< Κατα Λουκαν 2 >

1 Ἐγένετο δὲ ἐν ταῖς ἡμέραις ἐκείναις ἐξῆλθεν δόγμα παρὰ Καίσαρος Αὐγούστου ἀπογράφεσθαι πᾶσαν τὴν οἰκουμένην.
ထို အခါ တစ်နိုင်ငံ လုံးကို စာရင်း ယူစေခြင်းငှာကဲသာ ဘုရင်ဩဂုတ္တု သည် အမိန့် တော်ရှိ ၏။
2 αὕτη ἀπογραφὴ πρώτη ἐγένετο ἡγεμονεύοντος τῆς Συρίας Κυρηνίου.
ကုရေနိ သည် ရှုရိ ပြည်၌မြို့ဝန် ဖြစ် စဉ်တွင်၊ ဤ ပဌမ စာရင်း ယူခြင်း ဖြစ်သတည်း။
3 καὶ ἐπορεύοντο πάντες ἀπογράφεσθαι, ἕκαστος εἰς τὴν ἑαυτοῦ πόλιν.
လူအပေါင်း တို့သည် စာရင်းဝင် ခြင်းငှာအသီးအသီး မိမိ တို့မြို့ ရွာသို့ သွား ကြ၏။
4 Ἀνέβη δὲ καὶ Ἰωσὴφ ἀπὸ τῆς Γαλιλαίας ἐκ πόλεως Ναζαρὲθ εἰς τὴν Ἰουδαίαν εἰς πόλιν Δαυεὶδ ἥτις καλεῖται Βηθλεέμ, διὰ τὸ εἶναι αὐτὸν ἐξ οἴκου καὶ πατριᾶς Δαυείδ,
ယောသပ် သည်လည်း ဒါဝိဒ် အမျိုးအနွယ် ဖြစ် ၍၊ ထိမ်းမြား ဆောင်နှင်းသောမယား မာရိ နှင့်အတူ စာရင်းဝင် ခြင်းငှာ၊
5 ἀπογράψασθαι σὺν Μαριὰμ τῇ ἐμνηστευμένῃ αὐτῷ, οὔσῃ ἐγκύῳ.
ဂါလိလဲ ပြည်နာဇရက် မြို့ မှ ယုဒ ပြည် တွင် ဗက်လင် အမည် ရှိသောဒါဝိဒ် ၏မြို့ သို့ သွား ၏။ ထိုအခါမာရိသည် ပဋိသန္ဓေ အရင့်အမာရှိ ၏။
6 Ἐγένετο δὲ ἐν τῷ εἶναι αὐτοὺς ἐκεῖ ἐπλήσθησαν αἱ ἡμέραι τοῦ τεκεῖν αὐτήν,
ဗက်လင်မြို့၌ရှိ နေ စဉ်၊ ဘွား အံ့သော နေ့ လစေ့ လျှင်၊
7 καὶ ἔτεκεν τὸν υἱὸν αὐτῆς τὸν πρωτότοκον, καὶ ἐσπαργάνωσεν αὐτὸν καὶ ἀνέκλινεν αὐτὸν ἐν φάτνῃ, διότι οὐκ ἦν αὐτοῖς τόπος ἐν τῷ καταλύματι.
သားဦး ကိုဘွားမြင် ၍ အဝတ် နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည် တည်းရာစရပ်၌ သူ တို့နေစရာ မ ရှိ သောကြောင့် ၊ သူငယ် ကို နွားစားခွက် ၌ သိပ်ထား လေ၏။
8 Καὶ ποιμένες ἦσαν ἐν τῇ χώρᾳ τῇ αὐτῇ ἀγραυλοῦντες καὶ φυλάσσοντες φυλακὰς τῆς νυκτὸς ἐπὶ τὴν ποίμνην αὐτῶν.
ထိုပြည် မှာ သိုးထိန်း တို့သည် ညဉ့် အခါ တော အရပ်၌ တည်းခို လျက်၊ မိမိ သိုးစု ကိုစောင့် နေကြသည် ဖြစ် ၍၊
9 καὶ ἄγγελος Κυρίου ἐπέστη αὐτοῖς καὶ δόξα Κυρίου περιέλαμψεν αὐτούς, καὶ ἐφοβήθησαν φόβον μέγαν.
ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် သူ တို့အနားမှာပေါ်လာ ၍ ၊ ပတ်ဝန်းကျင် ၌ ထာဝရ ဘုရား၏ ဘုန်း တော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန် ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။
10 καὶ εἶπεν αὐτοῖς ὁ ἄγγελος Μὴ φοβεῖσθε· ἰδοὺ γὰρ εὐαγγελίζομαι ὑμῖν χαρὰν μεγάλην, ἥτις ἔσται παντὶ τῷ λαῷ,
၁၀ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။
11 ὅτι ἐτέχθη ὑμῖν σήμερον Σωτήρ, ὅς ἐστιν Χριστὸς Κύριος, ἐν πόλει Δαυείδ.
၁၁ယနေ့ တွင် ဒါဝိဒ် မြို့ ၌ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။
12 καὶ τοῦτο ὑμῖν σημεῖον, εὑρήσετε βρέφος ἐσπαργανωμένον καὶ κείμενον ἐν φάτνῃ.
၁၂သင် တို့သည် အဘယ်နိမိတ် ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ် သည်အဝတ် နှင့် ပတ်ရစ်၍ နွားစားခွက် ၌ သိပ်ထား လျက်ရှိသည်ကို တွေ့ ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊
13 καὶ ἐξαίφνης ἐγένετο σὺν τῷ ἀγγέλῳ πλῆθος στρατιᾶς οὐρανίου αἰνούντων τὸν Θεὸν καὶ λεγόντων
၁၃ထို ကောင်းကင်တမန် နှင့်အတူ ကောင်းကင် ဗိုလ်ခြေ အများ တို့သည် ချက်ခြင်း ထင်ရှား ၍ ၊
14 Δόξα ἐν ὑψίστοις Θεῷ καὶ ἐπὶ γῆς εἰρήνη ἐν ἀνθρώποις εὐδοκίας.
၁၄ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။
15 Καὶ ἐγένετο ὡς ἀπῆλθον ἀπ’ αὐτῶν εἰς τὸν οὐρανὸν οἱ ἄγγελοι, οἱ ποιμένες ἐλάλουν πρὸς ἀλλήλους Διέλθωμεν δὴ ἕως Βηθλεὲμ καὶ ἴδωμεν τὸ ῥῆμα τοῦτο τὸ γεγονὸς ὃ ὁ Κύριος ἐγνώρισεν ἡμῖν.
၁၅ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံသို့ ပြန် ကြပြီးမှ သိုးထိန်း တို့က၊ ငါတို့သည် ဗက်လင် မြို့သို့ သွား ကြကုန်အံ့။ ထာဝရ ဘုရားသည် ဖော်ပြ တော်မူသော ဤ အမှုအရာ ကို ကြည့် ကြကုန်အံ့ဟု အချင်းချင်း ပြောဆို ပြီးလျှင် ၊
16 καὶ ἦλθαν σπεύσαντες, καὶ ἀνεῦραν τήν τε Μαριὰμ καὶ τὸν Ἰωσὴφ καὶ τὸ βρέφος κείμενον ἐν τῇ φάτνῃ·
၁၆အလျင်အမြန် သွား ၍ မာရိ နှင့် ယောသပ် ကို၎င်း ၊ နွားစားခွက် ၌ သိပ်ထား လျက်ရှိသောသူငယ် ကို၎င်း တွေ့ ကြ၏။
17 ἰδόντες δὲ ἐγνώρισαν περὶ τοῦ ῥήματος τοῦ λαληθέντος αὐτοῖς περὶ τοῦ παιδίου τούτου.
၁၇တွေ့မြင် ပြီးမှ မိမိ တို့ကြား သောထို သူငယ် ၏ အကြောင်း စကား ကို အနှံ့အပြား ပြောကြ၏။
18 καὶ πάντες οἱ ἀκούσαντες ἐθαύμασαν περὶ τῶν λαληθέντων ὑπὸ τῶν ποιμένων πρὸς αὐτούς·
၁၈သိုးထိန်း တို့ပြော သောစကား ကိုကြား သော သူ ရှိသမျှ တို့သည် အံ့ဩ ခြင်းရှိကြ၏။
19 ἡ δὲ Μαρία πάντα συνετήρει τὰ ῥήματα ταῦτα συνβάλλουσα ἐν τῇ καρδίᾳ αὐτῆς.
၁၉မာရိ သည်ထို အကြောင်းအရာအလုံးစုံ တို့ကို မှတ်ကျုံး ၍ စဉ်းစား ဆင်ခြင်လျက်နေ၏။
20 καὶ ὑπέστρεψαν οἱ ποιμένες δοξάζοντες καὶ αἰνοῦντες τὸν Θεὸν ἐπὶ πᾶσιν οἷς ἤκουσαν καὶ εἶδον καθὼς ἐλαλήθη πρὸς αὐτούς.
၂၀သိုးထိန်း တို့သည်လည်း မိမိ တို့အား ပြော နှင့်သည်အတိုင်း ကြား မြင် သမျှ သော အကြောင်းအရာကိုထောက်၍၊ ဘုရားသခင် ကို အံ့ဩ ချီးမွမ်း လျက် ပြန်သွား ကြ၏။
21 Καὶ ὅτε ἐπλήσθησαν ἡμέραι ὀκτὼ τοῦ περιτεμεῖν αὐτόν, καὶ ἐκλήθη τὸ ὄνομα αὐτοῦ Ἰησοῦς, τὸ κληθὲν ὑπὸ τοῦ ἀγγέλου πρὸ τοῦ συλλημφθῆναι αὐτὸν ἐν τῇ κοιλίᾳ.
၂၁ထိုသူငယ် အား အရေဖျားလှီး ခြင်းကို ပေးရသောနေ့တည်းဟူသောရှစ် ရက်မြောက်သောနေ့ ရောက် လျှင် ၊ ပဋိသန္ဓေ စွဲတော်မ မူမှီကောင်းကင်တမန် မှည့် သော ယေရှု အမည် ဖြင့် မှည့် ကြ၏။
22 Καὶ ὅτε ἐπλήσθησαν αἱ ἡμέραι τοῦ καθαρισμοῦ αὐτῶν κατὰ τὸν νόμον Μωϋσέως, ἀνήγαγον αὐτὸν εἰς Ἱεροσόλυμα παραστῆσαι τῷ Κυρίῳ,
၂၂ထိုနောက် မောရှေ ၏ ပညတ် တရားအတိုင်း စင်ကြယ် ခြင်းကိုပြုရသော နေ့ရက် စေ့ သောအခါ ၊ မိဘတို့ သည် သူငယ် ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍၊
23 καθὼς γέγραπται ἐν νόμῳ Κυρίου ὅτι Πᾶν ἄρσεν διανοῖγον μήτραν ἅγιον τῷ Κυρίῳ κληθήσεται,
၂၃သားဦး ယောက်ျား အပေါင်း တို့သည် ဘုရား အဘို့ သန့်ရှင်း ရကြ၏ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ သည်နှင့်အညီ ၊ ထာဝရ ဘုရားအား ဆက်ကပ် ပြီးမှ ၊
24 καὶ τοῦ δοῦναι θυσίαν κατὰ τὸ εἰρημένον ἐν τῷ νόμῳ Κυρίου, ζεῦγος τρυγόνων ἢ δύο νοσσοὺς περιστερῶν.
၂၄ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တစ်ခုခုကိုပူဇော် ရမည်ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ ပြန်သည်နှင့်အညီ ယဇ် ပူဇော်ကြ၏။
25 Καὶ ἰδοὺ ἄνθρωπος ἦν ἐν Ἰερουσαλὴμ ᾧ ὄνομα Συμεών, καὶ ὁ ἄνθρωπος οὗτος δίκαιος καὶ εὐλαβής, προσδεχόμενος παράκλησιν τοῦ Ἰσραήλ, καὶ Πνεῦμα ἦν Ἅγιον ἐπ’ αὐτόν·
၂၅ထိုအခါ ရှုမောင် အမည် ရှိသောသူ တစ်ယောက်သည် ယေရုရှလင် မြို့၌ ရှိ ၏။ ထို သူ သည် ဖြောင့်မတ် သောသူ ၊ တရား ကိုရိုသေသောသူ၊ ဣသရေလ အမျိုး၏ သက်သာ ခြင်းအကြောင်းကို မြော်လင့် သောသူ ဖြစ်၏။ သန့်ရှင်း သောဝိညာဉ် တော်သည် သူ့ အပေါ် ၌တည် သည်ဖြစ်၍ ၊
26 καὶ ἦν αὐτῷ κεχρηματισμένον ὑπὸ τοῦ Πνεύματος τοῦ Ἁγίου μὴ ἰδεῖν θάνατον πρὶν ἢ ἂν ἴδῃ τὸν Χριστὸν Κυρίου.
၂၆သူ သည်ထာဝရ ဘုရား၏ခရစ်တော် ကိုမ မြင် မှီ မ သေ ရဟု ဗျာဒိတ် တော်ကိုရ၏။
27 καὶ ἦλθεν ἐν τῷ Πνεύματι εἰς τὸ ἱερόν· καὶ ἐν τῷ εἰσαγαγεῖν τοὺς γονεῖς τὸ παιδίον Ἰησοῦν τοῦ ποιῆσαι αὐτοὺς κατὰ τὸ εἰθισμένον τοῦ νόμου περὶ αὐτοῦ,
၂၇ထိုအခါ သူ သည် ဝိညာဉ် တော်အားဖြင့် ဗိမာန် တော်သို့ သွား ၍ ၊ မိဘ တို့သည် သူငယ် ယေရှု ကို ပညတ် တရားထုံးတမ်း အတိုင်း ပြု ခြင်းငှာဆောင်သွား စဉ် တွင်၊
28 καὶ αὐτὸς ἐδέξατο αὐτὸ εἰς τὰς ἀγκάλας καὶ εὐλόγησεν τὸν Θεὸν καὶ εἶπεν
၂၈ရှုမောင် သည်ယေရှု ကို လက် နှင့် ချီပိုက် ၍ ၊
29 Νῦν ἀπολύεις τὸν δοῦλόν σου, Δέσποτα, κατὰ τὸ ῥῆμά σου ἐν εἰρήνῃ·
၂၉ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် သည် ငြိမ်ဝပ် စွာ စုတေ့ ရသောအခွင့်ကို ကိုယ်တော်သည် ယခု တွင်ပေးတော်မူ၏။
30 ὅτι εἶδον οἱ ὀφθαλμοί μου τὸ σωτήριόν σου,
၃၀ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို ချီးမြှောက် စေခြင်းငှာ ၎င်း ၊
31 ὃ ἡτοίμασας κατὰ πρόσωπον πάντων τῶν λαῶν,
၃၁တစ်ပါး အမျိုးသားတို့ကို လင်း စေခြင်းငှာ၎င်း၊
32 φῶς εἰς ἀποκάλυψιν ἐθνῶν καὶ δόξαν λαοῦ σου Ἰσραήλ.
၃၂လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။
33 καὶ ἦν ὁ πατὴρ αὐτοῦ καὶ ἡ μήτηρ θαυμάζοντες ἐπὶ τοῖς λαλουμένοις περὶ αὐτοῦ.
၃၃ထိုစကား များကို ယောသပ် နှင့် မယ်တော် သည် ကြားလျှင် အံ့ဩ ခြင်းရှိ ကြ၏။
34 καὶ εὐλόγησεν αὐτοὺς Συμεὼν καὶ εἶπεν πρὸς Μαριὰμ τὴν μητέρα αὐτοῦ Ἰδοὺ οὗτος κεῖται εἰς πτῶσιν καὶ ἀνάστασιν πολλῶν ἐν τῷ Ἰσραὴλ καὶ εἰς σημεῖον ἀντιλεγόμενον
၃၄ရှုမောင် သည်လည်း သူ တို့ကိုကောင်းကြီး ပေး၍ မယ်တော် မာရိ အား ၊ ဤ သူငယ်ကား ဣသရေလ လူ အများ လဲ မည်အကြောင်း ၊ အများထ မည်အကြောင်း၊ လူအများ တို့၏အကြံအစည် ကို ထင်ရှား စေခြင်းငှာငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထား သောသူဖြစ်၏။
35 —καὶ σοῦ δὲ αὐτῆς τὴν ψυχὴν διελεύσεται ῥομφαία—, ὅπως ἂν ἀποκαλυφθῶσιν ἐκ πολλῶν καρδιῶν διαλογισμοί.
၃၅ထိုမှတစ်ပါး သန်လျက် သည် သင် ၏စိတ် နှလုံးကို ခွင်း လိမ့်မည်ဟု မြွက်ဆို ၏။
36 Καὶ ἦν Ἄννα προφῆτις, θυγάτηρ Φανουήλ, ἐκ φυλῆς Ἀσήρ· αὕτη προβεβηκυῖα ἐν ἡμέραις πολλαῖς, ζήσασα μετὰ ἀνδρὸς ἔτη ἑπτὰ ἀπὸ τῆς παρθενίας αὐτῆς,
၃၆အာရှာ အမျိုး ဖြစ်သော ဖနွေလ ၏သမီး ၊ အန္န အမည်ရှိသော ပရောဖက်မ တစ်ယောက်ရှိ ၏။ သူ သည် ပျို သောအရွယ်မှစ၍ ခုနစ် နှစ် သောလင် နှင့် နေ ပြီးလျှင်၊
37 καὶ αὐτὴ χήρα ἕως ἐτῶν ὀγδοήκοντα τεσσάρων, ἣ οὐκ ἀφίστατο τοῦ ἱεροῦ νηστείαις καὶ δεήσεσιν λατρεύουσα νύκτα καὶ ἡμέραν.
၃၇အသက် ကြီးရင့် ၍ အနှစ် ရှစ်ဆယ်လေး နှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမ ဖြစ် လျက်၊ ဆုတောင်း ခြင်းနှင့် အစာရှောင် ခြင်းအားဖြင့်နေ့ ညဉ့် မပြတ်ဘုရား ဝတ်ကိုပြု၍ ဗိမာန် တော်နှင့် မ ခွာ ဘဲနေ၏။
38 καὶ αὐτῇ τῇ ὥρᾳ ἐπιστᾶσα ἀνθωμολογεῖτο τῷ Θεῷ καὶ ἐλάλει περὶ αὐτοῦ πᾶσιν τοῖς προσδεχομένοις λύτρωσιν Ἰερουσαλήμ.
၃၈သူ သည်လည်း ထို ခဏခြင်း တွင်ဝင် ၍ ထာဝရ ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း လေ၏။ ယေရုရှလင် မြို့ ၌ ရွေးနှုတ် ခြင်းအရာကို မြော်လင့် သောသူ အပေါင်း တို့အား ထိုသူငယ် ၏ အကြောင်း ကို ပြော လေ၏။
39 Καὶ ὡς ἐτέλεσαν πάντα τὰ κατὰ τὸν νόμον Κυρίου, ἐπέστρεψαν εἰς τὴν Γαλιλαίαν εἰς πόλιν ἑαυτῶν Ναζαρέθ.
၃၉မိဘ တို့သည် ထာဝရ ဘုရား၏ ပညတ် တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင် ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက် အမည်ရှိသောမိမိ တို့ မြို့ သို့ ပြန် ကြ၏။
40 Τὸ δὲ παιδίον ηὔξανεν καὶ ἐκραταιοῦτο πληρούμενον σοφίᾳ, καὶ χάρις Θεοῦ ἦν ἐπ’ αὐτό.
၄၀သူငယ် သည်လည်း ကြီးပွား ၍ ပညာ ဉာဏ်သတ္တိ နှင့် ပြည့်စုံ ၏။ ဘုရားသခင် ၏ကျေးဇူး တော်သည်လည်း သူ့ အပေါ် ၌တည် ၏။
41 Καὶ ἐπορεύοντο οἱ γονεῖς αὐτοῦ κατ’ ἔτος εἰς Ἱερουσαλὴμ τῇ ἑορτῇ τοῦ πάσχα.
၄၁မိဘ တို့သည် နှစ် တိုင်း အစဉ်ပသခါ ပွဲ ခံချိန်ရောက်လျှင် ၊ ယေရုရှလင် မြို့သို့ သွား ကြ၏။
42 Καὶ ὅτε ἐγένετο ἐτῶν δώδεκα, ἀναβαινόντων αὐτῶν κατὰ τὸ ἔθος τῆς ἑορτῆς,
၄၂ယေရှုသည် တစ်ဆယ့်နှစ် နှစ် ရှိသောအခါ ပသခါ ပွဲ ထုံးစံ အတိုင်း ယေရုရှလင်မြို့သို့တက် ကြ၍၊
43 καὶ τελειωσάντων τὰς ἡμέρας, ἐν τῷ ὑποστρέφειν αὐτοὺς ὑπέμεινεν Ἰησοῦς ὁ παῖς ἐν Ἱερουσαλήμ, καὶ οὐκ ἔγνωσαν οἱ γονεῖς αὐτοῦ.
၄၃ပွဲနေ့ရက် လွန် ပြီးမှ မိဘ တို့သည်ပြန် ကြလျှင် ၊ သူငယ် ယေရှု သည် ယေရုရှလင် မြို့၌ နေရစ် လေ၏။ ယောသပ် နှင့်မယ်တော်သည် ထိုအကြောင်းကို မ သိ ၍ ၊
44 νομίσαντες δὲ αὐτὸν εἶναι ἐν τῇ συνοδίᾳ ἦλθον ἡμέρας ὁδὸν καὶ ἀνεζήτουν αὐτὸν ἐν τοῖς συγγενεῦσιν καὶ τοῖς γνωστοῖς,
၄၄အပေါင်းအဘော် စုထဲမှာ သူငယ် ပါ သည်ဟု စိတ်ထင် နှင့် တစ်နေ့ ခရီး သွား မိလျှင် ၊ အဆွေအမျိုး အသိအကျွမ်း တို့တွင် ရှာ ၍၊
45 καὶ μὴ εὑρόντες ὑπέστρεψαν εἰς Ἱερουσαλὴμ ἀναζητοῦντες αὐτόν.
၄၅မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ ပြန် ၍ရှာ ကြ၏။
46 καὶ ἐγένετο μετὰ ἡμέρας τρεῖς εὗρον αὐτὸν ἐν τῷ ἱερῷ καθεζόμενον ἐν μέσῳ τῶν διδασκάλων καὶ ἀκούοντα αὐτῶν καὶ ἐπερωτῶντα αὐτούς·
၄၆သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ၍ ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။
47 ἐξίσταντο δὲ πάντες οἱ ἀκούοντες αὐτοῦ ἐπὶ τῇ συνέσει καὶ ταῖς ἀποκρίσεσιν αὐτοῦ.
၄၇သူ၏ စကားကိုကြား သောသူ အပေါင်း တို့သည် သူ၏ ပညာ ကို၎င်း၊ စကားအဖြေ ကို၎င်း အံ့ဩ ကြ၏။
48 καὶ ἰδόντες αὐτὸν ἐξεπλάγησαν, καὶ εἶπεν πρὸς αὐτὸν ἡ μήτηρ αὐτοῦ Τέκνον, τί ἐποίησας ἡμῖν οὕτως; ἰδοὺ ὁ πατήρ σου κἀγὼ ὀδυνώμενοι ζητοῦμέν σε.
၄၈မိဘတို့သည် သား ကိုမြင် လျှင် မိန်းမော တွေဝေ၍ မယ်တော် က၊ ငါ့သား ၊ အဘယ်ကြောင့် ငါ တို့အား ဤသို့ ပြု သနည်း။ ညှိုးငယ် ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟုဆို သော်၊
49 καὶ εἶπεν πρὸς αὐτούς Τί ὅτι ἐζητεῖτέ με; οὐκ ᾔδειτε ὅτι ἐν τοῖς τοῦ Πατρός μου δεῖ εἶναί με;
၄၉ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ် ကိုရှာ ရပါသနည်း။ အကျွန်ုပ် သည်အဘ ၏ အိမ်၌ နေ ရ သည်ကို မ သိ ပါသလောဟု ပြောဆို လျှင် ၊
50 καὶ αὐτοὶ οὐ συνῆκαν τὸ ῥῆμα ὃ ἐλάλησεν αὐτοῖς.
၅၀သူ တို့သည် ထို စကား ကိုနား မ လည်ကြ။
51 καὶ κατέβη μετ’ αὐτῶν καὶ ἦλθεν εἰς Ναζαρὲθ, καὶ ἦν ὑποτασσόμενος αὐτοῖς. καὶ ἡ μήτηρ αὐτοῦ διετήρει πάντα τὰ ῥήματα ἐν τῇ καρδίᾳ αὐτῆς.
၅၁ထိုနောက် ယေရှုသည် မိဘ တို့နှင့်အတူ သွား သဖြင့် နာဇရက် မြို့သို့ ရောက် ၍ သူ တို့စကားကို နားထောင် လျက်နေ လေ၏။ ထို အကြောင်း အရာအလုံးစုံ တို့ကို မယ်တော် သည် နှလုံး ထဲ၌ မှတ်ကျုံး လေ၏။
52 Καὶ Ἰησοῦς προέκοπτεν ἐν τῇ σοφίᾳ καὶ ἡλικίᾳ καὶ χάριτι παρὰ Θεῷ καὶ ἀνθρώποις.
၅၂ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။

< Κατα Λουκαν 2 >