< Neemi 3 >
1 Epi Éliaschib, wo prèt la, te leve avèk frè li yo, prèt yo pou te bati Pòtay Mouton an. Yo te konsakre li e te kwoke pòt li yo. Yo te konsakre miray depi nan tou Méa yo jis rive nan tou Hananeel la.
၁ထိုအခါ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သည်၊ မိမိ ညီအစ်ကို ယဇ်ပုရောဟိတ် တို့နှင့်တကွထ၍၊ သိုး တံခါး ကို ပြင် လျက် တံခါး ခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ မေအာ ပြအိုး မှ ဟာနနေလ ပြအိုး တိုင်အောင် ပြင် ကြ၏။
2 Akote li, mesye Jéricho yo te bati, e akote li, Zaccur, fis a Imri a te bati.
၂သူ တို့နောက်မှ၊ ယေရိခေါ မြို့သား တို့သည် ပြင်ကြ၏။ သူ တို့နောက်မှ၊ ဣမရိ သား ဇက္ကုရ ပြင် ၏။
3 Alò, fis a Senna yo te bati Pòtay Pwason an. Yo te poze travès li yo, e te kwoke pòt li yo avèk boulon ak ba fè.
၃ငါး တံခါး ကိုကား၊ ဟသေနာ အမျိုးတို့သည် ပြင် လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ ခလောက်နှင့် ကန့်လန့်ကျင် တို့ကို တပ် ကြ၏။
4 Akote yo, Merémoth, fis a Urie a, fis a Hakkots la, te fè reparasyon yo. Epi akote li, Meschullam, fis a Bérékia a, fis a Meschézabeel la, te fè reparasyon yo. Akote li, Tsadok, fis a Baana a, te fè reparasyon yo.
၄သူ တို့နောက်မှ၊ ကောဇ သား ဖြစ်သော ဥရိယ ၏ သား မေရမုတ် ပြင် ၏။ သူ့ နောက်မှ၊ မေရှဇဗေလ သား ဖြစ်သော ဗေရခိ ၏သား မေရှုလံ ပြင် ၏။ သူ့ နောက်မှ၊ ဗာနာ သား ဇာဒုတ် ပြင် ၏။
5 Anplis, akote li, Tekoyit yo te fè reparasyon yo, men chèf prensipal pa yo a pa t bay soutyen a mèt ouvriye yo.
၅သူ့ နောက်မှ၊ တေကော မြို့သားတို့သည် ပြင် ကြ ၏။ သို့ရာတွင် ၊ တေကောမင်း တို့သည် မိမိ တို့အရှင် ၏ အမှု ကို ဝိုင်းညီ၍မ ပြုကြ။
6 Jojada, fis a Paséach la avèk Meschullam, fis a Besodia a te repare Pòtay ansyen an. Yo te poze travès li yo, e te kwoke pòt li yo avèk boulon ak ba fè.
၆တံခါး ဟောင်းကိုကား၊ ပါသာ သား ယောယဒ ၊ ဗေသောဒေယ သား မေရှုလံ ပြင် လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ သော့ ခလောက်နှင့် ကန့်လန့်ကျင် တို့ကို တပ်ကြ၏။
7 Akote yo, Melatia, Gabonit lan, e Jadon, Mewonotit la, avèk mesye Gabaon avèk Mitspa, osi te fè reparasyon yo kon reprezantan gouvènè pwovens lòtbò rivyè a.
၇သူ တို့နောက်မှ၊ ဂိဗောင် မြို့သားမေလတိ ၊ မေရောနုတ် မြို့သားယာဒုန် ၊ ဂိဗောင် လူ ၊ မိဇပါ လူတို့သည် မြစ် အနောက် ဘက် မြို့ဝန် ရာဇ ပလ္လင်တိုင်အောင် ပြင် ကြ ၏။
8 Akote li, Uzziel, fis a Harhaja a, òfèv la, te fè reparasyon yo. Epi akote li, Hanania, youn nan sila ki fè pafen yo, te fè reparasyon yo, e yo te restore Jérusalem jis rive nan Gran Miray la.
၈သူ တို့နောက်မှဟာဟာယ သား ပန်းတိမ် သမား ဩဇေလ ၊ သူ့ နောက်မှ၊ ဆေး သမားဟာနနိ ပြင် လျက်၊ ကျယ် သောမြို့ရိုး တိုင်အောင် ၊ ယေရုရှလင် မြို့ကို ခိုင်ခံ့ စေကြ၏။
9 Akote yo, Rephaja, fis a Hur la, chèf a mwatye nan distrik Jérusalem nan, te fè reparasyon yo.
၉သူ တို့နောက်မှ၊ ယေရုရှလင် မြို့တပိုင်း ကို အုပ် သောသူ၊ ဟုရ သား ရေဖါယ ပြင် ၏။
10 Akote yo, Jedaja, fis a Harumaph la, te fè reparasyon anfas lakay li a. Epi akote li, Hattusch, fis a Haschabnia a, te fè reparasyon yo.
၁၀သူ့ နောက်မှ၊ ဟာရုမပ် သား ယေဒါယ သည် မိမိ အိမ် တစ်ဘက်တချက် ၌ပြင် ၏။ သူ့ နောက်မှ၊ ဟာရှဗနိ သား ဟတ္တုတ် ပြင် ၏။
11 Malkija, fis a Harim nan avèk Haschub, fis a Pachath-Moab la, te fè yon lòt pati, avèk Wo Tou Founo yo.
၁၁ကျန်ကြွင်းသောအရပ်နှင့် မီးဖို ပြအိုး ကိုကား၊ ဟာရိမ် သား မာလခိယ နှင့် ၊ ပါဟတ်မောဘ သား ဟာရှုတ် တို့သည် ပြင် ကြ၏။
12 Akote li, Schallum, fis a Hallochesch la, chèf a mwatye nan distrik Jérusalem nan te fè reparasyon yo ansanm avèk fi li yo.
၁၂သူ တို့နောက်မှ၊ ယေရုရှလင် မြို့တပိုင်း ကို အုပ် သောသူ၊ ဟာလောဟတ် သား ရှလ္လုံ နှင့် သူ ၏သမီး တို့သည် ပြင် ကြ၏။
13 Hanun avèk moun ki te rete Zanoach yo te repare Pòtay Vale a. Yo te bati li e te kwoke pòt li yo avèk boulon ak ba fè e te fè mil koude nan miray la vè Pòtay Fimye a.
၁၃ချိုင့် တံခါး ကိုကား၊ ဟာနုန် နှင့် ဇာနော မြို့သား တို့သည် ပြင် ၍ တံခါး တိုင်၊ တံခါးရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ်ပြီးမှ ၊ မြို့ရိုး အတောင် တထောင် ကို နောက်ချေး တံခါး တိုင်အောင် တည် ကြ၏။
14 Malkija, fis a Récab la, chèf Beth-Hakkérem nan, te repare Pòtay Fimye a. Li te bati li, e te kwoke pòt li yo avèk boulon ak ba fè.
၁၄ဗေသက္ကရင် မြို့တပိုင်း ကို အုပ် သောရေခပ် သား မာလခိ သည်၊ နောက်ချေး တံခါး ကို ပြင် ၍ တံခါး ရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ် ထား၏။
15 Schallun, fis a Col-Hozé a, chèf nan distrik Mitspa a, te repare Pòtay Sous Bwote a. Li te bati li, te kouvri li, te kwoke pòt li yo avèk boulon ak ba fè, avèk miray kote Etan Siloé a toupre jaden a wa a jis rive kote mach pye eskalye ki te desann soti lavil David la.
၁၅မိဇပါ မြို့တပိုင်း ကို အုပ် သော ကောလဟောဇ သား ရှလ္လုံ သည် စမ်း ရေတွင်းတံခါး ကိုပြင် ၍ တံခါး မိုး၊ တံခါး ရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ် ထား ပြီးလျှင် ၊ ဥယျာဉ် တော်နားမှာ ၊ ရှိလောင် ရေကန် မြို့ရိုး ကို၊ ဒါဝိဒ် မြို့ လှေကား တိုင်အောင် တည် ၏။
16 Apre li menm, Néhémie, fis a Azbuk la, chèf a mwatye distri Beth-Tsur a te fè reparasyon yo jis rive anfas tonm a David yo, rive jis nan etan fèt a lamen avèk kay a mesye vanyan yo.
၁၆သူ့ နောက် မှဗက်ဇုရ မြို့တပိုင်း ကို အုပ် သော အာဇဗုတ် သား နေဟမိ သည်၊ ဒါဝိဒ် သင်္ချိုင်း တစ်ဘက်တချက် မှစ၍၊ နောက်လုပ် သော ရေကန် နှင့် ဗိုလ်မင်း အိမ် တိုင်အောင် ပြင် ၏။
17 Apre li, Levit yo te kontinye reparasyon yo anba Rehum, fis a Bani a. Akote li menm, Haschabia, chèf a mwatye distrik Keïla a, te fè reparasyon yo pou distri pa li a.
၁၇သူ့ နောက် မှ၊ လေဝိ အမျိုး ဗာနိ သား ရေဟုံ ပြင် ၏။ သူ့ နောက်မှ၊ ကိလ မြို့တပိုင်း ကို အုပ် သော ဟာရှဘိ သည် မိမိ တာ ကိုပြင် ၏။
18 Apre li, frè pa yo te fè reparasyon yo anba Bavvaï, fis a Hénadad la, chèf a lòt mwatye distri a Keïla a.
၁၈သူ့ နောက် မှ၊ ကိလ မြို့တပိုင်း ကို အုပ် သော ဟေနဒဒ် သား ဟာရှဘိညီ ဗာဝဲ ပြင် ၏။
19 Akote li Ézer, fis a Josué a, chèf a Mitspa a, te repare yon lòt pòsyon devan pant asnal la, nan ang lan.
၁၉သူ့ နောက်မှ၊ မိဇပါ မြို့အုပ် ယောရှု သား ဧဇေရ သည်၊ လက်နက် စုံတိုက်သို့တက် ရာ တစ်ဘက်တချက် ၊ မြို့ထောင့် ထိအောင် ပြင် ၏။
20 Apre li Baruc, fis a Zabbaï a te repare avèk gwo kouraj, yon lòt pòsyon soti nan ang lan jis rive devan pòt a Éliaschib la, wo prèt la.
၂၀သူ့ နောက် မှ၊ ဇဗ္ဗဲ သား ဗာရုတ် သည် မြို့ထောင့် မှ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် အိမ် တံခါး တိုင်အောင် ကြိုးစား ၍ ပြင် ၏။
21 Apre li menm, Merémoth, fis a Urie a, fis a Hakkots la, te repare yon lòt pòsyon soti nan pòtay lakay Éliaschib la, jis rive nan dènye pwent lakay Éliaschib la.
၂၁သူ့ နောက် မှ၊ ကောဇ သား ဖြစ်သော ဥရိယ ၏ သား မေရမုတ် သည်၊ ဧလျာရှိပ် အိမ် တံခါး မှ အိမ် ထောင့် တိုင်အောင် ပြင် ၏။
22 Apre li, prèt yo mesye a vale yo te reyisi fè reparasyon yo.
၂၂သူ့ နောက် မှ၊ ချိုင့် အရပ်သား ယဇ် ပုရောဟိတ်တို့သည် ပြင် ကြ၏။
23 Apre yo menm, Benjamin avèk Haschub te fè reparasyon yo devan lakay pa yo. Apre yo, Azaria, fis a Maaséja a, fis a Anania a, te fè reparasyon yo devan lakay pa li.
၂၃သူ တို့နောက် မှ၊ ဗင်္ယာမိန် နှင့် ဟာရှုပ် သည် မိမိ အိမ် တစ်ဘက်တချက် ၌ပြင် ကြ၏။ သူ တို့နောက် မှ၊ အာနနိ သား ဖြစ်သော မာသေယ ၏သား အာဇရိ သည် မိမိ အိမ် တစ်ဘက်တချက် ၌ ပြင် ၏။
24 Apre li Binnuï, fis a Hénadad la, te repare yon lòt pòsyon soti lakay Azaria, jis rive nan ang lan, jis rive nan kwen an.
၂၄သူ့ နောက် မှ၊ ဟေနဒဒ် သား ဗိနွိ သည်၊ အာဇရိ အိမ် မှ မြို့ရိုးကွေ့ ရာ မြို့ထောင့် တိုင်အောင် ပြင် ၏။
25 Palal, fis a Uzaï a te fè reparasyon yo devan ang lan avèk fò ki te parèt soti anwo kote lakay wa a, ki akote lakou gad la. Apre li, Pedaja, fis a Pareosch la, te fè reparasyon yo.
၂၅ဥဇဲ သား ပါလလ သည် မြို့ရိုးကွေ့ ရာ တစ်ဘက်တချက် ကို၎င်း၊ ထောင် ဝင်း နား ၊ မြင့် သောနန်း ရှေ့မှာ ရှိသောပြအိုး ကို၎င်း ပြင်၏။ သူ့ နောက် မှ၊ ပါရုပ် သား ဂေဒါယ ပြင်၏။
26 Sèvitè tanp ki te rete nan landwa Fimye yo te fè reparasyon yo jis pa devan Pòtay Dlo a vè lès avèk fò pwolonje a.
၂၆ထိုမှတပါး၊ ဘုရားကျွန် တို့သည် အရှေ့ မျက်နှာ၊ ရေ တံခါး တစ်ဘက်တချက် ၌၊ မိမိတို့နေ ရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက် သော ပြအိုး ကို၎င်း ပြင်ကြ၏။
27 Apre yo menm, Tekoyit yo te repare yon lòt pati pa devan wo fò pwolonje a jis rive nan miray Fimye a.
၂၇သူ တို့နောက် မှ၊ တေကော မြို့သားတို့သည် ပြင်သို့ထွက် သော ပြအိုး ကြီး တစ်ဘက်တချက် ၌ ၊ ဩဖေလ ရဲတိုက်ရိုး တိုင်အောင် ပြင် ကြ၏။
28 Piwo Pòtay Cheval la, prèt yo te reyisi fè reparasyon pa yo, yo chak devan pwòp kay pa yo.
၂၈မြင်း တံခါး အထက် ၊ ယဇ် ပုရောဟိတ်တို့သည်၊ မိမိ တို့နေရာအိမ် တစ်ဘက်တချက် ၌ အသီးအသီး ပြင် ကြ ၏။
29 Apre yo menm, Tsadok, fis Immer a, te fè reparasyon yo devan lakay li. Epi apre li, Schemaeja, fis a Schecania a, gadyen Pòtay lès la te fè reparasyon yo.
၂၉သူ တို့နောက် မှ၊ ဣမေရ သား ဇာဒုတ် သည် မိမိ အိမ် တစ်ဘက်တချက် ၌ ပြင် ၏။ သူ့ နောက် မှ၊ ရှေကနိ သား ၊ အရှေ့ တံခါး မှူး ရှေမာယ ပြင် ၏။
30 Apre li, Hanania, fis a Schélémia a e Hanun, sizyèm fis a Tsalaph la, te repare yon lòt pati. Apre li, Meschullam, fis Békékia te travay anfas pwòp chanm li.
၃၀သူ့ နောက် မှ၊ ရှေလမိ သား ဟာနနိ ၊ ဇာလပ် ၏ စတုတ္ထသား ဟာနုန် တို့သည်ပြင် ကြ၏။ သူ တို့နောက် မှ၊ ဗေရခိ သား မေရှုလံ သည် မိမိ အိပ်ရာခန်း တစ်ဘက်တချက် ၌ ပြင် ၏။
31 Apre li menm, Malkija, youn nan òfèv yo, te fè reparasyon yo jis rive nan kay sèvitè tanp yo ak machann yo devan Pòtay Enspeksyon an, e jis rive nan wo chanm kwen an.
၃၁သူ့ နောက် မှ၊ ပန်းတိမ် သမားသား မာလခိ သည် မိဖကဒ် တံခါး တစ်ဘက်တချက် ၌၊ ဘုရားကျွန် နေရာ နှင့် ကုန်သည် နေရာ အရပ်တိုင်အောင် ၎င်း၊ မြို့ထောင့် တက် ရာအရပ်တိုင်အောင် ၎င်း ပြင် ၏။
32 Antre wo chanm nan kwen an ak Pòtay Mouton yo, òfèv yo avèk machann yo te fè reparasyon yo.
၃၂မြို့ထောင့် တက် ရာအရပ်မှစ၍၊ သိုး တံခါး တိုင်အောင် ပန်းတိမ် သမား များနှင့် ကုန်သည် များ တို့သည်ပြင် ကြ၏။