< Sòm 110 >
1 Yon Sòm David SENYÈ a di a Senyè mwen an: “Chita bò kote men dwat Mwen Jiskaske Mwen fè ènmi Ou yo vin yon machpye pou Ou.”
၁ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။
2 SENYÈ a va lonje baton wayal Ou a soti nan Sion e di: “Se pou ou renye nan mitan ènmi Ou yo”.
၂ထာဝရဘုရားသည် အရှင်၏ အာဏာတော် လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။
3 Pèp Ou a va sèvi ak bòn volonte nan jou pouvwa Ou yo. Yo parèt an sentete, soti nan zantray maten an; ak jennes Ou, tankou lawouzaj gran maten an.
၃တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက်၊ ကြည်ညိုသော စေတနာစိတ်ရှိ၍၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
4 SENYÈ a fin sèmante. Li p ap chanje panse L: “Ou se yon prèt jis pou tout tan selon lòd Melchisédek.”
၄ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။
5 SENYÈ a sou men dwat ou. Li va kraze wa yo nan jou kòlè Li a.
၅လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည်။
6 Li va jije pami nasyon yo. Li fè gwo pil kadav yo, Li va brize tèt a chèf tout latè a.
၆ငါ၏သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။
7 Li va bwè nan flèv pandan L an wout; konsa, Li va leve tèt Li wo.
၇လမ်းနားမှာ စီးသောရေကိုသောက်၍၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည်။