< 1 Korint 8 >
1 Alò, konsènan bagay ki te bay kon sakrifis a zidòl yo, nou konnen ke nou tout gen konesans. Konesans fè moun awogan, men lanmou bay bon konprann.
၁သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
2 Si yon moun sipoze ke li konnen yon bagay, li poko konnen jan li dwe konnen an.
၂မိမိကိုယ်ကိုအသိပညာရှိသည်ဟုထင် မှတ်သူသည် အမှန်ပင်အသိပညာမရှိ။-
3 Men si yon moun renmen Bondye, Bondye konnen li.
၃သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။
4 Konsa, konsènan manje bagay ki te ofri kon sakrifis a zidòl yo, nou konnen ke pa gen anyen vrèman kon zidòl nan mond lan, e ke pa gen okenn Dye sof ke yon sèl, Bondye.
၄ထို့ကြောင့်ရုပ်တုကိုပူဇော်သည့်အစားအစာ နှင့်ပတ်သက်၍ပြောရသော် ရုပ်တုဟူသည်မှာ သက်ရှင်လှုပ်ရှားမှုမရှိကြောင်းကိုလည်း ကောင်း၊ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။-
5 Paske, menmsi genyen sa ke yo rele dye yo, swa nan syèl la oubyen sou tè a, kòm anverite gen anpil dye ak anpil senyè,
၅အကယ်၍ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ် ၌ နာမည်ခံဘုရားများနှင့်အရှင်သခင် အမြောက်အမြားပင်ရှိစေကာမူ-
6 malgre sa, nou pa gen sof ke yon Bondye Papa a. De Li menm tout bagay sòti, e nou pou Li, e yon Senyè, Jésus Kris. Pa Li menm tout bagay ye, e nou egziste pa Li.
၆ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
7 Sepandan, se pa tout moun ki gen konesans sa a. Men kèk moun, ki abitye avèk zidòl jiska prezan, manje manje kòmsi li te sakrifye a yon zidòl, e konsyans fèb pa yo a vin souye.
၇သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။-
8 Men se pamanje k ap rekòmande nou a Bondye. Nou p ap ni pi mal si nou pa manje, ni pi bon si nou manje.
၈အစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။
9 Men fè atansyon ke libète sa a pa vini, nan yon jan o yon lòt, yon wòch pou fè sila ki fèb yo chite.
၉သို့ရာတွင်သင်တို့ဤသို့လွတ်လပ်စွာစား သောက်နိုင်ခွင့်သည် ယုံကြည်မှုအားနည်းသူ များအတွက်မှောက်မှားစရာမဖြစ်စေရန် သတိပြုကြလော့။-
10 Paske si yon moun wè ou menm, ki gen konesans, k ap manje nan yon tanp zidòl, si konsyans li fèb, l ap ankouraje manje bagay ki sakrifye a zidòl yo?
၁၀အကယ်၍ဤကိစ္စမျိုး၌စိတ်မသိုးမသန့် ဖြစ်သူသည် ``အသိပညာ'' ရှိသူသင်တို့က နတ်ကွန်းအတွင်း၌ထိုင်လျက်စားသောက်နေ သည်ကိုတွေ့ရှိသောအခါ ရုပ်တုအားဆက်သ သည့်ပူဇော်သကာကိုစားရဲလာမည်မဟုတ် ပါလော။-
11 Alò, akoz konesans pa ou, sila ki fèb vin pèdi, frè pou sila Kris la te mouri an.
၁၁သို့ဖြစ်၍အားနည်းသူညီအစ်ကိုအတွက် ခရစ်တော်အသေခံခဲ့ပါသော်လည်းသင် ၏ ``အသိပညာ'' ကြောင့်ထိုသူသည်ပျက်စီး ရတော့၏။-
12 Konsa, nan peche kont frè nou yo k ap blese konsyans a sila ki fèb yo, nou peche kont Kris la.
၁၂ဤသို့လျှင်သင်တို့သည်မိမိတို့ညီအစ်ကို များအားပြစ်မှား၍ သူတို့၏သြတ္တပ္ပစိတ်ကို လည်းထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ကို လည်းပြစ်မှားရာရောက်သည်။-
13 Pou sa a, si manje koze frè mwen an chite, mwen p ap janm manje vyann ankò, pou mwen pa koze frè mwen an chite. (aiōn )
၁၃ထို့ကြောင့်အသားကိုစားခြင်းသည်ညီအစ်ကို အားမှောက်မှားလမ်းလွဲစေမည်ဆိုပါက ငါ သည်ငါ့ညီအစ်ကိုအားမမှောက်မှားလမ်း မလွဲစေရန်အသားကိုမစားဘဲနေမည်။ (aiōn )