< Revelasyon 8 >
1 Lè Jèn Mouton an te ouvri setyèm so a, te gen silans nan syèl la pandan anviwon demi èdtan.
၁သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။
2 Epi mwen te wè sèt zanj ki kanpe devan Bondye, e yo te resevwa sèt twonpèt.
၂ဘုရားသခင့်ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။
3 Yon lòt zanj te vin kanpe devan lotèl la. Li te kenbe yon lansanswa an lò. Anpil lansan te bay a li menm pou l ta kab ajoute sou lapriyè a tout sen ki te sou lotèl an lò ki te devan twòn nan.
၃ကောင်းကင်တမန်တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင် တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။
4 Konsa, lafimen lansan an avèk lapriyè a tout sen yo te sòti nan men a zanj lan pou monte parèt devan Bondye.
၄မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ ကောင်းကင် တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။
5 Zanj lan te pran lansanswa a, liplen li avèk dife lotèl la, e voye l sou tè a. Sa te swiv ak gwo kout tonnè, gwo bri, kout eklè ak yon tranbleman detè.
၅ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။
6 Konsa, sèt zanj ki te gen sèt twonpèt yo te prepare yo pou sone yo.
၆တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ၏။
7 Premye a te sone, epi te vin parèt lagrèl ak dife tou mele avèk san, e yo te jete yo sou tè a. Epi yon tyè pati tè a te brile, yon tyè nan pyebwa yo te brile e tout zèb vèt yo te brile nèt.
၇ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။
8 Dezyèm zanj lan te sone, e yon bagay tankou yon gwo mòn k ap brile ak dife te jete nan lanmè a. Konsa yon tyè nan lanmè a te tounen san.
၈ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။
9 Yon tyè nan kreyati vivan ki te nan lanmè yo te mouri, e yon tyè nan bato yo te detwi.
၉ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ၏။ သင်္ဘောသုံးစုတစုလည်းပျက်၏။
10 Twazyèm zanj lan te sone, epi yon gwo zetwal ki t ap brile tankou yon tòch te tonbe soti nan syèl la. Li te tonbe sou yon tyè nan larivyè ak sous dlo yo.
၁၀တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။
11 Non a zetwal la se “Absinthe.” Yon tyè nan dlo yo te vin anmè, e anpil moun te vin mouri akoz dlo yo ki te vin anmè a.
၁၁ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။
12 Katriyèm zanj lan te sone, epi yon tyè nan solèy la, yon tyè nan lalin nan, ak yon tyè nan zetwal yo te frape, pouke yon tyè nan yo ta vin nwa, e jounen an pa ta parèt pandan yon tyè nan pati li, e lannwit lan, menm jan an.
၁၂စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊
13 Answit, mwen te gade e mwen te tande yon èg k ap vole nan mitan syèl la, ki t ap di nan yon gwo vwa: “Malè! Malè! Malè a sila ki rete sou latè yo, akoz son twonpèt a twa zanj ki toujou rete yo!”
၁၃ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။