< 1 Wa 3 >
1 Salomon antre nan fanmi farawon an, wa peyi Lejip. Li marye ak pitit fi farawon an. Li mennen l' rete nan lavil David la jouk li fin bati palè li a, Tanp Bondye a ak gwo miray ranpa ki fè wonn lavil Jerizalèm yo.
၁ရှောလမုန် သည် အဲဂုတ္တု ဖာရော ဘုရင် နှင့် မိတ်ဆွေ ဖွဲ့လျက် ၊ သမီး တော်နှင့်စုံဘက် ၍ နန်း တော်၊ ဗိမာန် တော်၊ ယေရုရှလင် မြို့ရိုး ကို မပြီး မှီတိုင်အောင် ဒါဝိဒ် မြို့ ၌ နေရာပေး တော်မူ၏။
2 Yo pa t' ankò bati yon kay pou Seyè a. Se sa ki fè pèp la t'ap touye bèt yo te ofri pou lòt bondye divès kote sou mòn yo toujou.
၂ထို ကာလ ၌ ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် သေးသောကြောင့် ၊ လူ များတို့သည် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်တတ်ကြ၏။
3 Salomon li menm te renmen Seyè a, li te mache dapre lòd David, papa l', te ba li. Men li menm tou, li te touye bèt pou lòt bondye, li te ofri yo lansan sou divès lotèl sou mòn yo.
၃ရှောလမုန် သည် ထာဝရဘုရား ကို ချစ် ၍ ခမည်းတော် ဒါဝိဒ် ၏စီရင် ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့၏။
4 Salomon te konn al lavil Gabawon pou touye bèt pou Bondye, paske se la ki te gen pi gwo lotèl la. Li te deja ofri mil bèt pou yo te boule nèt sou lotèl la.
၄တရံရောအခါ၊ ရှင် ဘုရင်သည် ယဇ် ပူဇော်ခြင်းငှါ အလွန် မြင့် မြတ်သော အရပ်တည်းဟူသောဂိဗောင် မြို့သို့ သွား ၍ ထို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
5 Yon jou lannwit, Seyè a parèt devan Salomon nan dòmi lavil Gabawon, li di l' konsa: -Kisa ou ta vle m' ba ou?
၅ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။
6 Salomon reponn: -Ou te toujou fè wè jan ou te renmen papa m', David, sèvitè ou la, anpil. Li menm, li te mache dwat devan ou, li pa t' janm vire do ba ou, li te sèvi ou ak tout kè li. Ou pa t' janm sispann fè l' wè jan ou te renmen li. Ou ba li yon pitit gason k'ap gouvènen nan plas li jòdi a.
၆ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
7 Seyè, Bondye mwen, koulye a atout mwen jenn toujou, atout mwen pankò gen esperyans pou m' gouvènen, ou pran m', ou mete m' wa a nan plas David, defen papa m'.
၇ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။
8 Men mwen alatèt pèp ou chwazi pou rele ou pa ou la, yon pèp ki sitèlman anpil nou pa ka konte konbe moun ki ladan l'.
၈ရွေးချယ် တော်မူ၍ အရေအတွက် အားဖြင့် အတိုင်း မ သိများပြား စွာသော ကိုယ်တော် ၏လူမျိုး ကြီး အလယ် ၌ ကိုယ်တော် ကျွန် ရှိပါ၏။
9 Tanpri, ban mwen lespri veyatif pou m' ka gouvènen pèp ou a san patipri, pou m' konn sa ki byen ak sa ki mal. Si se pa sa, ki jan m'a fè pou m' gouvènen pèp ou a ak tout moun sa yo ki ladan l'?
၉သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။
10 Seyè a te kontan wè se sa Salomon te mande l'.
၁၀ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။
11 Li di l' konsa: -Monchè, ou pa mande m' pou ou viv lontan, ou pa mande m' richès, ni ou pa mande m' lanmò pou lènmi ou yo, men ou mande m' yon lespri veyatif pou ou ka gouvènen san patipri.
၁၁ဘုရား သခင်ကလည်း ၊ သင်သည်တာရှည် သော အသက် ကို မ တောင်း ၊ စည်းစိမ် ကိုလည်း မ တောင်း ၊ ရန်သူ တို့ ၏အသက် ကိုလည်း မ တောင်း ၊ တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်၊
12 M'ap ba ou sa ou mande a, m'ap ba ou plis konesans ak plis bon konprann pase tout moun, pase ni sa ki te la anvan ou yo, ni sa k'ap vin apre ou.
၁၂သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။
13 Lèfini, m'ap ba ou sa ou pa t' mande tou. M'ap ba ou anpil richès ak anpil pouvwa. Konsa, p'ap gen ankenn lòt wa tankou ou pandan tout rès tan ou gen pou viv la.
၁၃ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။
14 Si ou fè volonte m', si ou mache dapre lòd ak kòmandman m' yo, tankou David, papa ou, te fè l' la, m'ap fè ou viv lontan.
၁၄သင့် အဘ ဒါဝိဒ် ကျင့် သည်အတိုင်း ငါ့ လမ်း သို့ လိုက် ၍ ငါ စီရင် ချက်ပညတ် တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည် သော အသက် ကိုလည်း ငါပေးမည်ဟု မိန့် တော်မူ၏။
15 Lè Salomon leve, li vin konprann Bondye te pale avè l' nan rèv. Li tounen lavil Jerizalèm, l' ale devan Bwat Kontra Seyè a, li ofri bèt pou yo boule nèt, bèt pou yo touye pou di Seyè a mèsi. Apre sa, li bay yon gwo fèt pou tout moun k'ap travay nan gouvènman l' lan.
၁၅ရှောလမုန် သည် နိုး ၍ အိပ်မက် ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင် မြို့သို့သွား ၍ ထာဝရ ဘုရား၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ ရပ် လျက်၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ၍ ကျွန် အပေါင်း တို့အဘို့ ပွဲ ကို စီရင် တော်မူ၏။
16 Yon jou, de fanm, de jennès, vin prezante devan wa Salomon.
၁၆ထိုအခါ ပြည်တန်ဆာ မိန်းမ နှစ် ယောက်သည် လာ ၍ ရှေ့ တော်၌ ရပ် လျက်၊
17 Yonn ladan yo pran lapawòl, li di: -Monwa, madanm sa a avè m' nou rete nan menm kay. Mwen fè yon pitit gason nan kay la devan li.
၁၇မိန်းမ တယောက် က အို အရှင် ၊ ကျွန်တော်မ နှင့် ဤ မိန်းမ သည် တ အိမ် တည်းနေ ကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သား မျက်နှာကိုမြင်ပါ၏။
18 De jou apre pitit mwen an fèt, li menm tou li akouche, li fè yon pitit gason tou. Nou de ase ki te nan kay, pa t' gen lòt moun la ankò.
၁၈သုံး ရက် လွန်မှ တဖန် ဤ မိန်းမ သည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ် ၌ အဘယ်ဧည့်သည် မျှ မ ရှိ။ သူနှင့်ကျွန်တော်မနှစ် ယောက်တည်း သာ ရှိပါ၏။
19 Pandan lannwit, antan l'ap dòmi li woule sou pitit pa l' la, li toufe l'.
၁၉ဤ မိန်းမ သည် ညဉ့် အခါ မိမိသားငယ်ကို ဖိ၍ အိပ် မိသောကြောင့် သား ငယ်သေ ပါ၏။
20 Li leve nan mitan lannwit lan, antan m'ap dòmi, li pran ti pitit mwen an ki te bò kote m', li mete l' nan kabann pa l'. Li pran ti pitit pa l' la, li mete l' tou mouri a nan kabann pa m'.
၂၀သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ်ပျော် စဉ်အခါ ကျွန်တော်မ သား ငယ်ကိုယူ ၍ မိမိ ရင်ခွင် ၌ ထား ပါ၏။ သူ ၏ သားငယ် အသေ ကောင်ကိုမူကား ၊ ကျွန်မ ၏ရင်ခွင် ၌ ထား ပါ၏။
21 Nan maten lè m' leve pou m' bay ti pitit mwen an tete, mwen jwenn li mouri. Men, lè m' gade byen gade, mwen wè se pa t' pitit mwen an sa.
၂၁နံနက် အချိန်၌ ကျွန်တော်မသည်သား ငယ်ကို နို့ တိုက်မည်ထ သောအခါ၊ သားငယ်သည် သေ လျက် ရှိပါ၏။ သို့ရာတွင်ကျွန်တော်မသည် သေသောသူငယ် ကို စေ့စေ့ ကြည့်ရှုသောအခါ ၊ ကျွန်တော်မဘွားမြင် သော သား မ ဟုတ်ပါဟုလျှောက် ၏။
22 Men lòt fanm lan di: -Non, se pa vre. Se pitit pa m' lan ki vivan. Se pa ou la ki mouri. Lè sa a, premye fanm lan reponn: -Non se pa vre. Se pitit pa m' lan ki vivan. Se pa ou la ki mouri. Se konsa yo t'ap fè kont devan wa a.
၂၂အခြား သော မိန်းမ ကလည်း မ ဟုတ်ဘူး။ အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သောသူငယ် သည် သင် ၏သား ဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့ မ ဟုတ်။ သေ သောသူငယ်သည် သင် ၏သား ၊ အသက် ရှင်သောသူငယ်သည် ငါ့ သား ဖြစ်၏ဟုဆို လေ၏။ ထိုသို့ရှေ့ တော်၌ လျှောက် ဆိုကြလျှင်၊
23 Lè sa a, wa a pran lapawòl, li di: -Sa a di se pitit li a ki vivan, ti pitit mouri a se pou lòt la. Lòt la menm di non, se pitit pa li a ki vivan, ti pitit mouri a se pou sa a.
၂၃ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ မ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍၊
24 Wa a voye chache yon nepe. Lè yo pote nepe a li di konsa:
၂၄ထား ယူ ခဲ့ဟု မိန့် တော်မူသည်အတိုင်း ၊ ထား ကို ရှေ့ တော်သို့ ယူ ခဲ့ကြ၏။
25 -Koupe ti pitit vivan an mwatye mwatye, bay chak fanm yon moso.
၂၅ရှင်ဘုရင် ကလည်း ၊ အသက် ရှင်သော သူငယ် ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက် တဝက် စီပေး လော့ဟု မိန့် တော်မူသော်၊
26 Men manman ti pitit vivan an santi zantray li ap rache pou pitit li a. Li di wa a: -Tanpri, monwa, pa touye ti pitit la. Pito ou bay madanm sa a li. Men lòt madanm lan menm di: -Ou mèt koupe l'! Li p'ap ni pou ou, ni pou mwen.
၂၆အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား ၍ ၊ အို အရှင် ၊ အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ မ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။
27 Lè sa a Salomon di: -Pa touye pitit la. Renmèt li bay premye fanm lan. Se li menm ki manman ti pitit ki vivan an.
၂၇ထိုအခါ ရှင်ဘုရင် က၊ အသက် ရှင်သော သူငယ် ကို မ သတ် နှင့်။ အရင်မိန်းမ အား ပေး လော့။ သူ သည် အမိ မှန်သည်ဟု မိန့် တော်မူ၏။
28 Lè pèp Izrayèl la tande jan Salomon te regle kont lan, yo vin gen anpil respè pou li, paske yo te wè se Bondye menm ki te ba li bon konprann sa a pou regle tout bagay san patipri.
၂၈ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။