< 1 Sarakuna 17 >

1 To, Iliya mutumin Tishbe, daga Tishbe a Gileyad, ya ce wa Ahab, “Muddin Ubangiji, Allah na Isra’ila wanda nake bauta wa yana a raye, ba za a yi raɓa ko ruwan sama a’yan shekaru masu zuwa ba, sai ko na faɗa haka.”
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။
2 Sai maganar Ubangiji ta zo wa Iliya, ta ce,
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3 “Ka bar nan, ka nufi wajajen gabas, ka ɓuya a Rafin Kerit, gabas da Urdun.
သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4 Za ka sha daga rafin, zan kuma umarci hankaki su ciyar da kai a can.”
ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 Saboda haka sai Iliya ya yi abin da Ubangiji ya faɗa masa. Ya tafi Rafin Kerit, gabas da Urdun, ya zauna a can.
ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
6 Hankaki suka riƙa kawo masa abinci da nama, safe da yamma, ya kuma sha daga rafin.
ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။
7 Ana nan sai rafin ya bushe saboda ba a yi ruwan sama a ƙasar ba.
နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8 Sai maganar Ubangiji ta zo wa Iliya cewa,
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊
9 “Je ka, nan take, zuwa Zarefat na Sidon, ka zauna a can. Na umarci wata gwauruwa a can tă ciyar da kai.”
သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10 Saboda haka sai ya tafi Zarefat. Sa’ad da ya isa ƙofar gari, sai ga wata gwauruwa tana tattara’yan itace. Sai ya kira ta, ya ce, “Ki kawo mini ɗan ruwa a tulu don in sha.”
၁၀ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11 Da ta kama hanya za tă tafi tă kawo, sai ya sāke kiranta ya ce, “Ina roƙonki, ki kuma kawo mini ɗan abinci.”
၁၁မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12 Sai ta ce masa, “Na rantse da Ubangiji Allahnka, ba ni da wani abinci, sai dai ɗan gari hannu guda a tulu, da kuma ɗan mai a kwalaba. Ina tattara’yan itacen nan ne don in kai gida in yi abinci wa kaina da ɗana, don mu ci, mu mutu.”
၁၂မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13 Iliya ya ce mata, “Kada ki ji tsoro. Ki tafi gida, ki yi yadda kika ce. Amma da farko ki yi mini’yar wainar burodi daga abin da kike da shi ki kawo mini, sa’an nan ki yi wani abu wa kanki da kuma ɗanki.
၁၃ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
14 Gama abin da Ubangiji, Allah na Isra’ila ya ce, ‘Tulun garin ba zai ƙare ba, kwalabar man kuma ba zai bushe ba sai ranar da Ubangiji ya bayar da ruwan sama a ƙasar.’”
၁၄ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။
15 Sai ta tafi, ta yi yadda Iliya ya faɗa mata. Saboda haka aka kasance da abinci kowace rana wa Iliya da kuma don macen da iyalinta.
၁၅ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။
16 Gama tulun garin bai ƙare ba, kwalabar man kuma bai bushe ba, kamar yadda Ubangiji ya faɗa wa Iliya.
၁၆ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
17 Ana nan sai ɗan matan, wato, gwauruwan nan ya fara ciwo. Ciwon ya ƙara muni, daga ƙarshe sai ya daina numfashi.
၁၇ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18 Sai ta ce wa Iliya, “Mutumin Allah, yaya haka? Ka zo ne domin ka nuna wa Allah zunubaina, ka kuma jawo mutuwar ɗana?”
၁၈မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
19 Iliya ya ce, “Ki miƙa mini ɗanki.” Sai ya ɗauke shi daga hannuwanta, ya kai shi ɗakin sama inda yake zama, ya kwantar da shi a gadonsa.
၁၉သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊
20 Sa’an nan ya yi kuka ga Ubangiji ya ce, “Ya Ubangiji Allahna, don me ka kawo wannan masifa a kan gwauruwan nan? Kai ka ce in zauna tare da ita, ga shi yanzu ɗanta ya mutu.”
၂၀အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။
21 Sai ya kwanta, ya miƙe kansa a kan yaron sau uku, ya kuma yi kuka ga Ubangiji ya ce, “Ya Ubangiji Allahna, ka mai da ran yaron nan!”
၂၁တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။
22 Ubangiji kuwa ya ji kukan Iliya, sai ran yaron ya dawo masa, ya kuma rayu.
၂၂ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။
23 Iliya ya ɗauki yaron ya sauko da shi daga ɗakin sama zuwa cikin gida. Ya ba da shi ga mahaifiyarsa, ya ce, “Duba, ɗanki yana da rai!”
၂၃ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။
24 Sai matar ta ce wa Iliya, “Yanzu na san cewa kai mutumin Allah ne, Ubangiji kuma yana magana ta wurinka.”
၂၄မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။

< 1 Sarakuna 17 >