< Πραξεις 11 >
1 Ἤκουσαν δὲ οἱ ἀπόστολοι καὶ οἱ ἀδελφοὶ οἱ ὄντες κατὰ τὴν Ἰουδαίαν ὅτι καὶ τὰ ἔθνη ἐδέξαντο τὸν λόγον τοῦ Θεοῦ.
၁လူမျိုးခြားများသည်လည်းဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုခံယူကြကြောင်း ယုဒပြည်ရှိတမန်တော်များနှင့်ညီအစ်ကို များကြားသိကြ၏။-
2 Ὅτε δὲ ἀνέβη Πέτρος εἰς Ἱερουσαλήμ, διεκρίνοντο πρὸς αὐτὸν οἱ ἐκ περιτομῆς
၂ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။-
3 λέγοντες ὅτι Εἰσῆλθες πρὸς ἄνδρας ἀκροβυστίαν ἔχοντας καὶ συνέφαγες αὐτοῖς.
၃သူတို့က ``သင်သည်အရေဖျားလှီးမင်္ဂလာ ကို မခံမယူသူလူမျိုးခြားများထံလည် ပတ်၍ သူတို့နှင့်အတူစားသောက်ပါသည် တကား'' ဟုဆိုကြ၏။-
4 ἀρξάμενος δὲ Πέτρος ἐξετίθετο αὐτοῖς καθεξῆς λέγων
၄သို့ဖြစ်၍ပေတရုသည်သူတို့အား ဖြစ်ပျက် ခဲ့သမျှသောအကြောင်းအရာတို့ကိုအစ မှအဆုံးတိုင်အောင်ရှင်းလင်းပြောပြ၏။
5 Ἐγὼ ἤμην ἐν πόλει Ἰόππῃ προσευχόμενος, καὶ εἶδον ἐν ἐκστάσει ὅραμα, καταβαῖνον σκεῦός τι ὡς ὀθόνην μεγάλην τέσσαρσιν ἀρχαῖς καθιεμένην ἐκ τοῦ οὐρανοῦ, καὶ ἦλθεν ἄχρι ἐμοῦ·
၅ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။-
6 εἰς ἣν ἀτενίσας κατενόουν, καὶ εἶδον τὰ τετράποδα τῆς γῆς καὶ τὰ θηρία καὶ τὰ ἑρπετὰ καὶ τὰ πετεινὰ τοῦ οὐρανοῦ.
၆ထိုအရာသည်ငါ့အနီးသို့ရောက်ရှိလာ၏။ သေချာစွာကြည့်ရှုလိုက်သောအခါခြေလေး ချောင်းသတ္တဝါများ၊ သားရဲများ၊ တွားတတ် သောသတ္တဝါများနှင့်ကောင်းကင်ငှက်များ ကိုမြင်ရ၏။-
7 ἤκουσα δὲ καὶ φωνῆς λεγούσης μοι Ἀναστάς, Πέτρε, θῦσον καὶ φάγε.
၇ထိုနောက် `ပေတရုထလော့၊ သတ်စားလော့' ဟု ဆိုသောအသံကိုငါကြားရ၏။-
8 εἶπον δέ Μηδαμῶς, Κύριε, ὅτι κοινὸν ἢ ἀκάθαρτον οὐδέποτε εἰσῆλθεν εἰς τὸ στόμα μου.
၈သို့ရာတွင်ငါက `သခင်ဘုရား၊ အဘယ်နည်း နှင့်မျှမဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်း သောအရာ၊ သို့မဟုတ်မသန့်စင်သောအရာ ကိုအဘယ်အခါ၌မျှမစားဘူးပါ' ဟု ပြန်၍လျှောက်၏။-
9 ἀπεκρίθη δὲ ἐκ δευτέρου φωνὴ ἐκ τοῦ οὐρανοῦ Ἃ ὁ Θεὸς ἐκαθάρισεν σὺ μὴ κοίνου.
၉ထိုနောက်ကောင်းကင်အသံတော်က`ဘုရားသခင် သန့်စင်သည်ဟုဆိုသည့်အရာကို သင်သည်ညစ် ညမ်းသည်ဟုမဆိုရ' ဟူ၍မိန့်တော်မူ၏။-
10 τοῦτο δὲ ἐγένετο ἐπὶ τρίς, καὶ ἀνεσπάσθη πάλιν ἅπαντα εἰς τὸν οὐρανόν.
၁၀ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ထိုအရာခပ်သိမ်းတို့ကိုမိုးကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းသွားလေ၏။-
11 καὶ ἰδοὺ ἐξαυτῆς τρεῖς ἄνδρες ἐπέστησαν ἐπὶ τὴν οἰκίαν ἐν ᾗ ἦμεν, ἀπεσταλμένοι ἀπὸ Καισαρίας πρός με.
၁၁ထိုနောက်ငါရှိရာအိမ်သို့လူသုံးယောက် ရုတ်တရက်ရောက်ရှိလာ၏။ သူတို့သည် ကဲသရိမြို့မှငါ့ထံသို့စေလွှတ်လိုက် သူများဖြစ်၏။-
12 εἶπεν δὲ τὸ Πνεῦμά μοι συνελθεῖν αὐτοῖς μηδὲν διακρίναντα. ἦλθον δὲ σὺν ἐμοὶ καὶ οἱ ἓξ ἀδελφοὶ οὗτοι, καὶ εἰσήλθομεν εἰς τὸν οἶκον τοῦ ἀνδρός.
၁၂ဝိညာဉ်တော်ကထိုသူတို့နှင့်အတူမဆိုင်း မတွလိုက်သွားရန် ငါ့အားအမိန့်ရှိတော်မူ၏။ ယုပ္ပေမြို့မှညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူလိုက်ခဲ့ကြ၏။ ငါတို့အားလုံး ပင်ကော်နေလိ၏အိမ်သို့ဝင်ကြ၏။-
13 ἀπήγγειλεν δὲ ἡμῖν πῶς εἶδεν τὸν ἄγγελον ἐν τῷ οἴκῳ αὐτοῦ σταθέντα καὶ εἰπόντα· Ἀπόστειλον εἰς Ἰόππην καὶ μετάπεμψαι Σίμωνα τὸν ἐπικαλούμενον Πέτρον,
၁၃ကော်နေလိကမိမိ၏အိမ်တွင်ကောင်းကင် တမန်တစ်ပါးရပ်လျက်`ယုပ္ပေမြို့သို့လူလွှတ် ၍ရှိမုန်ပေတရုဟုခေါ်သောသူကိုပင့် ဖိတ်လော့။-
14 ὃς λαλήσει ῥήματα πρὸς σὲ ἐν οἷς σωθήσῃ σὺ καὶ πᾶς ὁ οἶκός σου.
၁၄ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။-
15 ἐν δὲ τῷ ἄρξασθαί με λαλεῖν ἐπέπεσεν τὸ Πνεῦμα τὸ Ἅγιον ἐπ’ αὐτοὺς ὥσπερ καὶ ἐφ’ ἡμᾶς ἐν ἀρχῇ.
၁၅ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-
16 ἐμνήσθην δὲ τοῦ ῥήματος τοῦ Κυρίου, ὡς ἔλεγεν Ἰωάνης μὲν ἐβάπτισεν ὕδατι, ὑμεῖς δὲ βαπτισθήσεσθε ἐν Πνεύματι Ἁγίῳ.
၁၆ထိုအခါ `ယောဟန်သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သို့ရာတွင်သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ဗတ္တိဇံမင်္ဂလာခံရကြလိမ့် မည်' ဟူသောသခင်ဘုရား၏စကားတော် ကိုငါသည်ပြန်၍သတိရ၏။-
17 εἰ οὖν τὴν ἴσην δωρεὰν ἔδωκεν αὐτοῖς ὁ Θεὸς ὡς καὶ ἡμῖν, πιστεύσασιν ἐπὶ τὸν Κύριον Ἰησοῦν Χριστόν, ἐγὼ τίς ἤμην δυνατὸς κωλῦσαι τὸν Θεόν;
၁၇ဘုရားသခင်သည်သခင်ယေရှုကိုယုံကြည်သူ ငါတို့အားပေးသနားတော်မူသောဆုကျေးဇူး ကို ထိုလူမျိုးခြားတို့အားလည်းပေးတော်မူ ကြောင်းထင်ရှား၏။ သို့ဖြစ်၍ငါသည်အဘယ် သို့သောသူဖြစ်၍ဘုရားသခင်ကိုဆီးတား နိုင်ပါမည်နည်း'' ဟုဆို၏။
18 ἀκούσαντες δὲ ταῦτα ἡσύχασαν, καὶ ἐδόξασαν τὸν Θεὸν λέγοντες Ἄρα καὶ τοῖς ἔθνεσιν ὁ Θεὸς τὴν μετάνοιαν εἰς ζωὴν ἔδωκεν.
၁၈ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
19 Οἱ μὲν οὖν διασπαρέντες ἀπὸ τῆς θλίψεως τῆς γενομένης ἐπὶ Στεφάνῳ διῆλθον ἕως Φοινίκης καὶ Κύπρου καὶ Ἀντιοχείας, μηδενὶ λαλοῦντες τὸν λόγον εἰ μὴ μόνον Ἰουδαίοις.
၁၉သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
20 Ἦσαν δέ τινες ἐξ αὐτῶν ἄνδρες Κύπριοι καὶ Κυρηναῖοι, οἵτινες ἐλθόντες εἰς Ἀντιόχειαν ἐλάλουν καὶ πρὸς τοὺς Ἕλληνας, εὐαγγελιζόμενοι τὸν Κύριον Ἰησοῦν.
၂၀သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
21 καὶ ἦν χεὶρ Κυρίου μετ’ αὐτῶν, πολύς τε ἀριθμὸς ὁ πιστεύσας ἐπέστρεψεν ἐπὶ τὸν Κύριον.
၂၁သူတို့သည်သခင်ဘုရား၏တန်ခိုးတော် ကိုခံယူရသဖြင့် လူအမြောက်အမြား ပင်ယုံကြည်၍သခင်ဘုရားထံပြောင်းလဲ လာကြ၏။
22 Ἠκούσθη δὲ ὁ λόγος εἰς τὰ ὦτα τῆς ἐκκλησίας τῆς οὔσης ἐν Ἱερουσαλὴμ περὶ αὐτῶν, καὶ ἐξαπέστειλαν Βαρνάβαν ἕως Ἀντιοχείας·
၂၂ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
23 ὃς παραγενόμενος καὶ ἰδὼν τὴν χάριν τὴν τοῦ Θεοῦ ἐχάρη, καὶ παρεκάλει πάντας τῇ προθέσει τῆς καρδίας προσμένειν τῷ Κυρίῳ,
၂၃သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
24 ὅτι ἦν ἀνὴρ ἀγαθὸς καὶ πλήρης Πνεύματος Ἁγίου καὶ πίστεως. καὶ προσετέθη ὄχλος ἱκανὸς τῷ Κυρίῳ.
၂၄ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။
25 ἐξῆλθεν δὲ εἰς Ταρσὸν ἀναζητῆσαι Σαῦλον,
၂၅ထိုနောက်ဗာနဗသည်ရှောလုကိုရှာရန် တာရှုမြို့သို့သွား၏။-
26 καὶ εὑρὼν ἤγαγεν εἰς Ἀντιόχειαν. ἐγένετο δὲ αὐτοῖς καὶ ἐνιαυτὸν ὅλον συναχθῆναι ἐν τῇ ἐκκλησίᾳ καὶ διδάξαι ὄχλον ἱκανόν, χρηματίσαι τε πρώτως ἐν Ἀντιοχείᾳ τοὺς μαθητὰς Χριστιανούς.
၂၆သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
27 Ἐν ταύταις δὲ ταῖς ἡμέραις κατῆλθον ἀπὸ Ἱεροσολύμων προφῆται εἰς Ἀντιόχειαν·
၂၇ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။-
28 ἀναστὰς δὲ εἷς ἐξ αὐτῶν ὀνόματι Ἅγαβος ἐσήμαινεν διὰ τοῦ Πνεύματος λιμὸν μεγάλην μέλλειν ἔσεσθαι ἐφ’ ὅλην τὴν οἰκουμένην· ἥτις ἐγένετο ἐπὶ Κλαυδίου.
၂၈ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-
29 τῶν δὲ μαθητῶν καθὼς εὐπορεῖτό τις, ὥρισαν ἕκαστος αὐτῶν εἰς διακονίαν πέμψαι τοῖς κατοικοῦσιν ἐν τῇ Ἰουδαίᾳ ἀδελφοῖς·
၂၉တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
30 ὃ καὶ ἐποίησαν ἀποστείλαντες πρὸς τοὺς πρεσβυτέρους διὰ χειρὸς Βαρνάβα καὶ Σαύλου.
၃၀ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။