarka, kai kuma Issakar, a cikin tentunanka.
၁၈ဇာဗုလုန် အမျိုးကို ကား ၊ အိုဇာဗုလုန် အမျိုး၊ ထွက်သွား ရာအမှု၌ ဝမ်းမြောက် လော့။ အိုဣသခါ အမျိုး၊ မိမိ တဲ ၌ နေလျက် ဝမ်းမြောက်လော့။
19 Za su kira mutane zuwa dutse, a can za su miƙa hadayun adalci; za su yi biki a yalwan tekuna, a dukiyoyin da aka ɓoye a cikin yashi.”
၁၉ထိုအမျိုးတို့သည် လူ များတို့ကို တောင် တော်သို့ ခေါ် ၍၊ တောင် တော်၌ တရား သဖြင့် ယဇ် ပူဇော် ကြ လိမ့်မည်။ ပင်လယ် စည်းစိမ် ၊ သဲ ၌ဝှက်ထား လျက်ရှိသောဘဏ္ဍာကို နို့စို့ ကြလိမ့်မည်။
20 Game da Gad ya ce, “Mai albarka ne wanda ya fadada mazaunin Gad! Gad yana zama a can kamar zaki, yana yayyage a hannu da kai.
၂၀ဂဒ် အမျိုးကို ကား ၊ ဂဒ် အမျိုးကို ကျယ်ဝန်း စေ သောသူသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ ကဲ့သို့ နေ ၍ ၊ လက်ရုံး နှင့် ဦးထိပ် ကို ဆုတ်ဖဲ့ တတ်၏။
21 Ya zaɓi ƙasa mafi kyau wa kansa; aka ajiye masa rabon shugaba. Sa’ad da shugabannin mutane suka taru, ya aikata adalcin Ubangiji da kuma hukuncinsa game da Isra’ila.”
၂၁ရှေ့ဦးစွာ သောအဘို့ကို မိမိ အဘို့ ရွေး ယူ၍ ၊ တရား မင်းခွဲဝေ ရာ ထို အရပ်၌ လုံခြုံ ရ၏။ လူ များတို့၏ အကဲအမှူး ပြုလျက် လိုက်လာ ၍ ၊ ထာဝရဘုရား ၏ တရားမှု ၊ ဣသရေလ အမျိုး၌ စီရင် တော်မူချက်တို့ကို ပြု လေ၏။
22 Game da Dan ya ce, “Dan ɗan zaki ne, yana tsalle daga Bashan.”
၂၂ဒန် အမျိုးကိုကား ၊ ဒန် အမျိုးသည် ခြင်္သေ့ သငယ် ဖြစ်၍ဗာရှန် ပြည်မှ ခုန် လိမ့်မည်။
23 Game da Naftali ya ce, “Naftali ƙosasshe ne da tagomashin Ubangiji, ya kuma cika albarkarsa; zai gāji gefen kudu zuwa tafki.”
၂၃နဿလိ အမျိုးကိုကား ၊ အိုနဿလိ အမျိုး၊ ကျေးဇူး တော်နှင့်ကြွယ်ဝ ၍ ၊ ထာဝရဘုရား ပေး တော်မူသောမင်္ဂလာနှင့် ပြည့်စုံ လျက်၊ အနောက် ပိုင်း၊ တောင် ပိုင်းကို ဝင်စား လော့။
24 Game da Asher ya ce, “Mafi albarka na’ya’yan, shi ne Asher; bari yă sami tagomashi daga’yan’uwansa, bari kuma yă wanke ƙafafunsa a cikin mai.
၂၄အာရှာ အမျိုးကိုကား ၊ အာရှာ အမျိုးသည် သား သမီး ကို ရ၍ မင်္ဂလာ ရှိပါစေသော။ ညီအစ်ကို ချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိ ခြေ ကို ဆီ ၌ နှစ် ခြင်း ရှိပါစေသော။
25 Madogaran ƙofofinka za su zama ƙarfe da tagulla, ƙarfinka kuma zai zama daidai da kwanakinka.
၂၅သင် ၏တံခါး ကန့်လန့်ကျင်တို့သည် သံ နှင့် ကြေးဝါ ဖြင့် ပြီးကြလိမ့်မည်။ သင် ၏နေ့ရက် ကာလဖြစ်သည် အတိုင်း သင့် အစွမ်း သတ္တိဖြစ်လိမ့်မည်။
26 “Babu wani kamar Allah na Yeshurun, wanda yake hawa a bisa sammai don yă taimake ka a kan gizagizai kuma a cikin darajarsa.
၂၆သင့်ကို ပြုစုစေခြင်းငှါဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုဃ်းကောင်းကင် ကို စီး တော်မူသောယေရှုရုန် အမျိုး၏ ဘုရားသခင် နှင့် တူသောသူ မရှိ။
27 Allah madawwami shi ne mafakarka, a ƙarƙashina kuma madawwamin hannuwa ne. Zai kore abokin gābanka a gabanka, yana cewa, ‘Ka hallaka shi!’
၂၇ရှေ့ဦးစွာ သောဘုရားသခင် သည် သင့်ခိုလှုံ ရာ ဖြစ်၍ ၊ နိစ္စ ထာဝရ လက်ရုံး တော်ဖြင့် သင့် ကို ထောက်မ တော်မူ၏။ ရန်သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် ၍ သူတို့ကို ဖျက်ဆီး သောအခွင့် ပေးတော်မူမည်။
28 Haka Isra’ila zai zauna lafiya shi kaɗai; zuriyar Yaƙub a tsare a ƙasar hatsi da sabon ruwan inabi, inda sammai za su zuba raɓa.
၂၈ဣသရေလ အမျိုးသည် ဘေးလွတ် ၍ တမျိုး တည်းနေ ရလိမ့်မည်။ ယာကုပ် အနွယ် သည် စပါး ၊ စပျစ်ရည် နှင့် ပြည့်စုံသောပြည် ၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက် ကျလိမ့်မည်။
29 Kai mai albarka ne, ya Isra’ila! Wane ne yake kamar ka, mutanen da Ubangiji ya ceta? Shi ne mafakarka da mai taimakonka da kuma takobinka mai ɗaukaka. Abokan gābanka za su zo neman jinƙai a gabanka, za ka kuwa tattake masujadansu.”
၂၉အိုဣသရေလ အမျိုး၊ သင် သည် မင်္ဂလာ ရှိ၏။ ထာဝရဘုရား ကယ်တင် တော်မူသောအမျိုး ၊ သင် နှင့်အဘယ်သူ တူ သနည်း။ ထိုဘုရားသည် သင့် ကို ကွယ်ကာ သော ဒိုင်း လွှား၊ သင့် ကို ချီးမြှောက် သော ထား လက်နက်ဖြစ်တော်မူ၏။ သင် ၏ ရန်သူ တို့သည် သင့် ရှေ့ မှာရှုံး၍၊ သင် သည် သူ တို့၏ မြင့်မြတ် သောအရပ်တို့၌ နင်း ရ လိမ့်မည်ဟု မြွက်ဆို၏။

< Maimaitawar Shari’a 33 >