< 2 Sarakuna 4 >

1 Matar wani daga ƙungiyar annabawa ta yi wa Elisha kuka ta ce, “Mijina, bawanka, ya mutu, ka kuma san yadda ya girmama Ubangiji. Amma ga shi yanzu mai binsa bashi ya zo yă kwashe’ya’yana maza biyu su zama bayinsa.”
ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
2 Elisha ya amsa mata ya ce, “Me kike so in yi miki? Ki faɗa mini, me kike da shi a gidanki?” Sai ta ce, “Baiwarka ba ta da kome a can, sai ɗan tulun man zaitun.”
ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊
3 Elisha ya ce, “Ki je wurin dukan maƙwabtanki, ki nemi tulunan da babu kome a ciki. Kada ki nemo kaɗan kawai.
ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။
4 Sa’an nan ki shiga ciki, ki kulle ƙofar da ke da’ya’yanki kuke ciki. Ku ɗuɗɗura man a dukan tulunan, sa’ad da kowanne ya cika, sai ki ajiye a gefe.”
ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊
5 Ta tashi ta shiga tare da’ya’yanta maza, suka kulle ƙofa.’Ya’yanta suka kawo mata tuluna, ita kuma tana ɗurawa.
ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။
6 Da dukan tulunan suka cika, sai ta ce wa ɗanta, “Kawo mini wani tulu.” Amma ya amsa ya ce, “Ai, ba saura.” Sa’an nan man ya daina zuba.
အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။
7 Sai ta tafi ta faɗa wa mutumin Allah. Shi kuwa ya ce mata, “Tafi, ki sayar da man, ki biya bashinki. Ki biya bukatanki da na’ya’yanki da sauran da ya rage.”
ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
8 Wata rana Elisha ya tafi Shunem. Akwai wata mai arziki a can wadda ta gayyace shi cin abinci. Sai ya zama duk lokacin da yake wucewa, yakan tsaya a can don cin abinci.
တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။
9 Ta ce wa mijinta, “Na san cewa wannan mutum da kullum yake zuwa nan mai tsarki ne na Allah.
မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
10 Bari mu yi ɗan ɗaki a rufin gida mu kuma sa masa gado da tebur da kujera da kuma fitila. Saboda a duk lokacin da ya zo wurinmu, sai yă sauka a can.”
၁၀ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြ ကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။
11 Wata rana da Elisha ya zo, sai ya haura ɗakinsa ya kwanta.
၁၁တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်း ထဲသို့ဝင်၍ အိပ်နေ၏။
12 Ya ce wa bawansa Gehazi, “Kira mutuniyar Shunam nan.” Sai ya kira ta, ta zo ta tsaya a gabansa.
၁၂ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။
13 Elisha ya ce masa, “Ka ce mata, ‘Kin yi duk wannan ɗawainiya saboda mu. Yanzu, me kike so a yi miki? Kina so mu yi magana a madadinki wa sarki ko babban hafsan mayaƙa?’” Sai ta ce, “A’a, ina da dukan abin da nake bukata a cikin jama’ata.”
၁၃ဧလိရှဲက၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း။ သင့်အဘို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
14 Sai Elisha ya tambayi Gehazi ya ce, “Me za mu yi mata?” Sai ya amsa ya ce, “Ba ta da ɗa, ga shi kuma mijinta ya tsufa.”
၁၄ဧလိရှဲကလည်း၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော်၊
15 Sai Elisha ya ce, “Ka kira ta.” Sai ya kira ta, ta zo ta tsaya a bakin ƙofa.
၁၅တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။
16 Elisha ya ce mata, “War haka baɗi, za ki riƙe ɗa na kanki.” Sai ta ce masa, “A’a, ranka yă daɗe, mutumin Allah, kada ka ruɗi baiwarka!”
၁၆ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။
17 Amma matan ta yi ciki, a shekara ta biye kuwa a daidai lokacin, sai ta haifi ɗa kamar yadda Elisha ya faɗa mata.
၁၇ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။
18 Yaron ya yi girma, wata rana sai ya tafi wurin mahaifinsa, wanda yake tare da masu girbi.
၁၈ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊
19 Ba zato sai ya ce wa mahaifinsa, “Wayyo! Kaina yana mini ciwo! Kaina yana mini ciwo!” Sai mahaifinsa ya ce wa bawansa, “Kai shi wurin mahaifiyarsa.”
၁၉ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။
20 Bayan bawan ya ɗaga shi ya kai wurin mahaifiyarsa, sai yaron ya zauna a cinyarta har tsakar rana, sa’an nan ya mutu.
၂၀လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
21 Sai ta haura ta shimfiɗa shi a gadon mutumin Allah, ta rufe ƙofar, ta fita.
၂၁အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။
22 Ta kira mijinta ta ce, “Ina roƙonka ka aika mini da ɗaya daga cikin bayi da kuma jaka, don in yi sauri in je wurin mutumin Allah in dawo.”
၂၂ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရား သခင်၏လူထံသို့ ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင်၊
23 Sai ya ce, “Me zai kai ki wurinsa, ai, yau ba Sabon Wata ba ne ko ranar Asabbaci?” Sai ta ce, “Ba kome.”
၂၃ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
24 Sai ta sa wa jakar sirdi ta ce wa bawanta, “Yi ta kora mini jakar, kada ka sassauta, sai na faɗa maka.”
၂၄မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့်၊
25 Ta haka ta kama hanya ta tafi wurin mutumin Allah a Dutsen Karmel. Da ya hange ta daga nesa, sai mutumin Allah ya ce wa bawansa Gehazi, “Duba! Ga mutuniyar Shunam nan can!
၂၅ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
26 Ka yi gudu ka tarye ta ka tambaye ta, ‘Lafiyarki? Mijinki yana nan lafiya? Yaronki yana nan lafiya?’” Ta amsa ta ce, “Kome lafiya yake.”
၂၆သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။
27 Da ta isa wurin mutumin Allah a dutsen, sai ta kama ƙafafunsa. Sai Gehazi ya zo don yă ture ta, amma mutumin Allah ya ce, “Ka bar ta! Tana cikin baƙin ciki ƙwarai, amma Ubangiji ya ɓoye mini, bai kuma faɗa mini me ya sa ba.”
၂၇ဘုရားသခင်၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။
28 Sai ta tambaya shi ta ce, “Na roƙe ka ɗa ne, ranka yă daɗe? Ba na ce maka, ‘Kada ka sa in fara bege ba’?”
၂၈မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
29 Elisha ya ce wa Gehazi, “Ka yi ɗamara, ka ɗauki sandana ka ruga a guje. Idan ka sadu da wani, kada ka gaishe shi, idan kuma wani ya gaishe ka, kada ka amsa. Ka shimfiɗa sandana a fuskar yaron.”
၂၉ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
30 Amma mahaifiyar yaron ta ce, “Muddin Ubangiji yana raye, kai kuma kana a raye, ba zan bar ka ba.” Saboda haka ya tashi ya bi ta.
၃၀အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
31 Gehazi ya yi gaba, ya shimfiɗa sandan a fuskar yaron, amma babu motsi, babu alamar rai. Saboda haka Gehazi ya koma ya taryi Elisha, ya faɗa masa, “Yaron bai tashi ba.”
၃၁ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။
32 Da Elisha ya isa gidan, sai ga gawar yaron kwance a kan gadonsa.
၃၂ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
33 Sai ya shiga, ya rufe ƙofa, daga shi sai yaron, ya kuma yi addu’a ga Ubangiji.
၃၃အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
34 Sa’an nan ya hau gadon yă kwanta a bisa yaron, ya miƙe a kansa, baki da baki, ido da ido, hannu da hannu. Yayinda ya miƙe kansa a kan yaron, sai jikin yaron ya ɗau ɗumi.
၃၄သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
35 Elisha ya tashi, ya yi ta kai komo a cikin ɗakin. Sa’an nan ya sāke koma kan gadon yă miƙe a kan yaron, sai yaron ya yi atishawa sau bakwai, ya kuma buɗe idanunsa.
၃၅တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။
36 Elisha ya kira Gehazi ya ce, “Kirawo mutuniyar Shunam.” Ya kuwa kira ta. Sa’ad da ta zo, sai Elisha ya ce mata, “Ɗauki ɗanki.”
၃၆ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
37 Sai ta shiga, ta fāɗi a ƙafafunsa ta rusuna har ƙasa. Sa’an nan ta ɗauki ɗanta ta fita.
၃၇မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။
38 Sai Elisha ya koma Gilgal, a can kuwa ana yunwa a yankin. Yayinda ƙungiyar annabawa suke tattaunawa da shi, sai ya ce wa Gehazi bawansa, “Ka sa babban tukunya a wuta, ka yi wa mutanen nan fate.”
၃၈တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
39 Ɗaya daga cikin mutanen ya shiga gona don neman ganyaye, ya kuwa sami kabewar jeji. Ya tsinko’ya’yanta cike da shafin rigarsa. Da ya dawo, sai ya yayyanka su ya zuba a cikin tukunyar faten, ko da yake ba wanda ya san ko mene ne.
၃၉တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ် ပင်ကို တွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ၊
40 Sai aka zuba wa mutanen faten, amma da suka fara ci, sai suka yi ihu suna cewa, “Ya mutumin Allah, akwai dafi a cikin tukunyan nan!” Suka kuwa kāsa ci.
၄၀ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။
41 Elisha ya ce, “Samo mini ɗan gari.” Aka kawo masa ya kuma sa a cikin tukunyan ya ce, “Raba wa mutanen su ci.” Ya kasance kuwa babu wani abin damuwa a tukunyar.
၄၁ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲ မှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
42 Sai ga wani mutum ya zo daga Ba’al-Shalisha, ya kawo wa Elisha dunƙulen burodi guda ashirin na sha’ir da aka gasa daga nunan fari na hatsi, tare da kawunan sababbin hatsi. Sai Elisha ya ce, “Ka ba mutanen su ci.”
၄၂တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရား သခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင်၊
43 Sai bawansa ya ce, “Yaya zan raba wa mutane ɗari wannan?” Amma Elisha ya amsa ya ce, “Ka raba wa mutane su ci, gama haka Ubangiji ya ce, ‘Za su ci har su bar saura.’”
၄၃ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
44 Sa’an nan ya ajiye a gabansu, suka kuwa ci har suka bar saura, bisa ga maganar Ubangiji.
၄၄ကျွန်သည်လူများရှေ့မှာထည့်၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။

< 2 Sarakuna 4 >