< 1 Sama’ila 7 >
1 Mutanen Kiriyat Yeyarim suka ɗauki akwatin alkawarin Ubangiji. Suka kai a gidan Abinadab da ke kan tudu, suka keɓe Eleyazar ɗansa yă lura da akwatin alkawarin Ubangiji.
၁ကိရယတ်ယာရိမ် မြို့သား တို့သည် လာ ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို ဆောင် သွားသဖြင့် ၊ တောင် ပေါ် မှာရှိသော အမိနဒပ် အိမ် ၌ ထား၍ သေတ္တာ တော်ကို စောင့် စေခြင်းငှါ ၊ သူ ၏သား ဧလာဇာ ကို သန့်ရှင်း စေကြ၏။
2 Akwatin Alkawarin ya daɗe a Kiriyat Yeyarim ya kai shekara ashirin cif. Sai dukan mutanen Isra’ila suka yi makoki suka nemi Ubangiji.
၂သေတ္တာ တော်သည် အနှစ် နှစ် ဆယ်ပတ်လုံးကြာမြင့် စွာ ကိရယတ်ယာရိမ် မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ကို အောက်မေ့၍ မြည်တမ်း ကြ၏။
3 Saboda haka Sama’ila ya yi magana da dukan gidan Isra’ila ya ce, in har da zuciya ɗaya kuke juyowa ga Ubangiji sai ku raba kanku da baƙin alloli da gunkin nan Ashtarot, ku ba da kanku ga Ubangiji. Ku yi masa bauta shi kaɗai, zai kuɓutar da ku daga hannun Filistiyawa.
၃တဖန် ရှမွေလ က၊ သင်တို့သည် အခြား တပါးသော ဘုရား တည်းဟူသောဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား အဘို့ သင် တို့စိတ် နှလုံးကို ပြင်ဆင် လျက် ၊ ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြု ကြလျှင် ၊ ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့အား ဆုံးမသည်အတိုင်း၊
4 Sai Isra’ilawa suka rabu da gumakan Ba’al da Ashtarot suka bauta wa Ubangiji kaɗai.
၄ဣသရေလ အမျိုးသား တို့သည် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြ၏။
5 Sama’ila ya ce, “Ku tattara dukan Isra’ila a Mizfa, ni kuwa zan yi addu’a ga Ubangiji dominku.”
၅ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊
6 Sa’ad da suka taru a Mizfa, suka kawo ruwa suka zuba a gaban Ubangiji. A wannan rana suka yi azumi suka tuba, suka ce, “Mun yi wa Ubangiji zunubi!” Sama’ila kuwa ya zauna a Mizfa ya yi mulkin Isra’ilawa.
၆သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ၊ ရေ ကို ခပ် ၍ ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။
7 Da Filistiyawa suka ji cewa Isra’ila sun taru a Mizfa, sai shugabanninsu suka zo don su yaƙe Isra’ila. Da Isra’ilawa suka ji labarin, sai suka tsorata saboda Filistiyawa.
၇ဣသရေလ အမျိုးသား တို့သည် မိဇပါ မြို့၌ စည်းဝေး ကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဖိလိတ္တိ မင်း တို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီ ကြ၏။ ထိုသိတင်းကို ဣသရေလ လူ တို့သည် ကြား လျှင် ၊ ဖိလိတ္တိ လူတို့ကို ကြောက် ၍၊
8 Suka ce wa Sama’ila, “Kada ka fasa kai kukanmu ga Ubangiji Allahnmu saboda mu, don yă cece mu daga hannun Filistiyawa.”
၈ရှမွေလ အား ၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။
9 Sama’ila ya kama ɗan rago ya miƙa shi ɗungum hadaya ta ƙonawa ga Ubangiji. Ya yi roƙo ga Ubangiji a madadin Isra’ila, Ubangiji kuwa ya amsa addu’arsa.
၉ရှမွေလ သည်လည်း နို့စို့ သိုးသငယ် ကိုယူ ၍ ထာဝရဘုရား အား တကောင်လုံး မီးရှို့ ရာယဇ်ပူဇော် လျက် ၊ ဣသရေလ အမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင် တော်မူ၏။
10 Lokacin da Sama’ila yana miƙa hadaya ta ƙonawa, Filistiyawa suka matso kusa don su yi yaƙi da Isra’ila. A ranar Ubangiji ya sa babban tsawa ya ruɗar da Filistiyawa har suka gudu a gaban Isra’ilawa.
၁၀ရှမွေလ သည် မီး ရှို့ရာယဇ်ကို ပူဇော် စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချဉ်း လာကြ၏။ ထာဝရဘုရား သည်လည်း၊ ထို နေ့၌ ဖိလိတ္တိ လူတို့အပေါ် မှာ ပြင်းစွာ မိုဃ်းချုန်း စေ၍ ၊ သူ တို့တပ်ကို ဖျက် တော်မူသဖြင့် ၊ ဣသရေလ အမျိုးရှေ့ မှာ ရှုံး ကြ၏။
11 Isra’ilawa suka fito a guje daga Mizfa suka fafari Filistiyawa suka yi ta karkashe su a hanya har kwarin Bet-Kar.
၁၁ဣသရေလ လူ တို့သည် မိဇပါ မြို့မှ ထွက် ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ လျက် ၊ ဗက်ကာ မြို့တိုင်အောင် လိုက် ကြ၏။
12 Sa’an nan Sama’ila ya ɗauki dutse ya kafa tsakanin Mizfa da Shen, ya sa masa suna, Ebenezer ma’ana, “Har zuwa wannan lokaci Ubangiji ya taimake mu.”
၁၂ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ ၍ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ၊ ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ၊ ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။
13 Ta haka Isra’ilawa suka ci Filistiyawa. Daga ranan Filistiyawa ba su ƙara yin nasara a kan Isra’ila ba. Ubangiji ya yi gāba da Filistiyawa har ƙarshen zamanin Sama’ila.
၁၃ထိုသို့ ဖိလိတ္တိ လူတို့သည် ရှုံး သဖြင့် ၊ နောက် တဖန် ဣသရေလ အမျိုးနေရာ အရပ်သို့ မ လာ ကြ။ ရှမွေလ လက်ထက်ကာလ ပတ်လုံး ထာဝရဘုရား ၏ လက် တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။
14 Filistiyawa suka mayar wa Isra’ila da garuruwan da suka ƙwato, wato, daga Ekron zuwa Gat, dukan yankin ƙasarsu da yake ƙarƙashin ikon Filistiyawa. Aka kuma sami zaman lafiya tsakanin Isra’ilawa da Amoriyawa.
၁၄ဖိလိတ္တိ လူတို့သည် သိမ်းယူ သော ဣသရေလ မြို့ ရွာတို့ကို ဧကြုန် မြို့မှစ၍ ဂါသ မြို့တိုင်အောင် ပြန် ပေးရကြ၏။ မြို့နယ် တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက် မှ နှုတ်ယူ ကြ၏။ ဣသရေလ လူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ အသင့် အတင့်နေ ကြ၏။
15 Sama’ila kuwa ya ci gaba da mulkin Isra’ila dukan rayuwarsa.
၁၅ရှမွေလ သည် တသက်လုံး ဣသရေလ အမျိုးကို အုပ်စိုး လေ၏။
16 Shekara-shekara Sama’ila yakan fita rangadi zuwa Betel, da Gilgal da Mizfa inda yakan yi musu shari’a.
၁၆ဗေသလ မြို့၊ ဂိလဂါလ မြို့၊ မိဇပါ မြို့တို့ကို နှစ် တိုင်းလှည့်ပတ် ၍ အရပ်ရပ် တွင် ဣသရေလ အမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။
17 Amma yakan komo Rama inda gidansa yake, a nan yakan yi wa Isra’ila shari’a. A nan ne kuma ya gina wa Ubangiji bagade.
၁၇ပြန် လာသောအခါ ၊ မိမိ အိမ် ရှိသောရာမ မြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်းဣသရေလ အမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြော စီရင်လျက် ၊ ထာဝရဘုရား ဘို့ ယဇ် ပလ္လင်ကိုတည် လျက် နေလေ၏။