< 2 Tarihi 16 >
1 A shekara ta talatin da shida ta mulkin Asa, Ba’asha sarkin Isra’ila ya haura don yă yaƙi Yahuda da Rama mai katanga, don kuma yă hana wani daga fita ko shiga yankin Asa sarkin Yahuda.
၁ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။-
2 Sai Asa ya ɗauki azurfa da zinariya daga ma’ajin haikalin Ubangiji da kuma na fadansa ya aika wa Ben-Hadad sarkin Aram, wanda yake mulki a Damaskus.
၂ထိုကြောင့်အာသသည်ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များမှရွှေ၊ ငွေ၊ ရှိသမျှကိုယူ၍ ဒမာသက်မြို့ရှိရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ ပို့၍၊-
3 Ya ce, “Bari yarjejjeniya ta kasance tsakani na da kai kamar yadda ya kasance tsakanin mahaifina da mahaifinka. Dubi ina aika maka azurfa da zinariya. Yanzu ka yanke yarjejjeniya da Ba’asha sarkin Isra’ila domin yă janye daga gare ni.”
၃``အကျွန်ုပ်တို့သည်အကျွန်ုပ်တို့၏ခမည်း တော်များကဲ့သို့မဟာမိတ်ဖွဲ့ကြကုန်အံ့။ ဤရွှေ၊ ငွေမှာအဆွေတော်အတွက်လက် ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိစစ်တပ် များကို အကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွား စေရန်အဆွေတော်သည် သူနှင့်ဖွဲ့သောမဟာ မိတ်ကိုဖျက်သိမ်း၍ကူညီပါလော့'' ဟု မှာလိုက်၏။
4 Ben-Hadad ya yarda da Sarki Asa ya kuma aika da manyan hafsoshin mayaƙansa a kan garuruwan Isra’ila. Suka ci Iyon, Dan, Abel-Mayim da kuma dukan biranen ajiya na Naftali.
၄ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
5 Da Ba’asha ya ji wannan, ya daina ginin Rama ya yashe aikinsa.
၅ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။-
6 Sa’an nan Sarki Asa ya kawo dukan mutanen Yahuda, suka kuma kwashe duwatsu da katako daga Rama waɗanda Ba’asha yake amfani da su. Da su ne Asa ya gina Geba da Mizfa.
၆ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။
7 A lokacin Hanani mai duba ya zo wurin Asa sarkin Yahuda ya ce masa, “Don ka dogara ga sarkin Aram, ba kuwa ga Ubangiji Allahnka ba ne mayaƙan sarkin Aram sun kuɓuce daga hannunka.
၇ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
8 Ai, Kushawa da Libiyawa rundunar sojoji ne masu yawan gaske, suna kuma da kekunan yaƙi da mahayan dawakai masu yawa ƙwarai. Amma duk da haka, saboda ka dogara ga Ubangiji, ya kuwa ba da su cikin hannunka.
၈ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
9 Gama gaban Ubangiji yana ko’ina a duniya don yă ƙarfafa waɗanda zukatansu suke binsa cikin aminci. Ka yi wauta, daga yanzu nan gaba za ka yi ta yaƙi.”
၉ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
10 Sai Asa ya yi fushi sosai da mai duban saboda wannan; ya yi fushi ƙwarai har ya sa aka jefa shi a kurkuku. A lokaci guda kuma Asa ya fara gwada wa mutane azaba.
၁၀ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
11 Ayyukan mulkin Asa, daga farko zuwa ƙarshe, suna a rubuce a littafin sarakunan Yahuda da Isra’ila.
၁၁အာသ၏လက်ထက်၌ဖြစ်ပျက်သမျှသော အမှုအရာများကို ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်တွင်မှတ်တမ်းတင်ထားသတည်း။-
12 A shekara ta talatin da tara ta mulkinsa, Asa ya kamu da wata cuta a ƙafarsa. Ko da yake cutar ta yi tsanani, duk d haka ma a cikin ciwonsa bai nemi taimako daga Ubangiji ba, sai dai daga likitoci.
၁၂နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။-
13 Sa’an nan a shekara ta arba’in da ɗaya ta mulkinsa, Asa ya mutu ya kuma huta tare da kakanninsa.
၁၃နောက်နှစ်နှစ်မျှကြာသော်သူသည်ကွယ်လွန် သောအခါ၊-
14 Suka binne shi a kabarin da ya fafe wa kansa a Birnin Dawuda. Suka sa shi a makara wadda aka rufe da kayan yaji da kuma turare dabam-dabam da aka niƙa, suka kuma ƙuna babbar wuta don girmama shi.
၁၄ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။