< 1 Tarihi 15 >

1 Bayan Dawuda ya yi gine-gine wa kansa a Birnin Dawuda, sai ya shirya wuri domin akwatin alkawarin Allah, ya kuma kafa tenti dominsa.
ထိုနောက် ဒါဝိဒ် မြို့ ၌ အိမ် တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ဌာန ကို ပြင် ၍ တဲ တော်ကိုလည်း တည်တော်မူပြီးမှ၊
2 Sa’an nan Dawuda ya ce, “Babu wani sai ko Lawiyawa kaɗai za su ɗauka akwatin alkawarin Allah, gama Ubangiji ya zaɓe su su ɗauka akwatin alkawarin Ubangiji su kuma yi hidima a gabansa har abada.”
ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊
3 Dawuda ya tattara dukan Isra’ila a Urushalima don su haura da akwatin alkawarin Ubangiji zuwa wurin da aka shirya dominsa.
ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါ ဣသရေလ အမျိုးသားအပေါင်း တို့ကို ယေရုရှလင် မြို့၌ စုဝေး စေသောအခါ၊
4 Ya tattara zuriyar Haruna a wuri ɗaya da kuma Lawiyawa.
အာရုန် သား တို့နှင့် လေဝိ သားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5 Daga zuriyar Kohat, Uriyel shugaba da dangi 120;
ကောဟတ် အမျိုး တွင် အကြီး ဖြစ်သော ဥရေလ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
6 daga zuriyar Merari Asahiya shugaba da dangi 220;
မေရာရိ အမျိုး တွင် အကြီး ဖြစ်သော အသာယ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
7 daga zuriyar Gershom, Yowel shugaba da dangi 130;
ဂေရရှုံ အမျိုး တွင် အကြီး ဖြစ်သော ယောလ နှင့် သူ ၏ညီအစ်ကို တရာ သုံးဆယ်၊
8 daga zuriyar Elizafan, Shemahiya shugaba da dangi 200;
ဧလိဇဖန် အမျိုး တွင် အကြီး ဖြစ်သော ရှေမာယ နှင့် သူ ၏ညီအစ်ကို နှစ် ရာ
9 daga zuriyar Hebron, Eliyel shugaba da dangi 80;
ဟေဗြုန် အမျိုး တွင် အကြီး ဖြစ်သော ဧလျေလ နှင့် သူ ၏ညီအစ်ကို ရှစ် ဆယ်၊
10 daga zuriyar Uzziyel, Amminadab shugaba da dangi 112.
၁၀ဩဇေလ အမျိုး တွင် အကြီး ဖြစ်သော အမိနဒပ် နှင့် သူ ၏ညီအစ်ကို တရာ တဆယ် နှစ် ယောက်တည်း။
11 Sa’an nan Dawuda ya kira Zadok da Abiyatar, firistoci, tare da Uriyel, Asahiya, Yowel, Shemahiya, Eliyel da Amminadab, Lawiyawa.
၁၁ဒါဝိဒ် သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ ၊ လေဝိ သား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ် တို့ကို ခေါ် ၍၊
12 Ya ce musu, “Ku ne kawunan iyalan Lawiyawa; ku da’yan’uwanku Lawiyawa, sai ku tsarkake kanku ku hauro da akwatin alkawarin Ubangiji, Allah na Isra’ila, zuwa wurin da na shirya dominsa.
၁၂သင် တို့သည် လေဝိ သားအဆွေအမျိုး သူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ငါပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါကိုယ် ကို၎င်း ၊ ညီအစ်ကို တို့ ကို၎င်း၊ သန့်ရှင်း စေကြလော့။
13 Domin ku, Lawiyawa ba ku haura da shi da farko ba ne ya sa Ubangiji Allahnmu ya husata a kanmu. Ba mu tambaye shi game da yadda za mu yi shi a hanyar da aka ƙayyade ba.”
၁၃အရင် ကမသန့်ရှင်း၊ တရား လမ်းသို့ မ လိုက် ဘဲ ငါ တို့ဘုရားသခင် ထာဝရဘုရား ကို ရှာသောကြောင့်ဒဏ်ခတ် တော်မူသည်ဟု သတိပေး၏။
14 Saboda haka firistoci da Lawiyawa suka tsarkake kansu don su hauro da akwatin alkawarin Ubangiji, Allah na Isra’ila.
၁၄ထိုအခါ ယဇ်ပုရောဟိတ် တို့နှင့် လေဝိ သား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်း စေကြ၏။
15 Sai Lawiyawa suka ɗauki akwatin alkawarin Allah da sanduna a kafaɗunsu, kamar yadda Musa ya umarta bisa ga maganar Ubangiji.
၁၅ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။
16 Dawuda ya faɗa wa shugabannin Lawiyawa su sa’yan’uwansu su zama mawaƙa don su rera waƙoƙi masu farin ciki, da kayayyakin bushe-bushe, da kaɗe-kaɗe, molaye, garayu da ganguna.
၁၆လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊
17 Saboda haka Lawiyawa suka zaɓi Heman ɗan Yowel, da Asaf ɗan Berekiya daga cikin’yan’uwansu. Daga iyalin Merari kuma aka zaɓi Etan ɗan Kushahiya.
၁၇ထိုလေဝိ သားတို့သည် ယောလ သား ဟေမန် ၊ သူ ၏ညီစု ထဲက ဗေရခိ သား အာသပ် ၊ မိမိ တို့ညီစု ၊ မေရာရိ အမျိုး ထဲက ကုရှာယ သား ဧသန် တို့ကို၎င်း၊
18 Tare da su kuma’yan’uwansa da suke biye bisa ga matsayi. Wato, Zakariya, Ya’aziyel, Shemiramot, Yehiyel, Unni, Eliyab, Ben, Ma’asehiya, Mattitiya, Elifelehu, Miknehiya, Obed-Edom da Yehiyel, matsaran ƙofofi.
၁၈မိမိ တို့ညီ ဒုတိယ အရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့် ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို၎င်းခန့်ထားကြ၏။
19 Mawaƙan nan Heman, Asaf da Etan, ne za su buga kugen tagulla.
၁၉သီချင်း ဆရာဟေမန် ၊ အာသပ် ၊ ဧသန် တို့သည် ကြေးဝါ ခွက်ကွင်း ကို တီး ရကြ၏။
20 Zakariya, Aziyel, Shemiramot, Yehiyel, Unni, Eliyab, Ma’asehiya da Benahiya, ne za su kaɗa molaye masu murya sama-sama, bisa ga alamot.
၂၀ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယ တို့သည် အာလမုတ် တယော ကို ထိုးရကြ၏။
21 Mattitiya, Elifelehu, Miknehiya, Obed-Edom, Yehiyel da Azaziya, ne za su ja garayu masu murya ƙasa-ƙasa bisa ga sheminit.
၂၁မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိ တို့သည် အသံစုံလင်စွာ ရှေမိနိတ် စောင်း ကို တီးရကြ၏။
22 Kenaniya, shugaban Lawiyawa, shi ne mai bi da waƙoƙi. Wannan hakkinsa ne, gama shi gwani ne a wannan fanni.
၂၂လေဝိ သားအကြီးအကဲ ဖြစ်သော ခေနနိ သည် သီချင်း အတတ်၌ လေ့ကျက် သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
23 Berekiya da Elkana, ne za su zama masu lura da ƙofofi domin akwatin alkawarin.
၂၃ဗေရခိ နှင့် ဧလကာန သည် သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
24 Shebaniya, Yoshafat, Netanel, Amasai, Zakariya, Benahiya da Eliyezer firistoci, su ne za su busa ƙahoni a gaban akwatin alkawarin Allah. Obed-Edom da Yehiya su ma za su zama masu lura da ƙofofi domin akwatin alkawarin.
၂၄ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
25 Sai Dawuda da dattawan Isra’ila da shugabannin ƙungiyoyi dubu suka haura don su kawo akwatin alkawarin Ubangiji daga gidan Obed-Edom, da farin ciki.
၂၅ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။
26 Domin Allah ya taimaki Lawiyawan da suke ɗaukar akwatin alkawarin Ubangiji, aka miƙa hadayar bijimai bakwai da raguna bakwai.
၂၆ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို ထမ်း သော လေဝိ သားတို့ကို ဘုရားသခင် မစ တော်မူ သည်ဖြစ်၍ ၊ သူတို့သည် နွား ခုနစ် ကောင်နှင့် သိုး ခုနစ် ကောင်တို့ကို ယဇ် ပူဇော်ကြ၏။
27 To, fa, Dawuda yana saye da kyakkyawar rigar lilin, kamar yadda dukan Lawiyawa waɗanda suke ɗaukar akwatin alkawarin suka sa, da kuma yadda mawaƙa, da Kenaniya, wanda yake bi da waƙar mawaƙan ya sa. Dawuda kuma ya sa efod lilin.
၂၇ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
28 Sai dukan Isra’ila suka kawo akwatin alkawarin Ubangiji da sowa, da ƙarar ƙahonin raguna da busan ƙahoni, da na ganguna, suna kuma kaɗa molaye da garayu.
၂၈ထိုသို့ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြွေးကြော် လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်း တို့ကို တီးမှုတ် လျက်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
29 Yayinda akwatin alkawarin Ubangiji yake shiga Birnin Dawuda, Mikal’yar Shawulu ta leƙa daga taga. Sa’ad da ta ga Sarki Dawuda yana rawa yana shagali, sai ta rena masa wayo a zuciyarta.
၂၉ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။

< 1 Tarihi 15 >