< 2 Sarakuna 15 >

1 A shekara ta ashirin da bakwai ta mulkin Yerobowam sarkin Isra’ila, Azariya ɗan Amaziya, sarkin Yahuda ya fara mulki.
ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင် မင်း​၏ နန်း​စံ​နှစ်​ဆယ့်​ခု​နစ်​နှစ်​မြောက်​၌​အာ​မ​ဇိ ၏​သား​သည်၊ အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​၏။ သူ ၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-
2 Yana da shekara goma sha shida sa’ad da ya zama sarki, ya kuma yi mulki a Urushalima shekara hamsin da biyu. Sunan mahaifiyarsa Yekoliya daga Urushalima.
3 Ya aikata abin da yake daidai a gaban Ubangiji, yadda mahaifinsa Amaziya ya yi.
သြ​ဇိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း​စဉ်​ကို လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။-
4 Amma bai kawar da masujadan kan tudu ba; mutane kuwa suka yi ta yin hadaya da ƙona turare a can.
သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် လူ​တို့​သည်​ထို ဌာ​န​များ​တွင် ဆက်​လက်​၍​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။-
5 Ubangiji ya sa wa sarki ciwon kuturta har mutuwarsa, ya kuma zauna a keɓe. Yotam ɗan sarki, shi ne ya gudanar da sha’anin fada, ya kuma shugabanci mutanen ƙasar.
ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-
6 Game da sauran ayyukan mulkin Azariya, duk a rubuce suke a cikin littafin tarihin sarakunan Yahuda.
သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
7 Azariya ya huta tare da kakanninsa, aka kuma binne shi kusa da su a Birnin Dawuda. Yotam ɗansa, kuma ya gāje shi.
သြ​ဇိ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​သံ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
8 A shekara ta talatin da takwas ta mulkin Azariya sarkin Yahuda, Zakariya ɗan Yerobowam ya zama sarkin Isra’ila a Samariya, ya kuma yi mulki wata shida.
ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-
9 Ya aikata mugunta a gaban Ubangiji yadda mahaifinsa ya yi. Bai bar aikata zunuban Yerobowam ɗan Nebat, wanda ya sa Isra’ila suka yi ba.
သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​များ​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ နေ​ဗတ်​၏​သား​ယေရော ဗောင်​၏​ဆိုး​ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၏။-
10 Sai Shallum ɗan Yabesh ya ƙulla wa Zakariya maƙarƙashiya. Ya tasam masa a gaban jama’a, ya kashe shi, ya kuma gāje shi.
၁၀ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​လျှို့​ဝှက်​ကြံ​စည် ကာ ဇာ​ခ​ရိ​မင်း​အား​ဣ​ဗိ​လံ​မြို့​တွင်​လုပ်​ကြံ ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
11 Game da sauran ayyukan mulkin Zakariya, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
၁၁ဇာ​ခ​ရိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
12 Ta haka maganar Ubangiji da ya yi wa Yehu ta cika, wadda ya ce, “Zuriyarka za tă zauna a kursiyin Isra’ila har tsara ta huɗu.”
၁၂သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။
13 Shallum ɗan Yabesh ya zama sarki a shekara ta talatin da tara ta mulkin Uzziya sarkin Yahuda, ya kuma yi mulki na wata ɗaya a Samariya.
၁၃ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ် မြောက်​၌ ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​ဣ​သ​ရေ​လ ပြည်​ဘုရင်​အ​ဖြစ် နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ တစ်​လ​မျှ​နန်း​စံ​ရ​၏။
14 Sa’an nan Menahem ɗan Gadi ya gangara daga Tirza ya haura zuwa Samariya. Ya tasam wa Shallum ɗan Yabesh a Samariya, ya kashe shi, ya kuma gāje shi.
၁၄ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား​၍​ရှလ္လုံ​ကို​လုပ်​ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။-
15 Game da sauran ayyukan mulkin Shallum, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
၁၅ဇာ​ခ​ရိ​မင်း​အား​လျှို့​ဝှက်​ကြံ​စည်​မှု​အ​ပါ အ​ဝင်​ရှလ္လုံ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင် ရေး​ထား​သ​တည်း။-
16 A lokacin nan sai Menahem ya taso daga Tirza, ya kai wa Tifsa hari da kowa wanda yake a birnin da kewayenta, don sun ƙi su buɗe ƙofofinsu. Ya kori Tifsa daga aiki, ya kuma tsattsaga cikin dukan mata masu juna biyu.
၁၆မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ​ချီ​တက်​လာ​စဉ် လမ်း​ခ​ရီး​တွင်​တိ​ဖ​သ​မြို့​သား​တို့​သည် မိ​မိ အား​အ​ညံ့​မ​ခံ​ကြ​သော​ကြောင့် ထို​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​နယ်​မြေ​များ​ကို​လုံး​ဝ ဖျက်​ဆီး​လေ​၏။ သူ​သည်​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​တို့​၏​ဝမ်း​ကို​ပင်​ခွဲ​၍​သတ်​လေ​သည်။
17 A shekara ta talatin da takwas ta mulkin Azariya sarkin Yahuda, Menahem ɗan Gadi ya zama sarkin Isra’ila, ya yi mulki a Samariya shekara goma.
၁၇ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​နှစ်​ဆယ့်​ကိုး​နှစ် မြောက်​၌ ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည် ဣ​သ​ရေ​လ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ ဆယ်​နှစ်​နန်း​စံ​လေ​သည်။-
18 Ya aikata mugunta a gaban Ubangiji. A duk tsawon mulkinsa, bai rabu da zunuban da Yerobowam ɗan Nebat ya sa Isra’ila suka aikata ba.
၁၈သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သည့်​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​သူ​၏​အ​သက်​ရှင် သ​ရွေ့​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့​ဆောင်​လမ်း ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
19 Sai Ful sarkin Assuriya ya kai wa ƙasar hari, Menahem kuwa ya ba shi talenti dubu na azurfa don yă sami goyon bayansa, yă kuma ƙarfafa kahuwa mulkin.
၁၉အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-
20 Menahem ya tara kuɗin ne ta hanyar haraji a Isra’ila inda ya sa kowane attajiri ya ba da shekel hamsin don a ba sarkin Assuriya. Sa’an nan sarkin Assuriya ya janye, bai ƙara kasance a ƙasar ba.
၂၀ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။
21 Game da sauran ayyukan mulkin Menahem, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
၂၁မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
22 Menahem ya huta tare da kakanninsa. Fekahiya ɗansa kuma ya gāje shi.
၂၂သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​ပေ​က​ဟိ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
23 A shekara ta hamsin ta mulkin Azariya sarkin Yahuda, Fekahiya ɗan Menahem ya zama sarkin Isra’ila a Samariya, ya kuma yi mulki shekara biyu.
၂၃ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​တစ်​ဆယ့်​ငါး နှစ်​မြောက်​၌ မေ​န​ဟင်​၏​သား​ပေ​က​ဟိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
24 Fekahiya ya aikata mugunta a gaban Ubangiji, bai rabu da zunuban Yerobowam ɗan Nebat wanda ya sa Isra’ila ya aikata ba.
၂၄သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
25 Ɗaya daga cikin manyan fadawansa, Feka ɗan Remaliya, ya ƙulla masa maƙarƙashiya. Ɗauke da mutanen Gileyad hamsin, ya kashe Fekahiya tare da Argob da kuma Ariye a fadan sarki a Samariya. Ta haka Feka ya kashe Fekahiya ya kuma gāje shi.
၂၅ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
26 Game da sauran ayyukan mulkin Fekahiya, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
၂၆ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
27 A shekara ta hamsin da biyu ta mulkin Azariya sarkin Yahuda, Feka ɗan Remaliya ya zama sarkin Isra’ila a Samariya, ya yi mulki shekara ashirin.
၂၇ယု​ဒ​ဘု​ရင်​သြဇိ​၏​နန်း​စံ​ငါး​ဆယ့်​နှစ်​နှစ် မြောက်​၌ ရေ​မ​လိ​၏​သား​ပေ​ကာ​သည် ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ အ​နှစ်​နှစ်​ဆယ်​နန်း​စံ​လေ​သည်။-
28 Ya aikata mugunta a gaban Ubangiji. Bai kauce wa zunuban Yerobowam ɗan Nebat, wanda ya sa Isra’ila ta yi ba.
၂၈သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​၏။
29 A zamanin Feka sarkin Isra’ila, Tiglat-Fileser sarkin Assuriya ya zo ya kama Iyon, Abel-Bet-Ma’aka, Yanowa da Kedesh da kuma Hazor. Ya kame Gileyad da Galili, haɗe da dukan ƙasar Naftali, ya kuma kwashi mutanen zuwa Assuriya.
၂၉ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။
30 Sa’an nan Hosheya ɗan Ela ya ƙulla wa Feka ɗan Remaliya maƙarƙashiya. Ya fāɗa masa ya kuma kashe shi, sa’an nan ya gāje shi a matsayin sarki a shekara ta shirin ta mulkin Yotam ɗan Uzziya.
၃၀သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-
31 Game da sauran ayyukan mulkin Feka da duk abin da ya yi, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
၃၁ပေ​ကာ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
32 A shekara ta biyu ta mulkin Feka ɗan Remaliya sarkin Isra’ila, Yotam ɗan Uzziya sarkin Yahuda ya fara mulki.
၃၂ရေ​မ​လိ​၏​သား၊ ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ​၏ နန်း​စံ​နှစ်​နှစ်​မြောက်​၌ သြ​ဇိ​၏​သား​ယော​သံ သည် အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ဒုတ်​၏​သ​မီး ယေ​ရု​ရှာ​ဖြစ်​၏။-
33 Ya zama sarki yana da shekara ashirin da biyar, ya kuma yi mulki a Urushalima shekara goma sha shida. Sunan mahaifiyarsa Yerusha,’yar Zadok.
၃၃
34 Ya aikata abin da yake daidai a gaban Ubangiji yadda mahaifinsa Uzziya ya yi.
၃၄ယော​သံ​သည်​မိ​မိ​၏​ခ​မည်း​တော်​သြ​ဇိ​မင်း ၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​သော​အ​မှု​တို့​ကို​ပြု​၏။-
35 Duk da haka, bai kawar da masujadan kan tudu ba; mutane suka ci gaba da yin hadaya da ƙona turare a can. Yotam ya sāke gina Ƙofar Bisa ta haikalin Ubangiji.
၃၅သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ထို ဌာ​န​များ​တွင်​ဆက်​လက်​၍​ယဇ်​များ​ကို​ပူ ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။ ယော​သံ သည်​ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​တည်​ဆောက် ခဲ့​သူ​ဖြစ်​ပေ​သည်။
36 Game da sauran ayyukan mulkin Yotam da aikin da ya yi, duk a rubuce suke a cikin littafin tarihin sarakunan Yahuda.
၃၆ယော​သံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
37 (A kwanakin nan Ubangiji ya fara aikan Rezin sarkin Aram da Feka ɗan Remaliya, su yi gāba da Yahuda.)
၃၇ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​အား ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​ကြ​ရန် ထာ​ဝရ ဘု​ရား​စေ​လွှတ်​တော်​မူ​သည်​မှာ​ယော​သံ​၏ လက်​ထက်​၌​ဖြစ်​၏။-
38 Yotam ya huta tare da kakanninsa, aka kuma binne shi tare da su a Birnin Dawuda, birnin mahaifinsa. Ahaz ɗansa kuma ya gāje shi.
၃၈ယော​သံ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

< 2 Sarakuna 15 >