< 1 Sama’ila 22 >
1 Dawuda ya bar Gat, ya tsere zuwa kogon Adullam. Da’yan’uwansa da kuma iyalan mahaifinsa suka ji labari, sai suka tafi can wurinsa.
၁ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
2 Dukan mutanen da suke cikin wahala, da waɗanda ake binsu bashi, da masu damuwoyi, suka tattaru a wurin Dawuda. Shi kuwa ya zama shugabansu. Yawansu ya kai ɗari huɗu.
၂ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
3 Daga can Dawuda ya tafi Mizfa a Mowab. Ya ce wa sarkin Mowab, “Za ka yarda mahaifina da mahaifiyata su zo su zauna a wurinka kafin in san abin da Allah zai yi da ni?”
၃ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။-
4 Saboda haka ya bar su a wurin sarkin Mowab, suka zauna da shi duk tsawon lokacin da Dawuda yake ta ɓuya a kogwannin duwatsu.
၄သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။
5 Amma annabin nan Gad ya ce wa Dawuda, “Kada ka zauna a nan, maza ka tashi ka shiga ƙasar Yahuda”. Sai Dawuda ya tashi ya tafi jejin Heret.
၅ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
6 Sai Shawulu ya sami labari cewa an ga Dawuda da mutanensa. Shawulu kuwa yana zaune da māshinsa kusa a ƙarƙashin itacen tsamiya a tudun Gibeya, tare da dukan ma’aikatansa kewaye da shi.
၆တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
7 Ya ce musu, “Mutanen Benyamin, ku saurara; ɗan Yesse zai iya ba dukanku filaye da gonakin inabi ne? Zai ba dukanku shugabanci na dubbai ko shugabanci na ɗari-ɗari?
၇မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
8 Abin da ya sa dukanku kuka gama baki a kaina? Ba wanda ya gaya mini lokacin da ɗana ya yi yarjejjeniya da ɗan Yesse, ba wanda ya kulla da ni, ko ya gaya mini cewa ɗana ya sa bawana yă tayar mini, yana fakona kamar yadda yake a yau.”
၈ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
9 Amma Doyeg mutumin Edom da yake tsaye tare da fadawan Shawulu ya ce, “Na ga ɗan Yesse ya zo wurin Ahimelek ɗan Ahitub a Nob.
၉ထိုအခါ၌ဧဒုံမြို့သားဒေါဂသည်ရှောလု ၏အရာရှိများနှင့်အတူရပ်လျက် မင်းကြီး အား``ဒါဝိဒ်သည်အဟိတုပ်၏သားအဟိ မလက်ရှိရာနောဗမြို့သို့သွားရောက်သည် ကိုအကျွန်ုပ်တွေ့မြင်ခဲ့ပါ၏။-
10 Ahimelek ya roƙi Ubangiji saboda shi, ya kuma ba shi guzuri da takobin Goliyat Bafilistin.”
၁၀အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။
11 Sai sarki ya aika aka kira masa Ahimelek firist ɗan Ahitub da dukan iyalin mahaifinsa. Dukansu suka zo wurin sarki.
၁၁သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
12 Shawulu ya ce, “Ka saurara yanzu, ɗan Ahitub.” Ya amsa ya ce, “Ina saurara, ranka yă daɗe.”
၁၂ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊ အဟိမလက်က``အမိန့်တော်ကိုနာခံလျက် ပါ'' ဟုဆို၏။
13 Shawulu ya ce masa, “Don me ka gama baki da ɗan Yesse a kaina har ka ba shi burodi da takobin (Goliyat), ka kuma roƙi Allah don yă tayar mini, yă kuma yi fakona kamar yadda yake yi yau?”
၁၃ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
14 Ahimelek ya ce wa sarki, “A cikin bayinka duka, wa ke da aminci iri na Dawuda, surukin sarki, shugaban jarumanka wanda ake girmamawa da gaske a gidanka?
၁၄အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
15 A wannan rana ce da na fara roƙon Allah saboda shi? Kada sarki yă zargi bawansa ko wani daga iyalin mahaifinsa, gama bawanka bai san kome a kan dukan waɗannan al’amura ba.”
၁၅သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
16 Amma sarki ya ce, “Lalle Ahimelek za ka mutu, da kai da dukan iyalin mahaifinka.”
၁၆မင်းကြီးသည်``အဟိမလက်၊ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းတို့သည်သေရကြမည်'' ဟုဆိုပြီးလျှင်၊-
17 Sai sarki ya umarci matsaran da suke tsaye kusa da shi ya ce, “Ku kakkashe firistocin Ubangiji, gama su ma sun goyi bayan Dawuda. Sun san yana gudu, duk da haka ba su gaya mini ba.” Amma ma’aikatan sarki ba su yarda su sa hannu su kashe firistocin Ubangiji ba.
၁၇မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။
18 Sai sarki ya umarce Doyeg ya ce, “Ka juya ka kakkashe firistocin.” Doyeg mutumin Edom ya juya ya kakkashe firistocin. A ranar kuwa ya kashe mutum tamanin da biyar waɗanda suke sanye da efod na lilin.
၁၈ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
19 Ya kuma hallaka Nob birnin firistoci, ya kashe dukan mata, da maza, da yara, da jarirai, da shanu, da jakuna, da kuma tumaki.
၁၉ရှောလုသည်ယဇ်ပုရောဟိတ်မြို့တည်းဟူ သောနောဗမြို့တွင်နေထိုင်သည့် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့အရွယ်မှစ၍လူအပေါင်း တို့ကိုလည်းကောင်း၊ နွား၊ မြည်း၊ သိုးတို့ကိုလည်း ကောင်းသတ်စေတော်မူ၏။
20 Amma Abiyatar ɗan Ahimelek jikan Ahitub ya tsere, ya gudu zuwa wurin Dawuda.
၂၀သို့ရာတွင်အဟိမလက်၏သားတစ်ဦးဖြစ် သူအဗျာသာသည် ထွက်ပြေးလွတ်မြောက် သွားကာဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
21 Abiyatar gaya wa Dawuda cewa, “Shawulu ya hallaka firistocin Ubangiji.”
၂၁သူသည်ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့အား ရှောလုသတ်ဖြတ်ပုံကိုဒါဝိဒ်အား ပြောပြလေသည်။-
22 Dawuda ya ce wa Abiyatar, “Lalle a wancan ranar, sa’ad da na ga Doyeg mutumin Edom a can, na san tabbatacce zai gaya wa sarki. Ni ne sanadin mutuwar dukan iyalin mahaifinka.
၂၂ဒါဝိဒ်က``ဒေါဂသည်ရှောလုအားဤသို့ပြန် ကြားမည်ကို သူ့အားထိုအရပ်တွင်တွေ့ရသည့် နေ့ကပင်လျှင်ငါသိ၏။ သို့ဖြစ်၍သင်၏ဆွေ မျိုးသားချင်းအပေါင်းသေရကြသည်မှာ ငါ့ကြောင့်ပါတကား။ သင်သည်ငါနှင့်အတူ နေလော့။ မကြောက်နှင့်။-
23 Ka zauna tare da ni, kada ka ji tsoro mutumin da yake neman ranka, yana nema raina ma. Ka zauna lafiya tare da ni.”
၂၃သင်၏အသက်အန္တရာယ်ကိုရှာကြံသောသူ သည် ငါ၏အသက်အန္တရာယ်ကိုလည်းရှာကြံ ၏။ သို့ရာတွင်သင်သည်ငါနှင့်အတူနေလျှင် လုံခြုံလိမ့်မည်'' ဟုဆို၏။