< Πραξεις 1 >
1 Τὸν μὲν πρῶτον λόγον ἐποιησάμην περὶ πάντων ὦ Θεόφιλε, ὧν ἤρξατο Ἰησοῦς ποιεῖν τε καὶ διδάσκειν
၁အို သော်ဖိလု ၊ ယေရှု သည် ရွေးကောက် တော်မူသော တမန်တော် တို့ကို ဝိညာဉ် တော်အားဖြင့် မှာထား ပြီးမှ၊
2 ἄχρι ἧς ἡμέρας ἐντειλάμενος τοῖς ἀποστόλοις διὰ πνεύματος ἁγίου, οὓς ἐξελέξατο, ἀνελήμφθη.
၂အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။
3 οἷς καὶ παρέστησεν ἑαυτὸν ζῶντα μετὰ τὸ παθεῖν αὐτὸν ἐν πολλοῖς τεκμηρίοις, δι᾽ ἡμερῶν τεσσεράκοντα ὀπτανόμενος αὐτοῖς, καὶ λέγων τὰ περὶ τῆς βασιλείας τοῦ θεοῦ.
၃အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။
4 καὶ συναλιζόμενος παρήγγειλεν αὐτοῖς ἀπὸ Ἱεροσολύμων μὴ χωρίζεσθαι, ἀλλὰ περιμένειν τὴν ἐπαγγελίαν τοῦ πατρός, ἣν ἠκούσατέ μου·
၄ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။
5 ὅτι Ἰωάνης μὲν ἐβάπτισεν ὕδατι, ὑμεῖς δὲ ἐν πνεύματι βαπτισθήσεσθε ἁγίῳ, οὐ μετὰ πολλὰς ταύτας ἡμέρας.
၅ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
6 οἱ μὲν οὖν συνελθόντες ἠρώτων αὐτὸν λέγοντες, Κύριε, εἰ ἐν τῷ χρόνῳ τούτῳ ἀποκαθιστάνεις τὴν βασιλείαν τῷ Ἰσραήλ;
၆ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊
7 εἶπεν πρὸς αὐτούς, Οὐχ ὑμῶν ἐστιν γνῶναι χρόνους ἢ καιροὺς οὓς ὁ πατὴρ ἔθετο ἐν τῇ ἰδίᾳ ἐξουσίᾳ,
၇သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။
8 ἀλλὰ λήμψεσθε δύναμιν ἐπελθόντος τοῦ ἁγίου πνεύματος ἐφ᾽ ὑμᾶς, καὶ ἔσεσθέ μου μάρτυρες ἔν τε Ἱερουσαλὴμ καὶ [ἐν] πάσῃ τῇ Ἰουδαίᾳ καὶ Σαμαρείᾳ καὶ ἕως ἐσχάτου τῆς γῆς.
၈ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
9 καὶ ταῦτα εἰπὼν βλεπόντων αὐτῶν ἐπήρθη, καὶ νεφέλη ὑπέλαβεν αὐτὸν ἀπὸ τῶν ὀφθαλμῶν αὐτῶν.
၉တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။
10 καὶ ὡς ἀτενίζοντες ἦσαν εἰς τὸν οὐρανὸν πορευομένου αὐτοῦ, καὶ ἰδοὺ ἄνδρες δύο παρειστήκεισαν αὐτοῖς ἐν ἐσθήσεσι λευκαῖς,
၁၀ထိုသို့ ကြွ တော်မူသည်ကို တမန်တော်တို့သည် ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်လျက် နေ ကြစဉ် တွင်၊ လူ နှစ် ယောက်တို့သည် ဖြူစင် သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော် တို့အနားမှာပေါ်လာ ၍ ၊
11 οἳ καὶ εἶπαν, Ἄνδρες Γαλιλαῖοι, τί ἑστήκατε βλέποντες εἰς τὸν οὐρανόν; οὗτος ὁ Ἰησοῦς ὁ ἀναλημφθεὶς ἀφ᾽ ὑμῶν εἰς τὸν οὐρανὸν οὕτως ἐλεύσεται ὃν τρόπον ἐθεάσασθε αὐτὸν πορευόμενον εἰς τὸν οὐρανόν.
၁၁အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။
12 τότε ὑπέστρεψαν εἰς Ἱερουσαλὴμ ἀπὸ ὄρους τοῦ καλουμένου Ἐλαιῶνος, ὅ ἐστιν ἐγγὺς Ἱερουσαλήμ, σαββάτου ἔχον ὁδόν.
၁၂ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။
13 καὶ ὅτε εἰσῆλθον, εἰς τὸ ὑπερῷον ἀνέβησαν, οὗ ἦσαν καταμένοντες, ὅ τε Πέτρος καὶ Ἰωάνης καὶ Ἰάκωβος καὶ Ἀνδρέας, Φίλιπ πος καὶ Θωμᾶς, Βαρθολομαῖος καὶ Μαθθαῖος, Ἰάκωβος Ἀλφαίου καὶ Σίμων ὁ Ζηλωτής, καὶ Ἰούδας Ἰακώβου.
၁၃ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။
14 οὗτοι πάντες ἦσαν προσκαρτεροῦντες ὁμοθυμαδὸν τῇ προσευχῇ σὺν γυναιξὶν καὶ Μαριὰμ τῇ μητρὶ τοῦ Ἰησοῦ, καὶ [σὺν] τοῖς ἀδελφοῖς αὐτοῦ.
၁၄ထိုသူ အပေါင်း တို့သည် ယေရှု ၏မယ်တော် မာရိ မှစ၍ မိန်းမ တို့နှင့် ၎င်း ၊ ညီ တော်တို့နှင့်၎င်း၊ တစ် ညီတစ်ညွတ်တည်းကြိုးစား ၍ ဆုတောင်း ပဌနာပြုလျက် နေ ကြ၏။
15 Καὶ ἐν ταῖς ἡμέραις ταύταις ἀναστὰς Πέτρος ἐν μέσῳ τῶν ἀδελφῶν εἶπεν· (ἦν τε ὄχλος ὀνομάτων ἐπὶ τὸ αὐτὸ ὡς ἑκατὸν εἴκοσιν·)
၁၅ထို အခါ အရေအတွက်အားဖြင့်တရာ နှစ်ဆယ် သောတပည့် တော်တို့၏အလယ် ၌ ပေတရု သည်ထ ၍၊
16 Ἄνδρες ἀδελφοί, ἔδει πληρωθῆναι τὴν γραφὴν ἣν προεῖπεν τὸ πνεῦμα τὸ ἅγιον διὰ στόματος Δαυεὶδ περὶ Ἰούδα τοῦ γενομένου ὁδηγοῦ τοῖς συλλαβοῦσιν Ἰησοῦν·
၁၆ညီအစ်ကို တို့၊ ယေရှု ကိုဘမ်းဆီး သောသူ တို့အား လမ်းပြ သောယုဒ ရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ် တော်သည်ဒါဝိဒ် မင်း၏နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူနှင့် သောကျမ်းစာ ချက်အတိုင်း မပြည့်စုံ ဘဲ မနေရ။
17 ὅτι κατηριθμημένος ἦν ἐν ἡμῖν, καὶ ἔλαχεν τὸν κλῆρον τῆς διακονίας ταύτης.
၁၇ထိုသူ သည် ငါ တို့နှင့် ရေတွက် ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ ၏အရာ ကိုခံရ ပြီ။
18 οὗτος μὲν οὖν ἐκτήσατο χωρίον ἐκ μισθοῦ τῆς ἀδικίας, καὶ πρηνὴς γενόμενος ἐλάκησεν μέσος, καὶ ἐξεχύθη πάντα τὰ σπλάγχνα αὐτοῦ,
၁၈ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။
19 καὶ γνωστὸν ἐγένετο πᾶσιν τοῖς κατοικοῦσιν Ἱερουσαλήμ, ὥστε κληθῆναι τὸ χωρίον ἐκεῖνο τῇ [ἰδίᾳ] διαλέκτῳ αὐτῶν Ἀχελδαμάχ τοῦτ᾽ ἔστιν χωρίον αἵματος.
၁၉ထိုအကြောင်းအရာကို ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည်သိ ၍ မိမိ တို့ဘာသာ အားဖြင့်ထို မြေ ကို အကေလဒ ဟုခေါ်တွင် ကြ၏။ အနက်ကားသွေး မြေ ဟု ဆိုလို သတည်း။
20 γέγραπται γὰρ ἐν βίβλῳ Ψαλμῶν, Γενηθήτω ἡ ἔπαυλις αὐτοῦ ἔρημος, καὶ μὴ ἔστω ὁ κατοικῶν ἐν αὐτῇ, καί, Τὴν ἐπισκοπὴν αὐτοῦ λαβέτω ἕτερος.
၂၀ဆာလံ ကျမ်းစာ ၌ လာ သည်ကား၊ သူ ၏နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ်ဖြစ် ပါစေ။ နေ သောသူ မ ရှိ ပါစေနှင့်။ သူ ၏အရာ ကိုလည်းအခြား သူရ ပါစေဟု ရေးမှတ်သတည်း။
21 δεῖ οὖν τῶν συνελθόντων ἡμῖν ἀνδρῶν ἐν παντὶ χρόνῳ ᾧ εἰσῆλθεν καὶ ἐξῆλθεν ἐφ᾽ ἡμᾶς ὁ κύριος Ἰησοῦς,
၂၁ထိုကြောင့် ယောဟန် သည် ဗတ္တိဇံ ကို ပေးသည်ကာလ မှစ၍ ၊
22 ἀρξάμενος ἀπὸ τοῦ βαπτίσματος Ἰωάνου ἕως τῆς ἡμέρας ἧς ἀνελήμφθη ἀφ᾽ ἡμῶν, μάρτυρα τῆς ἀναστάσεως αὐτοῦ σὺν ἡμῖν γενέσθαι ἕνα τούτων.
၂၂သခင် ယေရှု သည် ငါ တို့နှင့်ခွာ၍အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက် တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူထွက် ဝင် သွားလာတော်မူသောကာလ ပတ်လုံး ငါ တို့နှင့်ပေါင်းဖော် ၍နေသောသူ တစ်စုံတစ်ယောက် သည်၊ ထိုသခင် ထမြောက် တော်မူသည် အကြောင်းကိုဟောပြော၍ ငါ တို့နှင့်အတူ သက်သေခံ ဖြစ် ရမည် ဟု ပေတရုပြောဆို၏။
23 Καὶ ἔστησαν δύο, Ἰωσὴφ τὸν καλούμενον Βαρσαββᾶν, ὃς ἐπεκλήθη Ἰοῦστος, καὶ Μαθθίαν.
၂၃ဗာရှဗ ဟု ခေါ်ဝေါ် ၍ ယုတ္တု အမည် သစ်ကိုရသော ယောသပ် နှင့် မဿိ ကိုခန့်ထား၍ ၊
24 καὶ προσευξάμενοι εἶπαν, Σὺ κύριε καρδιογνῶστα πάντων, ἀνάδειξον ὃν ἐξελέξω ἐκ τούτων τῶν δύο ἕνα
၂၄ဤသို့ဆုတောင်း ကြ၏။
25 λαβεῖν τὸν τόπον τῆς διακονίας ταύτης καὶ ἀποστολῆς, ἀφ᾽ ἧς παρέβη Ἰούδας πορευθῆναι εἰς τὸν τόπον τὸν ἴδιον.
၂၅လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊
26 Καὶ ἔδωκαν κλήρους αὐτοῖς, καὶ ἔπεσεν ὁ κλῆρος ἐπὶ Μαθθίαν, καὶ συγκατεψηφίσθη μετὰ τῶν ἕνδεκα ἀποστόλων.
၂၆စာရေးတံ ချ ကြသဖြင့် မဿိ သည်စာရေးတံ ကိုရ ၍ ၊ တစ်ကျိပ် တစ်ပါးသောတမန်တော် တို့နှင့် ရေတွက် ဝင် ခြင်းသို့ရောက်လေ၏။