< 2 Wa 14 >
1 Nan dezyèm ane Joas la, fis a Joachaz la, wa Israël la, Amatsia, fis a Joas la, wa Juda a, te devni wa.
၁ယောခတ်၏သားတော်ဣသရေလဘုရင် ယဟောရှ ၏နန်းစံဒုတိယနှစ်၌ယောရှ၏သားတော်သည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော်ယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့် ကိုးနှစ်နန်းစံရ၏။ သူ၏မယ်တော်မှာယေရု ရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
2 Li te gen laj a venn-senkan lè li te devni wa, e li te renye vent-nèf ane Jérusalem. Manman li te rele Joaddan, yon moun Jérusalem.
၂
3 Amatsia te fè sa ki bon nan zye SENYÈ a, men pa tankou David, zansèt li a. Li te fè menm selon tout sa ke Joas, papa li te konn fè yo.
၃အာမဇိသည်ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။ သို့ရာတွင်သူသည် မိမိ၏ဘေးတော်ဒါဝိဒ်မင်းကဲ့သို့မပြု ကျင့်ဘဲ ခမည်းတော်ယောရှကဲ့သို့ပြုကျင့် ၏။-
4 Se sèl wo plas yo ki pa t retire. Pèp la te toujou fè sakrifis e brile lansan nan wo plas yo.
၄သူသည်ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်ခြင်းမပြုသဖြင့် ပြည်သူတို့သည် ဆက်လက်၍ထိုဌာနများတွင်ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။
5 Alò, li te vin rive ke depi wayòm nan te byen solid nan men l, ke li te touye sèvitè li yo ki te touye wa a, papa li.
၅အာမဇိသည်မိမိ၏အာဏာတည်သည်နှင့် တစ်ပြိုင်နက် ခမည်းတော်ဘုရင်မင်းကိုလုပ် ကြံသည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
6 Men fis a sila ki te mouri yo, li pa t mete yo a lanmò, an akò avèk sa ki ekri nan liv Lalwa Moïse la, jan SENYÈ a te kòmande a lè l te di: “Papa yo p ap mete a lanmò pou fis yo, ni fis yo p ap mete a lanmò pou papa yo, men chak moun va mete a lanmò pou pwòp peche pa l.”
၆သို့ရာတွင်သူသည်ထိုသူတို့၏သားသမီး တို့ကိုမူမသတ်ဘဲ``မိဘတို့သည်သားသမီး များကူးလွန်သည့်ပြစ်မှုများအတွက် အသတ် မခံစေရ။ သားသမီးတို့သည်လည်း မိဘတို့ ကူးလွန်သည့်ပြစ်မှုများအတွက်အသတ် မခံစေရ။ လူတစ်စုံတစ်ယောက်သည်မိမိ ကိုယ်တိုင်ကူးလွန်သည့်ပြစ်မှုအတွက်သာ လျှင် အသတ်ခံစေရမည်'' ဟူ၍မောရှေ၏ ပညတ်ကျမ်းတွင် ပါရှိသည့်ထာဝရဘုရား ၏ပညတ်တော်ကိုလိုက်လျှောက်ကျင့်သုံး တော်မူ၏။
7 Li te touye di-mil moun Édom nan Vale Sèl la, epi te pran Séla nan lagè. Li te rele li Yoqthéel, e se sa li ye jis rive jodi a.
၇အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
8 Epi Amatsia te voye mesaje yo kote Joas, fis a Joachaz la, fis a Jéhu a, wa a Israël la. Li te di: “Vini, annou parèt fasafas.”
၈ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
9 Joas, wa Israël la, te voye kote Amatsia, wa Juda a, e te di: “Bwa pikan ki te Liban an te voye kote sèd ki te Liban an, e li te di: ‘Bay fi ou an maryaj a fis mwen an.’ Men te pase pa la yon bèt sovaj ki te Liban, e li te kraze bwa pikan an anba pye l.
၉သို့ရာတွင်ယဟောရှမင်းက``အခါတစ်ပါးက လေဗနုန်တောင်ထိပ်တွင် ဆူးပင်တစ်ပင်ကသစ် ကတိုးပင်အား`သင်၏သမီးကိုငါ့သားနှင့် ပေးစားထိမ်းမြားလော့' ဟုအမှာစာပေးပို့ခဲ့၏။ သို့ရာတွင်အနီးမှဖြတ်သန်းလာသော သားရဲ တိရစ္ဆာန်တစ်ကောင်သည်ထိုဆူးပင်ကိုနင်းချေ လိုက်လေသည်။-
10 Anverite, ou te bat Édom e kè ou vin plen ògèy. Rete lakay ou pou fè kè kontan. Pou ki rezon ou ta pwovoke twoub la jiskaske ou menm, ou ta tonbe, e Juda ansanm avèk ou?”
၁၀အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
11 Men Amatsia te refize koute. Pou sa, wa Israël la te monte. Li menm avèk wa Juda a te parèt fasafas nan Beth-Schémesch ki pou Juda a.
၁၁သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
12 Juda te bat pa Israël e yo te sove ale, yo chak nan pwòp tant pa yo.
၁၂အာမဇိ၏တပ်မတော်မှာအရေးရှုံးနိမ့်သ ဖြင့် သူ၏စစ်သည်အပေါင်းတို့သည်မိမိတို့ နေရပ်သို့ထွက်ပြေးကြကုန်၏။-
13 Epi Joas, wa Israël la, te kaptire Amatsia, wa Juda a, fis a Joas la, fis a Achazia a, nan Beth-Schémesch, li te rive Jérusalem e li te chire miray Jérusalem nan soti nan Pòtay Ephraïm nan jis rive nan Pòtay Kwen an, distans a kat-san koude.
၁၃ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။-
14 Li te pran tout lò avèk tout ajan ak tout zouti ki te twouve lakay SENYÈ a, nan trezò lakay wa a, ansanm ak kaptif yo e li te retounen Samarie.
၁၄သူသည်မိမိတွေ့ရှိသမျှသောရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ရှိသမျှနှင့်ဘဏ္ဍာတော် တိုက်တွင် ရှိသမျှကိုယူ၍ရှမာရိမြို့သို့ သယ်ဆောင်သွားတော်မူ၏။ ယဟောရှမင်း သည်ဋ္ဌားစာခံများကိုလည်း ဖမ်းဆီးခေါ် ဆောင်ခဲ့လေသည်။
15 Alò, tout lòt zèv ke Joas te fè yo, avèk pwisans li, ak jan li te goumen avèk Amatsia, wa Juda a, èske yo pa ekri nan Liv A Kwonik A Wa Israël yo?
၁၅ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင်သူလုပ် ဆောင်ခဲ့သည့် အခြားအမှုအရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
16 Konsa, Joas te dòmi avèk zansèt li yo, e li te antere Samarie avèk wa Israël yo. Jéroboam, fis li a, te devni wa nan plas li.
၁၆ယဟောရှကွယ်လွန်သောအခါ သူ့ကိုရှမာရိ မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
17 Amatsia, fis a Joas la, Wa Juda a, te viv kenzan apre lanmò Joas, fis a Joachaz la, wa Israël la.
၁၇ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်ပြီးနောက်တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်နေ၏။-
18 Alò, tout lòt zèv a Amatsia yo, èske yo pa ekri nan Liv A Kwonik A Wa A Juda yo?
၁၈အာမဇိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကို ယုဒရာဇဝင်တွင်ရေးထားသတည်း။
19 Yo te fè konplo kont li Jérusalem e li te sove ale rive Lakis. Men yo te voye dèyè li Lakis pou te touye li la.
၁၉အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
20 Epi yo te mennen kò li sou cheval yo, e li te antere Jérusalem avèk zansèt li yo nan vil David la.
၂၀သူ၏အလောင်းကိုမြင်းပေါ်တွင်တင်၍ယူ ဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင်များ ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။-
21 Tout pèp Juda a te pran Azaria, nan laj sèzan, e yo te fè li wa nan plas a papa li, Amatsia.
၂၁ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။-
22 Li te bati Élath e li te remèt li bay Juda apre wa a te dòmi avèk zansèt li yo.
၂၂သြဇိသည်ခမည်းတော်ကွယ်လွန်ပြီးသည် နောက် ဧလတ်မြို့ကိုတိုက်ခိုက်သိမ်းယူကာ ပြန်လည်ထူထောင်လေသည်။
23 Nan kenzyèm ane règn Amatsia, fis a Joas la, wa Juda a, Jéroboam, fis a Joas la, wa Israël la te devni wa Samarie, e li te renye pandan karanteyen ane.
၂၃ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
24 Li te fè mal nan zye SENYÈ a. Li pa t kite tout peche Jéroboam yo, fis a Nebath la, ki te fè Israël peche yo.
၂၄သူသည်ထာဝရဘုရားကိုပြစ်မှား၍ ဣသ ရေလအမျိုးသားတို့အားအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောနေဗတ်၏သား ယေရောဗောင်၏ဆိုးယုတ်သည့်လမ်းစဉ်ကို လိုက်၏။-
25 Li te restore lizyè Israël la soti nan antre Hamath jis rive nan Lamè Araba, selon pawòl SENYÈ a, Bondye Israël la, ki te pale pa sèvitè li Jonas, fis a Amitthaï a nan Gath-Hépher.
၂၅သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
26 Paske SENYÈ a te wè soufrans Israël ki te tèlman anmè; paske pa t gen ni esklav, ni lib, ni pa t gen okenn moun ki pou ede Israël.
၂၆ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
27 SENYÈ a pa t di ke li ta efase non Israël anba syèl la; men Li te delivre yo pa men Jéroboam, fis a Joas la.
၂၇ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
28 Alò, tout lòt zèv Jéroboam yo avèk tout sa ke li te fè ak pouvwa li, jan li te goumen ak jan li te reprann pou Israël Damas avèk Hamath nan Juda, èske yo pa ekri nan Liv Kwonik A Wa Israël Yo?
၂၈ဒုတိယမြောက်ယေရောဗောင်လုပ်ဆောင်ခဲ့သည့် အခြားအမှုအရာများ၊ တိုက်ပွဲတွင်သူ၏ လက်ရုံးရည်၊ ဒမာသက်မြို့နှင့်ဟာမတ်မြို့တို့ ကို ဣသရေလနိုင်ငံနယ်မြေအတွင်းသို့ပြန် လည်သိမ်းယူခဲ့ပုံအကြောင်းတို့ကို ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
29 Epi Jéroboam te dòmi avèk zansèt pa li yo, menm ak wa a Israël yo. Epi Zacharie, fis li a, te devni wa nan plas li.
၂၉ယေရောဗောင်ကွယ်လွန်သောအခါ သူ့အား ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဇာခရိသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။