< Ezayi 45 >
1 Konsa pale SENYÈ a a Cyrus, onksyone Li a, ke M te pran pa men dwat la, pou soumèt nasyon yo devan l e pou lache senti a wa yo, pou ouvri pòt devan l pou pòtay yo pa fèmen:
၁အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
2 “Mwen va ale devan ou pou fè move kote yo vin swa. Mwen va kraze pòt an bwonz yo e fin koupe nèt ba an fè li yo.
၂သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
3 Mwen va bay ou trezò lannwit yo ak richès k ap kache kote sekrè yo, pou ou ka konnen ke se Mwen, SENYÈ a, Bondye Israël la, ki rele ou pa non ou.
၃မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
4 Pou koz sèvitè Mwen an, Jacob ak Israël, sila ke M te chwazi a, Mwen te, anplis, rele ou pa non ou. Mwen te bay ou yon tit k ap respekte, malgre ou pa t rekonèt Mwen.
၄ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
5 Mwen se SENYÈ a e pa gen lòt. Apa de Mwen menm, pa gen Bondye. Mwen va fòtifye ou, malgre ou pa t rekonèt Mwen;
၅ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
6 ke lèzòm ka konnen depi solèy leve jiskaske solèy kouche, ke nanpwen lòt sof ke Mwen menm. Mwen se SENYÈ a e nanpwen lòt;
၆သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။
7 Sila ki te fòme limyè a ak fènwa a, ki fè bonè e ki kreye malè. Mwen se SENYÈ a, ki fè tout sila yo.
၇ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
8 Degoute depi anwo, O syèl yo, e kite nwaj yo vide fè ladwati desann. Kite latè ouvri nèt pou sali a ka donnen fwi, pou fè ladwati vòltije monte avè l. Mwen, SENYÈ a te kreye l.
၈မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း၏။
9 Malè a sila ki goumen ak Kreyatè li a— yon veso fèt ak tè pami veso latè yo! Èske ajil va di a bòs kanari a: ‘Se kisa w ap fè la a?’ Oswa bagay w ap fè a, ta di: “Li pa gen men’?
၉အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။
10 Malè a sila ki di a yon papa: ‘Ki kalite bagay ou te fè la?’ Oswa a yon fanm: ‘A kilès w ap bay nesans lan?’”
၁၀မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
11 Konsa pale SENYÈ a, Sila Ki Sen An Israël ak Kreyatè li a: “Mande M de bagay k ap vini a konsènan fis Mwen yo e ou kòmande Mwen menm selon zèv men M yo!
၁၁ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။
12 Se Mwen ki te fè latè e te kreye lòm sou li. Mwen te lonje ouvri syèl yo ak men M e mete tout lame selès pa yo an lòd.
၁၂မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။
13 Mwen te fè leve nan li ladwati e Mwen va fè wout li yo swa. Li va bati vil Mwen, e va kite egzile Mwen yo vin libere, pa pou pèyman oswa rekonpans,” pale SENYÈ dèzame yo.
၁၃ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
14 Konsa pale SENYÈ a: “Prodwi a Égypte yo ak machandiz a Ethiopie a ak Sabeyen yo, mesye a gran tay yo, va vin travèse kote ou. Yo va pou ou. Yo va mache dèyè w. Yo va vini ak chenn sou yo, e va bese devan ou; yo va fè siplikasyon a ou menm. ‘Anverite Bondye pami nou; e pa gen lòt. Nanpwen lòt Bondye’”
၁၄တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
15 Anverite, Ou se yon Dye ki kache tèt Li, O Bondye Israël la, Sovè a!
၁၅အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။
16 Yo va desi, imilye menm, yo tout. Sa yo ki fabrike zidòl yo va sòti ansanm ak gwo wont.
၁၆ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
17 Israël va sove pa SENYÈ a, ak yon sali ki pou tout tan. Ou p ap vin wont, ni imilye jiska letènite.
၁၇ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။
18 Paske SENYÈ a ki te kreye syèl la ak tè a, Dye la ki te fòme tè a e ki te fè l la; Ki te etabli li, e Li pa t kreye li vid, men te fòme l pou moun ka viv ladann di: “Mwen se SENYÈ a. Nanpwen lòt.
၁၈မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
19 Mwen pa t pale an sekrè, nan yon peyi fènwa. Mwen pa t di a desandan Jacob yo, ‘Chache M anven.’ Mwen, SENYÈ a, pale ladwati. Mwen deklare sa ki dwat.”
၁၉ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ်၏။
20 “Rasanble nou e vini. Rapwoche nou ansanm, nou menm, refijye a nasyon yo. Lòt yo pa gen konesans; sila ki pote zidòl an bwa yo toupatou, e ki priye a yon dye ki p ap ka sove yo.
၂၀သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။
21 Deklare e prezante ka nou an. Anverite, kite yo fè konsiltasyon ansanm. Se kilès ki te anonse sa depi nan tan ansyen yo, ki te deklare sa depi lontan? Èske se pa Mwen, SENYÈ a? Epi nanpwen lòt Dye sof ke Mwen, yon Dye ladwati e yon Sovè. Nanpwen lòt sof ke Mwen.
၂၁သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သော ဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
22 “Vire kote Mwen pou vin sove, tout pwent latè yo; paske Mwen se Bondye e pa gen lòt.
၂၂မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
23 Mwen te sèmante pa Mwen menm, pawòl la te fin sòti nan bouch Mwen nan ladwati e li p ap vire fè bak; ke a Mwen menm, tout jenou va koube e tout lang va sèmante fidelite.
၂၃ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။
24 Yo va di de Mwen: ‘Se sèlman nan SENYÈ a ki gen ladwati ak pwisans.’” Lèzòm va vin kote Li e tout moun ki te fè laràj kont Li va vin wont nèt.
၂၄ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည်။
25 Nan SENYÈ a, tout desandan Israël yo va vin jistifye e va rejwi!
၂၅ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။